လက်ဝှေ့ထိုးတဲ့ အခါမှာ ပြိုင်ဖက်ကို မိမိရရ ချက်ကောင်းထိအောင် ထိုးနိုင်ဖို့ ဆိုတာ ကိုယ်က အရင်ဆုံး အနာခံရတယ်။ ဒါပေမဲ့ အဲ့လို အနာခံတယ် ဆိုတဲ့နေရာမှာ ကိုယ့်ကို အလဲထိုးလာနိုင်တဲ့ ထိုးချက်တွေအပေါ်ကိုတော့ မစွန့်စားသင့်ဘူးပေါ့လေ။ မန်နီ ပက်ကွီအို ဟာ အဲ့ဒီလို လက်ဝှေ့သမား မျိုး
ပြိုင်ဖက်ကို ထိုက်သင့်သလောက် Favor ပေးလိုက်တယ်။ ဒါပြီးရင် လမ်း
ကြောင်း ပွင့်တာနဲ့ တပြိုင်ထဲ စက်သေနတ် ပစ်သလို တွဲလုံးမျိုးနဲ့ ၀င်တာ
မျိုး။ ပြိုင်ဖက်တွေ အတွက်တော့ အီစလန် ဝေတဲ့ အကွက်ပေါ့။
ဒီလိုပါဘဲ ဘ၀တိုက်ပွဲမှာလဲ ကိုယ်က ပေးဆပ်သင့်သလောက် ပေးဆပ်ရ
မယ်။ ဒါပြီးမှ ကိုယ့်ရဲ့ ရပိုင်ခွင့်ကို ထိရောက်တဲ့ နည်းနဲ့ အရယူတာမျိုးပေါ့။
ပက်ကွီအိုရဲ့ ပြိုင်ဖက်တွေထဲမှာ ပက်ကွီအိုကို လုံးဝ အထိနာအောင် အလဲ
ထိုးနိုင်ခဲ့တဲ့ သူကတော့ မက်ဆီကို လက်ဝှေ့ကျော် မန်နျူရယ် မားကွက်စ်
ပါဘဲ။ ဒါပေမဲ့ မားကွက်စ် ဟာ ပက်ကွီအို နဲ့ လေးကြိမ်တိုင်တိုင် ထိုးသတ်
ခဲ့ဖူးပြီး ပထမ အကြိမ်မှာတုန်းက သရေကျခဲ့ပါတယ်။ ဒုတိယနဲ့ တတိယအ
ကြိမ်မှာတော့ ပက်ကွီအို ဘဲအနိုင်ရခဲ့ပါတယ်။ စတုတ္ထအကြိမ် ထိုးတဲ့ ပွဲမှာ
တော့ ပက်ကွီအို တစ်ယောက် ၆ ချီမြောက်မှာ အလဲထိုးခံခဲ့ရပါတယ်။ ဒါ
ကြောင့် လေးကြိမ်တွေ့ဆုံမှု မှာတော့ ပက်ကွီအိုက လုံးဝ အသာရထားပါ
တယ်။ ဒါပေမဲ့ ပက်ကွီအိုကို အလဲထိုးနိုင်ခဲ့တဲ့ ပြိုင်ဖက်ကစားသမား က
တော့ မားကွက်စ် တစ်ယောက်ဘဲ ရှိပါတယ်။
မေ၀ယ်လ်သာ နဲ့ ပွဲမှာတောင် ပက်ကွီအို တစ်ယောက် အဲ့လောက် အထိမ
နာခဲ့ပါဘူး။ ပက်ကွီအို ရဲ့ Aggressiveness ကို ကြောက်တဲ့ မေ၀ယ်လ်သာ
တစ်ယောက် Defensive Technique ကို အများဆုံး သုံးသွားတာကလဲ
ပွဲကို အေးစေခဲ့ပါတယ်။ ပွဲမတိုင်ခင် အကြိတ်အနယ် ရှိမယ်လို့ ခန့်မှန်းခဲ့ပေ
မဲ့ တစ်ကယ်ထိုးတော့ ထင်သလောက်မဟုတ်ခဲ့ပါဘူး။
ပက်ကွီအို ရဲ့ Aggressiveness က မေ၀ဲလ်သာ ထက်တော့ လုံးဝ သာ
တယ်ဆိုတာ သူတို့ နှစ်ယောက် စလုံး ယှဉ်ထိုးခဲ့တဲ့ ပြိုင်ဖက်တွေကို ကြည့်
ရင် သိသာပါတယ်။ မေ၀ဲလ်သာ နဲ့ ထိုးသတ်ခဲ့တဲ့ ပြိုင်ဖက်တွေက ယောင်
တာလောက်ဘဲ ရှိပြီး ပက်ကွီအို နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ သူတွေအားလုံး အကွဲအပြဲ
တွေ နဲ့ မျက်နှာတွေ စုတ်ပြတ်သတ်ကုန်တဲ့ အထိပါဘဲ။
ဒါကြောင့် ကျွန်တော် ပက်ကွီအို ကို ပိုကြိုက်မိတယ်။ နောက်ပြီး ကျွန်တော်
Motivation ယူရတဲ့ သူတစ်ယောက်လဲ ဖြစ်ပါတယ်။
ပက်ကွီအို ကို ကျွန်တော် လေးစားရတဲ့ အကြောင်းရင်းတွေ အများကြီးပါ။
သူဟာ ဆင်းရဲတဲ့ ဘ၀က လာတယ် ဆိုတဲ့ သူ့ရဲ့ အတိတ်ကို ဘယ်တော့
မှ မမေ့ဘူး။
နောက်ပြီး ဘာသာတရား ကိုင်းရှိုင်းတဲ့သူ ဖြစ်တယ်။ သူ့ရဲ့ ကိုယ်ပိုင် Facebook ပေ့ခ်ျမှာ တနင်္ဂနွေ နေ့တိုင်း မိသားစု လိုက်ဓာတ်ပုံ ရိုက်ပြီး
ဘုရားကျောင်းတက်မဲ့ အကြောင်းတွေ ရေးရေးလာတာ ကြည့်ရင် သိသာ
ပါတယ်။ လက်ဝှေ့ထိုးခါနီးနဲ့ ထိုးပြီးတိုင်းလဲ ဘုရားသခင် ဆီ အမြဲတမ်း ဆက်
ကပ်တဲ့ တစ်ယောက် ဖြစ်တယ်။ ဒါကြောင့်လဲ များသောအားဖြင့် အောင်ပွဲ
တွေကို ရရှိခဲ့တယ်။ ဘုရားနဲ့ သွားတဲ့ အတွက် ဘုရားသခင်က ပက်ကွီအို
ကို နိုင်ငံရဲ့ လွှတ်တော် အမတ် ရာထူးကို ရစေခဲ့တယ်။
ဒါတွေတင်မကသေးဘူး။ ပက်ကွီအို ဟာ သူ့နိုင်ငံ ဖိလစ်ပိုင် နိုင်ငံက ဆင်းရဲ
သားတွေ အတွက် အလှူ အဒါန်းတွေကို မပြတ် လုပ်ပေးနေတဲ့ သူ ဖြစ်တယ်။
ကိုယ်တိုင်ကလဲ ဆင်းရဲတဲ့ ဘ၀က လာတဲ့ သူ ဖြစ်တဲ့ အတွက် ကူညီပေးဖို့
အမြဲတမ်း အဆင်သင့် ဖြစ်နေတတ်တဲ့ သူပါ။
သူ့ သားသမီးတွေရဲ့ စံပြ ဖြစ်အောင် အမြဲနေတဲ့ သူဖြစ်ပြီး မိန်းမ အပေါ်ကို
လဲ သစ္စာ ရှိတဲ့ သူ တစ်ယောက် ဖြစ်တယ်။
နောက်ပြီး လူတွေကို ခွန်အားပေးစ ကားပြောပေးနေတဲ့ Motivational Speaker တစ်ယောက်လဲ ဖြစ်တယ်။

http://www.myanmarupdatenews.com/2017/04/emmanu/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။