ကိုယ့်ကိုယ်ကိုယ်သာဆုံးမပါ။ ....
#အဆင့်အတန်းမရှိတဲ့လူနဲ့
သွားပတ်သက်မိပြီးမှ
"အဆင့်အတန်းမရှိရလေခြင်းရယ် " လို့
အပြစ်သွားမတင်ပါနဲ့။
သူအဆင့်အတန်းမရှိတာကသူ့အလုပ်။
ဦးနှောက်ရှိနေတဲ့ကိုယ်က
မပတ်သက်မိခင်ကတည်းက
ကွဲကွဲပြားပြားဆင်ခြင်တတ်ရမှာပေါ့။
#အရှက်မရှိတဲ့လူနဲ့ သွားဆက်ဆံမိပြီးမှ
"အရှက်မရှိရလေခြင်းရယ်"လို့
အထင်သွားသေးမနေနဲ့။
သူအရှက်မရှိတာက သူ့စရိုက်။
အမှတ်မရှိဘဲသွားဆက်ဆံမိတဲ့
ကိုယ့်ကိုယ်ကိုယ်ပဲနောက်တစ် ခါဒီလို
မမှားရအောင် ပြန်ဆုံးမရမှာပေါ့။
#သိက္ခာမရှိတဲ့လူနဲ့ သွားပေါင်းသင်းမိပြီးမှ
"သိက္ခာမရှိရလေခြင်းရယ်"လို့
အမုန်းသွားမပွားပါနဲ့.။
သူသိက္ခာမရှိတာကသူ့ဝါသနာ။
တံလျှပ်ကိုရေထင်နေတဲ့
ကိုယ့်ကိုယ့်ကိုယ်ပဲ နောက်တစ်ခါ
ဒီလိုအယုံမလွယ်မိအောင်
ပြန်သွန်သင်ရမှာပေါ့။
#တာဝန်မသိတတ်တဲ့သူကို
မြေတောင် မြှောက်ပေးပြီးကာမှ
"တာဝန်မသိတတ်ရလေခြင်းရယ်"လို့
ဝေဖန်ချက်တွေသွားပေးမနေပါနဲ့ ။
သူတာဝန်မသိတတ်တာက သူ့အပိုင်း။
အကောင်း အဆိုးကို အကြောင်း အကျိုးနဲ့
ဆက်စပ်မတွေးခေါ်မိခဲ့တဲ့
ကိုယ့်ဆုံးဖြတ်ချက်တွေကိုပဲ
နောက်တစ်ခါဒီလိုမမှားအောင်
အမြဲသတိချပ်ထားရမှာပေါ့။
#ကျေးဇူးမသိတတ်သူကို အိတ်သွန်ဖာမှောက်
စေတနာတွေ ထားပြီးကာမှ
" ကျေးဇူးမသိတတ်ရလေခြင်းရယ်"လို့ စိတ်သောကရောက်မနေပါနဲ့။
သူကျေးဇူးမသိတတ်တာက
သူ့အားနည်းချက်။
ပေးပြီးသားအရာတွေကို
ပြန်မျှော်လင့်နေမိတတ်တဲ့
ကိုယ့်ကိုယ်ကိုယ်ပဲ အနှောင်အဖွဲ့
ကင်းကင်းနဲ့ စိတ်ရှင်းရှင်း
ထားတတ်အောင် ပြန် ပဲ့ပြင်ရမှာပေါ့။
credit to original note writer
ကြုံဆုံဖြစ်ခဲ့ရင် ကိုယ့်ရဲ့စိတ်မှာဖြစ်တည်လာခဲ့တဲ့ စိတ်ကောင်းစိတ်မြတ် လို့ထင်ရတဲ့ အကြောင်းအရာများကို
ဘာအကြောင်းနဲ့မှ ပျက်စီး သွားဖို့
ခွင့်မပြုပါနဲ့။ စိတ်ထားကောင်းနဲ့ စိတ်ကောင်းထားတတ်ခြင်းသည် ယခုလက်ရှိဘဝ တစ်ခု ဆိုတာထက်အများကြီးပိုပါတယ်။
Credit: ::::;;;copy
:)Thet Paing Htoo
photo by
Htwe Htwe Ei.
#အဆင့်အတန်းမရှိတဲ့လူနဲ့
သွားပတ်သက်မိပြီးမှ
"အဆင့်အတန်းမရှိရလေခြင်းရယ်
အပြစ်သွားမတင်ပါနဲ့။
သူအဆင့်အတန်းမရှိတာကသူ့အလုပ
ဦးနှောက်ရှိနေတဲ့ကိုယ်က
မပတ်သက်မိခင်ကတည်းက
ကွဲကွဲပြားပြားဆင်ခြင်တတ်ရမ
#အရှက်မရှိတဲ့လူနဲ့ သွားဆက်ဆံမိပြီးမှ
"အရှက်မရှိရလေခြင်းရယ်"လို့
အထင်သွားသေးမနေနဲ့။
သူအရှက်မရှိတာက သူ့စရိုက်။
အမှတ်မရှိဘဲသွားဆက်ဆံမိတဲ့
ကိုယ့်ကိုယ်ကိုယ်ပဲနောက်တစ်
မမှားရအောင် ပြန်ဆုံးမရမှာပေါ့။
#သိက္ခာမရှိတဲ့လူနဲ့ သွားပေါင်းသင်းမိပြီးမှ
"သိက္ခာမရှိရလေခြင်းရယ်"လို့
အမုန်းသွားမပွားပါနဲ့.။
သူသိက္ခာမရှိတာကသူ့ဝါသနာ။
တံလျှပ်ကိုရေထင်နေတဲ့
ကိုယ့်ကိုယ့်ကိုယ်ပဲ နောက်တစ်ခါ
ဒီလိုအယုံမလွယ်မိအောင်
ပြန်သွန်သင်ရမှာပေါ့။
#တာဝန်မသိတတ်တဲ့သူကို
မြေတောင် မြှောက်ပေးပြီးကာမှ
"တာဝန်မသိတတ်ရလေခြင်းရယ်"လိ
ဝေဖန်ချက်တွေသွားပေးမနေပါနဲ
သူတာဝန်မသိတတ်တာက သူ့အပိုင်း။
အကောင်း အဆိုးကို အကြောင်း အကျိုးနဲ့
ဆက်စပ်မတွေးခေါ်မိခဲ့တဲ့
ကိုယ့်ဆုံးဖြတ်ချက်တွေကိုပဲ
နောက်တစ်ခါဒီလိုမမှားအောင်
အမြဲသတိချပ်ထားရမှာပေါ့။
#ကျေးဇူးမသိတတ်သူကို အိတ်သွန်ဖာမှောက်
စေတနာတွေ ထားပြီးကာမှ
" ကျေးဇူးမသိတတ်ရလေခြင်းရယ်"လ
သူကျေးဇူးမသိတတ်တာက
သူ့အားနည်းချက်။
ပေးပြီးသားအရာတွေကို
ပြန်မျှော်လင့်နေမိတတ်တဲ့
ကိုယ့်ကိုယ်ကိုယ်ပဲ အနှောင်အဖွဲ့
ကင်းကင်းနဲ့ စိတ်ရှင်းရှင်း
ထားတတ်အောင် ပြန် ပဲ့ပြင်ရမှာပေါ့။
credit to original note writer
ကြုံဆုံဖြစ်ခဲ့ရင် ကိုယ့်ရဲ့စိတ်မှာဖြစ်တည်လာခ
ဘာအကြောင်းနဲ့မှ ပျက်စီး သွားဖို့
ခွင့်မပြုပါနဲ့။ စိတ်ထားကောင်းနဲ့ စိတ်ကောင်းထားတတ်ခြင်းသည် ယခုလက်ရှိဘဝ တစ်ခု ဆိုတာထက်အများကြီးပိုပါတယ်။
Credit: ::::;;;copy
:)Thet Paing Htoo
photo by
Htwe Htwe Ei.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။