Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 30, 2017

အမျိုးသမီးများကို ခြိမ်းခြောက် ကာမရယူသူ ပခုက္ကူမြို့က ကြောင် သူတော်ကြွက်သူခိုးအား ဖော်ထုတ်ခဲ့သူ ဒေါ်ခင်လင်းလင်းဖြူနှင့် တွေ့ဆုံခြင်း

 
 
အမျိုးသမီးများကို ခြိမ်းခြောက် ကာမရယူသူ ပခုက္ကူမြို့က ကြောင် သူတော်ကြွက်သူခိုးအား ဖော်ထုတ်ခဲ့သူ ဒေါ်ခင်လင်းလင်းဖြူနှင့် တွေ့ဆုံခြင်း
------ ------ ------ ------ ------
ပခုက္ကူမြို့နယ်တွင် အမျိုးသမီး ငါးဦးထက်မနည်းကို ကာမခြိမ်းခြောက်ရယူနေသူတဦးအား စင်ကာပူနိုင်ငံတွင် နေထိုင်သည့် မြန်မာအမျိုးတဦးဖြစ်သူ ဒေါ်ခင်လင်းလင်းဖြူမှ ဖော်ထုတ်ကာ အရေးယူခံရသည်အထိ ဆောင်ရွက်ခဲ့သည်။ ဒေါ်ခင်လင်းလင်းဖြူသည် အမျိုးသမီးများ အခွင့်အရေး၊ အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသမီးများ မယားငယ်နှိပ်စက်ခြင်းမှ ကာကွယ်ရပ်တည်ပေးသည့်အနေဖြင့် စာများရေးသားကာ Facebook ပေါ်တွင် ဖြန့်ဝေနေသူတဦး ဖြစ်သည်။

သူမ၏စာများကို အမျိုးသမီးအများစုမှ နှစ်သက်ထောက်ခံကြသည်။ ယင်းကဲ့သို့ အမျိုးသမီးများအကြောင်း စာများရေးသားဖြန့်ဝေနေသောကြောင့် အချို့သော အမျိုးသမီးများက ၎င်းတို့၏အခက်အခဲများကို စာဖြင့်ရေးသားရင်ဖွင့်ခြင်းများရှိသည်။

ယင်းကဲ့သို့ ကြုံရသည့်အနက် သင်္ကြန်မတိုင်မီတွင် ပခုက္ကူမြို့နေ အမျိုးသမီးတဦးက သူမထံ ဆက်သွယ်လာခဲ့သည်။ ဆက်သွယ် လာသည့်အကြောင်းမှာ အမျိုးသားတဦးက သူမကို အဓမ္မကျင့်ပြီး ၀တ်လစ်စားလစ်ဓာတ်ပုံများ ရိုက်ယူထား သည်ဟုဆိုသည်။

၎င်းဓာတ်ပုံရိုက်ယူထားသူသည် သူမတဦးတည်းကိုပဲ အဓမ္မကျင့်ခဲ့ခြင်း မဟုတ်ကြောင်း အခြားအမျိုးသမီးအနည်းဆုံး ငါးဦးခန့်ကိုလည်း သူမကဲ့သို့ပင်ပြုလုပ်ထားကြောင်း ရင်ဖွင့်လာခဲ့သည်။ အဓမ္မကျင့်ခံရသည့် အမျိုးသမီးမှ အဓမ္မကျင့်သူ အမျိုးသား၏ ဟန်းဖုန်းထဲမှတဆင့် ၎င်းကဲ့သို့ ပြုကျင့်ခံရသူများရှိကြောင်း ဓာတ်ပုံအထောက်အထားများ ဗီဒီယို အထောက်အထားများတွေ့ရှိခဲ့ကာ ဒေါ်ခင်လင်းလင်းဖြူထံ ပေးပို့ခဲ့သည်။

အဓမ္မပြုကျင့်သူသည် အမျိုးသမီးလေးများအား အဓမ္မပြုကျင့်ပြီးတိုင်း ၀တ်လစ်စားလစ် ဓာတ်ပုံရိုက်သိမ်းဆည်းထားကာ ၎င်း၏ ဆန္ဒမလိုက်လျောလျှင် ဓာတ်ပုံများဖြန့်ဝေမည်ဟု ခြိမ်းခြောက်ကာ အမျိုးသမီးများအား ထိန်းချုပ်ထားသည်ဟုဆိုသည်။

ယင်းအဓမ္မကျူးလွန်ခဲ့သူ၏ လက်မှ ရုန်းထွက်လိုသော် လည်း ရိုက်ကူးခံထားရသည့် ဓာတ်ပုံများ ပျံ့နှံ့သွားမည်စိုးရိမ်ကာ အရှက်နှင့်သိက္ခာကိုငဲ့ကွက်၍ ၎င်း၏ဆန္ဒကို လိုက်လျောနေရသည်ဟုဆိုသည်။

အဓမ္မကျူးလွန်သူသည် ပခုက္ကူတွင် ပင်နီဝတ်၍ ပရဟိတလုပ်သူဖြစ်သောကြောင့် NLD ပါတီကလည်း ပါတီဝင်မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားရသည်။

ပြီးခဲ့သည့် ဧပြီ ၂၁၊ သောကြာနေ့တွင် ဒေါ်ခင်လင်းလင်းဖြူ၏ သတင်းပေးမှု၊ ပခုက္ကူ ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် အဓမ္မပြုကျင့်သူအား လက်ရ ဖမ်းဆီးထားနိုင်ခဲ့သည်။
ယင်းကြောင့် စင်ကာပူတွင်နေထိုင်သူ ဒေါ်ခင်လင်းလင်းဖြူအား
News Watch က ဆက်သွယ်မေးမြန်းထားသည်။

မေး- အစ်မရေ ပခုက္ကူဖြစ်စဉ်ဖော်ထုတ်ဖို့ အကြောင်းဖန်လာပုံလေးက စပြောပေးပါ။

ဖြေ- အစ်မက လွန်ခဲ့တဲ့လေးနှစ်ကတည်းကစပြီး အမျိုးသမီးလေးတွေအတွက် အထူးသဖြင့် မယားကြီးတွေအတွက်၊ ကိုယ်ကလည်း မယားငယ်နှိပ်စက်တာခံခဲ့ရတော့ အိမ်ထောင်ပြိုကွဲခဲ့ရတဲ့ အတွက်ကြောင့်မို့ အမျိုးသမီးတွေအတွက် စာတွေရေးပါတယ်။ အမျိုးသမီးတွေအတွက် မနေနိုင်မထိုင်နိုင် ကိုယ်သိသမျှ တတ်သမျှကို စာရေးတယ်။ ရေးပြီး Facebook ပေါ် တင်တယ်။ တင်တဲ့အတွက်ကြောင့်မို့ အစ်မကိုသိတဲ့လူတွေရှိကြပါတယ်။ မိန်းကလေးတွေ သိလာကြတယ်။ အဲဒီကနေ အစ်မရဲ့စာတွေကိုဖတ်နေတဲ့ ကောင်မလေးတယောက်နဲ့ ဖေ့စ်ဘုတ်ပေါ်မှာ သူငယ်ချင်းဖြစ်တာ သုံးလေးနှစ်ရှိပါပြီ။ အဲဒီကလေးမလေးက အခုလိုမျိုးဖြစ်တဲ့အချိန်မှာ အစ်မကို ဆက်သွယ်လာတာပါ။

မေး-သူက ဆက်သွယ်လာတော့ အစ်မက ဘယ်လိုဆောင်ရွက်ပေးလဲဗျ။

ဖြေ- သူကဆက်သွယ်လာတဲ့အချိန်မှာ အစ်မက သူ့ကိုမယုံပါဘူး။ လူငယ်တွေဆိုတော့ ရုတ်တရက် မယုံသေးပါဘူး။ ညီမလေး သက်သေပြပါ။ အစ်မကို ညီမလေးဖြစ်ခဲ့တာတွေ ပြောပြပါလို့ပြောခဲ့တယ်။ ပြောခဲ့တဲ့ အချိန်မှာ သက်သေအချို့ကို ကြည့်လိုက်တော့ တကယ့်ကိုဖြစ်နေတဲ့အတွက်ကြောင့် ကူညီခဲ့တာပါ။ သင်္ကြန်မတိုင်ခင်မှာ သိခဲ့တာ။ အဲဒီတော့ အစ်မက ညီမရယ် ခဏပါ၊ အစ်မ စုံစမ်းပါမယ်ဆိုပြီး စုံစမ်းပါတယ်။ သူတို့မြို့နယ်မှာ အစ်မသိသမျှလူတွေကတဆင့် စုံစမ်းပါတယ်။ အဲဒီကနေ သတင်းလေးတွေရတာပေါ့။

မေး- အစ်မစုံစမ်းတော့ ဘာထူးခြားမှုတွေ့လဲ။ ဘယ်လိုယုံကြည်နိုင်လောက်တဲ့ အထောက်အထားတွေ တွေ့လဲ။

ဖြေ- ကလေးမရဲ့ လှမ်းပို့တဲ့စာထဲမှာကိုက အဲဒီလူနဲ့ အမျိုးသမီး မြောက်မြားစွာရဲ့ဓာတ်ပုံတွေ၊ ဟိုတယ်ကပုံတွေ အကုန်ပါတာရှင့်။ အဲဒီ လူရဲ့ဖုန်းကတဆင့် ကောင်မလေးက သိသွားတာပေါ့။ ဗီဒီယိုဖိုင်တွေ သူတယောက် တည်းမကဘူး။ မျိုးစုံကိုလုပ်ထားတဲ့ဟာတွေ။ သူပို့လို့ အစ်မ လက်ထဲ ရောက်လာတာက အမျိုးသမီး ငါးယောက်နဲ့ ခြောက်ယောက်လောက် ရှိမယ်။ ဒါပေမဲ့ ဓာတ်ပုံတပုံက တူနေတယ်ဆိုတော့ ငါးယောက် လောက်ဖြစ်မယ်ဆိုတော့ အဲဒါဓာတ်ပုံတွေ ပို့ထားတယ်။ အဲဒါတွေက အဓိကယုံကြည်ရတဲ့ သက်သေတွေပဲ လေ။ ဟိုတယ်မှာ ဗီဒီယိုခွေတွေလည်း ရှိတယ်။ အစ်မလက်ထဲမှာ ရထားတာက ဗီဒီယိုဖိုင်တခု ဓာတ်ပုံတွေ၊ ၀တ်လစ်စားလစ်ပုံလေးတွေပါတယ်။ ကလေးမလေးပုံရော၊ အဲဒီလူရဲ့ပုံရော လက်ထဲမှာ ရှိထားတယ်။ အဲဒီ သက်သေတွေရခဲ့တယ်။

မေး- အဲဒီလို သက်သေတွေရတော့ သူ့ကို ဖမ်းဆီးနိုင်ရေး ဘယ်လိုဆောင်ရွက်လဲ။

ဖြေ- ဖမ်းဆီးနိုင်ရေးအတွက် အစ်မက မဆောင်ရွက်သေးဘူး။ ဘာလို့လဲဆိုတော့ အဲဒီလူက တကယ်ပဲ ကျူးလွန်ခဲ့သလား၊ တကယ်ပဲ မိန်းကလေးတွေအတွက် အန္တရာယ်ရှိတဲ့သူလားဆိုတာ စုံစမ်းကြည့်တယ်။ ကံအားလျော်စွာ သူ့ Facebook အကောင့်ထဲမှာ အစ်မရဲ့ ညီမတယောက် ရှိနေတယ်။ အဲဒီမှာ အစ်မက အကူ အညီတောင်းလိုက်တယ်။ အဲဒီလူကို သိသလား။ အဲဒီလူနဲ့ contact လုပ်ကြည့်ပါဆိုတော့ ကံအားလျော်စွာ သူက မိန်းကလေးအကောင့်တွေမှာ အကုန်လုံးကို (Hi)ဟိုင်းဆိုပြီး နှုတ်ဆက်ထားတဲ့ဟာလေးတွေ တွေ့တယ်။ တွေ့တော့ ညီမလေးက စာပြန်ခဲ့တယ်။ အဲဒီညီမလေးက အစ်မနဲ့အတူပေါင်းပြီးတော့ သူ့ကို Chat ပါတယ်။ Chat list တွေ ထွက်လာတာရှိပါတယ်။ သူ့အကြောင်းလေးတွေ သိလာတာရှိလာတာပေါ့။ သူဟာ ဘယ်လိုလူသားဆိုတာ ရိပ်မိလာတယ်။ သူ့ကို အပြင်မှာတွေ့ဖို့ ညီမလေးကို ချိန်းတယ်။ အစ်မက မတွေ့ခိုင်းပါဘူး။ ဒီလူက ခပ်သွက်သွက်လှုပ်ရှားပြီး မိန်းကလေးတယောက်ကို ချဉ်းကပ်ပြီဆိုရင် ဒီမိန်းကလေးကို အမြန်ဆုံးအပြင်မှာတွေ့မယ်၊ သူက လူပျိုပါလို့ပြောတဲ့ သက်သေတွေ အကုန်ရခဲ့တာပေါ့။

မေး- အစ်မ သူ့ဖြစ်စဉ်ကို ဖော်ထုတ်ပြီး ရဲစခန်းကိုရောက်ဖို့ ဘယ်လိုအခက်အခဲတွေ့ကြုံရလဲ။

ဖြေ- ဘယ်လိုလုပ်ခဲ့ရလဲဆိုတော့ အစ်မက ဒီလောက်ထိ မြန်မြန်ဆန်ဆန်ဖြစ်သွားလိမ့်မယ် မထင်ဘူး။ သူက ဘယ်လိုဖြစ်လဲဆိုတော့ အဲဒီကလေးမလေးက ရုန်းထွက်နေပါပြီ။ သူနဲ့ မပတ်သက်ချင်ပါဘူး။ အမှန်တကယ် သူ့ကိုတရားစွဲဆိုဖို့ထိ ပထမက မရည်ရွယ်ခဲ့ပါဘူး။ ကောင်မလေးက ကာကွယ်ပေးပါ၊ သူရုန်းထွက်လို့ မရလို့ပါ၊ ရုန်းထွက်ပါရစေ၊ ကောင်းမွန်တဲ့ဘ၀မှာ နေပါရစေ၊ သူများမယားငယ်ဘ၀မှာလည်း မနေပါရစေနဲ့၊ သူတယောက်တည်း မဟုတ်ဘူး။ တခြားသူတွေကိုလည်း အဲလိုလုပ်နေတယ်။ ရွံရှာလွန်းလို့ပါဆိုပြီးတော့ ပြောပါတယ်။ အဓမ္မကျင့်တာပါဆိုပြီးတော့လည်း ကောင်မလေးက ပြောတယ်။ ကျွန်မကို လွှတ်ပေးပါဆိုတဲ့ သူတို့အချင်းချင်းတောင်းပန်တဲ့ စာတွေလည်းရှိတယ်။ ကောင်မလေး ရုန်းထွက်ဖို့အတွက် ဒီလူကို ဆက်သွယ်ပြီး ကောင်မလေးကို အနိုင်မကျင့်ဖို့၊ ဆက်ပြီးလုပ်နေရင် ဒီလူရဲ့ကြောင်းတွေဖော်မယ်လို့ ပြောမယ်ဆိုတာမျိုး အစီစဉ်ရှိခဲ့တာပါ။
ဒါပေမဲ့ သူက သင်္ကြန်အပြီးမှာ ကလေးမလေးကို အိမ်ထဲမှာထည့် ထားပြီးတော့ အဓမ္မကျင့်ပြီး ကောင်မလေးရဲ့ အကူအညီတောင်းတဲ့ စာတွေ၊ အသံတွေ ကျွန်မက ရလာတဲ့ အတွက်ကြောင့်မို့ ရဲနဲ့ဝင်ဖမ်းရတဲ့အထိ ပုံစံဖြစ်သွားတာပါ။

မေး- ရဲနဲ့ဖမ်းဖို့အတွက်ကြတော့ အစ်မက စင်ကာပူကနေပြီး ဘယ်လိုဆောင်ရွက်ခဲ့ရလဲဗျ။

ဖြေ- အစ်မ အဝေးမှာရှိနေတော့ ကလေးမလေးရဲ့ မြို့နယ်မှာ သူငယ်ချင်းအသိတယောက်ရှိတယ်။ သူငယ်ချင်းအမျိုးသမီးတယောက်က ကောင်မလေးက သင်္ကြန်မှာ သူ့ရွာကိုမပြန်ဖြစ်ဘဲ အဲဒီအိမ်မှာ အဲဒီလူ ခေါ်သွားပြီးတော့ ကောင်မလေး မထွက်လာတာကို တယ်လီဖုန်းပြောရင်းနဲ့ သိသွားတယ်ဆိုတာတဆင့် သိရတယ်။ ရဲတိုင်ပေးပါဆိုတော့ ကောင်မလေးရဲ့သက်သေတွေက သူ့ဖုန်းထဲမှာမရှိတော့ဘူး။ ဟိုလူကလည်း ဖျက်ဆီးထားတယ်ဆိုတော့ ကျွန်မလက်ထဲမှာရှိတဲ့ သက်သေတွေနဲ့ ရဲတိုင်ပေးပါဆိုပြီး ကျွန်မ အကြောင်းကြားလို့ အဲဒီဒေသခံ ကလေးမလေးနဲ့ ပေါင်းစည်းပြီးတော့ နောက်ဆုံး အဲဒီကလေးမလေးကပဲ မြို့နယ်က လူတွေနဲ့ပူးပေါင်းပြီး ရဲတိုင်ဖြစ်သွားတာပါ။ သက်သေကတော့ အစ်မက ဒီကနေ လှမ်းပို့ပေးတာပါ။ ကလေးမလေးပို့ထားသမျှကို ပြန်ပို့ပြီး ဖမ်းခိုင်းရတာပါ။

မေး- ရဲတိုင်ပြီး ဖမ်းဆီးပြီးတဲ့အချိန်တောင် အဲဒီလူက facebook သုံးနေတယ်လို့ သိရတယ်။ အဲဒီထင်မြင်ချက်လေး ပြောပေးပါဦးဗျ။

ဖြေ- အဲဒီလို ဖမ်းခံရတာတောင် facebok သုံးနေတာ တွေ့ရတော့ တော်တော်အံ့သြရတယ်ရှင့်။ အဲဒီလူကိုသွားဖမ်းတဲ့ကလေးတယောက်က အစ်မဆီကို အသံဖိုင်တွေ လှမ်းပို့ထားတယ်။ အစ်မရေ ကျွန်တော်တို့ ချုပ်လိုက်ပါပြီ။ ကျွန်တော်တို့ ဖမ်းလိုက်ပါပြီ။ အစ်မရဲ့ facebook ပေါ်မှာ ဒီသတင်းကိုတင်မယ်ဆိုရင် တင်လို့ရပါပြီ။ ကျွန်တော်တို့ အခုပဲ ကလေးမနဲ့ ရှိနေတာ။ သွားဖမ်းတုန်းက ကလေးမလေးက ကူညီပါ၊ ကယ်ပါ၊ ကယ်ပါဆိုပြီး တုန်ခိုက်နေတဲ့အသံနဲ့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ ကျွန်တော်တို့ကို အစ်မပြောတဲ့အတိုင်း အကုန်မှန်ပါတယ် ဆိုပြီး လှမ်းပြောတဲ့အသံဖိုင်သုံးခု အစ်မလက်ထဲမှာ ရှိပါတယ်။ အဲဒီတော့ ကျွန်မက အဲဒီအသံဖိုင်တွေကြားတော့ ကျွန်မက Post တင်တယ်၊ Post တင်ပြီးတဲ့အချိန်မှာ အဲဒီအဓမ္မကျူးလွန်တဲ့သူက facebook သုံးနေသေးတယ်ဆိုတာ အစ်မတို့ သိခဲ့ရတာပါ။ တအားအံ့သြဖို့ ကောင်းပါတယ်။ တအားအံ့သြရပါတယ်။

မေး- အစ်မက ဒီလိုမျိုးဖော်ထုတ်တယ်၊ ဖော်ထုတ်တာကို ထောက်ခံတဲ့သူတွေရှိသလို ဝေဖန်ထိုးနှက်တာတွေလည်း တော်တော်များများတွေ့နေရတယ်။ ဒီအပေါ်မှာ အစ်မအမြင်လေး ပြောပြပေးပါဦး။

ဖြေ- ထောက်ခံတဲ့သူပဲဖြစ်ဖြစ်၊ ဝေဖန်တဲ့သူပဲ ဖြစ်ဖြစ် ကျွန်မလုပ်နေတာက မထင်မှတ်ဘဲနဲ့ ဒီကိစ္စ ကျွန်မလက်ထဲ ရောက်လာတယ်။ ကျွန်မ ဖော်ထုတ်လိုက်နိုင်တယ်။ အဲဒီအတွက် ထောက်ခံတာပဲဖြစ်ဖြစ်၊ ဝေဖန်တာပဲဖြစ်ဖြစ် အမှန်တရားဆိုတာ တခုပဲရှိပါတယ်။ ဖုံးထားလို့ မရပါဘူး။ တချိန်ချိန်မှာတော့ ပေါ်မှာပေါ့နော်။ တချိန်ချိန်အခြေအနေတခုမှာ မှန်တယ်၊ မှားတယ် ပေါ်ထွက်လာမှာပါလို့ ကျွန်မ ပြောချင်ပါ တယ်။ ဝေဖန်တဲ့သူတွေလည်း ကျွန်မ အပြစ်မတင်ပါဘူး။ ကျွန်မကို အပုပ်ချတာပဲဖြစ်ဖြစ်၊ ဆဲဆိုတာပဲဖြစ်ဖြစ် အဲဒါလည်း ကျွန်မ ဘယ်လိုမှ မဖြစ်ပါဘူး။ ဒါကတော့ သူတို့သေချာမသိလို့ပါ။ ကျွန်မဘက်က ဘာမှား သွားသလဲဆိုတော့ ကလေးမရဲ့ဂုဏ်သိက္ခာ။ ကလေးမရဲ့ ရှေ့ဆက်ရမယ့်ဘ၀လမ်းကို ကျွန်မက ငဲ့ညှာပြီး တော့ ကလေးမလေးကလည်း ကျွန်မကိုပြောတယ်။ သမီးကို မဖော်ပါနဲ့ မမရေ။ သမီးဘ၀လေး ရှေ့ဆက်ပါရစေပြောထားတဲ့အတွက်ကြောင့် ကျွန်မ မဖော်တာ။ ကျွန်မ မဖော်လိုက်ခြင်းအတွက် သူတို့ ရဲစခန်းမှာသွားပြီး မေးမြန်းတာတွေဖြစ်တယ်။ သတင်း Source တွေ မှားသွားတယ်လို့ ထင်မြင်ယူဆပါတယ်။ ကျွန်မ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။

မေး- ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အစ်မရဲ့ဆန္ဒက ဘာရှိမလဲဗျ။

ဖြေ- အစ်မရဲ့ဆန္ဒက အမှန်ဖြစ်စေချင်ပါတယ်။ အဲဒီအမျိုးသားက ဒီတယောက်တည်းအပေါ် ကျူးလွန်တာ မဟုတ်ပါဘူး။ မိန်းကလေး လေး၊ ငါး၊ ခြောက် ယောက်ကို တပြိုင်တည်းကျူးလွန်တာပါ။ အဲဒီအတွက် ဖော်မယ့် ကလေးမလေးတွေကိုလည်း အစ်မလှမ်းဆက်သွယ်ထားပါတယ်။ သူတို့လည်း ၀ိုင်းဖော်ဖို့ အစ်မ တွန်းအား ပေးနေပါတယ်။ အစ်မ ဖျောင်းဖျပေးပါတယ်။ ဒါက တကယ့်သတင်းကောင်းပါ။ နောက်တခုက အမှန်တိုင်း ပေါ်စေချင်ပါတယ်။ NLD ကပဲဖြစ်ဖြစ်၊ ဘယ်ပါတီကပဲဖြစ်ဖြစ် ဖြစ်ခြင်းမဖြစ်ခြင်းက အဓိက မကျပါဘူး။ လောလောဆယ် အမှုမှန်ပေါ်ဖို့သည် ဥပဒေအထက်မှာ ဘယ်သူမှမရှိဖို့ အဓိကကျပါသည်၊ အဲဒါပါပဲရှင်။

မေး- ဒီကိစ္စနဲ့ပတ်သက်ပြီး ခြုံငုံပြောချင်တာရှိရင် ပြောပါဦးဗျ။

ဖြေ- ခြုံငုံပြီး ပြောချင်တာကတော့ အမှန်ကို ပေါ်ပေါက်စေချင်ပါတယ်။ မြန်မာပြည်မှာ တကယ်ပဲ တရားဥပဒေစိုးမိုးစေချင်ပါတယ်။ အမျိုးသမီးလေးတွေနဲ့ အိမ်ထောင်ကွဲအမျိုးသမီးလေးတွေအတွက် ဒီထက် ကောင်းမွန်တဲ့ နိုင်ငံတကာအဆင့်မီ ဥပဒေတွေ ပေါ်ပေါက်ဖို့ လိုအပ်ပါတယ်။ ကလေးစရိတ် တလ ၁၀၀ ပဲ ဖြစ်နေသေးတာကို ပြင်ပေးပါရှင်လို့ ကျွန်မက တောင်းဆိုချင်ပါတယ်။ ဖခင်နဲ့ အိမ်ထောင်ကွဲသွားရင် နောက်မိန်းမယူသွားရင် ကျွန်မတို့ တရားစွဲတဲ့အခါ အခုချိန်ထိ ကလေးစရိတ်က ၁၀၀ ပဲရှိတယ်။ ဥပဒေမှာလေ အဲဒါလေးကို ပြုပြင်ပေးပါ။ ပိုက်ဆံ ၁၀၀ ဟာ ဒီခေတ်မှာ မုန့်ဖိုးတောင် မရှိတော့ပါဘူး။ အထက် လူကြီးတွေ သိပြီးတော့ပြုပြင်ပေးပါ။ အမျိုးသမီးတွေအတွက် တလင်တမယားထက်ခိုင်မာတဲ့ ဥပဒေ၊ ပိုပြီး ပြည့်စုံတာမျိုး ရှိစေချင်တယ်။ ကျွန်မကစင်ကာပူမှာနေတော့ စင်ကာပူနိုင်ငံအတိုင်းပေါ့နော်။ အဲဒီလိုမျိုး ဥပဒေလေးတွေ ထပ်မံဖြည့်စွက်ပေးပါ။ တလင်တမယား ဥပဒေပေါ်ပေါက်လာတာ အင်မတန်ကောင်းပါတယ်။ ဒါပေမဲ့လည်း တရားစွဲဆိုနိုင်ခြင်းမရှိတဲ့ တကယ့်ကို နင်းပြားတွေက ရုံးစရိတ်တောင်မတက်နိုင်ဘူး။ ဘာမှမသိတဲ့ မိခင်တွေအတွက် အကျိုးသိပ်မရှိသေးပါဘူး။ ဒါကျွန်မရဲ့ အမြင်ပါ။

မေး- နောက်တခု ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပူးပေါင်းဖော်ထုတ်ဖို့ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအတွက်ဆို ကျွန်တော်တို့ News Watch ဂျာနယ်ကနေ ဘာပြောချင်သေးလဲ။

ဖြေ- အစ်မက မိန်းကလေးတွေကို ရဲရင့်စေချင်ပါတယ်။ ဒီပူးပေါင်းဖော်ဖို့ကို အားပေးစေချင်ပါတယ်။ အဓမ္မကျူးလွန်သူဟာ အခုနေလွတ်သွားရင်တောင် နောင်ကလေးမလေးတွေအတွက် အန္တရာယ် အင်မတန်များပါတယ်။ အဲဒီတော့ ပူးပေါင်းကြပါ။ အရှက်ထက်၊ သိက္ခာထက် ရှေ့ရေးကိုကြည့်ပြီး ပူးပေါင်းဖော်ထုတ်ကြပါ၊ မရှက်ကြပါနဲ့၊ မကြောက်ကြပါနဲ့။ အပျိုရေဖျက်ခံရတာဟာ ဘ၀ပျက်သွားတာ မဟုတ်ပါဘူး။ သူတို့အတွက်တော့ စိတ်နှလုံးညှိုးချုန်းစရာဖြစ်ပေမယ့် ဘ၀အစစ်တခုလုံး ပျက်တာမဟုတ်ပါ ဘူး။ ကိုယ့်ဆန္ဒမပါဘဲ လုပ်သွားတဲ့ကိစ္စပါ။ ဒီလိုဖြစ်ပျက်သွားတာပါ။ အဲဒီတော့ ဒါကို သတ္တိရှိစွာနဲ့ဖော်ထုတ်ကြပါ။ အခုတရားလိုကလေးမကို ၀ိုင်းဝန်းပံ့ပိုးပေးကြပါ။ အဖြစ်မှန်ဖော်ပေးကြပါလို့ ပြောချင်ပါတယ်။

ကိုခက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။