လူငယ် များအတွက် ငွေစုဆောင်းရန် နည်းလမ်း (5)မျိုး
(1) ပြင်ပ တွင် စားသောက်ခြင်းကို လျော့ချပါအပြင်ထွက်လျင် မိမိအိမ်မှ စားသောက်စရာ များကို ပြင်ဆင်ယူသွားခြင်းက ကျန်းမာရေး နဲ့ ညီညွတ်စေသလို အကုန်အကျ အလွန်သက်သာစေပါတယ်။ နွားနို့ စစ်စစ်နဲ့ ဖျော်ထားတဲ့ ကော်ဖီအေး တစ်ခွက်က အိမ်မှာဖျော်ရင် 500လောက်သာ ကုန်ကျပေမယ့် ဆိုင်တွေမှာ 1000အထက်သာ ရောင်းပါတယ်။
ကြယ်သီး တစ်လုံးပြုတ်နေတဲ့ ဂျင်းဘောင်းဘီ. လည်ပင်းကျယ်နေတဲ့ အကျီင်္တွေကို မဝတ်ဘဲ မထားပါနဲ့။ အားလပ်ချိန်မှာ ကြယ်သီး တပ်တာမျိုး/ ရင်ဘတ်နေရာမှာ ဇာစလေးတွေ ထပ်ထည့်ချူပ်တာမျိုးနဲ့ ပြန်လည် ပြုပြင် ဝတ်ဆင်နိုင်ပါတယ်
(3) 2ပတ် စဉ်းစားပါ
နေ့စဉ် အသစ်အဆန်းတွေ ထွက်ပေါ်နေတဲ့ ခေတ်မှာ ပစ္စည်း တစ်ခုဝယ်ယူရန် 2ပတ် စဉ်းစားပါ။ 2ပတ် ကြာလို့မှ မိမိမှာလိုအပ်နေသေးလျင် ဝယ်ယူပါ။ စဉ်းစားနေတုန်း ပစ္စည်း ကုန်သွားမှာ စိတ်မပူပါနဲ့။ ပိုကောင်းပိုလှတဲ့ ပစ္စည်း တွေ ဆိုင်မှာ ရောက်နေပါပြီ
(4) ဖုန်းဘေ သုံးစွဲမူကို လျော့ချပါ
ကုန်မှန်းမသိ ကုန်တတ်တဲ့ ဘေသုံးစွဲမူကို လျော့နိုင်ရင် ငွေယိုပေါက်ကို အတော်လေး ထိန်းသိမ်းနိုင်ပါတယ်။ အားလပ်ချိန်မှာ စာကြည့်တိုက်က စာအုပ်ငှါးဖတ်တာ ၊အားကစားလုပ်တာ၊သစ်ပင်စိုက်တာ၊ဘာသာရပ်အသစ်တွေကို လေ့လာတာတွေက ပိုအကျိုး ရှိစေပါတယ်
(5) bank account ထဲထည့်ပါ
နေ့စဉ်ချွေတာထားတဲ့ အအေးတစ်ဘူးဖိုး ၊ ဖုန်းဘေ တစ်ကဒ်ဖိုး နဲ့ တက္ကစီခတွေကို 1ပတ်လောက်ကြာရင် တစ်ခါ ဘဏ်account ထဲထည့်ပါ။ တိုးလာတဲ့ ငွေစာရင်းကို ကြည့်ရင်း ပိုချွေတာ ပိုစုဆောင်း ဖြစ်လာမှာပါ။
Credit-Wai Myat Noe
lwinpyin
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။