နဂါးမျက်စောင်း အကြောင်းမရွေးစေခဲ့သည့်သမို င်း
++++++++++++++++++++++++++ ++++++++
ရေးသူ - မောင်နိုးဝေ
အိမ်နီးချင်းပေါက်ဖော် နဂါးကြီး၏ ထုတ်လုပ်မှု နည်းပညာမျက်စိ မည်သို့ ပွင့်လာ ပြီး စီးပွားရေး အခန်းကဏ္ဍ မည်သို့ နိုးထလာခဲ့ပုံကို လူငယ်များ သုံးသပ်လေ့ လာသင့်သည်။ ၁၉၄၉ ခုနှစ်၊ စီစီပီလက်ထဲသို့ တရုတ်နိုင်ငံရောက်ရှိ သွားသည့် အချိန်မှ ယနေ့ပေကျင်း မည်သို့ပြောင်းလဲ တိုးတက်လာခဲ့ သည်မှာ အထူးစိတ် ၀င်စားစရာကောင်းလှသည်။
၁၉၄၉-၆၀ ပြည့်နှစ်က တရုတ်ပြည်သည် ယနေ့ခေတ် မြန်မာပြည်၏ လက်ရှိပြန် လည် ထူထောင်ရေး ကာလနှင့် အတော်ကလေး ဆင်တူနေသည်။ ထိုအချိန်တွင် တရုတ်သည် ဆိုဗီယက်သို့ ပညာတော်သင်များ ပို့လွှတ်ပြီး ပါဝါစွမ်းအင် စက်ရုံများ ၀ယ်ယူတည် ဆောက် ရန်လည်း သဘောတူပြီးဖြစ်သည်။ ၁၉၇၈ မှ ၁၉၉၁ ထိ သုံးနှစ်ဆက်တိုက် နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှု (FDI) အပေါ်ထားသည့် သဘောထားကို အပြောင်းလဲကြီးပြောင်း ပစ်လာ ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဟောင်ကောင်နှင့် ကပ်လျက်ရှိ ပုလဲမြစ်ကမ်းတြိဂံ ဒေသ စီးပွားရေး အထူး ဇုန် ကြီး (Special Economic Zone-SEZ) လေးဇုန် တည်ဆောက်ပြီး FDI ပထမ ဆုံးခြေလှမ်းကို အစပျိုးပြီးခဲ့သည်။ ပထမခြေလှမ်း အခြေအနေကို လေ့လာ သုံးသပ် မိသည့် တိန်ရှောက်ဖိန်သည် တရုတ်ပြည်သူတွေ စက်မှုနည်းပညာ တတ်ဖို့ အဓိက ဦးစားပေးအနေဖြင့် တရုတ်ပြည်မကြီးထဲထိ FDI များကို ဒလဟော ၀င်ခွင့်ပေးဖို့ အတား အဆီးများကို အလျင်အမြန် ဖြိုချပေး လိုက်တော့ သည်။
ထို့ကြောင့်လည်း နိုင်ငံခြားချေးငွေထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို
ပိုပြီးမက် မက်မောမော လက်ခံခဲ့ခြင်းဖြစ်သည်။ ၁၉၈၄ ခုနှစ်တွင် ကမ်းရိုးတန်း
မြို့များတွင် SEZ ၁၄ ဇုန်ထိ တိုးမြှင့် တည်ဆောက်ပြီး FDI များကို လက်ကမ်း
ကြိုခဲ့ပါသည်။ မူလရည်မှန်း ချက်ဖြစ်သည့် အကြီး စား
စက်မှုလုပ်ငန်းကြီးများအတွက်
လိုငွေကို မိမိကိုယ်ပိုင်ငွေအပြင် နိုင်ငံခြားချေးငွေ မှန် သမျှကို
အကုန်ပစ်ထည့် ရင်းနှီးမတည်လိုက်သည်။ အလတ်စား စက်မှုလုပ်ငန်း များ ကိုသာ FDI
ဖိတ်ခေါ် လုပ် ကိုင်ခဲ့ခြင်းဖြစ်သည်။ ဤသည် မှာလည်း တရုတ်၏ လာဘ်မြင် တတ်မှု၊
သို့မဟုတ် အမှန်ကိုသိ ခြင်းဟု ဆိုသော် ရသည်။ မည်သည့်နိုင်ငံကြီးကမှ
နည်းပညာများကို ဗုန်းပေါ လအောပေး မည်မဟုတ်ဆိုသည်ကို လက်ခံထားသည့်
အမြင်ရှိ၍ဖြစ်သည်။
နောက်တစ်ချက်မှာ SEZ ဇုန်များတွင် နိုင်ငံပေါင်းစုံ ရှိနေရန်ကို သဘောပေါက် ခဲ့ခြင်းဖြစ် သည်။ အမှန် တကယ် တရုတ်တို့လုပ်နိုင်သည်မှာ ကုန်ကြမ်းယူ၊ တပ်ဆင်ပြီး ကုန်ချောကို ပြန်အပ်ပေး ရုံမျှသာဖြစ်သည်။ လက်ခံယူထားသည့် ကုန်ကြမ်းကို တပ်ဆင်ရုံမျှဖြင့် ကုန်ချောဖြစ် သွားသည်။ ကုန်ချောပစ္စည်း တန်ဖိုးမှာ ဈေးကြီးလွန်း လှသည်။ ထို့ကြောင့် ပြည်တွင်းဈေး ကွက် ကိုဖြန့် ချိရန်အတွက် စိတ်ကူးမယဉ်ခဲ့ကြပေ။ နောက်ထပ် အဓိက အချက်မှာ လိုအပ်သည့် ပစ္စည်း အစိတ်အပိုင်းများကို ထုတ်လုပ်ရန်မှာလည်း နည်းပညာ မရှိဖြစ်နေခဲ့သည်။ နည်းပညာမရှိ၍ မထုတ်လုပ်ပါဘဲ ငုတ်တုတ် ထိုင်နေခဲ့လျှင်လည်း နည်း ပညာ မရရုံမျှသာ ရှိပေလိမ့်မည်။ ထို့ကြောင့် SEZ ဇုန်များပြင်ပတွင် ပြည်ပကုမ္ပဏီ များနှင့် ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းရှင်များကို ပူးပေါင်း လုပ်ကိုင်ခွင့်ပြုခဲ့ သည်။ ၎င်းတို့မှ ထုတ်ကုန်များကိုသာ ပြည်တွင်းဈေး ကွက်သို့ဖြန့်ဖြူးစေခဲ့သည်။
တရုတ်ပြည်သူများမှာလည်း ဈေးနှုန်းချိုသာသည့် ပစ္စည်းကောင်း သုံးနိုင်သွားသည်။ ဖက်စပ် လုပ်ငန်း များမှာလည်း လိုအပ်သည့် နည်းပညာများ ရယူနိုင်လိုက်ပြန်သည်။ ပြည်တွင်းဈေး ကွက်ကို ဦးတည်ထားပြီး ပြည်တွင်း ကုန်ကြမ်းသမားတွေနှင့်သာ နှစ်ရှည် စာချုပ်ချုပ်သည်။ နည်းပညာ အကူအညီ ဖြည့်တင်းပေး မည်ကိုလည်း ပြည်တွင်းမှ ကုန်ကြမ်းတင်သွင်း မည့်ဒေသခံများနှင့် သဘောတူ စာချုပ်ချုပ်ခဲ့ကြသည်။ ဤနည်းသည် နည်းပညာ မြင့်မား လာစေသကဲ့ သို့ နည်းပညာမြင့်မြင့်ဖြင့် ထုတ်လုပ်ထားသည့် ပစ္စည်းများကိုလည်း တရုတ်ပြည်သူများက ဈေးနှုန်းချိုချိုနှင့် သုံးစွဲ၍ရစေနိုင်ခဲ့သည်။ နည်းပညာ ရရှိလာသည့် ကုမ္ပဏီလေးများသည် ပြည်တွင်းဈေး ကွက်ကို သာမက နိုင်ငံခြားဈေးကွက်မှပါ လက်ခံနိုင် လာသည့် ပို့ကုန်တင် သွင်းနိုင်သည့် ကုမ္ပဏီများဖြစ် လာခဲ့တော့သည်။
ယခင်က ပြည်တွင်းဈေးကွက်ကိုသာ တင်သွင်းနေရပြီး ပြည်ပပို့ကုန်အဖြစ် မယှဉ်ပြိုင်နိုင်ဘဲ ဖြစ်နေခဲ့ရ သည်မှာ ကုန်ပစ္စည်း အရည်အသွေးနှင့်ဈေးနှုန်းကို
အဓိကထား ယှဉ်ပြိုင်နိုင်မှ သာဖြစ်မည်ကို တရုတ်ပေါ်လစီ ရေးဆွဲသူများ၊
ခေါင်းဆောင်ပိုင်းများ၊ မန်နေဂျာများက သေသေချာချာ သဘောပေါက်
နားလည်ခဲ့ကြသည်။ ဖက်စပ်ကုမ္ပဏီများသည် အစိုးရထံမှ မည်သည့် အထောက်အပံ့ကိုမှ
မရယူဘဲ ရပ်တည်ရုန်းကန် လာခဲ့ကြရသည်။ အစိုးရ အဖွဲ့ အစည်းကြီးများ၏
စီးပွားရေးစီမံကိန်းယန္တရားထဲသို့
အရှိန်ဖြင့် ပူးပေါင်းချိတ် ဆက်လာနိုင်ခဲ့ သည်မှာလည်း
အစိုးရအတွက်ဝန်မပိစေဘဲ စက်မှုယန္တရားကြီး ၏အဖိုးတန် စက်သွားဘီး
များလာစေခဲ့သည်။ နောက်ပိုင်းတွင် ပြည်တွင်းဈေးကွက် သာမက ပြည်ပဈေး
ကွက်ထိပါ ကုန်ပစ္စည်းများကို ထုတ်လုပ် တင်ပို့နိုင်ခဲ့ပါသည်။ ဤအချက်သည်
ပြည်တွင်း ကုမ္ပဏီများ နည်းပညာမြင့်တက် လာခြင်း၏ရလဒ်တော့ မဟုတ်ပေ။
နိုင်ငံခြားရင်း နှီးမြှုပ်နှံ သူများမှ သယ်ဆောင် လာသည့် နည်းပညာဖြစ်သည်။
နိုင်ငံခြားကုမ္ပဏီများမှ တရုတ်ပြည် တွင်းဈေး ကွက်ကြီးကို
သွားရည်ယိုပြီးထပ်ချဲ့လေလေ ပြည်တွင်းမှဖက်စပ်လုပ်သူများအဖို့ နည်းပညာ ပိုပြီး မြန်မြန်ရလာလဖြစ်သည်။ နိုင်ငံခြားမှလာရောက်ရင်းနှီးမြှုပ်နှံသူများ၏ အဓိကရုန်းအား ပင်ဖြစ်သည်။
၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် WTO ၀င်ခွင့်ရခဲ့သည်။ WTO ၀င်ခွင့် လက်မှတ်ရသူ တိုင်း မလွဲမသွေ ခံစားရသည့် အဓိကအကျိုး အမြတ်နှစ်ခုရှိသည်။ တစ်ကမ္ဘာလုံးဈေးကွက် တွင် စိတ်ကြိုက် ပို့ကုန်တင် ပို့နိုင်သကဲ့သို့ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန် လာသောကြောင့် ၁- အစိုးရ အကူအညီမပါဘဲ ရပ်တည်လာနိုင်သည့် ဖက်စပ်ကုမ္ပဏီ များကို နည်းပညာ အရည် အသွေးမြှင့်တင်ရေးဖိအားပေးရ န်
ကောင်းလာခြင်းနှင့် ၂- နေရှင်နယ် ချန်ပီယံအဖြစ်ပ်နေ သည့် တရုတ်ပိုင်
ကုမ္ပဏီများကို ဈေးနှုန်းချိုသည့် ကုန်ပစ္စည်းများကိုသာ ထုတ်လုပ်ပြီး ပြည်
တွင်းဈေး ကွက်ကို လက်ဝါးကြီး အုပ်နေ၍ မရင်တော့ ဆိုသည်ကို သဘောပေါက် လာစေ
ခြင်းတို့ဖြစ်သည်။ ထို့အတွက် နည်းပညာ ပံ့ပိုးမပေးနိုင်သည့် နိုင်ငံခြား
ကုမ္ပဏီနှင့်ပြည်တွင်း တရုတ်ကုမ္ပဏီများ ပေါင်းစပ်ပြီး ဖက်စပ်ကုမ္ပဏီထောင်
၍မဖြစ်နိုင်တော့ပေ။ ဖက်စပ်ကုမ္ပဏီ မတည်ထောင်နိုင်လျှင် တရုတ်ပြည်
တွင်းဈေးကွက်ကို မျက်စောင်းထိုး၍ မရနိုင်တော့ချေ။ ပြည်တွင်းဈေး
ကွက်ကြီးမျှ ကွက်ချန်ထားသည် မဟုတ်၍ နည်းပညာမမြှင့် တင်နိုင်ပါက တရုတ်
ပိုင်ကုမ္ပဏီဖြစ်စေ၊ နိုင်ငံခြားဖက်စပ်ကုမ္ပဏီပင် ဖြစ်စေ၊ FDI နှင့် SEZ ထဲမှ ကုမ္ပဏီ ပင်ဖြစ်စေ အိမ်ကွင်းအဝေးကွင်းညီသွားပေ ပြီ။ မယှဉ်နိုင်လျှင် ကံတော် ကုန်ရပေတော့မည်။ ဤသည်မှာ ပစ္စည်းအရည်အသွေးပိုင်း ယှဉ်ပြိုင်ခြင်းမျှသာပင် ရှိပါသေးသည်။
ပစ္စည်းဈေးနှုန်းကို ယှဉ်ပြိုင်နိုင်ရန် ပစ္စည်းဖြန့်ဖြူး တင်ပို့ခြင်း၊ အလုပ်သမား စီမံခန့်ခွဲခြင်း၊ ဈေးကွက်ရှာ ဖွေခြင်းနှင့် ပစ္စည်းထုပ် ပိုးခြင်းများကို ကျွမ်းကျွမ်းကျင်ကျင် သုံးသပ်နိုင်သည့် ပညာရှင်များ လိုလာခဲ့သည်။ တရုတ်ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာနှင့် မယှဉ်နိုင်သေး သည်ကို သဘောပေါက် ကြသည်။ နိုင်ငံခြားဖက်စပ် ကုမ္ပဏီများပင် သီးသန့် ရပ်တည် ထုတ်လုပ်ယှဉ်ပြိုင်ရန် ခက်ခဲနေသေးသည်။ ထို့ကြောင့် SEZ ပြင်ပက ဖက်စပ် ကုမ္ပဏီလေး များကိုလည်း တူရာပေါင်းစည်း ပြီး အင်အားတောင့် တင်းစေရန် WTO အဖွဲ့ ၀င်ဖြစ်လာခဲ့ခြင်းက ခေါင်းလောင်းထိုး တပ်လှန့်နှိုးဆော်လိုက် သကဲ့သို့ဖြစ်စေခဲ့ပါသည်။ မယှဉ်ပြိုင်နိုင် ပါက နေ၀င်ချိန် နှင့်ရင်ဆိုင် ရတော့မည်ဖြစ်၍ မပေါင်းမဖြစ် ပေါင်းစည်း လိုက်ကြရသည်။ ပါင်းစည်း တည်ထောင်ခြင်းဖြင့် အင်အားတောင့်တင်း လာသည့် ကုမ္ပဏီ ကြီးများသည် အစိုးရစက်မှု နည်းပညာ အဖွဲ့ကြီးများနှင့် အလိုလိုပူးပေါင်း ချိတ်ဆက် လုပ် ကိုင်ရန် လိုအပ်လာခဲ့သည်။ အစိုးရစက်မှု နည်းပညာအဖွဲ့ကြီး များနှင့်လည်း ချိတ်ဆက် လုပ်ကိုင်လာတတ်ကြသည်။ Haier ၊ Huawei ၊ TCL၊ Legend ၊ Greatwall ၊ ZTE စသည့် တရုတ်ကုမ္ပဏီ များကတော့ နိုင်ငံခြားကုမ္ပဏီကြီးများကဲ့သို့
ခြေလှမ်းကြိုမြင် တတ် ကြသည်။ တုပလုပ်ရုံမျှ နှင့်ရပ်တန့်မနေဘဲ သုတေသန
ဖွံ့ဖြိုးရေးဌာနများ တည်ထောင်ပြီး နည်းပညာသစ်၊ ပုံစံသစ်၊ ဒီဇိုင်းသစ်များ
လုပ်နိုင်ရန် အားထုတ် ကြိုးပမ်းခဲ့ကြသည်။ ထိုကုမ္ပဏီကြီးများ၏ သုတေသနဌာနများ
(R&D) သည် USA တွင်ရှိသကဲ့သို့၊ ဂျပန်တွင် လည်းရှိသည်။ ထိုမျှထိကို
လှမ်းခဲ့ကြသည်ကို မြန်မာကုမ္ပဏီများ နမူနာယူသင့်သည်။
Huawei ၏ R&D ဆိုလျှင် အိန္ဒိယတွင် တည်ရှိသည်။ ZTE ၏ R&D ဆိုလျှင် အမေရိကန် တွင် သုံးခု၊ တောင်ကိုရီးယားတွင် တစ်ခုရှိသည်။ Nokia ၏ R&D ဆိုလျှင်လည်း ၁၉၈၈ ခုနှစ် ကာလမှာပင် ပေကျင်းတွင် နည်းပညာရှင်ပေါင်း သုံးရာလောက်နှင့် အဓိကသုတေသန ဌာနကြီးကို တည်ထောင်ထားခဲ့သည်။ SEZ များမှ လိုအပ်သည့် နည်းပညာ ရလာသကဲ့သို့ တရုတ်ပိုင် ကုမ္ပဏီကြီးများမှလည်း နည်းပညာရလာခဲ့ပြီး နိုင်ငံတွင်းဈေးကွက် တင်မက ပြည်ပဈေး ကွက်သို့ပါ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာသည့် ထုတ်ကုန်ချော များကို တင်ပို့လာနိုင်ခဲ့သည်။ အိပ်ပျော်နေသည့် နဂါးသည် စီးပွားရေး တည်ဆောက်ရာတွင် နည်းပညာ မျက်စိပွင့်လာခဲ့ပြီး ကမ္ဘာ့ဈေးကွက်တွင် နိုးထခဲ့ချေပြီ။ ယခုဆိုလျှင် ကမ္ဘာ့ စီးပွားရေးလောက တွင် 'နဂါးမျက်စောင်း အကြောင်းမရွေးဘူး' ဆိုသကဲ့သို့ဖြစ်နေပေပြီ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူများကလည်း နဂါးကြီး အကအလှ မပျက်ဖို့ '၀မ်ဆွေ့ဝမ်ဆွေ့' လုပ်နေကြရသည်။ နဂါးကြီးခွေခေါက်သွားလျှင် ပုံအောထားသည့် ရင်းနှီးမြှုပ်နှံမှုများ ပြိုပျက် ကြရမည်ကို စိုးရိမ်နေကြရပါတော့သည်။
နိုင်ငံ့စီးပွားရေး ထူထောင်ရာတွင် အခရာကျသည့် အချက်မှာ နည်းပညာရအောင် ယူ ပြီးမြှင့်နိုင်ပါမှ တစ်နိုင်ငံလုံး ပို့ကုန်ထုတ် လုပ်ရေးတွင် ပါဝင်လာနိုင် ပါလိမ့်မည်။ အချိန်တို အတွင်း တန်ဖိုးမြင့် အရည်အသွေး ကောင်းကုန်ပစ္စည်းများ ထုတ်နိုင်ပါမှ အမြတ်များများ ရပေမည်။ စိုက်ပျိုးရေးကိုသာလျှင် ဆက်လက်အခြေခံသည့် မူဝါဒအထိုင်ပေါ်တွင် ဈေး ကွက်တောင်းဆိုမှု အီလာပြီသော ဈေးပေါသည့် စပါးကိုသာ စိုက်ပျိုးထုတ်လုပ်ပြီး ကျားကုတ် ကျားခဲ ယှဉ်ပြိုင်နေပါဦးမည်လော။ FDI လက်ခံမည့်ပုံစံ သတ်မှတ်ချက်သည်လည်း မိမိနိုင်ငံနှင့်လျော်ညီမည့် 
မူဘောင်များ ချမှတ်စာချုပ်ရေးဆွဲပြီး နှစ်ဖက်မျှမှ ပွဲလှမည့်ခေတ်ကို
လှမ်းနိုင်ပေလိမ့်မည်။ FDI လည်းမ၀င်၊ SEZ မှလည်း လောက် လောက်လားလား နည်း
ပညာ သစ်မရ၊ စိုက်ပျိုးရေး နည်းပညာနှင့် အထောက်အပံ့ မပေးနိုင်၊ ပေါ်လစီ အား
နည်း ချက်ကိုလည်း အလျင်အမြန်ပြုပြင်ရန် အာရုံမစိုက်ဖြစ်နေခဲ့မည်ဆို ပါက ဒါင်းတို့ အကသည် ရှေ့မှကြည့်မှသာ လှနေမည်ကိုတော့ မမေ့မလျော့ သတိပြုဆင်ခြင်ကြရန် မုချ လိုအပ် လာပေလိမ့်မည်။
Ref: From Imitation to Creation? The Critical and Uncertain Paradigm Shift
for Chinese Firms by Wei Xie and Steven White
#MyanmarB2BManagementMagaz ine
++++++++++++++++++++++++++
ရေးသူ - မောင်နိုးဝေ
အိမ်နီးချင်းပေါက်ဖော် နဂါးကြီး၏ ထုတ်လုပ်မှု နည်းပညာမျက်စိ မည်သို့ ပွင့်လာ ပြီး စီးပွားရေး အခန်းကဏ္ဍ မည်သို့ နိုးထလာခဲ့ပုံကို လူငယ်များ သုံးသပ်လေ့ လာသင့်သည်။ ၁၉၄၉ ခုနှစ်၊ စီစီပီလက်ထဲသို့ တရုတ်နိုင်ငံရောက်ရှိ သွားသည့် အချိန်မှ ယနေ့ပေကျင်း မည်သို့ပြောင်းလဲ တိုးတက်လာခဲ့ သည်မှာ အထူးစိတ် ၀င်စားစရာကောင်းလှသည်။
၁၉၄၉-၆၀ ပြည့်နှစ်က တရုတ်ပြည်သည် ယနေ့ခေတ် မြန်မာပြည်၏ လက်ရှိပြန် လည် ထူထောင်ရေး ကာလနှင့် အတော်ကလေး ဆင်တူနေသည်။ ထိုအချိန်တွင် တရုတ်သည် ဆိုဗီယက်သို့ ပညာတော်သင်များ ပို့လွှတ်ပြီး ပါဝါစွမ်းအင် စက်ရုံများ ၀ယ်ယူတည် ဆောက် ရန်လည်း သဘောတူပြီးဖြစ်သည်။ ၁၉၇၈ မှ ၁၉၉၁ ထိ သုံးနှစ်ဆက်တိုက် နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှု (FDI) အပေါ်ထားသည့် သဘောထားကို အပြောင်းလဲကြီးပြောင်း ပစ်လာ ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဟောင်ကောင်နှင့် ကပ်လျက်ရှိ ပုလဲမြစ်ကမ်းတြိဂံ ဒေသ စီးပွားရေး အထူး ဇုန် ကြီး (Special Economic Zone-SEZ) လေးဇုန် တည်ဆောက်ပြီး FDI ပထမ ဆုံးခြေလှမ်းကို အစပျိုးပြီးခဲ့သည်။ ပထမခြေလှမ်း အခြေအနေကို လေ့လာ သုံးသပ် မိသည့် တိန်ရှောက်ဖိန်သည် တရုတ်ပြည်သူတွေ စက်မှုနည်းပညာ တတ်ဖို့ အဓိက ဦးစားပေးအနေဖြင့် တရုတ်ပြည်မကြီးထဲထိ FDI များကို ဒလဟော ၀င်ခွင့်ပေးဖို့ အတား အဆီးများကို အလျင်အမြန် ဖြိုချပေး လိုက်တော့ သည်။
ထို့ကြောင့်လည်း နိုင်ငံခြားချေးငွေထက် နိုင်ငံခြားရင်းနှီးမြှုပ်န
နောက်တစ်ချက်မှာ SEZ ဇုန်များတွင် နိုင်ငံပေါင်းစုံ ရှိနေရန်ကို သဘောပေါက် ခဲ့ခြင်းဖြစ် သည်။ အမှန် တကယ် တရုတ်တို့လုပ်နိုင်သည်မှာ ကုန်ကြမ်းယူ၊ တပ်ဆင်ပြီး ကုန်ချောကို ပြန်အပ်ပေး ရုံမျှသာဖြစ်သည်။ လက်ခံယူထားသည့် ကုန်ကြမ်းကို တပ်ဆင်ရုံမျှဖြင့် ကုန်ချောဖြစ် သွားသည်။ ကုန်ချောပစ္စည်း တန်ဖိုးမှာ ဈေးကြီးလွန်း လှသည်။ ထို့ကြောင့် ပြည်တွင်းဈေး ကွက် ကိုဖြန့် ချိရန်အတွက် စိတ်ကူးမယဉ်ခဲ့ကြပေ။ နောက်ထပ် အဓိက အချက်မှာ လိုအပ်သည့် ပစ္စည်း အစိတ်အပိုင်းများကို ထုတ်လုပ်ရန်မှာလည်း နည်းပညာ မရှိဖြစ်နေခဲ့သည်။ နည်းပညာမရှိ၍ မထုတ်လုပ်ပါဘဲ ငုတ်တုတ် ထိုင်နေခဲ့လျှင်လည်း နည်း ပညာ မရရုံမျှသာ ရှိပေလိမ့်မည်။ ထို့ကြောင့် SEZ ဇုန်များပြင်ပတွင် ပြည်ပကုမ္ပဏီ များနှင့် ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းရှင်များကို ပူးပေါင်း လုပ်ကိုင်ခွင့်ပြုခဲ့ သည်။ ၎င်းတို့မှ ထုတ်ကုန်များကိုသာ ပြည်တွင်းဈေး ကွက်သို့ဖြန့်ဖြူးစေခဲ့သည်။
တရုတ်ပြည်သူများမှာလည်း ဈေးနှုန်းချိုသာသည့် ပစ္စည်းကောင်း သုံးနိုင်သွားသည်။ ဖက်စပ် လုပ်ငန်း များမှာလည်း လိုအပ်သည့် နည်းပညာများ ရယူနိုင်လိုက်ပြန်သည်။ ပြည်တွင်းဈေး ကွက်ကို ဦးတည်ထားပြီး ပြည်တွင်း ကုန်ကြမ်းသမားတွေနှင့်သာ နှစ်ရှည် စာချုပ်ချုပ်သည်။ နည်းပညာ အကူအညီ ဖြည့်တင်းပေး မည်ကိုလည်း ပြည်တွင်းမှ ကုန်ကြမ်းတင်သွင်း မည့်ဒေသခံများနှင့် သဘောတူ စာချုပ်ချုပ်ခဲ့ကြသည်။ ဤနည်းသည် နည်းပညာ မြင့်မား လာစေသကဲ့ သို့ နည်းပညာမြင့်မြင့်ဖြင့် ထုတ်လုပ်ထားသည့် ပစ္စည်းများကိုလည်း တရုတ်ပြည်သူများက ဈေးနှုန်းချိုချိုနှင့် သုံးစွဲ၍ရစေနိုင်ခဲ့သည်။ နည်းပညာ ရရှိလာသည့် ကုမ္ပဏီလေးများသည် ပြည်တွင်းဈေး ကွက်ကို သာမက နိုင်ငံခြားဈေးကွက်မှပါ လက်ခံနိုင် လာသည့် ပို့ကုန်တင် သွင်းနိုင်သည့် ကုမ္ပဏီများဖြစ် လာခဲ့တော့သည်။
ယခင်က ပြည်တွင်းဈေးကွက်ကိုသာ တင်သွင်းနေရပြီး ပြည်ပပို့ကုန်အဖြစ် မယှဉ်ပြိုင်နိုင်ဘဲ ဖြစ်နေခဲ့ရ သည်မှာ ကုန်ပစ္စည်း အရည်အသွေးနှင့်ဈေးနှုန်းကို
၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် WTO ၀င်ခွင့်ရခဲ့သည်။ WTO ၀င်ခွင့် လက်မှတ်ရသူ တိုင်း မလွဲမသွေ ခံစားရသည့် အဓိကအကျိုး အမြတ်နှစ်ခုရှိသည်။ တစ်ကမ္ဘာလုံးဈေးကွက် တွင် စိတ်ကြိုက် ပို့ကုန်တင် ပို့နိုင်သကဲ့သို့ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန် လာသောကြောင့် ၁- အစိုးရ အကူအညီမပါဘဲ ရပ်တည်လာနိုင်သည့် ဖက်စပ်ကုမ္ပဏီ များကို နည်းပညာ အရည် အသွေးမြှင့်တင်ရေးဖိအားပေးရ
ပစ္စည်းဈေးနှုန်းကို ယှဉ်ပြိုင်နိုင်ရန် ပစ္စည်းဖြန့်ဖြူး တင်ပို့ခြင်း၊ အလုပ်သမား စီမံခန့်ခွဲခြင်း၊ ဈေးကွက်ရှာ ဖွေခြင်းနှင့် ပစ္စည်းထုပ် ပိုးခြင်းများကို ကျွမ်းကျွမ်းကျင်ကျင် သုံးသပ်နိုင်သည့် ပညာရှင်များ လိုလာခဲ့သည်။ တရုတ်ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာနှင့် မယှဉ်နိုင်သေး သည်ကို သဘောပေါက် ကြသည်။ နိုင်ငံခြားဖက်စပ် ကုမ္ပဏီများပင် သီးသန့် ရပ်တည် ထုတ်လုပ်ယှဉ်ပြိုင်ရန် ခက်ခဲနေသေးသည်။ ထို့ကြောင့် SEZ ပြင်ပက ဖက်စပ် ကုမ္ပဏီလေး များကိုလည်း တူရာပေါင်းစည်း ပြီး အင်အားတောင့် တင်းစေရန် WTO အဖွဲ့ ၀င်ဖြစ်လာခဲ့ခြင်းက ခေါင်းလောင်းထိုး တပ်လှန့်နှိုးဆော်လိုက် သကဲ့သို့ဖြစ်စေခဲ့ပါသည်။ မယှဉ်ပြိုင်နိုင် ပါက နေ၀င်ချိန် နှင့်ရင်ဆိုင် ရတော့မည်ဖြစ်၍ မပေါင်းမဖြစ် ပေါင်းစည်း လိုက်ကြရသည်။ ပါင်းစည်း တည်ထောင်ခြင်းဖြင့် အင်အားတောင့်တင်း လာသည့် ကုမ္ပဏီ ကြီးများသည် အစိုးရစက်မှု နည်းပညာ အဖွဲ့ကြီးများနှင့် အလိုလိုပူးပေါင်း ချိတ်ဆက် လုပ် ကိုင်ရန် လိုအပ်လာခဲ့သည်။ အစိုးရစက်မှု နည်းပညာအဖွဲ့ကြီး များနှင့်လည်း ချိတ်ဆက် လုပ်ကိုင်လာတတ်ကြသည်။ Haier ၊ Huawei ၊ TCL၊ Legend ၊ Greatwall ၊ ZTE စသည့် တရုတ်ကုမ္ပဏီ များကတော့ နိုင်ငံခြားကုမ္ပဏီကြီးများက
Huawei ၏ R&D ဆိုလျှင် အိန္ဒိယတွင် တည်ရှိသည်။ ZTE ၏ R&D ဆိုလျှင် အမေရိကန် တွင် သုံးခု၊ တောင်ကိုရီးယားတွင် တစ်ခုရှိသည်။ Nokia ၏ R&D ဆိုလျှင်လည်း ၁၉၈၈ ခုနှစ် ကာလမှာပင် ပေကျင်းတွင် နည်းပညာရှင်ပေါင်း သုံးရာလောက်နှင့် အဓိကသုတေသန ဌာနကြီးကို တည်ထောင်ထားခဲ့သည်။ SEZ များမှ လိုအပ်သည့် နည်းပညာ ရလာသကဲ့သို့ တရုတ်ပိုင် ကုမ္ပဏီကြီးများမှလည်း နည်းပညာရလာခဲ့ပြီး နိုင်ငံတွင်းဈေးကွက် တင်မက ပြည်ပဈေး ကွက်သို့ပါ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာသည့် ထုတ်ကုန်ချော များကို တင်ပို့လာနိုင်ခဲ့သည်။ အိပ်ပျော်နေသည့် နဂါးသည် စီးပွားရေး တည်ဆောက်ရာတွင် နည်းပညာ မျက်စိပွင့်လာခဲ့ပြီး ကမ္ဘာ့ဈေးကွက်တွင် နိုးထခဲ့ချေပြီ။ ယခုဆိုလျှင် ကမ္ဘာ့ စီးပွားရေးလောက တွင် 'နဂါးမျက်စောင်း အကြောင်းမရွေးဘူး' ဆိုသကဲ့သို့ဖြစ်နေပေပြီ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူများကလည်း နဂါးကြီး အကအလှ မပျက်ဖို့ '၀မ်ဆွေ့ဝမ်ဆွေ့' လုပ်နေကြရသည်။ နဂါးကြီးခွေခေါက်သွားလျှင် ပုံအောထားသည့် ရင်းနှီးမြှုပ်နှံမှုများ ပြိုပျက် ကြရမည်ကို စိုးရိမ်နေကြရပါတော့သည်။
နိုင်ငံ့စီးပွားရေး ထူထောင်ရာတွင် အခရာကျသည့် အချက်မှာ နည်းပညာရအောင် ယူ ပြီးမြှင့်နိုင်ပါမှ တစ်နိုင်ငံလုံး ပို့ကုန်ထုတ် လုပ်ရေးတွင် ပါဝင်လာနိုင် ပါလိမ့်မည်။ အချိန်တို အတွင်း တန်ဖိုးမြင့် အရည်အသွေး ကောင်းကုန်ပစ္စည်းများ ထုတ်နိုင်ပါမှ အမြတ်များများ ရပေမည်။ စိုက်ပျိုးရေးကိုသာလျှင် ဆက်လက်အခြေခံသည့် မူဝါဒအထိုင်ပေါ်တွင် ဈေး ကွက်တောင်းဆိုမှု အီလာပြီသော ဈေးပေါသည့် စပါးကိုသာ စိုက်ပျိုးထုတ်လုပ်ပြီး ကျားကုတ် ကျားခဲ ယှဉ်ပြိုင်နေပါဦးမည်လော။ FDI လက်ခံမည့်ပုံစံ သတ်မှတ်ချက်သည်လည်း မိမိနိုင်ငံနှင့်လျော်ညီမည်
Ref: From Imitation to Creation? The Critical and Uncertain Paradigm Shift
for Chinese Firms by Wei Xie and Steven White
#MyanmarB2BManagementMagaz
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။