Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 21, 2016

အမေစုရဲ့မိန့်ခွန်း_မြန်မာဘာသာပြန်

#အမေစုရဲ့မိန့်ခွန်း_မြန်မာဘာသာပြန်
#ညကမကြည့်ဖြစ်သူတွေအတွက်ရောဘာသာပြန်မထိသူတွေအတွက်ရော
အရမ်းကောင်းပြီး သိပ်ပြတ်သားလွန်းတဲ့ မိန့်ခွန်းပါ။
လိုရင်းနဲ့ ထိထိရောက်ရောက်ပြောနိုင်တယ်
ရခိုင်အရေးကိစ္စပြောသွားတာ အကြိုက်ဆုံးပဲ
********************************
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းမှအဓိကအချက်များ-
နိဒါန်း
- မြန်မာနိုင်ငံ၏အစိုးရသစ်ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်၏ ရည်မှန်းချက်များနှင့် ရပ်တည်ချက်များအပေါ်ထားရှိသည့် မိမိတို့၏ ယုံကြည်လေးစားမှုကို ထပ်လောင်းအတည်ပြုလိုကြောင်း၊

- မြန်မာပြည်သူများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ၂၀၁၅ ခုနှစ် ၊နိုဝင်ဘာလတွင် တခဲနက် မဲပေးရွေးချယ်ခဲ့ကြခြင်းမှာ မိမိတို့ပါတီအား ထောက်ခံမှုကို ပြသခြင်းတစ်ခုတည်းမဟုတ်ဘဲ ၎င်းတို့၏ ယုံကြည်မှုနှင့် မျှော်လင့်ခြင်းများအားအခြေခံသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ကို စတင်လိုက်ခြင်းဖြစ်ကြောင်း၊
- “ဓါးသွားကို ထယ်သွားဖြစ်စေရမည်” ဆိုသည့် ဆိုလိုချက်ကို ပဋိပက္ခများကြောင့် နှစ်ပေါင်းများစွာ ငြိမ်းချမ်းမှုနှင့် အလှမ်းဝေးနေသည့် မြန်မာပြည်သူများ၏ နုလုံးသားများမှ နားလည်လိုလားသည့် အချက်ဖြစ်ပါကြောင်း၊
- ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးသော ပြည်ထောင်စုကို တည်ထောင်ရေးမှာ မိမိတို့အားလုံး၏ ရည်မှန်းချက်ဖြစ်ကြောင်း၊ အဆိုပါ ရည်မှန်းချက်ကိုရောက်ရှိအောင် ဆောင်ကျဉ်းနိုင်သည့် နည်းလမ်းမှာ ငြိမ်းချမ်းရေးလမ်းစဉ်သာဖြစ်ကြောင်း၊
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
- မြန်မာပြည်သူများမှာမွေးရာပါအခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းမှုနှင့် လုံခြုံမှု၊ အခြေခံလွတ်လပ်ခွင့်နှင့် ဖွံဖြိုးတိုးတက်မှုအခွင့်အရေးများ ကို ကာလကြာရှည်စွာ ဆုံးရှူံးနေခဲ့ရကြောင်း၊
- ဆယ်စုနှစ် (၆) ခုကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အလျောက် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့မှုရရှိရေးတို့မှာ မိမိတို့အတွက် အရေးအကြီးဆုံးဖြစ်ကြောင်း၊
- အစိုးရသစ်အနေဖြင့် အဆိုပါအချက်ကို ဦးစားပေးအဖြစ်ဆောင်ရွက်လျက်ရှိပြီး မကြာသေးမီက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံကိုကျင်းပခဲ့ကြောင်း၊
- အဆိုပါ ညီလာခံမှာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့မှုရရှိရေးလုပ်ငန်းစဉ်အတွက် အရေးကြီးသည့် ပထမခြေလှမ်းဖြစ်ကြောင်း၊
ရခိုင်ပြည်နယ်ကိစ္စ
- ပြီးခဲ့သည့် နှစ်အနည်းငယ်မှစတင်၍ ရခိုင်ဒေသတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ကမ္ဘာမှအာရုံစိုက်လာကြောင်း၊
- နိုင်ငံများအလယ် တာဝန်သိသော နိုင်ငံတစ်နိုင်ငံ အနေဖြင့် နိုင်ငံတကာမှ ဝေဖန်သုံးသပ်မှုကို စိုးရွံ့နေမည်မဟုတ်ပါကြောင်း၊
- ရခိုင်ဒေသကိစ္စအတွက် မိမိတို့အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဗဟိုပြုသည့် ဘက်စုံဒေါင့်စုံ ပါဝင်သည့် ချဉ်းကပ်မှုမျိုးကိုစတင်ခဲ့ကြောင်း၊
- ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီကို တည်ထောင်ခဲ့ကြောင်း ၊
အဆိုပါဗဟိုကော်မတီတွင် လုပ်ငန်းကော်မတီများထပ်မံဖွဲ့စည်းပြီး လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်နိုင်ငံသားစိစစ်ရေး၊ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ကုလသမဂ္ဂအဖွဲ့အစည်းများ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကိုဆောင်ရွက်လျက်ရှိကြောင်း၊
- အဆိုပါ ဆောင်ရွက်ချက်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်မှ ဥက္ကဌ အဖြစ်ဆောင်ရွက်သည့် အကြံပေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း၊
- အဆိုပါကော်မရှင်တည်ထောင်မှုနှင့် ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်မှုအချို့ရှိပါကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်အတွင် ငြိမ်းချမ်းရေး၊ သဟဇာတရှိမှုရှိရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအားအကောင်အထည်ဖော်မှု
- မြန်မာနိုင်ငံ၏ အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးရေးမူဝါဒ-၂၀၁၆ သည် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များထဲမှ အများစုနှင့် ကိုက်ညီပါကြောင်း၊
- အခြေခံအဆောက်အဦများကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ တိုးတက်ရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ ပုဂ္ဂလိကဏ္ဍ၊ SME ကဏ္ဍ စသည်တို့ပါဝင်ပါပြီး အမျိုးသားရင်ကြားစေ့ရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ သဘာဝသယံဇာတများအားကာကွယ်ရေး၊ လူ့စွမ်းအားအရည်အချင်း မြှင့်တင်ရေးနှင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရေးတို့မှာ ဦးစားပေးရည်မှန်းချက်များ ဖြစ်ပါကြောင်း၊
ရွှေ့ပြောင်းသွားလာနေထိုင်မှု
- ပြဿနာများအားများအား ဖြေရှင်းနိုင်မည့် နည်းလမ်းများရှာဖွေရာတွင် အဆိုပါ ပြဿနာများ၏ အရင်းအမြစ်ကို ရှာဖွေရမည်ဖြစ်ကြောင်း၊
- မကြာသေးမီ နှစ်များအတွင်း တွေ့ကြုံနေရသည့် မကြုံစဖူး များပြားလှသည့် အစုအပြုံလိုက် ရွှေ့ပြောင်းသွားလာမှုများ၏ အရင်းခံမှာ ငြိမ်းချမ်းမှုမရှိခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု မရှိခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊
- ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်လာပါက အခြေခံလူ့အခွင့်အရေးကိုလေးစားမှု၊ ညီတူ ညီမျှရှိစေမှု ၊မတူကွဲပြားမှုကို အသိအမှတ်ပြုပြီး သည်းခံနားလည်မှုရှိရေးတို့မှာ အရေးကြီးပါကြောင်း၊
- ရွှေ့ပြောင်းသွားလာနေထိုင်သူများမှာ လက်ခံသည့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေး နှင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးရေး အတွက် အထောက် အကူပြုသည့် အင်အားများဖြစ်သည်ဆိုသည်ကို လက်ခံရန်လိုအပ်ကြောင်း၊
- ထို့ကြောင့် မူရင်းနိုင်ငံနှင့် လက်ခံသည့် နိုင်ငံတို့အကြားပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများကို အကာကွယ်ပေးခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်ဖြစ်ကြောင်း၊
အကြမ်းဖက်မှုတိုက်ဖျက်ရေး
- အစွန်းရောက်အကြမ်းဖက်မှုလုပ်ရပ် ပုံစံမျိုးစုံအား တိုက်ဖျက်ရာတွင် မိမိတို့အနေဖြင့် ညီညွှတ်စွာ ပူးပေါင်း ရပ်တည် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
- လူမှုရေး၊ စီးပွားရေးလုံခြုံမှုမရှိသည့် အချက်များမှာ အစွန်းရောက်မှု ကိုဖြစ်စေပြီး အကြမ်းဖက်မှုအတွက် အရင်းအမြစ်ဖြစ်စေကြောင်း၊
နျူကလီးယားလက်နက်ဖျက်သိမ်းရေး
- မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်ကင်းမဲ့သည့်ကမ္ဘာဖြစ်စေရေးအတွက် ခံယူဆောင်ရွက်လျက်ရှိပါကြောင်း၊
- နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် အရင်းအမြစ်မှာ လက်နက်စမ်းသပ်ဖောက်ခွဲမှုများ အလုံးစုံရပ်ဆိုင်းရေးပင်ဖြစ်ကြောင်း၊
- မြန်မာနိုင်ငံအနေဖြင့် Comprehensive Nuclear-Test- Ban Treaty (CTBT)သို့ ယနေ့ မွန်းလွဲပိုင်းတွင်အတည်ပြု လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်းကို မိမိအနေဖြင့် အထွေထွေညီလာခံသို့ အသိပေးကြေညာလိုကြောင်း၊
နိဂုံးချုပ်
- အချင်းချင်း လောဘ၊ ဒေါသ၊ မောဟကင်းဝေးပြီး ချစ်ခင် ကြင်နာကြရန်နှင့် တစ်ပါးသူအပေါ် မေတ္တာ ဘာဝနာပွားများနိုင်စေရန် မိမိအနေဖြင့် နိုင်ငံအများစုဝေးသည့် ဤနေရာမှနေ၍မေတ္တာရပ်ခံလိုကြောင်း။
MOFA

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။