Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 21, 2016

ကိုယ့်အားကိုယ်ကိုးတတ်သော၊ စည်းကမ်းရှိသော၊တာဝန်ယူစိတ်ရှိသော ကလေး။

ကိုယ့်အားကိုယ်ကိုးတတ်သော၊ စည်းကမ်းရှိသော၊တာဝန်ယူစိတ်ရှိသော ကလေး။
****************************************************

* သမီးက အပြင်သွားမယ်ဆိုရင် အကျီင်္လဲမယ်ဆို တော်တော်နဲ့မလာဘူး။ထွက်ပြေးတယ်။လိုက်ရင်သူနဲ့ကစားတယ်ထင်ပြီး ပိုပြေးတယ်။
* ပစ္စည်းတွေ လွင့်ပစ်လို့ ကောက်ခိုင်းရင် တော်တော်နဲ့ပြန်မကောက်ဘူး။၁၀ခါမကပြောရတာ မောလိုက်တာ။
* ရေချိုးပြီးရင် အပြင်ထွက်ဖို့ တော်တော်ပြောရတယ်။
* ကစားစရာတွေ မဆော့ရင်နေရာတကျပြန်ထားဖို့ တော်တော်ပြောရတယ်။
* မနက်စာ စားခိုင်းရင် ကုန်အောင်စားဖို့ အာပေါက်မတတ်ပြောရတယ်။
* ကျောင်းသွားဖို့အရေး ဖိနပ်စီးပြီး တခါအပြင်ရောက်ဖို့ အရေးက ၁၀ ခါ မကပြော ၊ တတွတ်တွတ်ပြော နဲ့ အဲဒီ တခဏက မနက်တိုင်းရဲ့ rush hour ရင်မောစရာ အချိန်ပါပဲ။
* နားလည်အောင်ပြောဆိုလို့ သူစကားနားထောင်တဲ့အချိန် လိမ္မာကြောင်း စကားနားထောင်သင့်ကြောင်းပြောပေမယ့် များသောအားဖြင့် မရပါဘူး။

ဖေဖေမေမေတို့ အထက်က အဖြစ်အပျက်မျိုးတွေ ရင်းနှီးနေတယ်လို့ ခံစားရပါသလား? အဲ့ထဲက အနည်းဆုံးတစ်ခုလောက်တော့ ဖြစ်ဖူးကြမယ်ထင်ပါတယ်နော်။ ဒါတွေက ဖြစ်တတ်ကြတဲ့ မိသားစု ပြဿနာပါ။ လူတိုင်းနီးပါးဖြစ်တယ်လို့ ထင်ပါတယ်။

-အင်္ကျီဝတ်တဲ့အခါ.....
*****************

ကလေးတွေဟာ မွေးစထဲက လူကြီးက အင်္ကျီဝတ်ပေးလာတဲ့အတွက် အင်္ကျီ ဟာ ဘာကြောင့် ဝတ်ရတယ်။ ဘယ်လိုဝတ်ရတယ် ဆိုတာတွေ ပြောပြပေး ၊ သင်ပေးမှ သိမှာပါ။ ကလေးက အင်္ကျီဝတ်ပြီးရင် ဘာလုပ်မယ်၊ဘယ်သွားမယ်၊ ပြီးရင် လုပ်ရမယ့် အလုပ်က ဘယ်လောက် အရေးကြီးတယ်ဆိုတာ လူကြီးတွေလို မတွေးတတ်သေးပါဘူး။ သူ့အတွက်ကလောလောဆယ် လျှောက်ဆော့တာလောက်ပဲ ပျော်စရာ ကောင်းနေတာလေ။ သူဒါပဲသိတာပေါ့။ ဒါကြောင့် ဒီလိုအရာတွေက ရှင်းပြနေမယ့်အစား ကလေးတွေ လိုက်လုပ်မယ့် ဖြတ်လမ်းနည်းတွေသုံးတာက ပိုမြန်တယ်။ ကြီးလာတော့ သူတို့ ပိုသိလာတတ်ပါတယ်။
မေမေအော်လည်း ရိုက်လည်းမေမေ တို့ နောက်ကျ နေပြီဆိုတာကို ကလေးက သိပ်နားမလည်သေးဘူးလေ။ အင်္ကျီဝတ်ပြီးရင် အပြင်သွားလည်း ကလေးတစ်ယောက်အနေနဲ့ သိပ်ပြီးမထူးဘူးကိုး 😃 သူတို့က အချိန်တိုင်း ကစားချင်တာလေ။

တစ်နှစ်ခွဲ နှစ်နှစ်လောက်က စပြီး ငယ်ငယ်တုန်းကလို အင်္ကျီကို ဒီအတိုင်းဝတ်ပေးလိုက်တာမျိုးမဟုတ်တော့ပဲ အင်္ကျီဝတ်တဲ့ လုပ်ငန်းစဉ်မှာ ကလေးကိုယ်တိုင်ပါဝင်ပြီး စိတ်ဝင်စားအောင် စပြီး သင်ပေးလို့ရပါပြီ။
" ဒါလေးက အင်္ကျီလက်ပေါက်လို့ခေါ်တယ်။ ဒီအပေါက်လေးထဲကို လက်ကလေးကို ထည့်မယ်..."
" ဒါလေးက ခေါင်းဝင်လို့ရတဲ့ လည်ပင်းပေါက်လေးပဲ..... ခေါင်းလေး .. ဝင်မယ် ခေါင်းလေး ဝင်မယ်"
" ဒါက ညာဘက် လက်ပေါက်... ဒါက ဘယ်ဘက် လက်ပေါက်" စသည်ဖြင့် အင်္ကျီဝတ်ပေးရခက်တတ်တဲ့ ကလေးကို အင်္ကျီဝတ်ရင်းစိတ်ဝင်စားအောင် ၊ပျော်အောင် လုပ်ပြီးဝတ်ပေးရင် မေမေလည်း လိုက်ဖမ်းရသက်သာတာပေါ့။နေ့တိုင်း သင်ပေးတော့ နောက်ဆို ကလေးလည်း အင်္ကျီ သူ့ဖာသာသူ ဝတ်တတ်လာပါမယ်။ သူ့အားသူကိုးပြီး အင်္ကျီဆိုတာ ဒီလိုဝတ်ရတယ်။ အင်္ကျီဝတ်ပြီးမှ တခြားဟာ လုပ်ရင် ပိုအဆင်ပြေတယ် စသဖြင့် ကလေးက သင်ယူ သွားပါတယ်။ကလေးက ဒီအလေ့အထ စည်းကမ်းတွေကို သူတို့ ဦးနှောက် က သင်ယူသွားရင် နောက်ဆို လွယ်သွားပါတယ်။ ကစားချင်ရင်တောင် ဝတ်ပြီးမှ ကစားရတယ်ပေါ့ ။ အစပိုင်းလောက်ပဲ နည်းနည်းစိတ်ရှည်ဖို့နဲ့ စိတ်ခိုင်ဖို့ လိုတယ်။ ပုံမှန်လုပ်ဖို့ လိုတယ်။ လုပ်လိုက်မလုပ်လို့်ဆို ကလေးက မသိပါဘူး။ ဒါကြောင့် အပြင် မသွားလည်း မလောလည်း ပုံမှန် အမြဲလုပ်ရပါမယ်။

ကလေးက ပတ်ပြေးရင်လည်း သူ့နောက်က မလိုက်ပါနဲ့ ။ မေမေတို့ ကစားနေတာ မဟုတ်ဘူးလို့ မျက်နှာ ပုံမှန်တည်တည်နဲ့ပြော ပြီးရင် လာခိုင်းပြီးဝတ်ခံခိုင်းပါ။ မလာရင် မေမေက ရပ်ပြီး မျက်နှာ ပုံမှန် အတည်အတံ့ ပုံစံနဲ့ လာဖို့ အချက်ပြပါ။ ခေါင်းဆတ် ပြတာမျိုး၊ လက် ရပ်ခေါ်တာမျိုးပေါ့။
" လာ....လို့ ဆိုနေ" ဆိုပြီး စိတ်မရှည်လေသံပြောရင်၊ မေမေ စိတ်လှုပ်ရှားပြရင် ကလေးက မေမေ သူ့နောက်ကို ခဏနေ စိတ်မရှည်ပဲ လိုက်လာမှာပဲဆိုပြီး သိပါတယ်။ ဒါကြောင့် စိတ်မလှုပ်ရှားပြပါနဲ့။ အတည်လာခိုင်းတယ်ဆိုတာ မျက်နှာအမူအယာမှ ပြပါ။ ဆူတာရိုက်တာ မဟုတ်လို့ နောင်တရ သနားစရာ မလိုပါဘူး ။ လိုအပ်တဲ့ positive discipline ပါ။

-ရေချိုးတဲ့အခါ...
*************

ကလေးတိုင်းနီးပါး ရေကစားရတာကြိုက်ပါတယ်။ငယ်ငယ် က အရမ်းကြီး အခက်အခဲရှိတယ်မထင်ရပေမယ့် ၂-နှစ်ကျော် ၃ နှစ် ပိုနားလည်၊ ပိုဆော့လာတယ်အရွယ်ရောက်လာရင် နည်းနည်းခက်လာပါပြီ။ ရေချိုးပြီးရင်တက်ဖို့ ပြောရခက်လာပါပြီ။ ကျောင်းသွားရမယ့် အချိန်၊ အပြင်သွားစရာရှိတဲ့ အချိန်၊ ခရီးသွားတုန်း လမ်းခရီးမြို့တွေမှာ ရေအကြာကြီးချိုးလို့မရတဲ့ အနေအထား၊ ခရီးဆက်စရာရှိတဲ့ အနေအထားတွေဆိုရင် ကလေးကို လေ့ကျင့် သင်ပေးမထားရင် ကလေးက မသိပဲ သူဆော့ချင်တာပဲ သိပြီး ဂျီကျ၊ မေမေက သွားစရာရှိလို့လောပြီးခေါ်၊ ခေါ်လို့ကမရနဲ့ ပြဿနာတွေတက်၊ ဖေဖေ က စိတ်တို နားငြီးပြီးဆူ... ဒီလိုနဲ့ စိတ်မသက်သာစရာ အခြေအနေတွေ ဖြစ်ပြီး ရင်မောရပါတယ်။
ကလေးတွေက ရေကို ဘယ်လောက် ကြာကြာချိုးရတယ်၊ အရမ်းကြာရင် အေးတတ်တယ်။ ရေချိုးပြီးရင် ဘာလို့အင်္ကျီဝတ်ရတယ်။ ရေချိုးပြီးရင် သူတို့ကြိုက်တဲ့ ဘာစိတ်ဝင်စားစာရာလုပ်မှာမို့ ချက်ချင်းတက်ရမှာလဲ စသဖြင့် သူတို့ သေချာ မသိသေးတော့ ကစားပဲ ကစားချင်တာပေါ့နော်။ ဒါကြောင့် ကလေးတွေ ၃-၄ နှစ်ပို နားလည်လာတဲ့ အချိန်လောက်ဆို ကလေးတွေကို အချိန်နဲ့ လုပ်ရတယ်။ ဒါပြီးမှ ဒါလုပ်ရတယ် စသဖြင့် လေ့ကျင့်သင်ပေးလို့ရှိရင် နေ့စဉ် အလုပ်လေးတွေ ပိုလွယ်ကူလာပါတယ်။

ရေချိုးနေရင်း မေမေက တော်သင့်ပြီလို့ ကိုယ့်ဘာသာ သတ်မှတ်တဲ့ အချိန် မရောက်မီ ကလေးကို ၃-၅ မိနစ်၊ ၁၀ မိနစ်လောက်ကြိုပြောပါ။ အကြိမ်တိုင်းပြောပါ။
"သမီး ၅ မိနစ်နေရင် တော်ပြီနော်။ ပြီးရင် တို့တွေ မုန့်စားကြမယ်" စသဖြင့် အကြိမ်တိုင်းရေချိုးမပြီးခင် ကြိုပြောပေးပါ။ ပြီးရင် သူစိတ်ကြိုက် လုပ်မယ့် ဟာ တစ်ခုခု အမြဲ လုပ်မယ်ပြောပါ။ အချိန် မသိသေးရင် နာရီလေး က လက်တံ ဒီနားရောက်ရင်ဆိုပြီးပြီးပြောတာမျိုး။ ရေ ငါးခွက် လောင်းပြီး ဆိုတာမျိုး သူသိအောင်ပြောပြီး လုပ်ပါ။ ပထမ တခါ နှစ်ခါတော့ သူရေချိုးပြီးရင် ဘာ စိတ်ဝင်စားစရာ လုပ်စရာ မှ မရှိဘူးထင်ပြီး ကလေးတွေက သူတို့ ပျော်တဲ့ ရေကစားပြီးပဲ နေချင်ကြတာပါ။ ဒါကြောင့် အကျင့်လုပ်ရပါတယ်။ နည်းနည်း သိလာပြီဆိုရင် နောက်ဆိုရင် ရေမချိုးခင် "၁၀ မိနစ်ရေချိုးမယ်နော် ၁၀ မိနစ်ပြီးရင် တော်ပြီး" လို့ ကလေးကို ကြိုပြောပြီးမှ ချိုးပါ။ ပြီးရင် တကယ်တော်ပါ ။ မေမေရဲ့ ကိုယ်နေဟန်နဲ့ မျက်နှာ က မေမေ တကယ်ပြောတယ်ဆိုတာ ကလေးက သိစေပါ။ မေမေ က တကယ်ပြောတာ တော်ပြီ ...ပြီးရင် သမီးကြိုက်တဲ့ မုန့်စားမယ် ဆိုပြီး လုပ်နိုင်တယ်။ ကလေးက အကျင့်ရလာပြီဆိုရင်တော့ သူ့ ကို မက်လုံးပေးစရာမလိုတော့ပါဘူး ။ ရေချိုးတာ ဒီလောက်ဆိုတော်ပြီဆို ကလေး သိသွားရင်ရပါပြီ။ ၁၀ ခါ မပြောပါနဲ့ မေမေ မျက်နှာ တည်တည်နဲ့ တည်ငြိမ်စွာပြောရင် ကလေးက မေမေ serious ဆိုတာနားလည်ပါတယ်။ ခံစားမိပါတယ်။ ကလေးတွေက လေ့ကျင့်ပေးရင်ရတယ်။ သူတို့ ထိုက်သင့်သလောက် ကစားထားပြီးပြီ ရပ် ဖို့ ကြိုပြောထားရင် ကလေးတွေက နားလည်ပါတယ်။ ကျေနပ်ပါတယ်။ ဒါကြောင့် လွယ်ကူလာမှာပါ။

- ကစားစရာ ပစ်ပေါက်ရင်....
*********************
စကားလုံးတွေအရမ်းမပြောတတ်သေးတဲ့ ကလေးတွေဟာ လူကြီးနဲ့ ဆက်ဆံဖို့ စကားလုံးတွေ အမူအယာတွေ သင်ယူနေဆဲဆိုတာ မေမေတို့ အမြဲ သတိထားဖို့လိုပါတယ်။ toddler လေးတွေဟာ ပစ္စည်းတွေ စူးစမ်းနေတုန်း ဘယ်လို လုပ်လိုက်ရင် ဘာဖြစ်သွားမလဲ စမ်းသက်နေတုန်း အရွယ်တွေပါ။ ဒါကြောင့် မိဘများ က ကိုယ့်ကလေး အပြုအမူ တစ်ခုကို ဘာကြောင့် လုပ်တာလဲ ဆိုတဲ့ နောက်ကွယ်က အဖြစ်ကို သိနိုင်ရင် ဘယ်လို ရပ်အောင်လုပ်ရမလဲဆိုတာ ပိုလွယ်ပါတယ်။
ဥပမာ- မေမေ က က စာဖတ်နေလို့၊ စာရေးနေလို့၊ ဖုန်းဆက်နေလို့၊ ကလေးကို လျစ်လျူမိရင် ကလေးက မေမေ့ဆီကို အရုပ်နဲ့ ပစ်ပေါက်ပြီးမေမေ့ရဲ့ attention ကို ယူတတ်ပါတယ်။ တခါတလေ ကလေးက အမနဲ့ ဘောလုံးပုတ်တမ်းကစားချင်လို့ သူ့စိတ်ထဲ ဘောလုံးလို့ ထင်တဲ့ ပစ်လို့ရမယ်လို့ထင်တဲ့ လုံးတဲ့ မာတဲ့ တစ်ခုခုကို အမဆီပစ်တတ်ပါတယ်။ သူ့စိတ်ထဲတော့ ဘောလုံးလိုပဲ ဒါလဲ ပစ်လို့ရမယ် ထင်လို့ပါ။ တူတူကစားချင်လို့ ပစ်ပေါက်တာပါ။

တခါတလေ ကျရင် toddler တွေရဲ့ အပြုအမူကို တမင်လုပ်တာ၊ ဒီလို လုပ်တတ်တဲ့ ကလေးလို့ မသတ်မှတ်ဖို့ တော်တော် ခက်ပြန်ပါတယ်။ အထူးသဖြင့် toddler က မိခင်/ မောင်နှမ ကို ထိခိုက်လောက်အောင်လုပ်ရင် ၊ တကြိမ်ထက်ပိုလာရင် ပိုပြီး သည်းခံဖို့ ခက်တတ်ပါတယ်။ toddler က ပစ္စည်းပစ်ပေါက်၊ အသားနာအောင်လုပ်တဲ့ အပြုအမူကို မေမေတို့အနေနဲ့ စိတ်လှုပ်ရှားစွာ တုန့်ပြန်မိရင် အခြေအနေပိုဆိုးစေပြီး မေမေတို့ နောင်တရနိုင်တဲ့ တခုခုကို လုပ်မိနိုင်ပါတယ်။ ဒါဆိုရင် ကလေးကိုလည်း ထိခိုက်ပြီး ဆိုးကျိုးများတဲ့ အပြင် မေမေတို့ မကြိုက်တဲ့ ပစ်ပေါက်တဲ့ အပြုအမူက ပိုပြီးတော့တောင် ဖြစ်လာနိုင်ပါသေးတယ်။ မေမေတို့ ကစိတ်လှုပ်ရှား ဒေါသထွက်တာကို ကလေးတွေက သဘောကျပြီး သူတို့က ဒီအခြေအနေ မှာ သူတို့နိုင်တယ် မေမေကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တယ်လို့ ခံစားရပါတယ်။ ဒါကြောင့် ဒေါသနဲ့ ဖြေရှင်းရင် ပစ်ပေါက်တာက မရပ်ပဲ ထပ်ဖြစ်ဖို့များပါတယ်။

အပြုအမူကို တုံ့ပြန်မဲ့ အစား ကလေးက သူတို့ အကူအညီလိုလို့ မေမေ တို့နဲ့ communicate လုပ်တာလို့ သတိရပါ။ စိတ်မလှုပ်ရှားပဲ တည်ငြိမ်နိုင်သမျှ တည်ငြိမ်စွာ တုံ့ပြန်ပါ။ စိတ်မထိန်းနိုင်ပဲ မတည်ငြိမ်ဘူးဆိုရင် ချက်ချင်းမတုံ့ပြန်သေးပဲ မိမိကိုယ်တိုင် တည်ငြိမ်တဲ့အထိ စောင့်သင့်ပါတယ်။
ကလေး က block တွေ ပစ်ပေါက်တာဆိုရင် " block က ဆောက်ဖို့ သမီးရဲ့ ပစ်ဖို့မဟုတ်ဘူးနော် ။ဒီလိုလေးတွေ ဆင့်ပြီးဆောက်တယ်။ မမကို မပစ်ရဘူး။ တူတူ ဆောက်ရအောင်" လို့ပြောပေးနိုင်ပါတယ်။ ဒီလိုပြောပေမယ့် မဆောက်ပဲ ဆက်ပြီး ပစ်ပေါက်နေမယ် ဆိုရင် block တွေကို ဖယ်လိုက်ပါ။ ပစ်ပေါက်ရတာမဟုတ်ဘူး ဆိုတာ မလိုက်နာရင် ကစားခွင့်မပေးဘူး ဆိုတာ ကလေးကို ပြသတာပါ။ ဘာမှ ထပ်ပြီး အများကြီးဆူစရာ မလိုပါဘူး။
ကလေးက အစားတွေ ညစာ စားပွဲမှာ ပစ်ပေါက်နေရင်လည်း " အစားဆိုတာ စားရတာ။ ပစ်ပေါက်ရတာ မဟုတ်ဘူး။ ပစ်ပေါက်နေရင် မေမေ ဖယ်လိုက်တော့မယ် " လို့ ပြောပြီး အစားကို ဖယ်လိုက်နိုင်ပါတယ်။ ပိုငယ်တဲ့ ကလေးဆို စကားအရှည်ကြီး သိပ်နားမလည်သေးရင် နည်းနည်းပဲ ရှင်းပြပြီး အမူအယာနဲ့ ပြသနိုင်ပါတယ်။ ကလေးက အရုပ်တွေကို တူတူဆော့နေတဲ့ သူငယ်ချင်း/ မောင်နှမကို ပစ်ပေါက်နေရင် ၊ တူတူ ကစားရတယ် အရုပ်ဆို ပစ်ရတာမဟုတ်ဘူးလို့ ပြောပေမယ့် ကလေးက မရပ်ဘူးဆိုရင်
" အင်း သားက ဒီနေ့ ခက်နေတာပဲ၊ မမ / သူငယ်ချင်းကိုတော့ နာအောင် ပစ်ခွင့် မေမေ မပေးနိုင်ဘူး။ လာ မကစားတော့ဘူး။ဟိုဘက်သွားမယ်။ သားမပစ်တော့ဘူးဆိုရင် မေမေ တို့ ပြန်လာကစားမယ်နော်" ဆိုပြီး ကစားနေတဲ့ နေရာက ခဏ ခေါ်ထုတ်သွားပြီး ခဏ ကြာမှ ကစားစရာ က မပစ်ပေါက်ရဘူးဆိုတာ ကလေး နားလည်လားဆိုတာကို တခါထပ် ကြိုးစားကြည့်လို့ ရပါတယ်။
ဒီလို ပစ်ပေါက်နေတဲ့ အရာကို ဖယ်လိုက်ရင်၊ သိမ်းလိုက်ရင် ၊ ကစားနေရာက ခေါ်ထုတ်သွားရင် ကလေးတွေက ကြည်ကြည်သာသာ လက်ခံဖို့ဆိုတာ ရှားပါတယ် ။စိတ်တို၊ ဒေါသထွက် အော်ဟစ် ငိုတာများပါတယ်။ ဒီလို လက်မခံနိုင်စရာ အပြုအမူကြောင့် ငိုတာဆိုရင် သူတို့ စိတ်ပြေတဲ့ အထိ ငိုစေပြီး မေမေ က ဘေးနားလေးက ထိုင်စောင့်ပေးနေသင့်ပါတယ်။ ငိုပါ။ ဒါပေမယ့် ကစားစရာတော့ ပစ်ပေါက်လို့ မရဘူး။ မမ ကို နာအောင် ပစ်လို့မရဘူး။ ဒါပေမယ့် သားကို ချစ်လို့ မေမေ ထိုင်စောင့်နေတယ် ဆိုတဲ့ သဘောပေါ့။ အသံအကျယ်တွေနဲ့ ဆူ၊ရိုက်တာထက် ကလေးကို ပိုနားလည်စေတဲ့ နည်းလို့ ယုံကြည်ပါတယ်။

စိတ်ပြေသွားတဲ့ အချိန်ကျမှ ကလေးကို ဖက်ထားပြီး သားလေး စိတ်တိုတာတွေ ပြေသွားပြီလား ဆိုပြီး ချော့ရင်း block တွေ အရုပ်တွေက ပစ်လို့မရဘူး။ ပစ်ပြီးဆော့လို့ရတဲ့ ဟာတွေက သက်သက်ရှိတယ်။ဥပမာ ဒီဘောလုံးလေးဆို ပစ်လို့ရတယ် ။ ခြင်းတောင်းလေးထဲပစ်လို့ရတယ်။ ဒီပူဖောင်းဆိုလည်း ပစ်လို့ရတယ်။ စသဖြင့် ကလေးတွေ ပစ်ပြီးဆော့လို့တဲ့ အရာနဲ့ နေရာတွေကို သင်ပေးရွေးချယ်ခွင့်ပေးလို့ရပါတယ်။

သူနဲ့ တူတူဆော့စေချင်လို့ attention လိုချင်လို့ ပစ်ပေါက်တာဆိုရင်တော့ ကလေးကို ဘယ်လိုပြောရတယ်ဆိုတာကို လေ့ကျင့်ပေးဖို့ လိုပါတယ်။ မေမေ က အိမ်သားတစ်ယောက်ယောက်/ မမ ကို " မေမေ ပျင်းလို့ မေမေနဲ့ ကစားပေးပါ" လက်ကိုကိုင်ပြီး ပုခုံးကို ကိုင်ပြီး " ဖေဖေ မေမေ နဲ့ ကစားပါ။ မေမေ ကစားချင်လို့" စသဖြင့် ကလေးရှေ့မှာ သူတွေ့အောင် အချင်းချင်းပြောပြီး ကလေးကို ဒီလို လိုချင်တာရှိရင် စကားနဲ့ပြောလို့ရတယ်ဆိုတဲ့ အကြောင်း သင်ပေးနိုင်ပါတယ်။

-ကစားစရာတွေ သိမ်းတတ်အောင်.....
******************************

ငယ်သေးတဲ့ ကလေးတွေဆို သူတို့ပြန်သိမ်းအောင် အစမှာ မေမေတို့က အတူ သိမ်းပေးရင် "အရုပ်လေးတွေ သိမ်းမယ်... ထည့်မယ်... ထားမယ်.. ညီအောင်ကွယ်" စသဖြင့် ကဗျာ့လိုဆိုပြီးပျော်အောင် ဖန်တီးပြီး တူတူ သိမ်းတဲ့ အကျင့်လေးဖြစ်အောင် နေ့တိုင်းပြုလုပ်ရမှာပါ။ပုံမှန် အလေ့အကျင့် လုပ်ရမှာပါ။ အရုပ်ပြန်သိမ်းတာကို ကစားပြီးရင် ပုံမှန်လုပ်ရတဲ့ activity အနေနဲ့ လုပ်ပြီးမှ တခြားဟာ လုပ်ခွင့်ပေးပါ။ ကလေးက အကျင့်မရသေးရင်တော့ စိတ်ရှည်ပြီး စောင့်တာပေါ့နော်။ဒါပေမယ့် အရုပ်က ကစားပြီးရင် သိမ်းရတယ် ကြမ်းပြင်မှာ ဖွပြီး ဒီအတိုင်း ထသွားလို့ မရဘူးဆိုတဲ့ အသိဝင်သွားရင် ကလေးတွေက သိမ်းပါတယ်။ သေချာ မသပ်ရပ်ရင်နေမယ် သိမ်းတော့သိမ်းပါတယ်။ ကစားပြီးရင် ဒီအတိုင်း ဖွထားခွင့် မေမေ မပေးဘူး၊ ဒါဟာ မလုပ်သင့်ဘူးဆိုတာကို နားလည်သွားအောင် သင်ပေးရမှာပါ။ ၄-၅ နှစ် နားလည်တတ်တဲ့ ကလေးတွေ အရုပ်မသိမ်းချင်လို့ ပစ်ထားရင်လည်း အရုပ်သိမ်းပြီ့မှ မုန့်စားရမယ်၊ ကာတွန်းကားကြည့်ရမယ်၊အောက်ဆင်းဆော့ရမယ် စသဖြင့် သူတို့ နောက်လုပ်ချင်တာကို အရုပ်သိမ်းပြီးမှ လုပ်ရမယ်လို့ မေမေက မျက်နှာ အတည်နဲ့ တကယ်ပြောရမှာပါ။ ပျင်းလို့ ငြင်းဆန်နေတာဖြစ်လို့ မေမေတို့ ဒီလောက်တော့ လေသံမာနိုင်ပါတယ်လေ။ အော်ဟစ်ရိုက်နှက်စရာ မလိုပဲ မေမေ က အရုပ်မသိမ်းရင် သူစားချင်တဲ့ မုန့် တကယ်မကျွေးဘူး ဆိုတာ ကလေးက သိရင် လိုက်နာပါတယ်။ မေမေ က ကတိတည်ဖို့တော့ လိုတာပေါ့နော်။ အလိုလိုက်ပြီးချစ်သင့်တဲ့ အချိန်မှာ မေမေ ချစ်ကြောင်း ကလေးက သေချာနေရင် ဒီလို စည်းကမ်းလုပ်တဲ့နေရာမှာ မေမေ ရုပ်တည်သွားတာနဲ့ ဒါက serious သူလုပ်ရမယ်ဆိုတာ ကလေး သိပါတယ်။ ဒါကြောင့် စိတ်မလှုပ်ရှားပဲ တည်ငြိမ်ဖို့ လိုတာပါ။ စိတ်တိုနေတဲ့ အချိန်ဆိုရင်တော့ ဘာမှမပြောသေးပဲ ခဏနေလိုက်တာကပိုကောင်းပါတယ်။ မေမေက ဒေါသတွေထွက်ပြီး အော်သာနေတယ် လက်ကတော့ ကစားစရာတွေ ကောက်ထည့်နေရင် ကလေးက မေမေ့ကို သူနိုင်သွားပြီးဆိုတာ မှတ်လိုက်ပါပြီ။ " မေမေ က ဆူသာဆူတာ ပြီးတော့ သူသိမ်းပေးလိမ့်မယ်" ဆိုပြီး မေမေ ၁၀ခါ အော်လည်း မလုပ်တော့ပါဘူး။

ဒါကြောင့် ကလေးတွေကို သူတို့တာဝန်သူတို့  ယူတတ်အောင်၊ ကိုယ့်အားကိုယ်ကိုးတတ်အောင်၊ မပျင်းအောင်၊ လိမ္မာအောင်က စိတ်ရှည်ပြီးလေ့ကျင့်ပေးရင် ဖြစ်နိုင်ပါတယ်။ မေမေတို့လည်း အမောသက်သာပြီး စည်းကမ်းတကျ သားသားမီးမီးတို့နဲ့ နေ့စဉ် ဘဝကို တတ်နိုင်သမျှ လွယ်ကူစွာ ဖြတ်သန်းနိုင်ကြမှာပါ။
အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင်။
မေတ္တာဖြင့်
နီတိုးလေးမေမေ။

#နီတိုးလေးမေမေ #မိခင်ဘဝ

Photo; Internet

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။