အဲလ်ဖရက်နိုဘယ် Alfred Nobel ( 1833 - 1896 )
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
“နို ဘယ်လ်ဆု " ကို တည်ထောင်ခဲ့သူပါ။ နိုဘယ်လ်က ဆွီဒင်ဓာတုဗေဒပညာရှင်၊ အင်ဂျင်နီယာ၊ တီထွင်ဆန်းသစ်သူ၊ စစ်လက်နက်ကိရိယာ ထုတ်လုပ်သူ၊ ဒိုင်းနမိုက်
တီထွင်သူ ဖြစ်ပါတယ်။
၁၈၆၄ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့.... Stockholm ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ပေါက်ကွဲမီးလောင်မှုကြီး တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အသက် ၃၀ အရွယ် နိုဘယ်ရဲ့ အလုပ်ရုံပဲ ဖြစ်ပါတော့တယ်။ သူကိုယ်တိုင်တီထွင်ခဲ့တဲ့ နိုက်တရိုဂလိုင်းစရင်း ပါဝင်တဲ့ ပေါက်ကွဲပစ္စည်းကြောင့် ပြာပုံဖြစ်သွားတဲ့ အလုပ်ရုံမှာ
မီးကျွမ်းနေတဲ့ အလောင်း ၅ လောင်းထဲမှာ သူအချစ်ဆုံး ညီငယ် တက္ကသိုလ်ကျောင်းသားလည်း ပါခဲ့ပါတယ်။
သူ့မိခင်က ရင်ကွဲမတတ် ငိုကြွေးခဲ့ရသလို၊ သူ့ဖခင်အိုကလည်း ဒီသတင်းကြားပြီး ဦးနှောက်သွေးယိုပြီး ကိုယ်တစ်ခြမ်း
သေသွားပါတယ်။ ရဲတွေက အလုပ်ရုံကို ချိတ်ပိတ်ပြီး
အလုပ်ရုံပြန်မဖွင့်ဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့တယ်။
လူတွေကလည်း သူ့ကို ထူးဆန်းတဲ့ သတ္တ၀ါတစ်ကောင်လို ရှောင်ခဲ့လေတယ်။ အန္တရာယ်များတဲ့ စမ်းသပ်မှုလုပ်ဖို့
သူ့ကို ဘယ်သူမှ နေရာမငှားကြတော့ဘူး။
နောက်ရက်အတန်ကြာမှာ... မြို့နဲ့ဝေးတဲ့ ရေကန်ထဲမှာ လှေကြီးတစ်စင်းပေါ် ကိရိယာတန်ဆာပလာ တင်ပြီး သူ
စမ်းသပ်မှုတွေ ဆက်လုပ်ပါတယ်..။
အသက်အန္တရာယ်ကို မမှုပဲ အကြိမ်ကြိမ် စမ်းသပ်မှုတွေလုပ်ပြီး
“စနက်တံ" ကို သူတီထွင်နိုင်ခဲ့ပါတယ်...။
ဥရောပနိုင်ငံ အတော်များများက စက်မှုလုပ်ငန်းတွေ
ထွန်းကားလာတဲ့ အချိန်ကာလမှာ သတ္တုတွင်း၊ ရထားလမ်းပြင်၊ လိုဏ်ခေါင်းတူး၊ တူးမြောင်းတွေ ဖောက်ဖို့ ယမ်းတွေ
လိုလာပါပြီ။ ဒီအချိန်ကျမှ လူတွေက သူ့ဆီ ချဉ်းကပ်ခဲ့ကြတယ်။
နိုဘယ်လ်က သူ့စမ်းသပ်ရုံကို စတော့ဟုမ်းအနီးနား
ပြောင်းရွေ့ပြီး နိုက်တရိုဂလိုင်စရင်း အလုပ်ရုံကို တရားဝင်
ဖွင့်ခဲ့ပါတယ်။ တစ်ဆက်တည်း ဂျာမဏီနိုင်ငံ
ဟမ်းဘတ်မြို့မှာလည်း ယမ်းအလုပ်ရုံကို သူဖွင့်ခဲ့တယ်။
နိုဘယ်လ်ရဲ့ ယမ်းတွေဟာ အရောင်းသွက် ပစ္စည်းတစ်ခု
ဖြစ်ခဲ့တယ်။ နိုင်ငံအနှံ့က မှာယူသူတွေကြောင့် သူဟာ ကြီးပွားချမ်းသာခဲ့တယ်။ အောင်မြင်မှုရခဲ့ပေမယ့် သူဟာ
အခက်အခဲကနေ မလွတ်မြောက်သေးပါဘူး။
(99 Sanay ၏ "ထင်ရှားသူတို့၏ဘ၀ပုံပြင်" စာအုပ်မှ)
သတင်းဆိုးတွေ သူ့ဆီ နေရာအနှံ့က ရောက်လာဆဲ။
ဆန်ဖရန်စစ္စကိုမှာ ယမ်းတင်လာတဲ့ရထားဟာ တုန်ခါမှုကြောင့် ပေါက်ကွဲခဲ့တယ်။ ဂျာမဏီက အလုပ်ရုံလည်း
ပစ္စည်းပြောင်းရွေ့ရင်း ပေါက်ကွဲခဲ့တယ်။ ဘနားမားမှာ
ယမ်းတင်လာတဲ့ သင်္ဘောနဲ့ အခြားသင်္ဘော ပွတ်တိုက်မိလို့ ပေါက်ကွဲခဲ့တယ်။
ဒီလိုအဖြစ်အမျိုးမျိုး တွေ့ကြုံရပေမယ့် သူ့ကို
မတုန်လှုပ်စေပါဘူး။အမျိုးမျိုး လေ့လာဆန်းစစ်ပြီးတဲ့နောက်မှာ Diatomaceous earth ကို စုပ်ရေအဖြစ် အသုံးပြုပြီး
ပိုဘေးကင်း လုံခြုံတဲ့ ယမ်းကို တီထွင်ခဲ့တယ်။
ဒီလိုပေါက်ကွဲပစ္စည်းကို “ဒိုင်းနမိုက်" လို့ ခေါ်ဝေါ်ခဲ့ပါတယ်။
နိုဘယ် တီထွင်ပြီး မှတ်ပုံတင်ခဲ့တာ အခု ၂၅၀ ကျော် ရှိခဲ့တယ်။ ပေါက်ကွဲပစ္စည်းမှာတင် အမျိုး ၁၂၀ ကျော် ရှိခဲ့တယ်။ အသက်သေဆုံးခါနီးချိန်အထိ သူဟာ ပေါက်ကွဲပစ္စည်း တီထွင်ဖို့ စိတ်ကူးရှိနေခဲ့ပါတယ်။
တကယ်လို့ အခက်အခဲက သော့အိမ်တစ်လုံး ဆိုရင်
ဇွဲလုံ့လနဲ့ ကြံ့ခိုင်ခြင်းက အဲဒီသော့ကို ဖွင့်တဲ့ သော့တံပဲ
ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)

မတုန်လှုပ်စေပါဘူး။အမျိုးမျု

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။