ဗမာနှင့် ကရင် ဝေးကွာရသည့် အကြောင်းနှင့် အဖ စောဘဦး၏ ခြေလှမ်း အစ
သက္ကရာဇ်၂၄၇၄ခုနှစ် ကရင်သန်းခေါင်စာရင်းကောက်ယူရာတွင် ဗမာပြည်တွင်စုစုပေါင်းကရင်၁၃၄၀၀၀၀ယောက်ရှိသည့်အနက် စကောကရင်၅၀၀၀၀၀၊ပိုးကရင်၄၇၃၀၀၀ယောက်၊ပအို့ကရင်၂၂၃၀၀၀ယောက်၊ကယားကရင်၃၂၀၀၀ယောက်ရှိသည်ကိုသိရသည်။
ဗမာပြည်တွင် ဘုရင်စနစ်မှားယွင်းစွာအုပ်ချုပ်နေချိန် ဗမာမင်းမှန်သမျှနှင့်အုပ်ချုပ်သူလူတန်းစားတိုင်းသည် ကရင်လူမျိုးကို တောရိုင်းတိရိစ္ဆာဟူ၍လည်းကောင်း၊တောင်ပေါ်ကျွဲဟူ၍လည်းကောင်း၊အဂ်လိပ်ကျွန်ဟုလည်းကောင်း၊ပညာမဲ့လူမျိုးဟူ၍လည်းကောင်းနှိမ်ပြီးပြောဆိုခဲ့သည်။
ထို့ကြောင့် ကရင်လူမျိုးတို့သည် အရှင်သခင်ပြောင်းလဲလိုစိတ်ဖြင့် ဘေးကင်းရာကို ရှာဖွေကြတော့သည်။
ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်စောထားခင် ဦးဆောင်သောအဖွဲ့သည် ၁၉၄၆ခုနှစ်တွင် အဂ်လန်သို့သွားပြီး ဗမာနိုင်ငံရှိ ကရင့်နယ်မြေပိုင်ဆိုင်ခွင့် အရေးအခင်းများကို အဂ်လိပ်နှင့်ဆွေးနွေးတိုင်ပင်ကြသည်။
ဆွေးနွေးမှု့ပျက်ပြားပြီးနောက် ကရင့်တော်လှန်ရေးကို လေးလေးနက်နက် စောဘဦးကြီး ကြေငြာလိုက်သည်မှာ-
လွတ်လပ်ရေး-ဟူသည် ရဲရင့်သူတို့အတွက်ဖြစ်သည်။အသက်ရှင်ပြီး ကျွန်ဖြစ်ရသည်ထက် တိုက်ပွဲတွင်အသက်စတေးရသည်က မြတ်သေး၏ ဟူသတည်း။
ဤအမျိုးသားရေးဝါဒကြောင့် ကရင့်အမျိုးသားတိုက်ပွဲဝင်ရဲဘော်များသည် အနှစ်(၆၀)ကျော်မျှ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့ပြီး ရန်သူ့ထံလက်နက်ချရန် လုံးဝဆန္ဒမရှိပါ။
ကရင့်အမျိုးသားခေါင်းဆောင်စောဘဦးကြီးသည် ကရင်လူမျိုးထုတရပ်လုံးအား အားမာန်စကား(၄)ရပ်ပြောခဲ့သည်။၎င်းတို့မှာ-
၁။ကရင့်အမျိုးသားရေးအတွက် ရန်သူ့ထံ ကရင်များ လုံးဝ လက်နက်မချရ။
၂။နိုင်ငံတကာက ပြည့်စုံသည့် ကရင့်တိုင်းပြည်ကို အသိမှတ်ပြုပြီးဖြစ်ရမည်။
၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။
၎။ကရင့် ပေါ်လစီ ကရင်ကိုယ်တိုင်ရေးဆွဲလမည်။
ထို့အပြင် စောဘဦးကြီးသည် ပညာရေးနှင့်ယဉ်ကျေးမှု့(၄)ရပ်ကိုလည်းချမှတ်ပေးခဲ့သည်။၎င်းတို့သည်-
၁။ပညာရေးသည် ကရင်အမျိုးသားတရပ်လုံး၏ အလင်းရောင်ဖြစ်သည်။
၂။ပညာရေးကို အဆင့်အတန်း တိုးမြှင့်ရမည်။
၃။ခေါင်းဆောင်ကြီးများနှင့်သက်ကြီးရွယ်အိုများကို ရိုသေလေးစားမှု့ရှိရမည်။
၎။ကရင့်အမျိုးသားများ၏ ရိုးရာယဉ်ကျေးမှု့ ဓလေ့ထုံးတမ်းများကို အစဉ်တစိုက် ထိန်းသိမ်းစောင့်ရှောက်ရမည်တို့ဖြစ်ပါသည်။
အားလုံးကို အစဉ်လေးစားလျှက်
စောညီလက်(SNNTM)
BY - Saw Nyi Nyi Thormus
သက္ကရာဇ်၂၄၇၄ခုနှစ် ကရင်သန်းခေါင်စာရင်းကောက်ယူ
ဗမာပြည်တွင် ဘုရင်စနစ်မှားယွင်းစွာအုပ်ခ
ထို့ကြောင့် ကရင်လူမျိုးတို့သည် အရှင်သခင်ပြောင်းလဲလိုစိတ်ြ
ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်စောထားခင် ဦးဆောင်သောအဖွဲ့သည် ၁၉၄၆ခုနှစ်တွင် အဂ်လန်သို့သွားပြီး ဗမာနိုင်ငံရှိ ကရင့်နယ်မြေပိုင်ဆိုင်ခွင့်
ဆွေးနွေးမှု့ပျက်ပြားပြီးနော
လွတ်လပ်ရေး-ဟူသည် ရဲရင့်သူတို့အတွက်ဖြစ်သည်။အ
ဤအမျိုးသားရေးဝါဒကြောင့် ကရင့်အမျိုးသားတိုက်ပွဲဝင်ရ
ကရင့်အမျိုးသားခေါင်းဆောင်ေ
၁။ကရင့်အမျိုးသားရေးအတွက် ရန်သူ့ထံ ကရင်များ လုံးဝ လက်နက်မချရ။
၂။နိုင်ငံတကာက ပြည့်စုံသည့် ကရင့်တိုင်းပြည်ကို အသိမှတ်ပြုပြီးဖြစ်ရမည်။
၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။
၎။ကရင့် ပေါ်လစီ ကရင်ကိုယ်တိုင်ရေးဆွဲလမည်။
ထို့အပြင် စောဘဦးကြီးသည် ပညာရေးနှင့်ယဉ်ကျေးမှု့(၄)ရပ
၁။ပညာရေးသည် ကရင်အမျိုးသားတရပ်လုံး၏ အလင်းရောင်ဖြစ်သည်။
၂။ပညာရေးကို အဆင့်အတန်း တိုးမြှင့်ရမည်။
၃။ခေါင်းဆောင်ကြီးများနှင့်
၎။ကရင့်အမျိုးသားများ၏ ရိုးရာယဉ်ကျေးမှု့ ဓလေ့ထုံးတမ်းများကို အစဉ်တစိုက် ထိန်းသိမ်းစောင့်ရှောက်ရမည်
အားလုံးကို အစဉ်လေးစားလျှက်
စောညီလက်(SNNTM)
BY - Saw Nyi Nyi Thormus
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။