Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 27, 2014

အိမ်ထောင်ရေး တိုးကိန်းသီအိုရီ

အိမ်ထောင်ရေး တိုးကိန်းသီအိုရီ
_____________________

သင်တန်းကျောင်းတစ်ခုရဲ့ နောက်ဆုံးသင်တန်းချိန်က "အိမ်ထောင်ရေး၏ လုပ်ဆောင်မှုနှင့် တီထွင်မှု" အကြောင်းဖြစ်တယ်။ ဟောပြောမယ့်ဆရာက အတန်းထဲဝင်လာပြီး အသင့်ယူလာတဲ့ ကားချပ်တစ်ချပ်ကို ကျောက်သင်ပုန်းပေါ် ချိတ်ဆွဲလိုက်တယ်။ ကားချပ်ပေါ်မှာက "အောင်မြင်တဲ့ အိမ်ထောင်ရေး အချက်နှစ်ချက်" ဆိုပြီး

၁) လူကောင်းတစ်ယောက်ကို ရှာပါ။
၂) ကိုယ်ကိုယ်တိုင် လူကောင်းဖြစ်အောင် လုပ်ပါ... လို့ ရေးထားတယ်။

ဆရာက "အောင်မြင်တဲ့ အိမ်ထောင်ရေးက ဒီလောက်ပဲလွယ်ကူပါတယ်။ တခြားအောင်မြင်တဲ့ လျှို့ဝှက်ချက်တွေကိုလည်း သက်ကြီးရွယ်အိုတွေဆီက အမြဲကြားဖူးကြလိမ့်မယ် ထင်ပါတယ်" လို့ စကားစလိုက်တာနဲ့ သင်တန်းသားတွေဆီက တွတ်ထိုးသံတချို့ ထွက်လာတယ်။ သင်တန်းသားအများစုက အိမ်ထောင်ရှိသူတွေ ဖြစ်ကြတယ်။

တအောင့်ကြာတော့ အသက် ၃ဝအရွယ် အမျိုးသမီးတစ်ဦးက ထရပ်ပြီး "တကယ်လို့ ဒီအချက် နှစ်ချက်စလုံးကို မလုပ်နိုင်ခဲ့ဘူးဆိုရင်ရော" လို့ ဆရာ့ကိုမေးတယ်။

ဆရာက "မလုပ်နိုင်ခဲ့ရင် အချက်(၄)ချက် ဖြစ်သွားလိမ့်မယ်" လို့ ပြောပြီး နောက်ကားချပ်တစ်ခုကို ချိတ်ဆွဲလိုက်တယ်။

၁) သည်းခံပါ၊ ကူညီပါ။ ကူညီတာ အလိုမကျရင် သည်းခံပါ။
၂) သည်းခံတာကို အကျင့်ဖြစ်အောင်လုပ်ပါ။
၃) တုံးအ,တဲ့ စရိုက်လေးပါအောင် ကျင့်ပါ။
၎) တုံးအ,အစရိုက်ကို တစ်သက်လုံးကျင့်သွားပါ။

အချက် (၄)ချက်ကို ဆရာရွတ်မပြီးခင် သင်တန်းသားတွေ လှုပ်လှုပ်ရွရွ ဖြစ်လာကြတယ်။ ဒါမဖြစ်နိုင်ဘူး၊ ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ တီးတိုးသံတချို့ လွှင့်လာတယ်။ အားလုံး ငြိမ်သက်သွားချိန်ရောက်မှ ဆရာက "တည်ငြိမ်တဲ့ အိမ်ထောင်ရေးတစ်ခု ရှိချင်တယ်။ ဒီ (၄)ချက်ကိုလည်း မလုပ်နိုင်ဘူးဆိုရင် အောက်က အချက် (၁၆) ချက်ကို လုပ်နိုင်ရမယ်" လို့ ပြောလိုက်တယ်။

ဆရာက နောက်ကားချပ်တစ်ချပ်ကို ချိတ်ဆွဲလိုက်ပြန်တယ်။
၁) မတူတဲ့အချိန်မှာ စိတ်တို၊ ဒေါသထွက်ကြပါ။

၂) ရေးကြီးခွင်ကျယ်မဟုတ်ခဲ့ရင် စကားပြောတဲ့အချိန် အော်မပြောပါနဲ့။

၃) ရန်ဖြစ်အငြင်းပွါးတဲ့အခါ တစ်ဖက်လူကို အနိုင်ပေးလိုက်ပါ။

၎) ဒီနေ့ငြင်းခုံတာကို မနက်ဖြန်အထိ သယ်မသွားပါနဲ့။

၅) ငြင်းခုံရန်ဖြစ်ပြီး အမေအိမ်ပြန်တာပဲဖြစ်ဖြစ်၊ အပြင်ထွက်သွားတာပဲဖြစ်ဖြစ် အချိန် ၈နာရီထက် မကျော်ပါစေနဲ့။

၆) ဝေဖန်တဲ့စကားမှာ မေတ္တာပါပါစေ။

၇) ကိုယ့်အမှားကို တောင်းပန်တတ်ဖို့ အမြဲအသင့်ပြင်ထားပါ။

၈) ကိုယ့်အကြောင်း သွားပုပ်လေလွှင့် အတင်းကြားတဲ့အခါ ဟာသလို သဘောထားပြီး ရယ်ပစ်ပါ။

၉) တစ်လမှာ တစ်ညလောက် သူ (သူမ) အတွက် လွတ်လပ်တဲ့အချိန်ပေးလိုက်ပါ

၁ဝ) ဒေါသစိတ်နဲ့ အိပ်ရာမဝင်ပါနဲ့။

၁၁) သူ (သူမ) အိမ်ပြန်ချိန်မှာ ကိုယ်အိမ်မှာ ရှိနိုင်ဖို့ကြိုးစားပါ။

၁၂) တစ်ဖက်လူက မနှောင့်ယှက်စေချင်ရင် မနှောင့်ယှက်မိအောင် ကြိုးစားပါ။

၁၃) ဖုန်းမြည်တဲ့အချိန် တစ်ဖက်လူ အရင်ကိုင်ပါစေ။

၁၄) အိတ်ကပ်ထဲ ငွေဘယ်လောက်ရှိတယ်ဆိုတာကို အမြဲစာရင်းပေးပါ။

၁၅) ငွေမရှိတဲ့နေ့ရက်ကို ဖျက်ဆီးနိုင်အောင် ကြိုးစားပါ။

၁၆) ကိုယ့်မိဘကိုပေးတဲ့ငွေက တစ်ဖက်မိဘကိုပေးတဲ့ငွေထက် နည်းပါစေ။

(၁၆) ချက်ကို ဆရာရွတ်ပြီးနောက် သင်တန်းသား တချို့ကရယ်ကြတယ်။ တချို့က သက်ပြင်းချကြတယ်။ ဆရာက ဆက်ပြီး "တကယ်လို့ ဒီ(၁၆)ချက်ကို မလုပ်နိုင်သေးဆိုရင် အောက်က အချက် (၂၅၆) ချက်ကို လုပ်ရလိမ့်မယ်။ လူနှစ်ယောက် ပေါင်းသင်းတဲ့သီအိုရီက တိုးကိန်းသီအိုရီဖြစ်တယ်။ ရှေ့က အခြေခံအချက်တွေပေါ်မှာ နှစ်ထပ်တိုးသွားတာဖြစ်တယ်"

အဲဒီနောက် ဆရာက အချက်(၂၅၆)ချက်ကို ရေးလိုက်တယ်။

" ဒီအခြေအနေကို ရောက်သွားတဲ့ အိမ်ထောင်ရေးက အန္တရာယ်နဲ့ အရမ်းနီးနေပြီ" လို့ ပြောပြီး သင်ခန်းစာကို အဆုံးသတ်လိုက်ချိန်မှာ တစ်ခန်းလုံး လက်ခုပ်သံတွေ ဟိန်းသွားခဲ့တယ်။ ဟောပြောပွဲပြီးကြောင်း ကြေညာခဲ့ပေမယ့် တချို့သင်တန်းသားတွေက မလှုပ်မယှက် ထိုင်နေကြဆဲဖြစ်တယ်။ သူတို့မျက်နှာပေါ်မှာ မျက်ရည်တွေ စီးဆင်းနေခဲ့ပါတယ်။

မူရင်းလင့် -- http://www.ntuee78.org/essay/essay53.html

နိုင်းနိုင်းစနေ (Tuesday, December 16, 2008)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။