မျက်ရည်တွေချင်းချင်းနီလို့ ...
_______________________
တစ်မနက်လုံး မိုးတွေရွာနေသတဲ့၊
ADဒေးဗစ် ဆိုတဲ့ လက်မှတ်အတုနဲ့
ခိုးထုတ်လာတဲ့ ဘရင်းဂန်းသေနတ်အလက်(၂၀၀)၊
အရက်စော်နံနေတဲ့ ဂျစ်ကားအမှတ် AC 1814 ပေါ် ဂဠုန်ဦးစောတင်ပေးလိုက်တဲ့ အမှောင်ထုဟာ....
အတွင်းဝန်ရုံး အစည်းအဝေးခန်းမကြီးရှေ့ တံခါးစောင့်ကိုတွန်းထုတ်ပြီး...
ခန်းမတံခါးကို
ခြေနဲ့ကန်ဖွင့်...၀င်လာကြတယ်...
ဂငယ်ပုံအစည်းအဝေးစားပွဲဆီ
သေနတ်တွေနဲ့ချိန်လိုက်ကြတဲ့ အခါ..
ဗိုလ်ချုပ်က လက်ကာပြီး “ဟေ့...ဟေ့...နေကြဦးတဲ့”
ဗိုလ်ချုပ်စကားဆုံးမသွားခင် မှာပဲ
ကျည်ဆံတွေဝဲပျံလာ...
ကျည်ဆံတွေ တရားသလား
ရဲရဲနီနေတဲ့သမိုင်းအက္ခရာတွေ ကိုမှဖောက်ဝင်ပြီး ဆက်လက် ပျံဝဲသွား...
သူ့တို့ပုခုံးတွေပေါ် နိုင်ငံကြီးတစ်နိုင်ငံလုံး ကပ်ငြိပါသွားရဲ့....
ငရဲဆီ......
မျက်ရည်တွေချင်းချင်းနီလို့ ....။ ။
နွေဦးလေ
_______________________
တစ်မနက်လုံး မိုးတွေရွာနေသတဲ့၊
ADဒေးဗစ် ဆိုတဲ့ လက်မှတ်အတုနဲ့
ခိုးထုတ်လာတဲ့ ဘရင်းဂန်းသေနတ်အလက်(၂၀၀)၊
အရက်စော်နံနေတဲ့ ဂျစ်ကားအမှတ် AC 1814 ပေါ် ဂဠုန်ဦးစောတင်ပေးလိုက်တဲ့ အမှောင်ထုဟာ....
အတွင်းဝန်ရုံး အစည်းအဝေးခန်းမကြီးရှေ့ တံခါးစောင့်ကိုတွန်းထုတ်ပြီ
ခန်းမတံခါးကို
ခြေနဲ့ကန်ဖွင့်...၀င်လာကြတယ
ဂငယ်ပုံအစည်းအဝေးစားပွဲဆီ
သေနတ်တွေနဲ့ချိန်လိုက်ကြတဲ့
ဗိုလ်ချုပ်က လက်ကာပြီး “ဟေ့...ဟေ့...နေကြဦးတဲ့”
ဗိုလ်ချုပ်စကားဆုံးမသွားခင်
ကျည်ဆံတွေဝဲပျံလာ...
ကျည်ဆံတွေ တရားသလား
ရဲရဲနီနေတဲ့သမိုင်းအက္ခရာတွေ
သူ့တို့ပုခုံးတွေပေါ် နိုင်ငံကြီးတစ်နိုင်ငံလုံး ကပ်ငြိပါသွားရဲ့....
ငရဲဆီ......
မျက်ရည်တွေချင်းချင်းနီလို့
နွေဦးလေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။