Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 23, 2014

ရောဂါပိုးမွှား ဖလှယ် ရောင်းဝယ်ကြရာ တိုင်းပြည်


ရောဂါပိုးမွှား ဖလှယ် ရောင်းဝယ်ကြရာ တိုင်းပြည်
==============================

Byမောင်လွင်မွန်(ကသာ)

လူ့ယဉ်ကျေးမှုပြောင်းလဲ တိုးတက်မှုမှာ ကုန်သွယ်မှုတွင် Medium of Exchange ခေါ် ကြားခံလဲလှယ်ရေးကိရိယာအဖြစ် ကျောက်ခဲ၊ သံတိုသံစ၊ လက်နက် များ၊ သားငါးသစ်သီး စသော ထုတ်လုပ်ကုန်စည်များ စသည် တို့ကိုသုံးစွဲရာမှ ဒင်္ဂါးစတင်သုံး သည့်တိုင်းပြည်မှာ တရုတ်ပြည် ဟုသိရသည်။ 

သို့သော် ပထမဆုံး သတ္တုစပ်ဒင်္ဂါးကိုသွန်းလုပ်သုံးစွဲ သူမှာ ယခုတူရကီမြောက်ပိုင်း လီဒီယာနိုင်ငံမှ အာလီယပ်တီဘုရင်ဟုသမိုင်းမှတ်တမ်းများမှာ တွေ့ရသည်။ နောင်တွင် ဒင်္ဂါးအစား ငွေစက္ကူ စတင်အသုံးပြုရာနိုင်ငံမှာ တရုတ်ပင်ဖြစ်ပြီး အနောက်နိုင်ငံများ၌ မြောက်အမေရိက၊ ကနေဒါနှင့်ပြင်သစ် ကိုလိုနီနယ်များမှာ ငွေစက္ကူကို စတင်သုံးစွဲခဲ့သည်ဟုဆိုသည်။

မြန်မာနိုင်ငံ၌ ပျူခေတ်တွင်ဒင်္ဂါးများရှိခဲ့သည်မှန်သော်လည်း ငွေကြေးထက်အဆောင်အဖြစ် ပိုသုံးစွဲခဲ့ပုံရပြီး ၄ရာစု၊ ၅ရာစုခေတ် ရခိုင်ဒင်္ဂါးများမှာ ငွေကြေးအဖြစ်ပါသုံးစွဲပုံရ၏

ကုန်းဘောင်ခေတ်၌ ဘိုးတော်ဘုရားမှစပြီး ပုဂံမင်း၊ မင်းတုန်းမင်း၊သီပေါမင်းတို့လက်ထက်အထိ ဒင်္ဂါးကိုငွေကြေးအဖြစ်သွန်းလုပ်သုံးစွဲခဲ့ပြီး ငွေစက္ကူများကို ဗြိတိသျှခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီး ခေတ်တို့တွင် သက်ဆိုင်ရာ အစိုးရတို့ထုတ်ဝေသည့်အတိုင်းသုံးစွဲလာခဲ့ကြသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် အစိတ်အထိ မြန်မာနိုင်ငံတွင် ငွေစက္ကူများနှင့် အတူ အကြွေအဖြစ် သတ္တုဒင်္ဂါး (Coin) ကိုသုံးစွဲခဲ့ကြသော်လည်း ငွေကြေးဖောင်းပွမှုအဆမတန် များလာသည်နှင့်အမျှ ပြားဖြင့် တန်ဖိုးပြစနစ်ပျောက်ကွယ်သွားခဲ့ရာ ဈေးတက်ရာမှာလည်း တစ် မတ်၊ ငါးမူးတက်ရာမှ တစ်ကျပ်၊ နှစ်ကျပ်တက်သောခေတ်၊ယင်းမှ ၁၀၊ ၂၀ တက်သောခေတ်၊ယင်းမှ ၁၀၀၊ ၂၀၀ တက်သောခေတ်အထိ ပြောင်းလဲတိုးတက်လာခဲ့သည်။

နိုင်ငံတကာတွင် ကြားခံကိရိယာအဖြစ် ဒင်္ဂါးနှင့်ငွေစက္ကူကိုသုံးစွဲနေဆဲဖြစ်သော်လည်း ငွေ ပေးချေမှုစနစ်မှာ တိုက်ရိုက်ပေး ချေမှုထက် ဘဏ်များမှတစ်ဆင့် ချက်ဖြင့်၊ ကတ်ဖြင့်၊ အွန်လိုင်း ဖြင့် စသဖြင့်ပြောင်းလဲတိုးတက် ပေးချေနေပြီဖြစ်သည်။

မိမိတို့ငွေ စက္ကူမှာ နိုင်ငံတကာဈေးကွက် အထိ တန်းမဝင်သော်လည်း ပြည် တွင်းငွေပေးချေမှုစနစ်တွင်မူ ငွေ စက္ကူများဖြင့်အိတ်လိုက်၊ သေတ္တာ လိုက်၊ အထုပ်လိုက်ထမ်းပိုးသယ် ယူပြီး ပေးချေနေရသေးရာ ငွေ ပေးချေမှုခက်ခဲရာတွင် ပြိုင်ဘက် မရှိ အံ့လောက်ဖွယ်စံချိန်တင် ထားဆဲဖြစ်သော ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ငွေစက္ကူသည် သာတစ်ခုတည်းသောရောင်းစရာ ဝယ်စရာ၊ သိမ်းစရာ၊ မက်စရာ၊ စုစရာဖြစ်နေဆဲဖြစ်၏။

လက်ဖက်ရည်တစ်ခွက် နှစ် ဆယ့်ငါးပြားခေတ်က အကြီးဆုံး ငွေစက္ကူက တစ်ရာတန်ဖြစ်ခဲ့ သောတိုင်းပြည်တွင် လက်ဖက် ရည်တစ်ခွက်နှစ်ရာ့ငါးဆယ်ဖြစ် လာသည်အထိ ငွေဖောင်းပွမှုအဆတစ်ထောင်တက်လာသော အခါ မူလငွေရေတွက်ခဲ့ပုံအတိုင်း လွယ်ကူစွာတွက်ချက်ပေးချေနိုင် ရေးမှာ အရေးကြီးဆုံးငွေစက္ကူက တစ်သိန်းတန်ဖြစ်မှသာ ဖြစ်နိုင် မည်မို့ ငွေထုပ်ထမ်းရောင်းဝယ်နေ ကြရသည်မှာ မဆန်းလှပါ။

ထိုသို့ ခက်ခဲရုံမက ငွေလည်ပတ်သုံးစွဲ ရမှုကလည်း ကြီးမားလှသောငွေ ဖောင်းပွမှုကို ရှိသမျှငွေစက္ကူများ ၏ ဝန်ဆောင်မှုဖြင့်သာ (ချက်၊ ကတ်၊ စာရင်းပြောင်းနည်းများ ဖြင့် ပေးချေခြင်းမရှိသလောက်ဟု ဆိုလိုပါသည်) လည်ပတ်စခန်း သွားနေရရာ ယင်းငွေစက္ကူများ ဟောင်းနွမ်းစုတ်ပြတ်ကုန်သည်မှာလည်း နည်းတောင်နည်းသေး ဟုဆိုရမည်ဖြစ်သည်။

ဒီတော့ အများသုံးငွေစက္ကူငါးဆယ်တန်မှ ငါးရာတန်အထိကို သာမန်နွမ်း ခြင်း၊ ဟောင်းခြင်းမျှလောက်ကို စကားထဲထည့်မပြောတတ်သော ကျွန်တော်တို့လူမျိုးအဖို့‘မစုတ် မပြဲလျှင်’ဘာပြဿနာမှမရှိဟု တွေးမြင်ယုံကြည်နေကျဖြစ်ပါ သည်။ ကျွန်တော်လည်း ဒီအထဲ ကတစ်ယောက်အဖြစ် နားလည်ထားရာမှ နိုင်ငံတကာသတင်းတစ်ပုဒ်ဖတ်မိတော့မှ အတော်တုန်လှုပ်သွားပါသည်။

အောက်စဖို့ဒ်ယူနီဗာစီတီ၏ ပံ့ပိုးမှုဖြင့် မာစတာကတ်၏လေ့ လာတွေ့ရှိချက်အရ ဥရောပတစ် ဝန်းသုံး ငွေစက္ကူများထဲမှ ယေဘု ယျအားဖြင့် တစ်ပေါင်တန်ကဲ့သို့ အများသုံးငွေစက္ကူတစ်ရွက်တွင် ရောဂါပိုးမွှားပေါင်း ၂၆,၀၀၀ တွေ့ရှိရသည်ဟုဆိုသည်။

နိုင်ငံ ပေါင်း ၁၂ နိုင်ငံ၌ လေ့လာတွေ့ရှိ ချက်အရ ငွေစက္ကူတစ်ရွက်မှာ အများသုံးပို့ဆောင်ရေးယာဉ် (ဘတ်စ်ကား၊ ရထားစသည်)တို့ ၏ လက်ကိုင်တန်း၊ အရက်ဆိုင်မှ အများသုံးအမြည်းပန်းကန်ထဲမှ မြေပဲ၊ သီဟိုဠ်စေ့တို့ထက် ပိုညစ်ပတ်ရုံမက ပုံမှန်ဆေးကြောထား သောအိမ်သာခုံထက်ပင် ရောဂါပိုးမွှားများပိုတွေ့ရှိရသည်ဟုဆို ၏။

အိမ်သာတက်ပြီး လက်ဆေး နေကျသူတို့နိုင်ငံမှာ ငွေစက္ကူ၏ ညစ်ညမ်းမှုကိုသိနေကြသည့်တိုင် ငွေကိုင်တွယ်ပြီးနောက် လက် ဆေးလေ့ရှိသူအလွန်နည်းသည်ဟုလည်း ယင်းစစ်တမ်းတွင် ဖော် ပြထားသည်။

ဥရောပသုံးငွေစက္ကူများအနက် အညစ်ပတ်ဆုံးမှာ အင်္ဂလန်ပေါင်ဖြစ်ပြီး ဒိန်းမတ်ခရိုနာ၊ ရုရှား ရူဘယ်လ်နှင့် သြ စကြီးယားယူရိုတို့ထက် ပိုညစ် ပတ်သည်ဟုဆိုသည်။ သို့သော် ယခုအခါ အင်္ဂလန်ပေါင်ကို ကြာ ရှည်ခံပြီး သန့်ရှင်းသောပိုလီမာ ငွေစက္ကူများအဖြစ် ပြောင်းလဲ ထုတ်ဝေတော့မည်ဖြစ်၏။

ပိုလီ မာကို ဖလင်ဖြင့်ဖုံးအုပ်ထားသဖြင့်ရေဖြင့်ဆေးကြောသန့်စင်နိုင် သည့်အပြင် အတုလုပ်ရလည်း ခက်ခဲမည်ဟုဆိုသည်။ ပိုလီမာ ငွေကြေးများကို ၁၉၈၈ ခုနှစ်က သြစတြေးလျတွင်စတင်သုံးစွဲခဲ့ ပြီး နိုင်ငံပေါင်း ၂၀ ၌သုံးစွဲနေကြ ပြီဖြစ်သည်။

ယင်းသတင်းကိုဖတ်ပြီး သူ တို့ငွေကြေးက ကျွန်တော်တို့ငွေ စက္ကူများလောက် ညစ်ညမ်းသည် ကိုမမြင်ဖူး၊ မကြားဖူးသော ကျွန် တော့်အနေဖြင့် သူတို့ငွေစက္ကူမျိုး မှာပင် လူပေါင်းစုံလက်ဖြင့်ကိုင် တွယ်သုံးစွဲရင်း ရောဂါပိုးမွှားပေါင်း၂၆,၀၀၀ မျှတွေ့ရှိရသည်ဆိုလျှင် ကျွန်တော်တို့ငွေစက္ကူများပေါ်၌ မည်မျှဆိုးရွားနေမည်ကို စစ်တမ်း မကောက်ဘဲနှင့်ပင် ကြက်သီးထနေမိသည်။

သူတို့အိမ်သာခုံ၊ သူတို့ဘတ်စ်ကားလက်တန်းများထက် ပိုညစ်ပတ်သည်ဆိုသော သူတို့ငွေစက္ကူက ကျွန်တော်တို့ ငွေစက္ကူလောက်ထိုးထည့်ချိုးဖဲ့မခံရ၊ အခေါက်အချိုးမခံရ၊ စည်းနှောင်မခံရသည့်အပြင် ကော်ကပ်၊ တိပ်ကပ်စက္ကူဖြင့်ကပ်သည်မျိုးလည်းခံရဖူးမည်မဟုတ်သဖြင့် သူတို့ငွေကြေးကိုင်တွယ်သည်ကို လက်ဆေးရန်လိုသည်ဆိုလျှင် ကျွန်တော်တို့ငွေကြေးကိုကိုင်တွယ်၊ရေတွက်၊ စည်းနှောင်၊ ထုပ်ပိုး၊ ပွေ့ပိုက်၊ ထမ်းပိုးနေရခြင်းများအတွက် တစ်ခါကိုင် တွယ်သုံးစွဲပြီးတိုင်း ရေများချိုးဖို့ လိုနေမည်လားဟု ရယ်ပွဲဖွဲ့တွေးနေမိပါသည်။

ကျွန်တော်တစ်ခါက ဆောင်းပါးရေးခဲ့ဖူးသလို ငွေစက္ကူများ ဟောင်းနွမ်းစုတ်ပြတ်သည့်ဒဏ်၊ ဖောင်းပွပြီးရေတွက်ရခက်သည့် ဒဏ်အခံရဆုံးမှာ ဘဏ်များမှငွေ ကြေးဝန်ထမ်းများဖြစ်၏။ ငွေ စက္ကူအစုတ်များကိုဖာထေးရ၊ ကပ်ရ၊ ရေတွက်စည်းနှောင်ရနှင့် ယင်းငွေစက္ကူဟောင်းများမှ မှို များကို နေ့စဉ်ရှူရှိုက်နေကြရပါ သည်။

ကျွန်တော်တို့ဘွဲ့ရစ၊ ဘဏ်မှာအလုပ်ဝင်စက ဘဏ်ငွေကြေးဝန်ထမ်းများမှာ နေ့လယ်နှစ်နာရီဘဏ်ပိတ်ပြီးနောက် တစ်နာရီခန့်စာရင်းပိတ်ကိုက်ညှိသည့် အလုပ်ပြီးလျှင် အားလပ်သွားပြီး မန်နေဂျာငွေကြေးစစ်ဆေးစာရင်းပိတ်ချိန်အထိ တစ်နာရီခွဲ၊ နှစ်နာရီခန့် အားလပ်ချိန်ရနေတတ်ပါသည်။

၁၉၈၅ ခုနှစ်နောက်ပိုင်းတွင် ငွေကြေးဖောင်းပွမှုများလာ ပြီးနောက်ငွေကြေးဝန်ထမ်းတို့ အားလပ်ဖို့ဝေးစွ၊ အိမ်ပြန်ချိန် နောက်ကျခြင်း၊ တစ်ခါတစ်ရံညဥ့်နက်သန်းခေါင်အထိ အလုပ်လုပ်ရခြင်းများကြုံတွေ့လာရပါသည်။

ယခုနောက်ပိုင်းတွင်တော့ ငွေကြေးဖောင်းပွမှုက ဆိုခဲ့သည့်အတိုင်း မူလထက်အဆတစ်ထောင်ခန့်ကြီးမားလာပြီး ငွေကြေးဝန်ထမ်းအင်အားက နှစ်ဆသုံးဆထက်ပိုခန့်၍ မဖြစ်နိုင်သောအခါ အလုပ်များမတန်တဆလုပ်ကြရရုံမက ကျန်းမာရေးမညီညွတ်သောလုပ်ငန်းခွင်ကို နေ့စဉ်ဖြတ်သန်းနေရပါသည်။

ယခုအခါ ပုဂ္ဂလိကဘဏ် များ၏ငွေကြေးဌာနများ၌ အဲကွန်းများနှင့် Exchaust Fans များ တပ်ဆင်ပေးပြီး ငွေကြေးမှထွက် သောဖုန်၊ အညစ်အကြေးနှင့်မှို များကို သန့်စင်ပေးသည့်အပြင် ငွေကြေးဌာနအရာထမ်း၊ ဝန်ထမ်းများကို နှာခေါင်းစည်းများသုံးပြီး အလုပ်လုပ်စေပါသည်။

သို့သော် ငွေနှင့်ကြေးနှင့် ရေတွက်ပြောဆို ဆက်ဆံရသောလုပ်ငန်းခွင်တွင်အမြဲနှာခေါင်းစည်းထားဖို့မဖြစ် နိုင်ပါ။ သို့ဖြစ်သဖြင့် ယင်းအရာ ထမ်း၊ဝန်ထမ်းတို့မှာ မှိုပင်လယ်ထဲနေ့စဉ်စွန့်စားကူးခတ်နေကြရဆဲဖြစ်ပါသည်။

အဲကွန်း များသန့်ရှင်းရေးလုပ်သောအခါ ထွက်လာ သောအညစ်အကြေးအမှုန့်များကိုကြည့်ပြီး တို့ဝမ်းထဲလည်းဘယ် လောက်များရောက်ပြီလဲမသိဟု တွေးတောရင်မော ရသောဘဝမျိုးတွေဖြစ်ပါသည်။

အချို့သော ဘဏ်များက ငွေကြေးဝန်ထမ်းများ၏ အစာမျိုလမ်းကြောင်းတွင် မှိုနှင့်အညစ်အကြေးမှုန်များ ကပ်ငြိမနေစေရန် ငှက်ပျောသီးကျွေးခြင်း၊ ကြက်ဥပြုတ်များကျွေးခြင်းတို့ကိုဆောင်ရွက်ပေးပါသည်။ သို့သော် ပုံမှန်ဆေးစစ်ပေးခြင်းမျိုးဆောင်ရွက်ပေးသည့်ဘဏ် အလွန်နည်းပါးပါသည်။

ရောဂါဖြစ်မှ ဆေးကုသည် ထက် ရောဂါဖြစ်ခြင်း၏ အကြောင်းရင်းကိုရှာဖွေသုတ်သင်ခြင်းက ကုန်ကျစရိတ်ရော၊ လုပ်အားပြုန်းတီးမှုနှင့် ဝေဒနာခံစားရမှုတို့ကို သက်သာစေနိုင်ပါသည်။

ပိုလီမာငွေစက္ကူ အစားထိုးရေးနှင့် Contactless Payment ခေါ် တိုက်ရိုက်ထိတွေ့မှုကင်းသောအွန်လိုင်းစနစ်၊ ကတ်စနစ်တို့ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေးနှစ်မျိုးစလုံးကို အိပ်မက်နိုင်ဖို့ ခက်နေသေးသော ကျွန်တော်တို့ နိုင်ငံတွင် ရောဂါပိုးမွှားချင်းလဲ လှယ်ရောင်းဝယ်နေရသောဘဝ ဆိုးမှလွတ်မြောက်ဖို့ ငွေစက္ကူ အဟောင်းများကို ယခုထက်ပိုမို သိမ်းဆည်းလဲလှယ်ပေးရေးနှင့်လက်တွေ့ကျကျရေတွက် သုံးစွဲရနိုင်သော ငွေစက္ကူအကြီး အမျိုးအစား ထုတ်ဝေရေးတို့စဉ်းစားရန် လိုအပ်နေပြီဟု ထင်မြင်မိပါကြောင်း တင်ပြအပ်ပါသည်။
.
.
.
7Day Daily
============

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။