Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 30, 2014

ဘွန်ဇိုင်းပင်လေးများအကြောင်း

ဘွန်ဇိုင်းပင်လေးများအကြောင်း
---------------------------------------
(မေးထားလို့ ရှာဖွေစုဆောင်းတင်ပေးလိုက်ပါတယ်။ )

လူတွေရဲ့ ပြုပြင်ဖန်တီးမှုနဲ့ သိပ်ကို စိတ်ဝင်စားစရာ ချစ်စရာဖြစ်လာတဲ့ သက်ကြီးပု အပင်ငယ် ကလေးများကို လူတိုင်း တွေ့ဖူးကြပါလိမ်မယ် အဲဒီအပင်ပုလေးတွေကို ဘွန်ဇိုင်းလို့ ခေါ်ကြပါတယ်.. တစ်ချို့သော ဘွန်ဇိုင်းပင်များမှာ အပွင့်မပွင့်သော အရွက်ချည်း သက်သက် ရှိသော အပင် အမျိုးအစားများ ဖြစ်ပြီး အချို့မှာ ပန်းပွင့်လေးများ ပွင့်သော အပင်အမျိုးအစားကို ပြုပြင်ဖန်တီးထားသောကြောင့် အပင် ငယ်ငယ် သေးသေး ပုပုလေးများက တစ်ပင်လုံး ခက်ဖြာလှပစွာ ပွင့်ဝေနေတာဟာ ကြည့်လို့ ကောင်းလွန်းလှသလို စိတ်ဝင်စားဖို့လည်း ကောင်းလှပါတယ်.. သို့သော် ဘွန်ဇိုင်းဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်အမှန်ကို သေချာဂဃ သိသူ နည်းပါးပါလိမ့်မယ်.. ဘွန်ဇိုင်းရဲ့ အဓိပ္ပါယ်လေးနဲ့ ဘွန်ဇိုင်းပင် အကြောင်းကတော့ --

Bonsai လို့ ခေါ်တဲ့ စကားရပ်ဟာ Bon လင်ဗန်း Sai စိုက်ပျိုးခြင်း ဆိုတဲ့ စကား ၂လုံးကို ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်း မှတ်သားရပါတယ်.. ဒါကြောင့် ဘွန်ဇိုင်း ဆိုသည်မှာ လင်ဗန်းထဲတွင် စိုက်ပျိုးထားသော အပင်လို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်.. ဟုတ်လဲဟုတ်ပါတယ်.. ဘွန်ဇိုင်းကို စိုက်ပျိုးတဲ့ အိုးကလေးတွေဟာ အလွန်မှ ဇောက်အနက် တိမ်သော လင်ဗန်းသာသာ အိုးကလေးတွေထဲမှာသာ စိုက်ပျိုးကြတာ များပါတယ်… ဘွန်ဇိုင်းများကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်ကတည်းက တရုတ်ပြည်မှာ စတင်စိုက်ပျိုးခဲ့ကြောင်း အထောက်အထားများကို တွေ့ရှိရပါတယ်.. ဒါကြောင့် ဘွန်ဇိုင်းပင်အစ တရုတ်ပြည်က လို့ ကောက်ချက် ချလို့ရပါတယ်.. ဘွန်ဇိုင်းပင်ဟာ ငြိမ်းချမ်းခြင်း၊မြင့်မြတ်ခြင်း၊ ကောင်းမွန်ခြင်း စသည်တို့ကို အဓိပ္ပါယ်ဆောင် ကိုယ်စားပြုတယ်လို့ဆိုပါတယ်

ထို့နောက်တော့ ဘွန်ဇိုင်းယဉ်ကျေးမှုကို ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးက ကမာကူရခေတ်တွင် တရုတ်ပြည်မှ တစ်ဆင့် ဂျပန်ပြည်သို့ စတင် ယူဆောင်လာကြောင်း သိမှတ်ရပါတယ်.. ထိုမှ ဘွန်ဇိုင်း စိုက်ပျိုးခြင်း အတတ်ပညာဟာ ဂျပန်လူမျိုးများ ကြားမှာ အနုပညာရပ် အသစ်အဆန်းအဖြစ် အလွန် ထင်ရှားလာပြီး မကြာခင်တွင် အာရှနိုင်ငံ အနှံ့အပြားကို ပျံ့နှံ့ရောက်ရှိသွားပါတော့တယ်..။ အစောပိုင်းမှာ ဂျပန်နိုင်ငံတွင် ဘုန်းကြီးများနှင့် ဘုန်းကြီးကျောင်းများ တွင်သာ စိုက်ပျိုးကြသော်လည်း နောက်ပိုင်းတွင် ဂျပန် လူမျိုး အနည်းငယ်တို့ဟာ ဘွန်ဇိုင်းပင်ကို စီးပွားဥစ္စာ တိုးပွားစေခြင်း အလို့ငှာ စိုက်ပျိုးလာကြပါတယ်.. ၁၄ရာစုနှစ် ရောက်လာသောအခါတွင်တော့ နိုင်ငံနှင့်အ၀ှမ်း ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးလာကြတဲ့အပြင် ဘွန်ဇိုင်းကို အလွန်အဆင့်အတန်းမြင့်သော အနုပညာ ဖန်တီးမှု တစ်ရပ်အဖြစ် လူတိုင်းက လက်ခံလာကြပါတယ်။

၁၉ရာစုနှစ် ရောက်လာသောအခါတွင် ဂျပန်လူမျိုးတို့ဟာ နှစ်ပေါင်း ၂၃၀နီးပါး ပြည်တွင်းတွင်သာ သီးခြား စိုက်ပျိုးခဲ့သော ဘွန်ဇိုင်းနည်းပညာကို ကမ္ဘာသို့ ဖွင့်ဟ ကြော်ငြာခဲ့ကြပါတယ်။ ကမ္ဘာလှည့် ခရီးသည်များ ဂျပန်နိုင်ငံအတွင်းသို့ ရောက်ရှိလာသောအခါ ဂျပန်နိုင်ငံ အနှံ့အပြားမှ ဥယျာဉ်များသို့ သွားရောက် လည်ပတ် ကြချိန်တွင်တော့ အိုးများနှင့် စိုက်ပျိုးထားသော ပုံမှန်မဟုတ်သည့် သက်ကြီးပုပင် ဘွန်ဇိုင်းပင် အမျိုးမျိုးကို အထူးစိတ်ဝင်စားဖွယ်၊ အံ့သြဖွယ်ကောင်းလောက်အောင် လေ့လာ တွေ့ရှိကြပါတော့တယ်..

ကမ္ဘာလှည့် ခရီးသည်များမှ တစ်ဆင့် ဘွန်ဇိုင်းပင်တို့အကြောင်း ကမ္ဘာအနှံ့အပြားသို့ တောမီးပမာ ပျံ့နှံ့ရောက်ရှိသွားပြီး အချိန်တို အတွင်းမှာပင် ဘွန်ဇိုင်းပြပွဲများကို ကမ္ဘာ့နိုင်ငံ အသီးသီးဖြစ်သော ဗီယက်နမ်၊ ပဲရစ်၊ လန်ဒန်တို့တွင် ကျင်းပလာကြပါတော့တယ်.. အထူးသဖြင့် ပြင်သစ်ပြည်ပဲရစ်တွင် ၁၉၉၀ ခုနှစ်တွင် ပြုလုပ်သော ဘွန်ဇိုင်းပြပွဲမှ စတင်၍ ဘွန်ဇိုင်းကို ကမ္ဘာက စိတ်ဝင်တစား လူသိများထင်ရှားသွားပါတယ်.. ထို့ကြောင့် ဘွန်ဇိုင်းစိုက်ပျိုးခြင်းကို တရုတ်ပြည်မှ အစပြုခဲ့သော်လည်း ဘွန်ဇိုင်းအကြောင်း ကမ္ဘာက သိလာအောင် စွမ်းဆောင်ခဲ့သူများကတော့ ဂျပန်လူမျိုးများ ဖြစ်ကြပါတယ်..

ယခုခေတ်တွင် ဘွန်ဇိုင်းကို နေရာအနှံ့အပြားတွင် အလွယ်တကူ မြင်တွေ့လာကြရပြီ ဖြစ်ပါတယ်. သာမာန် စတိုးဆိုင်လေး တစ်ခုတွင်ပင် အိုးကလေးနှင့် စိုက်ပျိုးထားသော ဘွန်ဇိုင်းပင်ကို အလွယ်တကူ မြင်တွေ့နိုင်ကြပါပြီ။ ဘွန်ဇိုင်းပင် တစ်ပင် ဖြစ်မြောက်လာဖို့အတွက် နည်းစနစ်များ လိုအပ်သလို စိတ်ရှည်ဖို့၊ ဂရုတစိုက်ရှိဖို့လဲ လိုအပ်ပါတယ်.. တရုတ်လူမျိုးများနဲ့ ဂျပန်လူမျိုးတို့ဟာ သစ်ပင်များကို နည်းပညာမျိုးစုံနဲ့ ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်လာအောင် စိုက်ပျိုးကြတဲ့ နေရာမှာ အလွန်ထူးချွန်ကြပါတယ်.. သူတို့နိုင်ငံများမှာ အိမ်တိုင်း၊ ဆိုင်တိုင်း၊ နေရာတိုင်းမှာလည်း သစ်ပင်များကို အမြတ်တနိုး တန်ဖိုးထားပြီး စိုက်ပျိုးကြပါတယ်..

ဘွန်ဇိုင်းကို အိမ်ပြင်ပတွင် စိုက်ပျိုးကြသော်လည်း အိမ်တွင်ကျင်းပသော ဧည့်ခံပွဲများအတွက် ဘွန်ဇိုင်းပင်များကို အိမ်တွင်းသို့ သယ်ဆောင် နေရာချထားကာ ကြွရောက်လာကြသော ဧည့်သည်များကို ဂုဏ်ယူစွာ ပြသလေ့ ရှိကြပါတယ်.. ၁၇ရာစုနှင့် ၁၈ရာစုနှစ်အတွင်း ဘွန်ဇိုင်းစိုက်ပျိုးသော အိုးကို ယခုခေတ် အသုံးပြုသော အိုးထက် အနည်းငယ် ဇောက်နက်သော အိုးများကို အသုံးပြုခဲ့ကြပါတယ်..။ ဘွန်ဇိုင်းပင်တစ်ပင် ဖြစ်ရန်အတွက် အပင်ရဲ့ မလိုအပ်သော အစိတ်အပိုင်းများ အားလုံးကို ဖြတ်တောက်ကာ အရေးကြီး အစိတ်အပိုင်း အနည်းငယ် ကိုသာ ချန်လှပ်ထားပြီး နှစ်ပေါင်းများစွာ ကြာလာသည့်တိုင် အရွယ်အစား ကြီးထွားလာခြင်း မရှိသော်လည်း သစ်ပင်တစ်ပင်၏ အင်္ဂါရပ်အားလုံးနှင့် ပြည့်စုံကာ လှပသေးငယ်သော ဘွန်ဇိုင်းပင် (သက်ကြီးပုပင်) ဖြစ်လာအောင် စံနစ်တကျ ပြုပြင်ဖန်တီး ထားခြင်း ဖြစ်ပါတယ်။

လင်ဗန်းကလေးများနဲ့ စိုက်ပျိုးထားနဲ့ ဘွန်ဇိုင်းပင်တို့ကို ကြည့်ရသည်မှာ ချစ်စရာကောင်းသလို၊ စိတ်ဝင်စားစရာလည်း ကောင်းလှပါတယ်.. ဘွန်ဇိုင်းတစ်ပင် ဖြစ်မြောက်လာဖို့ မလွယ်ကူလှသလို ဘွန်ဇိုင်းပင်တစ်ပင် ဖြစ်လာအောင် ပြုစုပျိုးထောင်ခြင်း အတတ်ပညာသည်လည်း အလွန် စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်.. လိုအပ်သောမြေသြဇာ၊ နေရောင်ခြည်၊ ရေ စသည်တို့ကို သင့်တော်မှန်ကန်စွာ ကျွေးမွေးဖို့ လိုအပ်သလို အခက်အလက်များကိုလည်း ပိုပြီး ကြီးထွားလာခြင်းမရှိအောင် ကိုင်းချုပ်ရသော နည်းပညာကို ကျွမ်းကျင်ဖို့လည်း လိုအပ်ပါတယ်.။ ဘွန်ဇိုင်းပင်အဖြစ် ကျောက်တုံးကျောက်ဆောင်များ၊ အရုပ်ငယ်များ နှင့် အခြား အဆင်တန်ဆာများဖြင့် တကယ့် သစ်ပင်ကြီးနှင့် တူအောင် ရုပ်လုံးဖော်လေ့ရှိကြပါတယ်..

ဘွန်ဇိုင်းပင်ပြုလုပ်ဖို့ ထင်းရူးပင် အမျိုးအစားကို အသုံးပြုကြသော်လည်း အခြားသော အပင်အမျိုးမျိုးကိုလည်း စိတ်ကူးရှိသလို တီထွင်ကြံဆ စိုက်ပျိုးကြပါတယ်.. သဘာဝအတိုင်းမဟုတ်ဘဲ လူတို့ရဲ့ နည်းပညာနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ဘွန်ဇိုင်းပင်ကလေးတွေဟာ စိုက်ပျိုး ပြုပြင်သူရဲ့ စိတ်ကူးဥာဏ် ကွန့်မြူးပုံပေါ်မူတည်ပြီး ပုံသဏ္ဍာန်အမျိုးမျိုး ထွက်ပေါ်လာနိုင်ပါတယ်.. အပင်လေးတွေ ကွေးညွှတ်ပုံ၊ ပင်ခြေအောက်က မြေပြင်ကို မြက်ခင်းကလေးများ၊ ရေညှိပင်ကလေးများ၊ ကျောက်တုံးလေးများနဲ့ တန်ဆာ ဆင်ထားပြီး တကယ့် သစ်တောကြီးထဲက သစ်ပင်ကြီးရဲ့ အသွင်သဏ္ဍာန် ဖြစ်လာအောင် စိတ်ရှည်လက်ရှည် ပြုပြင် ဖန်တီးယူကြပါတယ်.. ဒါကြောင့်လဲ အပင်အရွယ်အစား သေးငယ်သော်လည်း လှပပြီး နှစ်ကြာရှည်တဲ့ ဘွန်ဇိုင်းတစ်ပင်ရဲ့ဈေးနှုန်းဟာ မထင်မှတ်လောက်အောင် တန်ဖိုးကြီးပြီး၊ ဈေးနှုန်းမြင့်မားနေတတ်ပါတယ်.. ငွေကြေးချမ်းသာသူများအနေနဲ့ ဘွန်ဇိုင်းပင်များကို ဂုဏ်ယူစရာ၊ အဖိုးတန် အဆောင်အယောင်အဖြစ် ၀ယ်ယူ စုဆောင်းတတ်ကြပါတယ်..

တစ်သက်တာ စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်ပါ ဆိုရိုးစကားနဲ့အညီ သစ်ပင်ဆိုသည်မှာ လူတွေရဲ့ စိတ်ကို ချမ်းမြေ့ခြင်း၊ ကြည်လင်စေခြင်း စသည်တို့ကို ပေးနိုင်တဲ့ အစွမ်းသတ္တိများ ရှိနေကြပါတယ်.. ဒါကြောင့် ပုံမှန်မဟုတ်ဘဲ လူသားတို့ရဲ့ စိတ်ကူးတီထွင်မှုကြောင့် ဖြစ်လာရတဲ့ ချစ်ခင်နှစ်သက်စရာ၊ မြတ်နိုး တန်ဖိုးထားဖွယ်ရာ ဘွန်ဇိုင်းပင်ကလေးများကိုလည်း စာဖတ်သူများ ဗဟုသုတရဖို့နဲ့ စိတ်ရွှင်လန်းစေဖို့ ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်

Credit - chaw

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။