မျိုးစပါး
ကျွန်တော်က လယ်သမားသားတယောက်ပါ။ ငယ်စဉ်က လယ်ထဲမှာပဲ ကြီးပြင်းခဲ့ရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ လယ်လုပ်တတ်လားဆိုရင်တော့ ထယ်တောင်ကောင်းကောင်းထိုးတ တ်တာ မဟုတ်ပါဘူး ။ ဒါပေမဲ့ လယ်သမားတွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာတော့ နေ့စဉ်မြင်တွေ့နေရလို့ ကောင်းကောင်းသိတယ်လို့ ဆိုပါရစေ။ ကျွမ်းကျင်သူတော့မဟုတ်ပါ။
ကျွန်တော်တို့ အရပ်က လယ်သမားကြီးတွေက ခေတ်ပညာတတ်ကြတာတော့ မဟုတ်ပါဘူး။ မိရိုးဖလာ လယ်သမား လက်ဆင့်ကမ်းအမွေဆက်ခံကြတာလို့  ပြောရမှာပါ။ အသက် ဆယ့်သုံးလေးနှစ် သင်္ကန်းကျွတ်တာနဲ့ ထယ်ကိုင်ထွန်ကိုင်စသင်ရင်း တနှစ် လောက် အတွေ့အကြုံရှိတော့ ထွန်နောက်လိုက်ဖြစ် နောက်တော့ လယ်သမားဖြစ်တာပါပဲ။
ကျွန်တော်တို့ အရပ်( ပြည်၊ရွှေတောင်ဘက်)က ဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပင်လယ်အောက်ရောက်ခဲ့ဘူးတဲ့ ဒေသပါ။ ဒါကြောင့် မြေမျက်နှာပြင်တွေက အမျိုးမျိုးရှိပါတယ်။ ကုန်း၊ ပြန့်၊ ရိုးချောင်း စသဖြင့်ပေါ့လေ။ ဒါကြောင့်စပါးစိုက်တဲ့ အခါ ကောက်လျင်၊ ကောက်လတ်၊ ကောက်ကြီး ဆိုပြီး မြေမျက်နှာပြင်ကို လိုက်လို့ စိုက်ကြရပါတယ်။ ကောက်လျင်က ၂လခွဲလောက်ပဲ သက်တမ်းရှိပြီး အပင်ကလည်းတိုပါတယ်။ ကုန်းကျတဲ့ နေရာတွေမှာ စိုက်တာပါ။ ကျွန်တော်အထင် ဆန်ကလည်းကြမ်းပါတယ်။ ကောက်လတ်က သုံးလ လေးလ စိုက်ရပါတယ်။ နဲနဲ ရေကောင်းတဲ့ နေရာတွေ ပြန့်တွေမှာ စိုက်တတ်ပါတယ်။ ကောက်ကြီးကတော့ ရိုးချောင်းနဲ့ ရေကောင်းတဲ့ ပြန့်မှာ စိုက်ရပါတယ်။ စပါးပင်ကလည်းရှည်ပါတယ်။ သူက တရာသီလုံးရေမြှပ်နေတတ်လို့  ကောက်လျင်စိုက်ရင် ပလုံသွားမှာ မို့ပါ။ အဲ ဆန်ကျတော့လည်း သိပ်ကောင်းပါတယ်။
စပါးပင်က ၀တ်မှုန်ကူးရတဲ့ အမျိုးဆိုတော့ ဘယ်လို သက်တမ်းရှိတဲ့ စပါးစိုက်စိုက် ရိတ်သိမ်းချိန်မတိုင်မီ၊ ဒါမှမဟုတ် ကျော်နေတဲ့ တိုင်အောင် တခြားအပင်တွေနဲ့ မတူတဲ့ ကောက်ပင်တချို့ကတော့ ပါတတ်စမြဲပါပဲ။ ဖောက်တယ်လို့ အရပ်ကခေါ်ပါတယ်။ တချို့ကတော့ မျိုးမသန့်လို့လည်းပါတတ်ကြ ပါတယ်။ သာမန်အားဖြင့်တော့ အဲဒီလိုစပါးပင်တွေကို နွားစာအတွက်ချန်ခဲ့တာ၊ ကောက်သင်းကောက်အတွက် ချန်ခဲ့တာမျိုး လုပ်လိုက်ကြတာပါပဲ။
ဒါပေမဲ့ တချို့ သုတေသန ၀ါသနာပါတဲ့ လယ်သမားကြီး၊ လယ်သူမကြီးတွေက အဲဒီ ချွန်ထွက်နေတဲ့ စပါးပင်တွေပဲ သပ်သပ်စနစ်တကျ စုသိမ်းပြီး နောက်နှစ်ရောက်တဲ့ အခါ။ သိမ်းထားတဲ့ စပါးမျိုးတွေကို သပ်သပ်ကြဲပီး လယ်တကွက်မှာ စိုက်ကြည့်ပါတယ်။ စပါးမျိုးအသစ်စမ်းသပ်တဲ့သဘောပါ။ အများအားဖြင့်တော့ အဲဒီစပါးမျိုးတွေက ဘောက်သောက်ဖြစ်တတ်တာပါပဲ။ ဘောက်သောက်ဆိုတာ တချို့ ကောက်ပင်တွေက စောစောစပါးနှံထွက် ၊တချို့က အပင်တွေက အစိမ်းရောင်တောင် မပျောက်သေး။ တခြားလယ်တွေလို တပြိုင်ထဲရင့်မှဲ့တာမဟုတ်ေ တာ့ ရိတ်သိမ်းရတာ သိပ်ခက်ပါတယ်။ အရပ်စကားပြောရရင်တော့ တယောက်တပေါက်ဖြစ်နေသလိုပါပဲ။ အဲတော့ စိတ်မရှည်နိုင်ပါဘူး။ တခါတည်းနွားစာ လုပ်လိုက်ကြတာများပါတယ်။
အဲဒါပေမဲ့ တကဲ့ စိတ်ရှည်တဲ့ လယ်သမားကြီးတွေက အဲသည်အထဲကမှ တူတာများတဲ့ အပင်တွေကို သပ်သပ်ထပ်ရိတ်၊ ပြီးနောက်တနှစ် ဆက်ပြီး ကျိုးပမ်းကြည့်ပြန်တယ်။ ဖောက်ပြန်သေးတာပဲ။ နဲနဲတော့ တူတာတွေက ပိုများလာတယ်။ တချို့လည်းပိုဆိုးသွားတယ် ။ ဆိုချင်တာကတော့ တည်ငြိမ်တဲ့ မျိုးစပါးရဘို့ ဆိုတာ လေးနှစ် ငါးနှစ် အကြိမ်ကြိမ်စမ်းသပ်ပြီးမှ ရနိုင်တာမျိုးပါ။
ဒီလိုနည်းနဲ့ ကျွန်တော်တို့ အရပ်မှာ လူတွေသိပ်ကြိုက်တဲ့ အသွယ်ဆိုတဲ့ စပါးမျိုးရှိပါတယ်။ တိုင်းပြည်ကသိတာမျိုးမဟုတ်ပါဘူး။ အရပ်တိုင်းမှာ ရှိပါလိမ့်မယ်။ သူက ကောက်လတ်မျိုး။ အသွယ်လို့ ခေါ်တဲ့ လယ်သူမကြီး ရှာဖွေခဲ့တဲ့ စပါးမျိုးပါ။ အဲဒီဆန်ချက်ထားရင် ကျွန်တော်တို့ ရွာ တခြမ်းလောက်ကတော့ အဲသည်နေ့ မွှေးနေတော့တာပါပဲ။ ဒါပေမဲ့ စပါးထွက်မကောင်းလို့ အနည်းငယ်ပဲ စိုက်ကြပါတယ်။ သီတင်းကျွတ်လို ၊ သင်္ကြန်လို ဥပုဒ်ရက်မှ ဆွမ်းချက်တတ်ကြတာပါ။ ဆိုချင်တာက စမ်းသပ်ခံပြီးရခဲ့တဲ့ စပါးမျိုးရှိတယ်လို့ ပြောချင်တာပါ။
ကျွန်တော်တို့ ၈၈ အရေးတော်ပုံကြီးမှာ ပေါက်ဖွားခဲ့တဲ့ အရေးတော်ပုံတပ်သားတွေကို စပါးခင်းထဲက ဖောက်ထွက်လာတဲ့ စပါးတွေနဲ့ နှိုင်းယှဉ်ကြည့်မိပါတယ်။ လယ်ကွက်ထဲမှာ ဗျောက်သောက်ပေါ်လာသလိုပါပဲ။ တချို့တွေလည်း အချိန်တိုအတွင်း မျိုးတုန်းသွားကြတယ် နွားစာဖြစ်သွားကြသလိုပါပဲ။ တချို့ကတော့ အချိန်အတော်ကြာကြာအထိ မျိုးစပါးကောင်းဖြစ်လာဘို့ အလားအလာကောင်းတွေ ရှိပေမဲ့ မထင်မှတ်ပဲ ဖောက်သွားကြပြန်ပါတယ်။တချို့ တော့လည်း အထပ်ထပ် အစမ်းသပ်ခံပြီး မျိုးစပါးကောင်းတွေ ဖြစ်ဘို့ အရည်အသွေးတွေပြည့်လာကြတယ်။
စပါးပင်လေးတပင် လူအများလက်ခံတဲ့ စပါးမျိုးဖြစ်ဘို့ လွယ်လွယ်ဖြတ်သန်းခဲ့ရတာ မဟုတ်ပါဘူး။ တိုင်းပြည်ပြုပြင်ပြောင်းလဲလိုတဲ့ စိတ်နဲ့ ဖောက်ထွက်လာခဲ့ကြတဲ့ ကျွန်တော်တွေက စပါးမျိုးကောင်းတွေလို အစမ်းသပ်ခံနိုင်ကြရပါ့လိမ့်မယ်။
ကျွန်တော်တို့တိုင်းပြည် စပါးမျိုးကောင်းတွေလိုနေပါ တယ်။
အောင်စံအေး
ဓါတ်ပုံကို အင်တာနက်မှ ယူပါသည်။
ကျွန်တော်က လယ်သမားသားတယောက်ပါ။ ငယ်စဉ်က လယ်ထဲမှာပဲ ကြီးပြင်းခဲ့ရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ လယ်လုပ်တတ်လားဆိုရင်တော့ ထယ်တောင်ကောင်းကောင်းထိုးတ
ကျွန်တော်တို့ အရပ်က လယ်သမားကြီးတွေက ခေတ်ပညာတတ်ကြတာတော့ မဟုတ်ပါဘူး။ မိရိုးဖလာ လယ်သမား လက်ဆင့်ကမ်းအမွေဆက်ခံကြတာလို
ကျွန်တော်တို့ အရပ်( ပြည်၊ရွှေတောင်ဘက်)က ဟိုလွန်ခဲ့တဲ့နှစ်ပေါင်းမျ
စပါးပင်က ၀တ်မှုန်ကူးရတဲ့ အမျိုးဆိုတော့ ဘယ်လို သက်တမ်းရှိတဲ့ စပါးစိုက်စိုက် ရိတ်သိမ်းချိန်မတိုင်မီ၊ ဒါမှမဟုတ် ကျော်နေတဲ့ တိုင်အောင် တခြားအပင်တွေနဲ့ မတူတဲ့ ကောက်ပင်တချို့ကတော့ ပါတတ်စမြဲပါပဲ။ ဖောက်တယ်လို့ အရပ်ကခေါ်ပါတယ်။ တချို့ကတော့ မျိုးမသန့်လို့လည်းပါတတ်ကြ
ဒါပေမဲ့ တချို့ သုတေသန ၀ါသနာပါတဲ့ လယ်သမားကြီး၊ လယ်သူမကြီးတွေက အဲဒီ ချွန်ထွက်နေတဲ့ စပါးပင်တွေပဲ သပ်သပ်စနစ်တကျ စုသိမ်းပြီး နောက်နှစ်ရောက်တဲ့ အခါ။ သိမ်းထားတဲ့ စပါးမျိုးတွေကို သပ်သပ်ကြဲပီး လယ်တကွက်မှာ စိုက်ကြည့်ပါတယ်။ စပါးမျိုးအသစ်စမ်းသပ်တဲ့သဘေ
အဲဒါပေမဲ့ တကဲ့ စိတ်ရှည်တဲ့ လယ်သမားကြီးတွေက အဲသည်အထဲကမှ တူတာများတဲ့ အပင်တွေကို သပ်သပ်ထပ်ရိတ်၊ ပြီးနောက်တနှစ် ဆက်ပြီး ကျိုးပမ်းကြည့်ပြန်တယ်။ ဖောက်ပြန်သေးတာပဲ။ နဲနဲတော့ တူတာတွေက ပိုများလာတယ်။ တချို့လည်းပိုဆိုးသွားတယ်
ဒီလိုနည်းနဲ့ ကျွန်တော်တို့ အရပ်မှာ လူတွေသိပ်ကြိုက်တဲ့ အသွယ်ဆိုတဲ့ စပါးမျိုးရှိပါတယ်။ တိုင်းပြည်ကသိတာမျိုးမဟုတ
ကျွန်တော်တို့ ၈၈ အရေးတော်ပုံကြီးမှာ ပေါက်ဖွားခဲ့တဲ့ အရေးတော်ပုံတပ်သားတွေကို စပါးခင်းထဲက ဖောက်ထွက်လာတဲ့ စပါးတွေနဲ့ နှိုင်းယှဉ်ကြည့်မိပါတယ်။ လယ်ကွက်ထဲမှာ ဗျောက်သောက်ပေါ်လာသလိုပါပဲ။
စပါးပင်လေးတပင် လူအများလက်ခံတဲ့ စပါးမျိုးဖြစ်ဘို့ လွယ်လွယ်ဖြတ်သန်းခဲ့ရတာ မဟုတ်ပါဘူး။ တိုင်းပြည်ပြုပြင်ပြောင်းလ
ကျွန်တော်တို့တိုင်းပြည် စပါးမျိုးကောင်းတွေလိုနေပါ
အောင်စံအေး
ဓါတ်ပုံကို အင်တာနက်မှ ယူပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။