ခလရ ၂၃၂ စစ်ကြောင်းမှူးမှ ခူမီး(ချင်း)ရိုးရာ ရွာခင်းပွဲစည်းချိုးဖောက်ကာ အုပ်ချုပ်ရေးမှူးအား
အကြောင်းမဲ့ ကိုယ်ထိလက်ရောစော်ကား
==========================
ပလက်ဝ၊ ဇူလိုင် ၂၆ ---
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ နယ် ကွမ်းချောင်းဝအုပ်စု၊ ကွမ်းချောင်းဝတွင်တာဝန်ကျသော ခလရ ၂၃၂မှ စစ်ကြောင်းမှူးဗိုလ်ကြီးသန့် ဇင်ကျော်မှ ခူမီး(ချင်း)ရိုးရာ ရွာခင်းပွဲစည်းချိုးဖောက်ကာ ၊ သတင်းအချက်အလက်များကိုမေးမြ န်းခြင်းမရှိဘဲ ကျေးရွာ/ အုပ်စု အုပ်ချုပ်ရေးမှူးအား ကိုယ်ထိလက်ရောက် စော်ကားမှုတစ်ရပ်ပြုခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့်ဇူလိုင်လ ၂၀ နေ့က ကွမ်းချောင်းဝအုပ်စု၊ ကျေးရွာတွင် ချင်း(ခူမီး)
ရိုးရာ ဓလေ့ဖြစ်သည့် ရွာခင်းပွဲ (ခေါ်) ကျေးရွာတ၀န်း ကျန်းမာရေး၊ စီးပွားရေး လဘ်လာဘက် တိုးပွားကောင်းမွန်စေရေးအတွ က် ရည်ရွယ်၍ နှစ်စဉ်အစဉ်အတိုင်း ကျင်းပပြုလုပ်လေ့ရှိသည့် ရိုးရာရွာခင်းပွဲဓလေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွာခင်းသည့်နေ့တွင် ကျေးရွာအတွင်းအပြင်သို့ ၀င်ထွက်သွားလာခွင့် ပိတ်ပင်ထားပြီး၊ အကယ်၍ စည်းကမ်းချို့းဖောက်ပါက စည်းကမ်းချို့းဖောက်သူအား ရွာသူ/ရွာသားအားလုံး၏ ရွာခင်းပွဲ ကုန်ကျငွေ အားလုံးကို ပေးလျော်ရခြင်းမှာ ရှေးဘိုးဘွားဘီဘင် ခေတ်အဆက်ဆက်ကပင် ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ရွာခင်းပွဲမကျင်းပမီ ရက်များက အနီးပတ်ဝန်းကျင်ရှိရွာများကို အသိပေးကြေငြာထားသည့်အပြင် ကျေးရွာအနီးရှိ တပ်စခန်းသို့လည်း ကြိုတင်အသိပေးအကြောင်းကြားထားကြောင်း ကွမ်းချောင်းဝ ရွာသားများက ပြောသည်။
ထို့အပြင် ရွာခင်းသည့်နေ့တွင် လူအ၀င်အထွက်မပြုမိစေရန် ရွာအဝင်လမ်းတိုင်းတွင် သင်္ကေတ(သို့ ) စာများ ကပ်၍ သတိပေးကြော်ငြာထားကြောင်းလည်း ဆိုသည်။
ရွာခင်းပွဲ ပြုလုပ်နေသည့် ဇူလိုင်လ ၂၀ ရက်နေ့ ည ၇း၃၀ နာရီအချိန်တွင်ခလရ(၂၃၂)တပ်ရ င်းမှ စစ်ကြောင်းမှူး
သန့် ဇင်ကျော်တို့အဖွဲ့သည် ခွင့်တောင်းခြင်း၊ အကြောင်းကြားခြင်းအလျဉ်းမရှိဘဲ ရုတ်တရက်ဝင်ရောက်ကာ ကျေးရွာ/ အုပ်ချုပ်ရေးမှူး ဦးကံကြီးအောင်ကို တစ်စုံတရာမေးမြန်းခြင်းမပြုဘဲ မြင်မြင်ချင်း ခြေထောက်ဖြင့် သုံးကြိမ်မက ကိုယ်ထိလက်ရော စော်ကားခြင်းများပြုလုပ်ခဲ့ ကြောင်း မျက်မြင်ကိုယ်တွေ့ ကျေးရွာလူထုများက ထွက်ဆိုကြသည်။
ဒေသခံ ကျေးရွာသားတစ်ဦးက “ကျွန်တော်တို့ အမြတ်တနိုးထားတဲ့ ခူမီးရိုးရာ ရွာခင်းပွဲဓလေ့ကို ချိုးဖောက်ရုံသာမက အပြစ်မရှိတဲ့ အုပ်ချုပ်ရေးမှူးကိုပါ ကိုယ်ထိလက်ရောက် စော်ကားတာဟာ တမင်သက်သက်နှိပ်စက်တာဖြစ်တယ်၊ စည်းကမ်းချက်အတိုင်း ရွာခင်းပွဲကုန်ကျစရိတ်အတွက် လျော်ကြေးလည်းမတောင်းရဲတော့ တာပါ။
အခုတလော ကျွန်တော်တို့ ဒေသမှာ နေ့နှင့်ညတိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးဦးနှင့်ရွာသူ/သား ၂ဦးစီ ကင်းအလှည့်ကျ အမြဲစောင့်နေရတယ်။ အဲဒါကို စစ်တပ်က စောင့်ခိုင်းတာဖြစ်တယ်” ဟု ယင်းက ဆိုသည်။
ပလက်ဝမြို့ နယ် ပီချောင်းတစ်လျှောက်တွင် ခလရ(၂၃၂)တပ်ရင်းနှင့်ခလရ
(၂၈၉)တပ်ရင်းတို့ နယ်မြေ လုံခြုံရေးတာဝန်ယူလျှက်ရှိေ သ်ာလည်း အစိုးရနှင့်ငြိမ်းချမ်းရေးယူထားသော ရခိုင်လွတ်မြောက်ရေးပါတီ/ တပ်မတော် (ALP/ ALA)တို့မှ ယခင်လပိုင်းအတွင်းက ဆက်ကြေးကောက်ခံပြီးနောက် နောက်ဆက်တွဲဖြစ်စဉ်များကြောင်း ဖြစ်သည်ဟု သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် ပီချောင်းဒေသရှိ ပြည်သူများသည် တောခိုလက်နက်ကိုင်များ၏ရန်ကို စိုးရိမ်ပူပင်နေရရုံမက ယခုကဲ့သို့ ပြည်သူ့ရဲဘော်ဟုအမည်ရသော စစ်တပ်များ၏ မတူမတန်သလိုဆက်ဆံခံရမှုများကို အမြဲလိုလို ကြောက်နေရလျှက်ရှိကြောင်း ပီချောင်းဒေသမှ ပြည်သူများက ပြောဆိုကြသည်။
==================
-ခူမီးမီဒီယာ
.
April Maung Maung
=============
အကြောင်းမဲ့ ကိုယ်ထိလက်ရောစော်ကား
==========================
ပလက်ဝ၊ ဇူလိုင် ၂၆ ---
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ နယ် ကွမ်းချောင်းဝအုပ်စု၊ ကွမ်းချောင်းဝတွင်တာဝန်ကျသေ
ဖြစ်စဉ်မှာ ပြီးခဲ့သည့်ဇူလိုင်လ ၂၀ နေ့က ကွမ်းချောင်းဝအုပ်စု၊ ကျေးရွာတွင် ချင်း(ခူမီး)
ရိုးရာ ဓလေ့ဖြစ်သည့် ရွာခင်းပွဲ (ခေါ်) ကျေးရွာတ၀န်း ကျန်းမာရေး၊ စီးပွားရေး လဘ်လာဘက် တိုးပွားကောင်းမွန်စေရေးအတွ
အဆိုပါ ရွာခင်းသည့်နေ့တွင် ကျေးရွာအတွင်းအပြင်သို့ ၀င်ထွက်သွားလာခွင့် ပိတ်ပင်ထားပြီး၊ အကယ်၍ စည်းကမ်းချို့းဖောက်ပါက စည်းကမ်းချို့းဖောက်သူအား ရွာသူ/ရွာသားအားလုံး၏ ရွာခင်းပွဲ ကုန်ကျငွေ အားလုံးကို ပေးလျော်ရခြင်းမှာ ရှေးဘိုးဘွားဘီဘင် ခေတ်အဆက်ဆက်ကပင် ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ရွာခင်းပွဲမကျင်းပမီ
ထို့အပြင် ရွာခင်းသည့်နေ့တွင် လူအ၀င်အထွက်မပြုမိစေရန် ရွာအဝင်လမ်းတိုင်းတွင် သင်္ကေတ(သို့ ) စာများ ကပ်၍ သတိပေးကြော်ငြာထားကြောင်းလည
ရွာခင်းပွဲ ပြုလုပ်နေသည့် ဇူလိုင်လ ၂၀ ရက်နေ့ ည ၇း၃၀ နာရီအချိန်တွင်ခလရ(၂၃၂)တပ်ရ
သန့် ဇင်ကျော်တို့အဖွဲ့သည် ခွင့်တောင်းခြင်း၊ အကြောင်းကြားခြင်းအလျဉ်းမရှ
ဒေသခံ ကျေးရွာသားတစ်ဦးက “ကျွန်တော်တို့ အမြတ်တနိုးထားတဲ့ ခူမီးရိုးရာ ရွာခင်းပွဲဓလေ့ကို ချိုးဖောက်ရုံသာမက အပြစ်မရှိတဲ့ အုပ်ချုပ်ရေးမှူးကိုပါ ကိုယ်ထိလက်ရောက် စော်ကားတာဟာ တမင်သက်သက်နှိပ်စက်တာဖြစ်တယ
အခုတလော ကျွန်တော်တို့ ဒေသမှာ နေ့နှင့်ညတိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးဦးနှင့်ရွာသူ/သား ၂ဦးစီ ကင်းအလှည့်ကျ အမြဲစောင့်နေရတယ်။ အဲဒါကို စစ်တပ်က စောင့်ခိုင်းတာဖြစ်တယ်” ဟု ယင်းက ဆိုသည်။
ပလက်ဝမြို့ နယ် ပီချောင်းတစ်လျှောက်တွင် ခလရ(၂၃၂)တပ်ရင်းနှင့်ခလရ
(၂၈၉)တပ်ရင်းတို့ နယ်မြေ လုံခြုံရေးတာဝန်ယူလျှက်ရှိေ
ချင်းပြည်နယ် ပလက်ဝမြို့နယ် ပီချောင်းဒေသရှိ ပြည်သူများသည် တောခိုလက်နက်ကိုင်များ၏ရန်က
==================
-ခူမီးမီဒီယာ
.
April Maung Maung
=============
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။