ဆရာ အောင်ထွန်းသက် ၏ မှတ်သားဖွယ်စကားများ
========================== =====
အလုပ်တိုင်းဟာ သိက္ခာ(Dignity) ရှိတယ်။
လခနည်းတာ၊ ရာထူးငယ်တာ အရေးမကြီးဘူး။
လုပ်နေရတာကိုက သိက္ခာရှိတာ။
အလုပ်လက်မဲ့ဆိုရင် သိက္ခာမရှိတော့ဘူး။
သူများချီးကျူးတာကို လက်မခံပါနဲ့။ သူများက ကိုယ့်အပေါ်မှာ ဘယ်လိုမြင်လဲဆိုတာ အရေးမကြီးပါဘူး။
ကိုယ့်ကိုကိုယ် ဘယ်လိုမြင်လဲဆိုတာ အရေးကြီးပါတယ်။
Self-respect ကိုယ့်သိက္ခာကိုယ် လေးစားဖို့ လိုပါတယ်။
Self-motivation က ဒီအလုပ်ကို လခရလို့
လုပ်တယ်ဆိုတာမျိုး မဟုတ်ဘဲ လုပ်သင့်လို့
လုပ်တာဆိုတာမျိုး ဖြစ်ရမယ်။
Work-life Balance ဖြစ်ရမယ်။
တစ်နေကုန် အလုပ်လုပ်နေရပြီး အိမ်မပြန်ဘူးဆိုတဲ့ လူတွေက တော်တော်ညံ့တဲ့သူတွေလို့ ပြောချင်ပါတယ်။
Work တစ်ခုတည်းမဟုတ်ဘဲ Life လည်း
ရှိတယ်ဆိုတာ သတိထားဖို့ လိုပါတယ်။
မိသားစုက အရေးကြီးပါတယ်။
အလုပ်ကနေပဲ Retired ယူလို့ရတယ်။
မိသားစုမှာ Retired ယူလို့မရဘူး။
- ဒေါက်တာအောင်ထွန်းသက်
===================
==========================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။