Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, July 22, 2014

IT Device တွေ လျှော့သုံးကြည့်ခဲ့ရင်….

IT Device တွေ လျှော့သုံးကြည့်ခဲ့ရင်….
==========================
HAN (TechRangoon)

ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ ဘဝကို တချက်လောက် နောက်ပြန်ရစ်ပြီး ပြန်တွေးကြည့်ကြရအောင်။ နောက်ဆိုလို့ မွေးခါစ၊ လွန်ခဲ့တဲ့ ၁၅ နှစ်၊ နှစ် ၂၀ ကို ဆိုလိုတာ မဟုတ်ပါဘူး။ ၁၀နှစ် ဒါမှမဟုတ် ၈ နှစ်လောက်ပဲ ဖြစ်ဖြစ် နောက်ပြန်ဆုတ်ပြီး ကျနော်တို့ရဲ့ ငယ်ဘဝ၊ ဆယ်ကျော်သက်ဘဝတွေကို ဒီဆောင်းပါး ဖတ်ရင်း တွေးကြည့်ရအောင်ဗျာ။

ကျနော်က ၂၀ ကျော် လူငယ်တယောက်ဆိုတော့ ကျနော့်အတွက်တော့ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကဆိုရင် မူလတန်း၊ အလယ်တန်းကျောင်းသားဘဝ အရွယ်ပေါ့ဗျာ။ သေချာတယ်။ အဲ့ဒီအချိန်တုန်းက iPad တွေမရှိဘူး၊ Mobile Phone တွေမရှိဘူး။ အင်တာနက်တွေ မရောက်လာသေးဘူး။ Walkman Player တောင် ကျနော်တို့လို နယ်ဘက်မှာ မရှိသေးဘူး။ ပြောရရင် အိုင်တီပစ္စည်းတွေက ကျနော်တို့ဘဝထဲကို မဝင်လာသေးဘူး။ အလွန်းဆုံးမှ ကျောင်းက ပိတ်စဖြူနဲ့ အမြဲဖုံးအုပ်ထားတဲ့ တိတ်ဆိတ်တဲ့ Computer Lab Room ထဲက Apple နဲ့ IBM ကွန်ပျူတာတွေလောက်ပဲ ရှိပါမယ်။ အဲ့တာတောင် ကျောင်းသားတိုင်း ကိုင်တွယ်ခွင့်၊ ထိခွင့် မြင်ခွင့်တောင် ရှိခဲ့ကြတာမဟုတ်ဘူး။ ကျနော်တို့နဲ့ အကျွမ်းဝင်သရောရှိတာဆိုလို့အီလက်ထရောနစ်ပစ္စည်းတွေဖြစ်တဲ့ အိမ်က ၁ဝ ပေ၊ ၂ပေ တရုတ်၊ ထိုင်း ဂြိုဟ်တုစလောင်းနဲ့ CRT TV တွေ၊ VCD စက်နဲ့ ကျောင်းပြန်ချိန်ဆို အမြဲရောက်တဲ့ လမ်းထိပ်က ကိုသားကြီးရဲ့ P1 ဂိမ်းဆိုင်လောက်ပဲ ရှိမယ်ထင်ပါတယ်။

အိုင်တီပစ္စည်းတွေမရှိတဲ့ ကျနော်တို့ရဲ့ အရင်က ဘဝဖြတ်သန်းမှုပုံစံမျိုးက ဘယ်လိုလဲ။ ဘယ်လိုပုံစံဖြစ်မလဲ။ တွေးကြည့်ရင်ကျနော်တို့ဟာ လူလူချင်း ဆက်သွယ်ရတဲ့ တကယ့် ပေါင်းကူးဆက်ဆံရေးဘဝကို ကျနော်တို့ ဖြတ်သန်းခဲ့ကြရတယ်။

အဲ့ဒီတုန်းက Ironman မရှိဘူး။ Captain America မရှိဘူး။ ဒါပေမယ့် ဒီနေ့ကံမကောင်းတဲ့ မြိုင်ရာဇာတွတ်ပီရှိခဲ့တယ်။စိန်မျောက်မျောက်၊ ဘိုဘို၊ ဂျောက်ဂျက်တို့လို ကျနော်တို့ စွဲမြဲနှစ်ခြိုက်တဲ့ မြန်မာ့ကာတွန်းဇာတ်ကောင်တွေရှိခဲ့တယ်။

အဲ့ဒီတုန်းက စာဖတ်တဲ့ Kindle Reader တွေမရှိဘူး။ အဖေဝယ်တဲ့ သတင်းစာစောင်နဲ့ ကျောင်းစာကြည့်တိုက်တော့ ရှိခဲ့တယ်။

အဲ့ဒီတုန်းက iPod နဲ့ Walkman Player တွေမရှိခဲ့ဘူး။ ဒါပေမယ့် ကျောင်းဂီတချိန်မှာ ဂီတအကြောင်းသင်ပေးခဲ့တဲ့ ချစ်စရာကောင်းတဲ့ ဆရာမတွေ ရှိခဲ့တယ်။

အဲ့ဒီတုန်းက မိုဘိုင်းဖုန်းတွေ မတွင်ကျယ်သေးဘူး။ (ဈေးနှုန်းဘယ်လောက်ရှိတယ်ဆိုတာတော့ အားလုံးသိမှာပါ) ရပ်ဝေးရပ်နီး ဆွေမျိုးနဲ့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ နီပြာရောင်စပ် စာအိတ်လေးတွေနဲ့ ဆက်သွယ်ခဲ့ကြတယ်။ (တချိန်တုန်းက Light အင်္ဂလိပ်မဂ္ဂဇင်းမှာ Pen Friend ကဏ္ဏလေးကို လွမ်းမိရဲ့ဗျာ… )

ဒါပေမယ့် ဆယ်စုနှစ်တစ်ခုတောင် မပြည့်သေးတဲ့ကာလအတောအတွင်းမှာပဲ အိုင်တီပစ္စည်းဟာ ကျနော်တို့ လူမှုဘဝထဲကို တွင်တွင်ကျယ်ကျယ် ဝင်ရောက်လာခဲ့ပါတယ်။ မနက်မိုးလင်းတာနဲ့ မျက်နှာအရင်သစ်ဖို့ထက် ကိုယ့်ဖုန်းကိုဖွင့်ပြီး facebook မျက်နှာစာကိုပဲ အရင်ကြည့်မိလာကြတယ်။ လက်ဖက်ရည်ဆိုင်မှာ၊ ကော်ဖီဆိုင်မှာ၊ ဘီယာဆိုင်မှာ၊ ကျောင်းကန်တင်းမှာ၊ ရုံးနားချိန်မှာ ကျနော်တို့ဟာ တယောက်နဲ့ တယောက် စကားတွေ တီတီတွတ်တွတ် ပြောနေဖို့ထက် မျက်နှာချင်းဆိုင်ထိုင်ပြီး မှန်မျက်နှာပြင်တခုကို အပြိုင်ပွတ်နေကြတယ်။ ကျောင်းစာကြည့်တိုက်ထဲ အဲကွန်းအောက်မှာ စာအုပ်တအုပ်ဖတ်နေဖို့ထက် Bruno Mars ရဲ့ သီချင်းတပုဒ်ကို head-set နဲ့ပဲ နားထောင်နေမိကြတယ်။

ဒါပေမယ့် ဒါတွေက ခေတ်ရေစီးကြောင်းအရ ပြောင်းလဲလာတဲ့ ကျနော်တို့ရဲ့ လူနေမှုဘဝတွေပါ။ ပုံမှန်ပါပဲ။ ဒါပေမယ့် အဲ့ဒီထဲကမှ အများက မူမမှန်ဘူးလို့ ထင်ရတဲ့ အချက်တွေကို ကျနော့်ဘေးပတ်ဝန်းကျင်က လူတချို့ကို တီးခေါက်မေးကြည့်မိပါတယ်။ ဒါနဲ့ပဲ အောက်က အချက်တွေထွက်လာတယ်။ တချက်လောက် ကြည့်ရအောင်ဗျာ…

(၁) သင့် iPad ဟာ သင့်အတွက် ကင်မရာတလုံးမဟုတ်ပါ

iPad ဟာ tablet ဈေးကွက်ထဲမှာ ထိပ်ဆုံးကရှိနေပါတယ်။ တကယ်လည်း အသုံးဝင်တယ်။ ကောင်းမွန်တဲ့ app တွေရှိတယ်။ ဒါပေမယ့် ရှိုးပွဲတွေမှာ၊ ရှောပင်းစင်တာတွေမှာ၊ လူများတဲ့နေရာတွေမှာ iPad ဟာ သင့်အတွက် ဓါတ်ပုံရိုက်ဖို့နဲ့ ဗီဒီယိုရိုက်ဖို့အတွက် သင့်တော်တဲ့ ကင်မရာတလုံးမဟုတ်ဘူးဆိုတာကိုတော့ သတိပေးပါရစေ။

ကင်မရာ ရိုက်ဖို့အတွက် iPad မှာ camera ထည့်ထားပေးတာပေါ့ဆိုပြီး ကျနော့်ကို စောဒက တက်ကောင်းတက်ကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အိပ်ယာပေါ်မှာ၊ ကိုယ့်အိမ်က အိမ်သာထဲမှာ selfie ပုံတွေရိုက်တာကိုတော့ ကျနော်တို့အမြင်မှာ ဘာမှထွေထွေထူးထူးမဖြစ်သလို စောဒကတက်ခွင့်လည်း မရှိပါဘူး။ ဒါပေမယ့် ရှိုးပွဲတွေလို လူများတဲ့နေရာတွေမှာ ၁၀လက်မအရွယ် သင့် iPad နဲ့ ဓါတ်ပုံရိုက်နေခြင်းက နောက်ကကြည့်သူတွေရဲ့ မြင်ကွင်းကို ကွယ်နေသလိုဖြစ်တာကိုတော့ သင်သတိပြုရပါလိမ့်မယ်။ ရှိုးပွဲကိုလာရောက်ရတဲ့အကြောင်းရင်းက ဂီတကို ခံစားဖို့လား၊ ဓါတ်ပုံ ဗီဒီယိုရိုက်ဖို့လား။ ကျနော်တော့ ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ ဗီဒီယိုလိုချင်ရင်တော့ အိမ်ကနေ MRTV4 နဲ့ Skynet လိုချယ်နယ်က လွှင့်တာကိုမှ ထိုင်ရိုက်နေတာ၊ ကူးနေတာကမှ ခင်ဗျားရိုက်တာထက် ပိုကောင်းပါလိမ့်မယ်။

အဲ့တာကြောင့် လူများတဲ့ ရှိုးပွဲတွေမှာ ခင်ဗျားရဲ့ iPad နဲ့ tablet တွေကို အိတ်ထဲထည့်ထားပြီး ဂီတရဲ့ သင်္ကေတ၊ ဂီတရဲ့ နိုးကြွားမှုတွေကို လွတ်လွတ်လပ်လပ်ခံစားလိုက်ပါ။ ပိုတန်ဖိုးရှိပါလိမ့်မယ်။

(၂) သင့်ရဲ့ စမတ်ဖုန်းမှာပါတဲ့ speaker ဟာ လူကြားထဲမှာ ဖွင့်ဖို့မဟုတ်

လူတောထဲမှာ၊ စားသောက်ဆိုင်နဲ့ လေဆိပ်တွေထဲမှာ.. အထူးသဖြင့် ဘတ်စ်ကားပေါ်မှာ လူတွေက ခင်ဗျားရဲ့ဖုန်းရဲ့ စပီကာက အသံဘယ်လောက်ကျယ်ပါတယ်ဆိုတာကို သိလိုခြင်းမရှိကြပါဘူး။ ဥပမာ စပီကာဖွင့်ပြီး ဖုန်းပြောတာမျိုးက ဆိုးရွားလှပါတယ်။ နောက်ပြီး ဘတ်စ်ကားပေါ်မှာ၊ coffee shop တွေမှာ ခင်ဗျားရဲ့ ဖုန်း speaker ဖွင့်ပြီး သီချင်းနားထောင်တာ၊ video ကြည့်တာကလည်း ကျန်သူတွေအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။
အဲ့တာကြောင့် ဖုန်းစပီကာပိတ်ပြီး ပတ်ဝန်းကျင်ရဲ့ ဆိတ်ငြိမ်မှု ရသကို ခံစားကြည့်ပါ။

(၃) ကားမောင်းနေစဉ် hands-free အသုံးပြုပြီး ဖုန်းပြောပါ

အမေရိကန်လို နိုင်ငံမျိုးနဲ့ ဥရောပနိုင်ငံတွေ တော်တော်များများမှာ ကားမောင်နေစဉ်အတွင်း hands-free နဲ့ပဲ ဖုန်းပြောဖို့ ကန့်သတ်ထားပါတယ်။ အကယ်၍ ဒီနိုင်ငံမှာတော့ hands-free မသုံးခဲ့ရင်လည်း ပြဿနာတော့မရှိပါဘူး။ အရေးလည်း မယူပါဘူး။ သို့ပေမဲ့ ခင်ဗျားက ကားထဲမှာ လိုက်ပါစီးနေတဲ့သူဖြစ်နေရင်တော့ တမျိုးပေါ့ဗျာ။ ဒါပေမယ့် ဒီလို hands-free အသုံးပြုတာပဲဖြစ်ဖြစ်၊ ကားမောင်းနေတဲ့အတောအတွင်း ဖုန်းမပြောတာပဲဖြစ်ဖြစ် ပြုလုပ်လိုက်တာက ခင်ဗျားကားအက်ဆီးဒင့်ဖြစ်နိုင်တဲ့ အခြေအနေကနေတော့ အတော်အတန်ကို ကင်းဝေးပါလိမ့်မယ်။ ဒါတော့ သင့်သဘောပါ။ သင့်ရဲ့ လုံခြုံရေးအတွက် သင်ပဲ ဂရုစိုက်ရမှာပါ။

(၄) အပြင်ထွက်ပြီး လမ်းလျှောက်ကြည့်ပါ

အကယ်၍ စမတ်ဖုန်းတွေရဲ့ screen ပေါ်မှာ ကျနော်လမ်းလျှောက်နေတုန်း ကျနော့်ရဲ့ရှေ့မှာဘာတွေရှိလဲဆိုတာကို ဖော်ပြပေးနိုင်တဲ့ special feature camera ပါခဲ့ရင်ဆိုပြီး အဲ့ဒီဖုန်းဟာ ကမ္ဘာ့အကောင်းဆုံးဖုန်းတလုံးဖြစ်လိမ့်မယ်ဆိုပြီး ကျနော်နောက်ပြောင်ပြီး စိတ်ကူးယဉ်တာမျိုး ရှိခဲ့ပါတယ်။

ကျနော်တို့ဟာ အပြင်ထွက်လမ်းလျှောက်နေရင်းလဲ ဖုန်း screen တပွတ်ပွတ်နဲ့ လမ်းလျှောက်နေပြီး ကျနော်တို့ရှေ့မှာ၊ ကျနော်တို့ဘေးမှာဘာတွေ ဖြစ်ပျက်နေ၊ ဘာတွေ ရှိနေလဲဆိုတာကို သတိမထားမိတော့ကြပါဘူး။ အမေရိကန်လိုနိုင်ငံမျိုးမှာလည်း လမ်းလျှောက်ရင်း ဖုန်း screen ပဲ ကြည့်နေလို့ ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း မနည်းတော့ပါဘူး။

ဒီလိုပြောလို့လည်း ကျနော်လည်း လမ်းလျှောက်နေတုန်း ဖုန်းသုံးနေတာမျိုးကို ရပ်ချင်မှ ရပ်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော့်ဘေးပတ်ဝန်းကျင်နဲ့ ကျနော့်ရှေ့မှာ ဘာတွေရှိနေလဲဆိုတာကိုတော့ ကျနော်ပို ဂရုစိုက်ဖို့ အာရုံတစ်ခုရှိလာမှာတော့ သေချာပါတယ်။

(၅) sound effect တွေကို ပိတ်ထားပါ

လူတောထဲမှာ၊ လူကြားထဲမှာ ဘတ်စ်ကားပေါ်မှာ ခင်ဗျားဖုန်းထဲ message ဝင်နေတဲ့အသံ၊ အထူးသဖြင့် viber message ဝင်နေတဲ့အသံက သင့်အတွက် သာယာနာပြောဖွယ်အသံဖြစ်ကောင်းဖြစ်လိမ့်ပေမယ့် သင့်ဘေးမှာ၊ သင့်နောက်မှာ ထိုင်နေတဲ့သူအတွက်တော့ တ တင်တင် မြည်နေတဲ့ အသံက နားငြီးလှပါတယ်။

နောက်ပြီး ခင်ဗျားက phone screen ကို ကြည့်ပြီး သုံးနေတာမို့ silent mode လုပ်ပြီးသုံးနေတာက ခင်ဗျားအဝင် message တွေကိုမသိတော့မှာလည်း မဟုတ်ပါဘူး။

(၆) So social you're anti-social

သင်ဟာ သင့်ရဲ့ အမြဲတမ်းအလုပ်များနေတဲ့ဖုန်းကိုကိုင်ပြီး statusတွေ၊ ဓါတ်ပုံတွေကို facebook မှာရှိတဲ့ သင့်သူငယ်ချင်းတွေကို မျှဝေကောင်း မျှဝေနေပေမယ့် အပြင်မှာသင့်မိသားစုတွေနဲ့ သင့်သူငယ်ချင်းနဲ့ သင် စကားစမြည်ပြောချင်မှ ပြောပါလိမ့်မယ်။
တခါတလေ Social Media တွေဟာ ကျနော်တို့ရဲ့ 2nd Life လို့ခေါ်ရမယ့် အွန်လိုင်းပေါ်က ဘဝမှာ မိတ်ဆွေတွေနဲ့ အဆက်မပြတ် ဆက်သွယ်နိုင်တဲ့ ကိရိယာတစ်ခုဖြစ်လာပေမယ့် အပြင်မှာတော့ ကျနော်တို့ဟာ မိတ်ဆွေတွေနဲ့ စကားပြောတာ၊ အပြင်ထွက်လည်တာတွေ တဖြည်းဖြည်းနည်းလာသလို ခံစားရတယ်။

ဒါကြောင့် မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ တွေ့တဲ့အခါ သင့်လက်ထဲက ဖုန်းကို ခဏတာချပြီး သင့်မိတ်ဆွေရဲ့ မျက်နှာနဲ့ မျက်နှာခြင်းဆိုင်ကာ စကားပြောကြည့်လိုက်ပါ။ စကားပြောတာ ပိုထိရောက်သလို၊ ပိုနွေးထွေးတဲ့ ခံစားမှုမျိုး ရပါလိမ့်မယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။