မိဘများ ဒီလို ပြောဆိုမိပါသလား
xxxxxxxxxxxxxxxxxxxxxxxx
ကလေးတစ်ဘက်နဲ့ ရုန်းကန်နေရတဲ့ မိဘများဟာ တစ်ခါတစ်လေမှာ စိတ်မရှည်ဖြစ်တတ်ကြတယ်။ အဲလိုအချိန်အခါ မျိုးမှာ ကလေးတွေကဆိုး၊ ကိုယ်လိုချင်တဲ့အတိုင်ြး ဖစ်မလာ၊ အလုပ်က သိပ်အဆင်မပြေတဲ့ကြားထဲ ကလေးတွေကို အော်ငေါက်ဆဲဆို မိတတ်ပါတယ်။ အချို့စကားများဟာ ကလေးမိမိကိုယ်မိမိယုံကြည် စိတ်ကို အကြီးအကျယ်ထိခိုက်ပြီး ဘ၀တစ်ခုလုံး ထိခိုက်စေတတ်တာမို့ မိဘများရှောင်ကျဉ်နိုင်ရန် တင်ပြလိုက်ပါတယ်။ သင်ကော သင့်အသက်ထက်ပင်ချစ်တဲ့ သင့်ကလေးအပေါ် အောက်ပါစကားလုံးများ ပြောဆိုမိပါသလား။
၁။ “ အာအ ” အသုံးမကျတဲ့ကောင်
အလွန်ဥာဏ်ကောင်းတဲ့ ကလေးတွေတောင်မှ မိဘက အဲလိုဆဲရင် ” အ” သွားတတ်ပါတယ်။ ကလေးရဲ့ နုနယ်တဲ့စိတ်ထဲမှာ၊ ငါတကယ် “အ” ပါလားလို့ အသိဝင်သွားရင် ပြန်ပြုပြင်ဖို့ အလွန်ခဲရင်းတတ်တယ်။ တစ်ခါတစ်လေ စကားတစ်ခွန်းတည်းနဲ့ ကလေးဘ၀တစ်ခုလုံး ဒုက္ခဖြစ်စေနိုင်ပါတယ်။
၂။ မင်းပါးစပ်ပိတ်ထားစမ်း၊ ဘာလို့ ဒီလောက်တောင်မှ စကားနားမထောင်တာလဲ
တသွေမသိမ်း လုံးဝနာခံ တဲ့ကလေးကို မိဘများ နှစ်သက်ကြပေမဲ့၊ ခေတ်အမြင်နဲ့ သုံးသပ်မယ်ဆိုရင် အဲဒီကလေးများဟာ စဉ်းစားဥာဏ်နောင့်နေးနေတတ်ပါတယ်။ မိဘများအနေနဲ့ ကလေးများကို ပြန်လည်ချေပခွင့်နဲ့ သူ့အမြင်ကိုလွတ်လပ်စွာ ပြောကြားနိုင်ဖို့ တံခါးဖွင့်ထားပေးသင့်ပါတယ်။
၃။ ငါမရဘူးဆိုရင် မရဘူးပဲ
အဖေနဲ့ အမေဆိုတာ မိဘများအတွက် မေတ္တာရှင်များပါ။ သြဇာရှင်မဟုတ်ပါ။ မိဘဆိုပေမဲ့ ကလေးများရဲ့ ရွေးချယ်မူများကို လေးစားတတ်ဖို့ လိုပါတယ်။ ငါမွေးတဲ့မျောက် ငါ့ကို ပြန်ချောက်လို့ ဘယ်ရမလဲဆိုတဲ့ အတွေးခေါ်မျိုး စွန့်လွတ်သင့်ပါပြီ။
၎။ ငါမင်းကို ဘယ်တော့မှ မပြောတော့ဘူး၊ မင်းကြိုက်သလို လုပ်တော့
သားသမီးနဲ့ စည်းခြားတဲ့ စကားမျိုးပါ။ ငါပြောတဲ့အတိုင်းလုပ်ရင်လုပ်၊ မလုပ်ရင် သားအဖမဟုတ်တော့သလိုလို အဓိပ္ဗါယ်သက်ရောက်စေပါတယ်။
၅။ မင်းသာ အမှတ် ၁၀၀ ရရင် ၊ ပထမရရင် ဘာဘာ ၀ယ်ပေးမယ်။
အကောင်းဆုံး ကြိုးစားပြီးရင် ရလဒ်က ဘာပဲဖြစ်ဖြစ် မိဘများ ကြိုဆိုအားပေးသင့်ပါတယ်။ ပထမရမှ၊ အမှတ် ၁၀၀ ရမှ၊ သားသမီးများရဲ့ ရမှတ်ကို လူမူရေးစာမျက်နာမှာ ကြွားပြရမှ၊ စတဲ့ အပြုအမူမျိုးများဟာ အပေးအယူဆန်လွန်းလှတဲ့အတွက် သားသမီးများရဲ့ အတွင်းစိတ်ကို နက်နက်နဲနဲ ထိခိုက်စေနိုင်ပါတယ်။
၆။ ထပ်မှားပြန်ပြီ၊ မင်းငတုံးပဲ
ဘာပဲလုပ်လုပ်၊ လုပ်ရင်မှားတတ်တာချည်းပါပဲ ။ သင့်ကလေးဘ၀အောင်မြင်ဖို့အတွက် အတွေ့အကြုံများများလိုအပ်ပါတယ်။ အတွေ့အကြုံ ဆိုတာ အမှားထဲက ရလာတာပါ။ များများမှားမှ အမှားထဲက များများပြင်ဆင်နိုင်မှ အရည်အတွေး ပြည့်ဝသွားမှာဖြစ်ပါတယ်။
ရ။ ကြည့်လိုက်ရင် အသုံးကျတဲ့ကောင်မဟုတ်ဘူး၊ အမိုက်ကောက်ဖြစ်မဲ့ကောင်
မိဘတိုင်းလိုလို မိမိကလေးကို လူတစ်လုံး သူတစ်လုံး ပေါက်မြောက်အောင်မြင်စေချင် ကြပါတယ်။
တစ်ခါတစ်လေ ကိုယ်လိုချင်သလို မဖြစ်လာတော့ မိုချိုးမြစ်ချိုး
ပြောချလို်က်တာမျိုး ဖြစ်တတ်ပါတယ်။ ကလေးများရဲ့ ကိုယ့်ကိုကို
ယုံကြည်စိတ်အရမ်းထိခိုက်ေ စတဲ့ စကားလုံးဖြစ်တာမို့ လုံးဝရှောင်ကျဉ်သင့်ပါတယ်။
၈။ ကလေးချင်းအတူတူပဲ၊ မင်းဘာလို့ သူများလောက် မထူးချွန်တာလဲ
ကလေးများကို ဘယ်တော့အခါမှ သူများကလေးနဲ့ မနိုင်းယှဉ်ပါနဲ့။လူဆိုတာ သူ့နေရာနဲ့သူထူးချွန်တတ်တာမို့
အားသားချက်တွေကို အားပေးအားမြောက်ပြုပြီး အားနည်းချက်တွေကို
ဖြည့်ဆည်းတဲ့နည်းလမ်းပဲ သုံးသင့်ပါတယ်။ နိုင်းယှဉ်တာ
အရမ်းဝါသနာပါနေရင်လည်း ကလေးများ မိမိကိုယ်မိမိ နိုင်းယှဉ် တတ်အောင်သာ
သင်ပေးသင့်ပါတယ်။
ကလေးအကြောင်းမရေးတာကြာလို့ ရေးသားလိုက်ပါတယ်။ အသုံးဝင်နိုင်ကြပါစေ။
Ref: WeChat
xxxxxxxxxxxxxxxxxxxxxxxx
ကလေးတစ်ဘက်နဲ့ ရုန်းကန်နေရတဲ့ မိဘများဟာ တစ်ခါတစ်လေမှာ စိတ်မရှည်ဖြစ်တတ်ကြတယ်။ အဲလိုအချိန်အခါ မျိုးမှာ ကလေးတွေကဆိုး၊ ကိုယ်လိုချင်တဲ့အတိုင်ြး
၁။ “ အာအ ” အသုံးမကျတဲ့ကောင်
အလွန်ဥာဏ်ကောင်းတဲ့ ကလေးတွေတောင်မှ မိဘက အဲလိုဆဲရင် ” အ” သွားတတ်ပါတယ်။ ကလေးရဲ့ နုနယ်တဲ့စိတ်ထဲမှာ၊ ငါတကယ် “အ” ပါလားလို့ အသိဝင်သွားရင် ပြန်ပြုပြင်ဖို့ အလွန်ခဲရင်းတတ်တယ်။ တစ်ခါတစ်လေ စကားတစ်ခွန်းတည်းနဲ့ ကလေးဘ၀တစ်ခုလုံး ဒုက္ခဖြစ်စေနိုင်ပါတယ်။
၂။ မင်းပါးစပ်ပိတ်ထားစမ်း၊ ဘာလို့ ဒီလောက်တောင်မှ စကားနားမထောင်တာလဲ
တသွေမသိမ်း လုံးဝနာခံ တဲ့ကလေးကို မိဘများ နှစ်သက်ကြပေမဲ့၊ ခေတ်အမြင်နဲ့ သုံးသပ်မယ်ဆိုရင် အဲဒီကလေးများဟာ စဉ်းစားဥာဏ်နောင့်နေးနေတတ်ပ
၃။ ငါမရဘူးဆိုရင် မရဘူးပဲ
အဖေနဲ့ အမေဆိုတာ မိဘများအတွက် မေတ္တာရှင်များပါ။ သြဇာရှင်မဟုတ်ပါ။ မိဘဆိုပေမဲ့ ကလေးများရဲ့ ရွေးချယ်မူများကို လေးစားတတ်ဖို့ လိုပါတယ်။ ငါမွေးတဲ့မျောက် ငါ့ကို ပြန်ချောက်လို့ ဘယ်ရမလဲဆိုတဲ့ အတွေးခေါ်မျိုး စွန့်လွတ်သင့်ပါပြီ။
၎။ ငါမင်းကို ဘယ်တော့မှ မပြောတော့ဘူး၊ မင်းကြိုက်သလို လုပ်တော့
သားသမီးနဲ့ စည်းခြားတဲ့ စကားမျိုးပါ။ ငါပြောတဲ့အတိုင်းလုပ်ရင်လ
၅။ မင်းသာ အမှတ် ၁၀၀ ရရင် ၊ ပထမရရင် ဘာဘာ ၀ယ်ပေးမယ်။
အကောင်းဆုံး ကြိုးစားပြီးရင် ရလဒ်က ဘာပဲဖြစ်ဖြစ် မိဘများ ကြိုဆိုအားပေးသင့်ပါတယ်။ ပထမရမှ၊ အမှတ် ၁၀၀ ရမှ၊ သားသမီးများရဲ့ ရမှတ်ကို လူမူရေးစာမျက်နာမှာ ကြွားပြရမှ၊ စတဲ့ အပြုအမူမျိုးများဟာ အပေးအယူဆန်လွန်းလှတဲ့အတွက် သားသမီးများရဲ့ အတွင်းစိတ်ကို နက်နက်နဲနဲ ထိခိုက်စေနိုင်ပါတယ်။
၆။ ထပ်မှားပြန်ပြီ၊ မင်းငတုံးပဲ
ဘာပဲလုပ်လုပ်၊ လုပ်ရင်မှားတတ်တာချည်းပါပဲ
ရ။ ကြည့်လိုက်ရင် အသုံးကျတဲ့ကောင်မဟုတ်ဘူး၊
မိဘတိုင်းလိုလို မိမိကလေးကို လူတစ်လုံး သူတစ်လုံး ပေါက်မြောက်အောင်မြင်စေချင်
၈။ ကလေးချင်းအတူတူပဲ၊ မင်းဘာလို့ သူများလောက် မထူးချွန်တာလဲ
ကလေးများကို ဘယ်တော့အခါမှ သူများကလေးနဲ့ မနိုင်းယှဉ်ပါနဲ့။လူဆိုတာ သူ့နေရာနဲ့သူထူးချွန်တတ်တာမ
ကလေးအကြောင်းမရေးတာကြာလို့
Ref: WeChat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။