ခရီးသွားတိုင်း အိမ်ရှင်နိုင်ငံတွေက
======================
ကျွန်မတို့အတွက် အကောင်းဆုံး စီစဉ်ပေးတဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ အကောင်းဆုံးဆိုတော့လည်း ခုတင်ဆိုရင် King Size (ဘုရင်ဆိုက်) နှစ်ယောက်အိပ်မျိုးထက်တော့ ဘယ်တော့မှ မသေးပါဘူး။ တစ်ခါတလေ သုံးယောက်လောက်တောင် ဆံ့တာတွေလည်းရှိပါတယ်။
ကျွန်မနဲ့ အချင်းပွားရတာကတော့ ခေါင်းအုံးကြီးတွေပါပဲ။ တစ်လုံး တစ်လုံးကိုက သုံးပေ၊ တစ်ပေခွဲလောက် မသေးဘူး။ ဒီ့အပြင် တစ်ခါတလေ ဖက်လုံးအပါဆိုရင် အားလုံးပေါင်း ခုနှစ်လုံးလောက်တောင်ရှိတယ် ။
ကျွန်မက ခေါင်းအုံးသေးသေးလေး ပြားပြားလေးနဲ့ အိပ်တတ်တဲ့သူ။ ဒီတော့
အိပ်တဲ့အခါ ခုတင်ရဲ့လေးပေခွဲကျော် အကျယ်ဝန်းကို ခေါင်းအုံးကြီးတွေ
အပိုင်စီးထားပြီး ကံကောင်းထောက်မလို့ အင်မတန်အအိပ်ငြိမ်တဲ့ ကျွန်မကတော့
အသေးဆုံးခေါင်းအုံးတစ်လုံးနဲ့ တစ်ပေခွဲအကျယ်လေးမှာ အဆင်ပြေလို့။
စည်းစိမ်မခံတတ်လိုက်တာလို့ တချို့ က ပြောမလားမသိဘူး။ ဘာဟင်းစားချင်လည်း မေးချင်လည်းမေးရင် `အာလူးဟင်း´ လို့ ပြောတတ်တဲ့ ကျွန်မကို `အညာသားရဲ့သမီးဆိုတော့ အကောင်းမကြိုက်တတ်ဘူး´ လို့ မေမေတစ်ခါက ကျေနပ်တဲ့၊ ကြင်နာတဲ့ အကြည့်နဲ့ပြောတာကို သွားမှတ်မိလိုက်တယ်။ ဖေဖေ့ကို သတိရတယ်ထင်ပါတယ်။
အညာသားရဲ့သမီး ဖြစ်လို့လားတော့ မသိပါဘူး။ ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေ က စည်းစိမ်တွေကို အားကျတဲ့စိတ်မရှိတဲ့အပြင် ဒါတွေမြင်လေလေ၊ `ကိုယ့်တိုင်းပြည်မှာ ကိုယ့်ပြည်သူပြည်သားတွေနဲ့အ တူ ရုန်းကန်ရတဲ့ ဘဝခရီးလမ်းကို လျှောက်ရတာကိုသာ နှစ်သက်၊ တန်ဖိုးထားတဲ့စိတ် ပိုမိုခိုင်မာလာပါတယ်´။
" ကျွန်မတို့ ပြည်သူ၊ ပြည်သားတွေအတွက် ကြောက်ရွံခြင်းနဲ့ ချို့ တဲ့ခြင်းမှ ကင်းဝေးတဲ့၊ လုံခြုံလွတ်လပ်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ချင်တယ်။ စည်းစိမ်လွန်တဲ့ဘဝမျိုးကိုတော့ မမက်မောစေချင်ဘူး။ အတွင်းအင်အားပြည့်ဝမှုနဲ့ ပြည့်စုံစေချင်တယ်" ။
ဘယ်နေရာပဲရောက်ရောက် တူညီတဲ့ကိစ္စတစ်ခုကတော့ ရှိပါတယ်။ "ဘယ်နေရာပဲရောက်ရောက် နွေးနွေးထွေးထွေးကြိုဆိုပြီး
တက်တက်ကြွကြွ ထောက်ခံအားပေးတဲ့ ကမ္ဘာသူ၊ ကမ္ဘာသားတွေနဲ့ တွေ့ဆုံရတဲ့အခါ
အမြဲပဲအံ့သြတယ်။ ကျေးဇူးတင်တယ်။ စေတနာ၊ မေတ္တာဆိုတာ တိုက်ယူလို့လည်းမရဘူး။
ဝယ်ယူလို့လည်းမရဘူး။ တောင်းယူလို့လည်းမရဘူး။ ပိုင်ဆိုင်ခွင့်မဟုတ်ပါဘူး။ လိုလိုလားလားပေးနိုင်မှ ရနိုင်တာပါ။ ဒါကြောင့် အမြဲပဲ မထင်မှတ်ဘဲ ရလိုက်တဲ့ရတနာလို တန်ဖိုးထားပြီး ကျေးဇူးတင်ပါတယ်"
ဒေါ်အောင်ဆန်းစုကြည်
ဒီလှိုင်း.i
15.4.2016
======================
ကျွန်မတို့အတွက် အကောင်းဆုံး စီစဉ်ပေးတဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ အကောင်းဆုံးဆိုတော့လည်း ခုတင်ဆိုရင် King Size (ဘုရင်ဆိုက်) နှစ်ယောက်အိပ်မျိုးထက်တော့ ဘယ်တော့မှ မသေးပါဘူး။ တစ်ခါတလေ သုံးယောက်လောက်တောင် ဆံ့တာတွေလည်းရှိပါတယ်။
ကျွန်မနဲ့ အချင်းပွားရတာကတော့ ခေါင်းအုံးကြီးတွေပါပဲ။ တစ်လုံး တစ်လုံးကိုက သုံးပေ၊ တစ်ပေခွဲလောက် မသေးဘူး။ ဒီ့အပြင် တစ်ခါတလေ ဖက်လုံးအပါဆိုရင် အားလုံးပေါင်း ခုနှစ်လုံးလောက်တောင်ရှိတယ်
စည်းစိမ်မခံတတ်လိုက်တာလို့ တချို့ က ပြောမလားမသိဘူး။ ဘာဟင်းစားချင်လည်း မေးချင်လည်းမေးရင် `အာလူးဟင်း´ လို့ ပြောတတ်တဲ့ ကျွန်မကို `အညာသားရဲ့သမီးဆိုတော့ အကောင်းမကြိုက်တတ်ဘူး´ လို့ မေမေတစ်ခါက ကျေနပ်တဲ့၊ ကြင်နာတဲ့ အကြည့်နဲ့ပြောတာကို သွားမှတ်မိလိုက်တယ်။ ဖေဖေ့ကို သတိရတယ်ထင်ပါတယ်။
အညာသားရဲ့သမီး ဖြစ်လို့လားတော့ မသိပါဘူး။ ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေ
" ကျွန်မတို့ ပြည်သူ၊ ပြည်သားတွေအတွက် ကြောက်ရွံခြင်းနဲ့ ချို့ တဲ့ခြင်းမှ ကင်းဝေးတဲ့၊ လုံခြုံလွတ်လပ်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ချင်တယ်။ စည်းစိမ်လွန်တဲ့ဘဝမျိုးကိုတော့ မမက်မောစေချင်ဘူး။ အတွင်းအင်အားပြည့်ဝမှုနဲ့ ပြည့်စုံစေချင်တယ်" ။
ဘယ်နေရာပဲရောက်ရောက် တူညီတဲ့ကိစ္စတစ်ခုကတော့ ရှိပါတယ်။ "ဘယ်နေရာပဲရောက်ရောက် နွေးနွေးထွေးထွေးကြိုဆိုပြီ
ဒေါ်အောင်ဆန်းစုကြည်
ဒီလှိုင်း.i
15.4.2016
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။