ဆင်းရဲနွမ်းပါးမှုများအားငွေ ကြေးကူညီခြင်းသည် မှန်ကန်သောနည်းလမ်းမဟုတ်ပါ။ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ထုတ်ပေးခြင်းသည်လည်း မှန်ကန်သောစနစ်မဟုတ်။ SME များကိုငွေချေးခြင်းသည်လည်း တိုးတက်အောင်မြင်မှု၏ လမ်းစမဟုတ်ပါ။ ငွေကြေးသည် အတိုင်းအဆမသိမှုနှင့် အမှန်တကယ်စီမံခန့်ခွဲသုံးစွဲတတ်မှု
မရှိသဖြင့် လည်ပတ်မှုတာရှည်မခံနိုင်ပဲ ဆင်းရဲနွမ်းပါးသူများတွင်
ရင်းနှီးလည်ပတ်သော ငွေများပျောက်ဆုံးသွားပြီး ဆင်းရဲတွင်းနက်ပြီးရင်း နက်၍ နလံမထူနိုင်ခြင်းဖြစ်ပေသည်။ များသောအားဖြင့် ဆင်းရဲနွမ်းပါသူများသည် ပညာမတတ်ခြင်းနှင့် ၀င်ငွေထွက်ငွေမျှချေရှိသော အတိုင်းအဆကိုစီမံခန့်ခွဲနို င်မှုမရှိခြင်း မှာအဓိက ဖြစ်လေသည်။ မိတ်ဆွေထိုသူတို့အားငွေသုံး သိန်းချေးကြည့်ပေးပါ။ အတိုးမယူပဲနေ့စဉ် တစ်ထောင်ပြန်ဆပ်ပေးပါဟုဆိုရ င်လည်း နှစ်ဝက်မပြည်မီ ရင်းနှီးလည်ပတ်ငွေများကုန်၍ အကြွေး ဆပ်ရန်ပင်ခက်ခဲသည့်အခြေအနေသို့ ဆိုက်ရောက်နေပေမည်။ လူတိုင်းမဟုတ်သော်လည်း အနည်းဆုံး (၅၀)ရာခိုင်နှုန်းမှာ အသုံးနှင့်အဖြုန်းမျှတစွာသုံးစွဲတတ်မှု မရှိခြင်းမှာ အဓိကအကြောင်း အရင်းဖြစ်ပေသည်။
ထိုကြောင့် ငွေထုတ်ပေးခြင်းထက် တစ်နိုင်တစ်ပိုင်အရောင်းအ၀ယ်
လုပ်ချင်သော ကုန်ပစ္စည်းအားထုတ်ပေးပြီး အရင်းဆပ်၍ နောက်ထပ် ကုန်ပစ္စည်း
ထုတ်ပေးသောစနစ် (သို့မဟုတ်) လက်လုပ်လက်စားများအား ၄င်းတို့မိသားစု၏
ပညာရေး၊ကျန်းမာရေးများနှင့် နေထိုင်ရေးကိစ္စများ အားကူညီစောင့်ရှောက်ပေးခြင်းများပြန်လုပ်ပေးပါက ပို၍ထိရောက် အဆင်ပြေမည်ဟု ကျွန်တော်၏ လက်တွေ့အတွေ့အကြုံများအရ အကြံပြုတင်ပြရခြင်း ဖြစ်ပါသည်။
ထိုနည်းတူစွာပင် တောင်သူလယ်သမားများအား ချေးငွေပေးခြင်းထက် စိုက်ပျိုးမျိုးစေ့များ ဖြန့်ဝေပေးခြင်း၊ ဓာတ်မြေသြဇာများ အကြွေးစနစ်ဖြင့် ထုတ်ပေးခြင်း၊ ထွန်ယက်မှုအပိုင်း တွင်လည်းဈေးနှုန်းသက်သာ စွာဖြင့် နိုင်ငံတော်မှကူညီဖြေရှင်းေ ပးခြင်းသည် ပံ့ပိုးမှုအပိုင်း များကိုသာ ဆောင်ရွက်ပေးသင့်သည်ဟု ထင်ပါသည်။ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဘေးဒုက္ခကြုံရပါက ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသည့်အခါတွင်လည်း မှန်မှန်ကန်ကန် စစ်ဆေးဆုံးဖြတ်သည့် အဖွဲ့အစည်းများလိုအပ်နေပြီး လက်သင့်ရာစားတော်ခေါ်ပြီး အကူအညီရသူရ မရသူမရအဖြစ်မျိုးများမှလည်း
ကင်းဝေးရန်လိုအပ်သည်ဟု အကြံပြုချင် ပါသည်။ SME များမှာလည်း
ကုန်ထုတ်လုပ်ရန်အတွက် စက်ကိရိယာ နည်းပညာနှင့် စက်ရုံအလုပ်ရုံနေရာများ
လျှပ်စစ်ဓာတ် အလုံအလောက် ရရှိရေး စသည့်ပံ့ပိုးမှုများ ပေးရန်လိုအပ်သလို
ထုတ်လုပ်သောကုန်ပစ္စည်းအား အရည်အသွေးစစ်ဆေးပြီး ၀ိုင်းကြီးချုပ်ဖြင့်
တာဝန်ယူဖြန့်ဖြူးရောင်းချပေးသည့် စီးပွားရေးလုပ်ငန်းရှင်နှင့်  အဖွဲ့အစည်းများလိုအပ်နေပေသည်။ ၀ိုင်ကြီးချုပ်လုပ်ငန်းရှင် များရှိနေသော်လည်း အမြတ်ကြီးစား တစ်ဘို့တည်း သမားများ သာလျှင်များကြပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး စေတနာထား၍ Win-Win သီအိုရီမရှိသောအခြေအနေများ မှာလည်း SME များကို ကယ်တင်ရန် ခက်ခဲနေခြင်းဖြစ်ပေသည်။
ကျွန်တော် ရပ်ကွက်များ၊ ကျေးရွာများသို့ စည်းရုံးရေးဖြင့်ရောက်ရှိခဲ့ စဉ်က ဗဟုသုတ အဖြစ် စုံစမ်းမေးမြန်းသည့်အခါ တစ်နိုင်တစ်ပိုင် အိမ်တွင်းအထည်ချုပ်များ အတော်များများနှင့် ဖိနပ်ချုပ်လုပ်ငန်းများတွေ့ ရှိခဲ့ဖူးပါသည်။ အဆင့်ဆင့်ဖောက်သည်ယူပြီး အဆင့်ဆင့်သော လုပ်အားခ၊ ခေါင်းပုံဖြတ်သည့်စနစ်ကြောင့် နောက်ဆုံး စက်ချုပ်သမားများမှာ ၀ိုင်းကြီးချုပ်ဒိုင်မှ ပေးသော(၁၀၀)နှုန်းမရပဲ (၈၀)နှုန်းသာရသည့် သဘောများ ကိုလည်းတွေ့ရပေသည်။
ဤစနစ်၏ အခြေခံသဘောတရားမှာ Cooperative သမ၀ါယမ စနစ်ဖြစ်ပြီး လုပ်ငန်းရှင် ၀ိုင်းကြီးချုပ်နှင့် စက်ရုံအလုပ်ရုံခွဲများကြား ပွဲစားမပါတိုက်ရိုက်ဆက်ဆံသော စနစ်များဖြစ်ထွန်း လာအောင် ဆောင် ရွက်ပေးနိုင်လျင် SME များအဆင်ပြေတိုးတက်မှုများပို၍ ရှိလာမည်ဖြစ်ပြီး QC ပိုင်းတွင်လည်း ပို၍မြင့်တက်လာမည်ဖြစ်ပေသည် ။ သို့သော်လက်ရှိ အခြေအနေတွင်ကား စနစ်တကျ ပုံဖော်ဆောင်ရွက်ပေးနိုင်မည့် လူမှုအဖွဲ့ အစည်း များနှင့် ကျွမ်းကျင်သူ အဖွဲ့အစည်းများ၏ ပံ့ပိုးမှုများလိုအပ်နေကြောင်း အကြံပြုဖော်ပြအပ်ပါသည်။
Writer' Hla Lay Sein
ထိုကြောင့် ငွေထုတ်ပေးခြင်းထက် တစ်နိုင်တစ်ပိုင်အရောင်းအ၀ယ
ထိုနည်းတူစွာပင် တောင်သူလယ်သမားများအား ချေးငွေပေးခြင်းထက် စိုက်ပျိုးမျိုးစေ့များ ဖြန့်ဝေပေးခြင်း၊ ဓာတ်မြေသြဇာများ အကြွေးစနစ်ဖြင့် ထုတ်ပေးခြင်း၊ ထွန်ယက်မှုအပိုင်း တွင်လည်းဈေးနှုန်းသက်သာ စွာဖြင့် နိုင်ငံတော်မှကူညီဖြေရှင်းေ
ကျွန်တော် ရပ်ကွက်များ၊ ကျေးရွာများသို့ စည်းရုံးရေးဖြင့်ရောက်ရှိခဲ
ဤစနစ်၏ အခြေခံသဘောတရားမှာ Cooperative သမ၀ါယမ စနစ်ဖြစ်ပြီး လုပ်ငန်းရှင် ၀ိုင်းကြီးချုပ်နှင့် စက်ရုံအလုပ်ရုံခွဲများကြား ပွဲစားမပါတိုက်ရိုက်ဆက်ဆံသေ
Writer' Hla Lay Sein
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။