Yahoo ကျဆုံးခန်းကရတဲ့ အမြတ်
အရင်က search engine ဘုရင်ကြီးဖြစ်တဲ့ Yahooကို telecom giant Verizon က ၀ယ်လိုက်ပါပြီ။ ဒေါ်လာ ၁၂၅ ဘီလီယံလောက်တန်ခဲ့တဲ့ Yahoo ဟာ အခု Google နဲ့ Facebook ရနေတဲ့နေရာမျိုးကို အစောကြီးရခဲ့ပေမယ့် အောင်မြင်မှုကို မထိန်းနိုင်ပဲ ခုလိုမျိုး ဒေါ်လာ ၄.၈ဘီလီယံနဲ့ ထိုးရောင်းလိုက်ရတာပါ။
နည်းပညာလောကဟာ ဘီလူးသတ်လောက giant slayer လို့ ပြောရလောက်အောင် အကောင်ကြီးတွေ အကျအဆုံးများပါတယ်။ လူတိုင်းလက်ထဲမှာ ရှိခဲ့တဲ့ Nokia ဖုန်း လူမသိသူမသိနဲ့ ပျောက်သွားပါတယ်၊ Blackberry မကိုင်ရင် မဖြစ်အောင် တစ်ခေတ်ထလိုက်ပြီး ပြန်ပြုတ်သွားတယ်၊ ဖလင်ကင်မရာကုမ္ဗဏီကြီးဖြစ်တဲ့ 
Kodak ဒစ်ဂျစ်တယ်ကင်မရာခေတ်ကို မလိုက်နိုင်ဘဲ ပြိုသွားတယ်။
ခေတ်နဲ့အမီလိုက် စားသုံးသူတွေအကြိုက် မတီထွင်နိုင်ရင်၊ နည်းပညာရေစီးကို
မျက်ခြည်ပြတ်ရင် ဘယ်လောက်ကြီးကြီး ကျဆုံးရတာ။
တစ်ဘက်မှာလည်း သာမညောင်ညထင်ရတဲ့ လုပ်ငန်းလေးတွေ၊ ချာတိတ်တွေ ထထောင်တဲ့ လုပ်ငန်းတွေဟာ အချိန်တိုအတွင်း ကမ္ဘာကို အုပ်စီးနိုင်လောက်အောင် ကြီးနိုင်တာလည်း ဒီ နည်းပညာလောကပဲ။ တော်တော်များများက ဂိုဒေါင်ထဲက ထွက်လာကြတယ်။ ယှဉ်ပြရရင် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ဗဏီအဖြစ် ရောက်ခဲ့တဲ့ ရေနံလုပ်ငန်း Exxon Mobil အရင် Standard Oil ဟာ ၁၈၇၀က ထောင်တာ၊ နှစ်ပေါင်းကြာလှပြီ။ ဒါပေမယ့် Google ရဲ့ မိဘကုမ္ဗဏီဖြစ်တဲ့ Alphabet ဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ဗဏီဖြစ်ဖို့
၁၇နှစ်ပဲ ကြာပါတယ်။ တန်ဖိုးအကြီးဆုံး ကုမ္ဗဏီအဖြစ် တောက်လျှောက်ပါနေတဲ့
Apple ဟာ ၁၉၇၆က ထောင်ခဲ့တာ။ Microsoft ဆို ၁၉၇၅က ထောင်ခဲ့တာ။
လူငယ်တွေ၊ လုပ်ငန်းနောက်ကျမှ ထောင်သူတွေအတွက် traditional business ရိုးရာလုပ်ငန်းတွေ၊ legacy business လို့ခေါ်တဲ့ ရှေးဟောင်း လုပ်ငန်းတွေဝင်လုပ်ရင် အရင်လူတွေကို လိုက်ဖို့မလွယ်သလို ကြီးထွားနှုန်းလည်း နှေးပါလိမ့်မယ်။ tech business တွေဆိုရင်တော့ အကြီးမြန်ပြီး မြန်မာဈေးကွက်တစ်ခုလုံး ရသွားနိုင်ပါတယ်။
နှစ်ချက် သင်ခန်းစာယူစရာပါ။ အကောင်ကြီးတဲ့ လုပ်ငန်းတွေ မိန်းမောနေရင် အသေလွယ်တဲ့ခေတ်ပါ၊ brand name၊ သိက္ခာ၊ အသက်ဘယ်လောက်ကြီးသလဲ နည်းပညာခေတ်က ထည့်မစဉ်းစားပါဘူး။ နောက်တစ်ချက်က၊ တည်ထောင်သူအနေနဲ့ စိတ်လှုပ်ရှားချင်ရင်၊ အကြီးမြန်ချင်ရင် tech လောကကို ရွေးရပါမယ်။ လုပ်ရည်ကိုင်ရည်ကောင်း၊ ကံကောင်းရင် ကမ္ဘာတောင် ကြီးစိုးနိုင်ပါလိမ့်မယ်။
Writer' Zeyathu
အရင်က search engine ဘုရင်ကြီးဖြစ်တဲ့ Yahooကို telecom giant Verizon က ၀ယ်လိုက်ပါပြီ။ ဒေါ်လာ ၁၂၅ ဘီလီယံလောက်တန်ခဲ့တဲ့ Yahoo ဟာ အခု Google နဲ့ Facebook ရနေတဲ့နေရာမျိုးကို အစောကြီးရခဲ့ပေမယ့် အောင်မြင်မှုကို မထိန်းနိုင်ပဲ ခုလိုမျိုး ဒေါ်လာ ၄.၈ဘီလီယံနဲ့ ထိုးရောင်းလိုက်ရတာပါ။
နည်းပညာလောကဟာ ဘီလူးသတ်လောက giant slayer လို့ ပြောရလောက်အောင် အကောင်ကြီးတွေ အကျအဆုံးများပါတယ်။ လူတိုင်းလက်ထဲမှာ ရှိခဲ့တဲ့ Nokia ဖုန်း လူမသိသူမသိနဲ့ ပျောက်သွားပါတယ်၊ Blackberry မကိုင်ရင် မဖြစ်အောင် တစ်ခေတ်ထလိုက်ပြီး ပြန်ပြုတ်သွားတယ်၊ ဖလင်ကင်မရာကုမ္ဗဏီကြီးဖြစ်တဲ
တစ်ဘက်မှာလည်း သာမညောင်ညထင်ရတဲ့ လုပ်ငန်းလေးတွေ၊ ချာတိတ်တွေ ထထောင်တဲ့ လုပ်ငန်းတွေဟာ အချိန်တိုအတွင်း ကမ္ဘာကို အုပ်စီးနိုင်လောက်အောင် ကြီးနိုင်တာလည်း ဒီ နည်းပညာလောကပဲ။ တော်တော်များများက ဂိုဒေါင်ထဲက ထွက်လာကြတယ်။ ယှဉ်ပြရရင် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ဗဏီအဖြစ် ရောက်ခဲ့တဲ့ ရေနံလုပ်ငန်း Exxon Mobil အရင် Standard Oil ဟာ ၁၈၇၀က ထောင်တာ၊ နှစ်ပေါင်းကြာလှပြီ။ ဒါပေမယ့် Google ရဲ့ မိဘကုမ္ဗဏီဖြစ်တဲ့ Alphabet ဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ဗဏ
လူငယ်တွေ၊ လုပ်ငန်းနောက်ကျမှ ထောင်သူတွေအတွက် traditional business ရိုးရာလုပ်ငန်းတွေ၊ legacy business လို့ခေါ်တဲ့ ရှေးဟောင်း လုပ်ငန်းတွေဝင်လုပ်ရင် အရင်လူတွေကို လိုက်ဖို့မလွယ်သလို ကြီးထွားနှုန်းလည်း နှေးပါလိမ့်မယ်။ tech business တွေဆိုရင်တော့ အကြီးမြန်ပြီး မြန်မာဈေးကွက်တစ်ခုလုံး ရသွားနိုင်ပါတယ်။
နှစ်ချက် သင်ခန်းစာယူစရာပါ။ အကောင်ကြီးတဲ့ လုပ်ငန်းတွေ မိန်းမောနေရင် အသေလွယ်တဲ့ခေတ်ပါ၊ brand name၊ သိက္ခာ၊ အသက်ဘယ်လောက်ကြီးသလဲ နည်းပညာခေတ်က ထည့်မစဉ်းစားပါဘူး။ နောက်တစ်ချက်က၊ တည်ထောင်သူအနေနဲ့ စိတ်လှုပ်ရှားချင်ရင်၊ အကြီးမြန်ချင်ရင် tech လောကကို ရွေးရပါမယ်။ လုပ်ရည်ကိုင်ရည်ကောင်း၊ ကံကောင်းရင် ကမ္ဘာတောင် ကြီးစိုးနိုင်ပါလိမ့်မယ်။
Writer' Zeyathu
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။