Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, July 30, 2016

ခေတ်သစ် အယ်ဒီဆင် (သို့မဟုတ်) အရှုံးပေါင်း ၉,၅၂၉ ကြိမ် ကြုံတွေ့ပြီးမှ အောင်မြင်လာသူ။

ခေတ်သစ် အယ်ဒီဆင် (သို့မဟုတ်) အရှုံးပေါင်း ၉,၅၂၉ ကြိမ် ကြုံတွေ့ပြီးမှ အောင်မြင်လာသူ။

သောမတ်စ့်အယ်ဒီဆင် (Thomas Edison) ဟာ လျှပ်စစ်မီးလုံးကို တီထွင်ခဲ့စဉ်က မီးလုံးအတွင်းက နန်းကြိုးမျှင်ကို လျှပ်စစ်လွှတ်လိုက်ရင် အလင်းရောင်ပေါ်လာနိုင်စေဖို့ သတ္တုအမျိုးမျိုးနဲ့ အကြိမ်ပေါင်း ၁,၀၀၀ လောက် စမ်းသပ်ခဲ့ရတယ်။ နောက်ဆုံးကျမှ တန်စတင်းသတ္တုမျှင်သုံးပြီး လျှပ်စစ်မီးလုံးကို တီထွင်နိုင်ခဲ့တယ်။ မအောင်မြင် ကျရှုံးမှုနဲ့ ကြုံတွေ့တိုင်း လက်မလျှော့ ဆက်ကြိုးစားဖို့ ပြောရင် အယ်ဒီဆင်ကို စံထားပြောလေ့ရှိကြပါတယ်။

အခုခေတ်မှာ သူ့လို လူမျိုးတစ်ယာက် ရှိနေပါတယ်။ သူဟာ ရှုံးနိမ့်မှုပေါင်း ၉,၅၂၉ ကြိမ် ကြုံတွေ့ခဲ့ပေမဲ့ အရှုံးမပေးလို့ နောက်ဆုံးမှာ အောင်မြင်သွားသူပါ။ သူ့နာမည်က Tom Corley ပါ။

Tom အသက် ၉ နှစ်သားအရွယ်မှာ သူ့မိဘတွေဟာ ဒေါ်လာ ၁၀ သန်းတန်တဲ့ ကုန်တိုက်ကြီး မီးလောင်သွားလို့ မီလျံနာသူဋ္ဌေးဘဝကနေ နေ့ချင်းညချင်း မွဲသွားကြတယ်။ သူဟာ နောက် ၁၄ နှစ်တာကလမှာ ဆင်းရဲပင်ပန်းစွာနဲ့ အသက်မွေးခဲ့ရတယ်။

၂၃ နှစ်အရွယ်မှာ အောင်မြင်သူတွေနဲ့ ရှုံးနိမ့်သူတွေ ဘာများကွာခြားသလဲဆိုတာ သိချင်လာတယ်။ ဒီတော့ သူဟာ မီလျံနာသူဋ္ဌေး ၂၂၃ ယောက်နဲ့ ဆင်းရဲသူ ၁၂၈ ကို သူတို့ နေ့စဉ်ဘာတွေ လုပ်သလဲဆိုတာ တွေ့ဆုံမေးမြန်းစောင့်ကြည့်တာတွေ လုပ်နေခဲ့တယ်။ ၅ နှစ်အကြာမှာ သူဟာ အောင်မြင်သူတွေနဲ့ ဆင်းရဲသားတွေရဲ့ နေ့စဉ်ပြုမူ ပြောဆိုတာတွေဟာ အများကြီးကွာခြားနေတယ်၊ ဘာတွေကွာခြားတယ်ဆိုတဲ့ အချက်တွေကို တွေ့ရှိလိုက်တယ်။

သူ့ရဲ့တွေ့ရှိချက်တွေကို လူတွေကို ပြောပြချင်လို့ Rich Habits: The Daily Success Habits of Wealthy Individuals" ဆိုတဲ့ စာအုပ်ကို ရေးလိုက်တယ်။

စာအုပ်ကိုတော့ ရေးပြီး သွားပြီ။ လူတွေဖတ်အောင် လူတွေလက်ထဲ ရောက်အောင် လုပ်ဖို့ လိုလာပြီ။ Tom က သူ့အတွေ့အကြုံကို ခုလို ပြောပြပါတယ်။

# ၁၄၄ ကြိမ် ကျရှုံးခြင်း
ကျနော့်စာမူကို မိတ္တူကူးပြီး စာပေပွဲစား (literary agents) ၁၄၄ ယောက်ဆီကို စာအုပ်ထုတ်ဝေသူရှာပေးဖို့ ပို့လိုက်တယ်။ ပွဲစား ၃၀ ဆီက အကြောင်းပြန်ကြားလာပါတယ်။ ဆောရီးပါ။ ထုတ်ဝေချင်သူ မတွေ့ပါဘူးတဲ့။ ကျနော် လက်မလျှော့ပါဘူး။

# ၁၃၆ ကြိမ် ကျရှုံးခြင်း
ကျနော်ဟာ စာအုပ်ထုတ်ဝေမဲ့သူကို ကိုယ်တိုင်ဆက်သွယ်တယ်။ ၆ လအတွင်း ထုတ်ဝေသူပေါင်း ၁၃၆ ယောက်နဲ့ တွေ့ပြီး ဆွေးနွေးတယ်။ အားလုံးက No ဆိုတဲ့ အဖြေပဲ ပေးတယ်။ ကံကောင်းချင်တော့ ထုတ်ဝေချင်သူ တစ်ယောက်နဲ့ တွေ့တယ်။ ကံဆိုးချင်တော့ သူနဲ့ဆွေးနွေးပြီး တစ်လအကြာမှာ သူ့ကုမ္ပဏီဟာ ဒေဝါလီ ခံသွားရတယ်။ ကိုယ်တိုင်ပဲ စာအုပ်ထုတ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

# ၁,၀၀၀ ကြိမ် ကျရှုံးခြင်း
ကျနော်ဟာ စာအုပ်ဝေဖန်ရေးသမား ၁,၀၀၀ ဆီကို အီးမေးနဲ့ စာမူကို ပို့ပေးလိုက်တယ်။ သူတို့ သဘောကျရင် ကျနော့စာအုပ်အပေါ် ဝေဖန်ချက်ကို သတင်းစာမှာ ရေးပေးနိုင်လို့ပါ။ ဘယ်သူ့ဆီကမှ အီးမေးပြန်မလာပါဘူး။ မြို့ပေါ်က The Asbury Park Press သတင်းစာတိုက်ကို ကိုယ်တိုင်သွားပြီး စာမူသွားပို့ပေးတယ်။ အကြောင်း မပြန်ပါဘူး။ ဒါပေမဲ့ ကျနော်ကတော့ ဆက်လက်ကြိုးစားနေဆဲပါ။

# ၁,၉၀၀ ကြိမ် ကျရှုံးခြင်း
၁၈ လကြာအောင် အထက်တန်းကျောင်းနဲ့ ကောလိပ်တွေ၊ စာကြည့်တိုက်တွေနဲ့ ကုမ္ပဏီတွေက လူပေါင်း ၂,၀၀၀ ကို စာအုပ်ကို လိုက်ရောင်းတယ်။ လူအယောက် ၁၀၀ ကတော့ စာအုပ်ကို ဝယ်လိုက်ကြတယ်။

# ၁,၈၅၀ ကြိမ် ကျရှုံးခြင်း
ကျနော် ၂ နှစ်တိတိ ရေဒီယိုအသံလွှင့်ရုံ ၂,၀၀၀ ကို ဖုန်းဆက်ပြီး စာအုပ်အကြောင်း ပြောခွင့်ပေးဖို့ ပြောတယ်။ အသံလွှင့်ရုံ ၁၅၀ မှာ ပြောခွင့်ရတယ်။ ဟောပြောပွဲ တက်ရောက်လာသူတွေကို စာအုပ် ၇၀၀ ရောင်းလိုက်ရတယ်။ စာအုပ် ၅၀၀ ကတော့ အသံလွှင့်ရုံတစ်ခုထဲမှာတင် ရောင်းလိုက်ရတာပါ။ အောင်မြင်ဖို့ လမ်းစလေး ရေးရေးတော့ ပေါ်လာပြီ။

# ၂,၄၉၉ ကြိမ် ကျရှုံးခြင်း
ကျနော် အမေရိကန်တနိုင်ငံလုံးက သတင်းစာအယ်ဒီတာပေါင်း ၂,၅၀၀ ဆီကို ကျနော့်စာအုပ်ထဲက ထုတ်နူတ်ချက်လေးတွေကို ပို့ပေးလိုက်တယ်။ သူတို့သတင်းစာတွေမှာ ဖေါ်ပြပေးဖို့ပါ။ The New Jersey Star Ledger သတင်းစာက အယ်ဒီတာက ကျနော့ကို ခေါ်တွေ့ပြီး အင်တာဗျူးလုပ်တယ်။ ထုတ်နူတ်ချက်ကို သတင်းစာမှာ ဖေါ်ပြခံရပြီး မကြာခင်မှာ စာအုပ် ၁၇၃ အုပ် ရောင်းလိုက်ရတယ်။

# ၂,၀၀၀ ကြိမ် ကျရှုံးခြင်း
ကျနော်ဟာ စာအုပ်ရောင်းရတဲ့ ပိုက်ဆံနဲ့ စကောလားရှစ်ပညာသင်ဆုပေးမဲ့ ရန်ပုံငွေအဖွဲ့ ထူထောင်လိုက်တယ်။ အဖွဲ့ရဲ နာမည်ကို ကျနော့်စာအုပ်နာမည်ဖြစ်တဲ့ "Rich Habits" လို့ နာမည်ပေးထားတယ်။ ကျောင်းသားတွေနဲ့ မိဘတွေ စုစုပေါင်းလူ ၂,၀၀၀ ဆီ စကောလားရှစ်လျှောက်လွှာတွေကို အီးမေးနဲ့ ပို့ပေးလိုက်တယ်။ လျှောက်လွှာ ၂ စောင်တော့ ပြန်လာတယ်။ ပြန်ဆက်သွယ်ဖို့ လိပ်စာပါမလာဘူး။ အဲဒီလျှောက်လွှာ ၂ စောင်ကို ယနေ့ထိ အမှတ်တရ သိမ်းထားပါတယ်။

Lauri Flaquer ဆိုတဲ့ အယ်ဒီတာအမျိုးသမီးက ကျနော့်ကို ဆက်သွယ်လာတယ်။ သူတို့ရဲ့ TV Show အစီအစဉ် Focus Forward မှာ ကျနော့်စာအုပ်အကြောင်း အင်တာဗျူးလုပ်ချင်ပါတယ်တဲ့။ အင်တာဗျူး လုပ်ပြီးသွားတော့ Lauri က ကျနော့်စာအုပ်ကို ထုတ်ဝေမယ်လို့ ကမ်းလှမ်းလာတယ်။ ကျနော် နှစ်ပေါင်းများစွာ စောင့်စားနေခဲ့တဲ့ အခွင့်အရေးကို ဘယ်ငြင်းနိုင်ပါ့မလဲ။ Lauri ရဲ့ အကြံပြုချက်အတိုင်း ကျနော့်ကို လူတွေသိစေဖို့ ကျနော့်ရဲ့ ဘလော့၊ ဖေ့ဘုတ်နဲ့ Twitter တွေမှာ ဆောင်းပါးလေးတွေ စရေးလိုက်တယ်။

မကြာခင်မှာ ကျနော့်ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေမဲ့ အီးမေးတစ်စောင်ကို လက်ခံရရှိလိုက်တယ်။ အီးမေး ပို့သူက ကျော်ကြားတဲ့ Yahoo internet show ဖြစ်တဲ့ Financially Fit တီဗွီအစီအစဉ်ကို တင်ဆက်သူ အမျိုးသမီး တိုရာဘီပါ။ သူက Twitter မှာဖတ်ရတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကြိုက်လွန်းလို့ ကျနော့်နဲ့ စာအုပ်အကြောင်း အင်တာဗျူး လုပ်ချင်ပါတယ်တဲ့။ အင်တာဗျူးအစီအစဉ်ကို လူပေါင်း ၂ သန်းကျော် ကြည့်ခဲ့ကြတယ်။

မကြာခင်မှာပဲ ကျနော့်ရဲ့ "Rich Habits" စာအုပ်ဟာ အုပ်ရေ ၁၂,၀၀၀ ရောင်းချရပြီး Amazon ရဲ့ အရောင်းရဆုံးစာအုပ်တွေမှာ အဆင့် ၇ ချိတ်သွားခဲ့တယ်။ Best Sellr စာရင်းဝင် တစ်ယောက် ဖြစ်လာခဲ့တယ်။ ကျနော် အခု ဒီစာကို ရေးတဲ့အချိန် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အထိ Rich Habits အုပ်ရေပေါင်း ဘယ်လောက် ရောင်းရပြီလဲ။ အုပ်ရေ တစ်သိန်းရောင်းရပြီလား၊ တစ်သန်းရောင်းရပြီလားဆိုတာထက် ကျနော့်ခေါင်းထဲမှာ တွေးနေမိတာက ကျနော်သာ စောစောက ပြောခဲ့တဲ့ ကျရှုံးမှုတွေကြောင့် လက်လျှော့လိုက်မယ်ဆိုရင် ဒီအခြေအနေ ရောက်မလာဘူးဆိုတာပါ။

ကျနော် ပြောပြချင်တာက "သင် လက်မလျှော့သေးသရွေ့ ကျရှုံးမှု မဟုတ်သေးပါဘူး။ လက်လျှော့လိုက်ပြီဆိုရင်တော့ အဲဒါ တကယ်ကျရှုံးမှုပါပဲ"။

Tom အပေါ်မှာ ပြောပြခဲ့တဲ့ ကျရှုံးတဲ့ အကြိမ်တွေကို ပေါင်းကြည့်လိုက်ရင် စုစုပေါင်း အကြိမ် ၉,၅၂၉ ရှိပါတယ်။

သင့်ဘဝမှာ တခုခုလုပ်လို့ တစ်ကြိမ်၊ ၂ ကြိမ် ကျရှုံးရုံနဲ့ လက်လျှော့ရှုံးပေးသင့်ပါသလားဆိုတာ စဉ်းစားစေချင်ပါတယ်။

# ဖြည့်စွက်ချက်။
Tom Corley ဟာ Rich Habits စာအုပ် သန်းချီရောင်းရပြီးနောက် သူ့လေ့လာတွေ့ရှိချက်တွေကို အခြေခံပြီး ချမ်းသာအောင်လုပ်နည်း၊ အောင်မြင်ရေးနည်း စာအုပ်တွေ ထပ်ရေးပြီး ထုတ်ဝေလိုက်ပါတယ်။ သူ့စာအုပ်တွေဟာ ကမ္ဘာမှာ ဒေါ်လာသန်းချီရောင်းရတယ်။ ဟောပြောပွဲတွေမှာ စကားပြောရင် ဒေါ်လာသန်းချီရတယ်။ သူဟာ အခု မီလျံနာတစ်ယောက် ဖြစ်နေပါပြီ။

ဗန်းမော်သိန်းဖေ
၃၀-၀၇-၂၀၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။