ညီမလေးသို့ ( ၁ )
**************
ခုတော့ အချိန်နာရီ ရဲ့ စက်ဝန်းအောက်မှာ
အသက် ဆိုတဲ့ မတည်မြဲခြင်းတွေ
ရွှေ့လျှားကြီးပြင်းလာပြီနော်
အသက်တစ်ရက် ကြီးတိုင်းလည်း
သေ ဖို့ တစ်ရက်နီးလာခဲ့ပြီ……!
အသက်အရွယ် ကြီးရင့်လာခြင်းသည်
အတွေးအခေါ် ရင့်ကျတ်ခြင်းနဲ့
တိုက်ရိုက်အချိုးမကျပါဘူး…… !
ဒီ လောကဓံမြို့ရဲ့ ဘဝ အစိတ်အပိုင်းလေးမှာ
တစ်ဦးနဲ့တစ်ဦး အားကျနေကြတယ်
ဘယ်လောက် အောင်မြင်သူပဲ ဖြစ်ဖြစ် သူလည်း ဒီလမ်းသွားရမယ်လေ……!
ပြန်တွေးကြည့်ဖူးလား ဟိုးအတိတ်ကို ရင်ထဲထည့်
အပြစ်ကင်းတဲ့ ခလေး ဘဝ ဘယ်လောက်
အပူပင်ကင်းခဲ့မလဲ……!
ညီမလေး မှာ မျက်နှာလှပ ဖို့ထက်
အလိုလိုက် ခံရ ရင်
လိုချင်တာရရင်
ဂရုစိုက် ခံရ ရင်ပျော်နေတတ်တာလေ
အချစ်စရာအကောင်းဆုံး အချိန်လေးပေါ့……!
မနာလိုခြင်းလည်း မရှိဘူး
စိုးရိမ်ပူပင်မှုလည်းနည်းတယ်
ပေါ့ပေါ့ပါးပါးပဲနော်
ခုတော့ အတိတ်ဆိုတဲ့အတိုင်း
တိတ်ဆိတ်ခဲ့ပြီး……!
ဒီနေ့ ညီမလေး အသက် တစ်ရက်ကြီးလာပြန်ပြီ
အပျာ်အပါးနောက် လိုက်ဦးမှာလား
လိုအပ်ချက်ကြောင့် ရုန်းကန် နေမှာလား
ဒါမှမဟုတ် အချစ်ဆိုတဲ့ ဝဲဂယက်ထဲ
ခေါင်းနစ် နေမှာလား အကို မသိဘူး……!
စံပယ်ပန်းလေးတွေ ဖြူစင်လိုက်တာ
မွှေးပျံ လိုက်တာ သူဂုဏ်သတင်းကို
လေညှင်းက ထောက်ပံ့ပေးတယ်……!
ညီမလေးရဲ ဂုဏ်သတင်းအတွက် အကျင့်သီလ
နေထိုင်မှုတွေက ထောက်ပံ့ပေးနေမှာပါ……!
မိသားစု အခြေအနေကြောင့်
သူများကို အားကျမိတယ်ဆိုလည်း
ကိုယ့်အောက်ကို တစ်ချက်ငုံကြည့်ပါ
ကိုယ့်ထက်ဆိုးတဲ့ ဘဝ တွေ ရှိပါသေးတယ်……!
ညီမလေးကျီအာသီးကို ဒီအတိုင်းစားမိရင် လူကိုဒုက္ခဖြစ်စေတယ် ဒါပေမယ့် သူ့အခွံကိုခွာပြီး
အထဲက အစေ့ကို ဆားနဲ့ရောစားရင် ဆေးဖက်ဝင်တာ
လူတိုင်းမသိကြပါဘူး……!
ဒီတော့ ညီမလေးရယ် ခန္ဓာကိုယ့် ပြင်ပထက်
ညီမလေးရဲ့ စံပယ်ပန်းလို့ဖြူတဲ့
စိတ်ကိုအရောင်မဆိုး တန်ဖိုးထား
ထိန်းသိမ်းနိုင်ပါစေ ညီမလေး ……!
ဘာမထီ ဘွား
**************
ခုတော့ အချိန်နာရီ ရဲ့ စက်ဝန်းအောက်မှာ
အသက် ဆိုတဲ့ မတည်မြဲခြင်းတွေ
ရွှေ့လျှားကြီးပြင်းလာပြီနော
အသက်တစ်ရက် ကြီးတိုင်းလည်း
သေ ဖို့ တစ်ရက်နီးလာခဲ့ပြီ……!
အသက်အရွယ် ကြီးရင့်လာခြင်းသည်
အတွေးအခေါ် ရင့်ကျတ်ခြင်းနဲ့
တိုက်ရိုက်အချိုးမကျပါဘူး……
ဒီ လောကဓံမြို့ရဲ့ ဘဝ အစိတ်အပိုင်းလေးမှာ
တစ်ဦးနဲ့တစ်ဦး အားကျနေကြတယ်
ဘယ်လောက် အောင်မြင်သူပဲ ဖြစ်ဖြစ် သူလည်း ဒီလမ်းသွားရမယ်လေ……!
ပြန်တွေးကြည့်ဖူးလား ဟိုးအတိတ်ကို ရင်ထဲထည့်
အပြစ်ကင်းတဲ့ ခလေး ဘဝ ဘယ်လောက်
အပူပင်ကင်းခဲ့မလဲ……!
ညီမလေး မှာ မျက်နှာလှပ ဖို့ထက်
အလိုလိုက် ခံရ ရင်
လိုချင်တာရရင်
ဂရုစိုက် ခံရ ရင်ပျော်နေတတ်တာလေ
အချစ်စရာအကောင်းဆုံး အချိန်လေးပေါ့……!
မနာလိုခြင်းလည်း မရှိဘူး
စိုးရိမ်ပူပင်မှုလည်းနည်းတယ်
ပေါ့ပေါ့ပါးပါးပဲနော်
ခုတော့ အတိတ်ဆိုတဲ့အတိုင်း
တိတ်ဆိတ်ခဲ့ပြီး……!
ဒီနေ့ ညီမလေး အသက် တစ်ရက်ကြီးလာပြန်ပြီ
အပျာ်အပါးနောက် လိုက်ဦးမှာလား
လိုအပ်ချက်ကြောင့် ရုန်းကန် နေမှာလား
ဒါမှမဟုတ် အချစ်ဆိုတဲ့ ဝဲဂယက်ထဲ
ခေါင်းနစ် နေမှာလား အကို မသိဘူး……!
စံပယ်ပန်းလေးတွေ ဖြူစင်လိုက်တာ
မွှေးပျံ လိုက်တာ သူဂုဏ်သတင်းကို
လေညှင်းက ထောက်ပံ့ပေးတယ်……!
ညီမလေးရဲ ဂုဏ်သတင်းအတွက် အကျင့်သီလ
နေထိုင်မှုတွေက ထောက်ပံ့ပေးနေမှာပါ……!
မိသားစု အခြေအနေကြောင့်
သူများကို အားကျမိတယ်ဆိုလည်း
ကိုယ့်အောက်ကို တစ်ချက်ငုံကြည့်ပါ
ကိုယ့်ထက်ဆိုးတဲ့ ဘဝ တွေ ရှိပါသေးတယ်……!
ညီမလေးကျီအာသီးကို ဒီအတိုင်းစားမိရင် လူကိုဒုက္ခဖြစ်စေတယ် ဒါပေမယ့် သူ့အခွံကိုခွာပြီး
အထဲက အစေ့ကို ဆားနဲ့ရောစားရင် ဆေးဖက်ဝင်တာ
လူတိုင်းမသိကြပါဘူး……!
ဒီတော့ ညီမလေးရယ် ခန္ဓာကိုယ့် ပြင်ပထက်
ညီမလေးရဲ့ စံပယ်ပန်းလို့ဖြူတဲ့
စိတ်ကိုအရောင်မဆိုး တန်ဖိုးထား
ထိန်းသိမ်းနိုင်ပါစေ ညီမလေး ……!
ဘာမထီ ဘွား
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။