Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 31, 2016

စာဖတ်ဒဏ်

စာဖတ်ဒဏ်
------------
Najib Zadeh လို့ခေါ်တဲ့လူတစ်ဦးက အီရန်နိုင်ငံအရှေ့မြောက်ပိုင်း Gonbad-e Kavus မြို့က တရားသူကြီးတစ်ဦးဖြစ်တယ်။ တစ်ခါက သူတရားစီရင်တဲ့အမှုတစ်ခုမှာ Qasim လို့ခေါ်တဲ့ ၁၆နှစ်အရွယ်လူငယ်တစ်ဦးနဲ့ဆုံခဲ့တယ်။ အထက်တန်းကျောင်းတက်နေတဲ့ Qasim က လုယက်မှုနဲ့ရောက်လာတာပါ။ လုယက်ရတာကလည်း သူ့မိခင်နေမကောင်းလို့၊ ဆေးဖိုးဝါးခမရှိလို့ လမ်းသွားလမ်းလာအမျိုးသမီးတစ်ယောက်ကို လုယက်ပြီး ရလာတဲ့ပိုက်ဆံနဲ့ သူ့အမေကိုဆေးရုံတင်ခဲ့တာဖြစ်တယ်။
.
အမေဖြစ်သူနေကောင်းသွားပေမယ့် Qasim က လုယက်မှုနဲ့တရားရင်ဆိုင်ခဲ့ရတယ်။ အီရန်နိုင်ငံရဲ့ဥပဒေအရ Qasim ထောင် ၆လကျခံရပါတယ်။ ထောင်၆လသာဆိုပေမယ့် ဒါဟာ Qasim ရဲ့ဘဝကို အမည်းစက်စွန်းထင်းစေတဲ့အပြင် နောက်ပိုင်းမှာ အလုပ်အကိုင်ရှာဖွေတာပဲဖြစ်ဖြစ်၊ ဘဝနေထိုင်မှုမှာပဲဖြစ်ဖြစ် အရိပ်မည်းကြီးလိုလိုက်ပါနေမယ့် အရာဖြစ်တယ်။ ထောင်ကထွက်လာရင်လည်း အတန်းသားတွေရဲ့ အထင်သေး၊ ရှောင်ဖယ်တာကိုခံရဦးမယ်။ တကယ်လို့ကျောင်းထွက်လိုက်ရင် အလုပ်ရှာရာမှာခက်ခဲနိုင်သလို အိမ်ထောင်ပြုမှုမှာလည်း အဆင်ပြေမှာမဟုတ်ဘူး။
.
တရားသူကြီး Najib က Qasim ကို များစွာနှမြောခဲ့တယ်။ ထောင်ကျဖူးတဲ့လူငယ်တွေဟာ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ဖို့ ဝန်မလေးကြတော့ဘူးဆိုတာကို သူသတိထားခဲ့တယ်။ သူတို့ကိုယ်ပေါ်မှာ “အမည်းစက်”နဲ့ “တံဆိပ်”ဆိုတာရှိခဲ့ပြီမို့ ပတ်ဝန်းကျင်ရဲ့ပြောဆိုနှိမ်ချမှုကိုခံရပြီး စိတ်ဒဏ်ရာတွေရသွားကြတယ်။ ဒါကြောင့် အီရန်ကလူငယ်တွေရဲ့ ပြစ်မှုကျူးလွန်မှုမှာ နှစ်တိုင်းတိုးမြင့်နေတာဖြစ်တယ်။
.
Najib က လူငယ်လူရွယ်ပြစ်မှုကျူးလွန်ကြတာဟာ သာမန်အားဖြင့် သူတို့ဟာ စိတ်ဆတ်တဲ့အရွယ်၊ ဥပဒေအသိအမြင် ဗဟုသုတတွေကင်းမဲ့တဲ့အရွယ်ဖြစ်လို့ ဖြစ်တယ်။ တကယ်လို့ သူတို့သာစာဖတ်ကြရင်ဖြစ်၊ ဥပဒေဆိုင်ရာစာတွေကို ပိုဖတ်ကြရင်ဖြစ် ပြစ်မှုကျူးလွန်မှုနည်းပါးဖို့ အထောက်အကူပြုလိမ့်မယ် လို့တွေးမိတယ်။ ပြစ်မှုသေးတဲ့လူငယ်တွေ ဒါမှမဟုတ် ရာဇဝတ်မှု တစ်ခါမှမရှိတဲ့လူငယ်တွေကို “စာဖတ်ဒဏ်”နဲ့ အပြစ်ပေးလို့မရနိုင်ဘူးလားလို့ သူတွေးမိတယ်။
.
ဒီလိုနဲ့ Najibဟာ သူလေ့လာဖတ်ရှုခဲ့စာတမ်းနဲ့ သူ့အတွေးအခေါ်တချို့ပေါင်းပြီး စာတမ်းတစ်စောင်ပြုစုလိုက်တယ်။ ပြီးတော့ အဲဒီစာတမ်းကို အထက်တရားလွတ်တော်ဆီတင်ပြလိုက်တယ်။ “စမ်းသပ်ကြည့်နိုင်တယ်”ဆိုတဲ့ ခွင့်ပြုချက်ရပြီးနောက် Najibဟာ လုယှက်မှုနဲ့ထောင်ကျမယ့် Qasim ကို “စာဖတ်ဒဏ်” ဆိုပြီးပေးလိုက်တယ်။ Qasim ထောင်ထဲနေစရာမလိုဘူး.. ဒါပေမယ့် တရားသူကြီးပေးလိုက်တဲ့ စာအုပ် ၅အုပ်ကိုတော့ အပြီးဖတ်ရမယ်။ ဖတ်ပြီး အဲဒီစာအုပ်ကိုဖတ်လို့ရတဲ့ခံစားချက်၊ ဖတ်ပြီးရရှိတဲ့အတွေးအမြင်တွေကို ချရေးပြီး တင်ပြရမယ်။
.
ဒီလိုနဲ့ Qasim ကျောင်းပြန်တက်ရတယ်။ ကျောင်းတက်ရင်း တစ်ဘက်ကလည်း ချမှတ်ထားတဲ့ပြစ်ဒဏ်ကို လိုက်နာတယ်။ (တရားသူကြီးပေးတဲ့ စာအုပ် ၅အုပ်ကိုဖတ်တယ်)။ နောက်ပိုင်းမှာ Qasimတစ်ယောက် အီရန်ကနာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ Tehran တက္ကသိုလ်တက်ခွင့်ရခဲ့တယ်။ အဲဒီနောက် နာမည်ကြီးကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့တယ်။
.
Qasim ကပြောတယ်… တရားသူကြီးသာ သူ့ကို “စာဖတ်ဒဏ်”မပေးခဲ့ရင် ဒီကနေ့သူဆိုတာ ရှိလာမှာမဟုတ်ဘူးတဲ့။ “စာဖတ်ဒဏ်”ကို ထွင်ခဲ့တဲ့ တရားသူကြီးကို သူကျေးဇူးတင်ကြောင်းပြောတယ်
.
စာဖတ်ဒဏ်ကို Gonbad-e Kavus မြို့မှာ စမ်းသပ်ပြုလုပ်ပြီးတဲ့နောက် လူငယ်တွေ၊ မိဘအုပ်ထိန်းသူတွေနဲ့ ဥပဒေပညာရှင်တို့ရဲ့ ချီးကျူးအားပေးမှုကို ခံခဲ့ရတယ်။ အဲဒီမြို့နယ်မှာ လူငယ်တွေ ဒုတိယအကြိမ်ပြစ်မှုကျူးလွန်နှုန်း သုညအောက်ထိုးကျသွားခဲ့တယ်။ သိပ်မကြာခင်တုန်းက အီရန်ဥပဒေမှာ ပြစ်မှုသေးငယ်တဲ့လူငယ် ဒါမှမဟုတ် ရာဇဝတ်မှုမရှိတဲ့လူငယ်တွေကို ပြစ်မှုအလေးအပေါ့ပေါ်မှုတည်ပြီး တရားသူကြီးက ပြစ်ဒဏ်ချမှတ်နိုင်တယ်။ ပြစ်ဒဏ်ထဲမှာ “စာဖတ်ခြင်းကို ပြစ်ဒဏ်နဲ့အစားထိုးနိုင်တယ်” ဆိုပြီး “စာဖတ်ဒဏ်”ကို တရားဝင်ဥပဒေတစ်ရပ်အဖြစ်ပြဌာန်းလိုက်ပါတယ်။
.
ကိုးကားသတင်း -- http://www.bbc.com/news/blogs-news-from-elsewhere-34200912
.
#နိုင်းနိုင်းစနေ (July.31.2016)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။