သင့်စကားတွေက သင့်အနာဂါတ်ကို ဆုံးဖြတ်ပါလိမ့်မယ်။
တကယ်လို့ ကျနော်ဟာ သင်နဲ့ မိနစ်အနည်းငယ်လောက်ပဲ စကားပြောခွင့်ရလိုက်မယ်ဆိုရ င်
အနာဂါတ်မှာ သင် ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ကျနော်ဟာ
ဗေဒင်ဆရာမဟုတ်သလို အကြားအမြင်ရ ပုဂ္ဂိုလ်တစ်ယောက်လဲ မဟုတ်ပါဘူး။ ဒါဆိုရင်
သင့်အနာဂါတ်ကို ဘာလို့ သိနိုင်တာလဲ။
ဆက်ဖတ်ကြည့်လိုက်ပါ။
သင် နေ့စဉ် ဘာအကြောင်းတွေ ပြောနေသလဲ။ သင့်စကားဟာ သင်္ဘောတစ်စင်းရဲ့ ပဲ့လို့ပါပဲ။ ပဲ့ကိုင်ရာဖက်ကို သင်္ဘောသွားနေသလို သင့်စကားတွေကလည်း သင့်အနာဂါတ်ဆီကို တွန်းပို့ နေပါတယ်။
အောင်မြင်ကြီးပွားနေသူတွေဟာ
တခြားသူတွေနဲ့ စကားပြောရင် အကြံအစည်အကြောင်းပဲ ပြောကြတယ်။ ပစ္စည်းအကြောင်း၊
သူများအကြောင်း မပြောတတ်ကြဘူး။ လူအတော်များများဟာ ပစ္စည်းအကြောင်းနဲ့
သူများအကြောင်း အတင်းအဖျင်းတွေ ပြောလေ့ရှိကြတယ်။
ကျနော် ရုံးတစ်ရုံးကို ရောက်တော့ စာတမ်းလေးတစ်ခုကို တွေ့မိတယ်။ စာတမ်းမှာ ရေးထားတာက
"ကြီးပွားအောင်မြင်သူတွေဟာ အကြံအစည်အကြောင်း ပြောကြတယ်။ သာမန်လူတွေကတော့ ပစ္စည်းအကြောင်းပဲ ပြောတတ်ကြတယ်။ ဆင်းရဲနူံခြာသူတွေကတော့ သူများအကြောင်း အတင်းအဖျင်းပဲ ပြောလေ့ရှိကြတယ်"တဲ့။
ကြီးပွားအောင်မြင်သူတွေ ဘာကြောင့် အကြံအစည်အကြောင်းပဲ ပြောကြတာလဲ။ သူတို့ဟာ အကြံအစည်ကောင်းရရင် ကြီးပွားနိုင်တယ်ဆိုတာကို နားလည်ကြတယ်။ အကြံအစည်ကောင်း ရဖို့ ကြီးပွားချမ်းသာတွေ အချင်းချင်း အကြံအစည်အကြောင်း ဆွေးနွေးကြတယ်။ အကြံအစည်ကောင်းရဖို့ ဟောပြောပွဲ seminar တွေကို ပိုက်ဆံအများကြီးပေးပြီး တက်ရောက်နားထောင်ကြတယ်။ အကြံအစည်ကောင်းရဖို့ စာအုပ်တွေ အများကြီးဖတ်ကြတယ်။ သူ့တို့ခေါင်းထဲမှာ ကြီးပွားချမ်းသာဖို့ အကြံအစည်တွေပဲ စဉ်းစားနေတယ်။ ပစ္စည်းအကြောင်း၊ သူများအကြောင်း ပြောဖို့ စဉ်းစားဖို့ အချိန်မရှိကြဘူး။
သာမန်လူတွေ (အနည်းငယ် ချမ်းသာသူတွေအပါအဝင်) ကျတော့ ဘာအကြောင်းတွေ ပြောကြသလဲ။ ငါကတော့ ကွန်ဒိုမှာ နေတယ်။ ငါကတော့ နောက်ဆုံးပေါ် ဘာကားကြီး ဝယ်ထားတယ်။ ငါကိုင်တဲ့ လက်ကိုင်အိပ်က နိုင်ငံခြားက နာမည်ကြီး Gucci brand ပါ။ အိမ်ကား မပိုင်သူကျတော့လဲ ငါ့အိမ်က ကြောင်လေးဟာ သိတ်လိမ္မာတယ်၊ ကြွက်တောင် မခုတ်တတ်ဘူးတဲ့။
ဆင်းရဲပြီး အသိဉာဏ်နူံခြာသူတွေကျတော့ လူအများနဲ့ မတည့်ကြဘူး။ ဒီတော့ သူတို့နဲ့ မတည့်သူတွေအကြောင်း ပြောတယ်။ သူတို့ကို မနာလိုစိတ်ရှိနေတော့ သူတို့သိက္ခာကျစေဖို့ မှန်တာရော မမှန်တာတွေကို ပြောလေ့ရှိကြတယ်။ အတင်းအဖျင်းတွေ များပါတယ်။
အဲဒီတော့ သင်ဘယ်လိုလူ အမျိုးအစားထဲမှာ ပါဝင်နေသလဲ။
ကျနော် စောစောကပြောခဲ့သလိုပါပဲ။ သင့်ရဲ့ အနာဂါတ်ကို ဟောလိုက်ပါမယ်။
သင်ဟာ အမြဲတမ်း သူများအကြောင်းတွေကို စိတ်ဝင်စားပြီး သူတို့အကြောင်းပဲ ပြောနေတတ်သူဆိုရင် တသက်လုံး ဆင်းရဲနူံခြာတဲ့ ဘဝနဲ့ပဲ နေသွားရလိမ့်မယ်။
သင်ဟာ အမြဲတမ်း ပစ္စည်းအကြောင်းတွေပဲ ပြောနေရင်တော့ မဆင်းရဲပေမဲ့ အလယ်လတ်စား လူတစ်ယောက်အနေနဲ့ ဘဝကို ကုန်လွန်သွားရပါလိမ့်မယ်။
တကယ်လို့ သင်ဟာ အကြံအစည်အကြောင်းပဲ အမြဲတမ်းပြောနေသူဆိုရင်တော့ ကြီးပွားချမ်းသာသူတစ်ယောက် ဖြစ်လာမှာ မလွဲဧကန်ပါ။
မှတ်ချက်။ Keith Cameron Smith ရေးတဲ့ "The Top 10 Habits of Millionaires" စာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ကို မှီးထားတာပါ။
ဗန်းမော်သိန်းဖေ
၂၃-၀၇-၂၀၁၆
တကယ်လို့ ကျနော်ဟာ သင်နဲ့ မိနစ်အနည်းငယ်လောက်ပဲ စကားပြောခွင့်ရလိုက်မယ်ဆိုရ
ဆက်ဖတ်ကြည့်လိုက်ပါ။
သင် နေ့စဉ် ဘာအကြောင်းတွေ ပြောနေသလဲ။ သင့်စကားဟာ သင်္ဘောတစ်စင်းရဲ့ ပဲ့လို့ပါပဲ။ ပဲ့ကိုင်ရာဖက်ကို သင်္ဘောသွားနေသလို သင့်စကားတွေကလည်း သင့်အနာဂါတ်ဆီကို တွန်းပို့ နေပါတယ်။
အောင်မြင်ကြီးပွားနေသူတွေဟာ
ကျနော် ရုံးတစ်ရုံးကို ရောက်တော့ စာတမ်းလေးတစ်ခုကို တွေ့မိတယ်။ စာတမ်းမှာ ရေးထားတာက
"ကြီးပွားအောင်မြင်သူတွေဟာ အကြံအစည်အကြောင်း ပြောကြတယ်။ သာမန်လူတွေကတော့ ပစ္စည်းအကြောင်းပဲ ပြောတတ်ကြတယ်။ ဆင်းရဲနူံခြာသူတွေကတော့ သူများအကြောင်း အတင်းအဖျင်းပဲ ပြောလေ့ရှိကြတယ်"တဲ့။
ကြီးပွားအောင်မြင်သူတွေ ဘာကြောင့် အကြံအစည်အကြောင်းပဲ ပြောကြတာလဲ။ သူတို့ဟာ အကြံအစည်ကောင်းရရင် ကြီးပွားနိုင်တယ်ဆိုတာကို နားလည်ကြတယ်။ အကြံအစည်ကောင်း ရဖို့ ကြီးပွားချမ်းသာတွေ အချင်းချင်း အကြံအစည်အကြောင်း ဆွေးနွေးကြတယ်။ အကြံအစည်ကောင်းရဖို့ ဟောပြောပွဲ seminar တွေကို ပိုက်ဆံအများကြီးပေးပြီး တက်ရောက်နားထောင်ကြတယ်။ အကြံအစည်ကောင်းရဖို့ စာအုပ်တွေ အများကြီးဖတ်ကြတယ်။ သူ့တို့ခေါင်းထဲမှာ ကြီးပွားချမ်းသာဖို့ အကြံအစည်တွေပဲ စဉ်းစားနေတယ်။ ပစ္စည်းအကြောင်း၊ သူများအကြောင်း ပြောဖို့ စဉ်းစားဖို့ အချိန်မရှိကြဘူး။
သာမန်လူတွေ (အနည်းငယ် ချမ်းသာသူတွေအပါအဝင်) ကျတော့ ဘာအကြောင်းတွေ ပြောကြသလဲ။ ငါကတော့ ကွန်ဒိုမှာ နေတယ်။ ငါကတော့ နောက်ဆုံးပေါ် ဘာကားကြီး ဝယ်ထားတယ်။ ငါကိုင်တဲ့ လက်ကိုင်အိပ်က နိုင်ငံခြားက နာမည်ကြီး Gucci brand ပါ။ အိမ်ကား မပိုင်သူကျတော့လဲ ငါ့အိမ်က ကြောင်လေးဟာ သိတ်လိမ္မာတယ်၊ ကြွက်တောင် မခုတ်တတ်ဘူးတဲ့။
ဆင်းရဲပြီး အသိဉာဏ်နူံခြာသူတွေကျတော့ လူအများနဲ့ မတည့်ကြဘူး။ ဒီတော့ သူတို့နဲ့ မတည့်သူတွေအကြောင်း ပြောတယ်။ သူတို့ကို မနာလိုစိတ်ရှိနေတော့ သူတို့သိက္ခာကျစေဖို့ မှန်တာရော မမှန်တာတွေကို ပြောလေ့ရှိကြတယ်။ အတင်းအဖျင်းတွေ များပါတယ်။
အဲဒီတော့ သင်ဘယ်လိုလူ အမျိုးအစားထဲမှာ ပါဝင်နေသလဲ။
ကျနော် စောစောကပြောခဲ့သလိုပါပဲ။ သင့်ရဲ့ အနာဂါတ်ကို ဟောလိုက်ပါမယ်။
သင်ဟာ အမြဲတမ်း သူများအကြောင်းတွေကို စိတ်ဝင်စားပြီး သူတို့အကြောင်းပဲ ပြောနေတတ်သူဆိုရင် တသက်လုံး ဆင်းရဲနူံခြာတဲ့ ဘဝနဲ့ပဲ နေသွားရလိမ့်မယ်။
သင်ဟာ အမြဲတမ်း ပစ္စည်းအကြောင်းတွေပဲ ပြောနေရင်တော့ မဆင်းရဲပေမဲ့ အလယ်လတ်စား လူတစ်ယောက်အနေနဲ့ ဘဝကို ကုန်လွန်သွားရပါလိမ့်မယ်။
တကယ်လို့ သင်ဟာ အကြံအစည်အကြောင်းပဲ အမြဲတမ်းပြောနေသူဆိုရင်တော့
မှတ်ချက်။ Keith Cameron Smith ရေးတဲ့ "The Top 10 Habits of Millionaires" စာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ကို မှီးထားတာပါ။
ဗန်းမော်သိန်းဖေ
၂၃-၀၇-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။