စကားပြောတဲ့သော့ကို ကျွန်တော်ဖျောက်ပစ်လိုက်တယ် ၊
သော့ပြင်သမားက သူမတတ်နိုင်ကြောင်း ခေါင်းခါပြတယ်၊
တီဗီရှေ့မှာ အင်တာဗျူးသူရဲ့အမေးကို
ကျွန်တော်တတ်နိုင်သလောက် ကြိုးစားပြီးဖြေနေတယ်။
သူကပြောတယ်...
လူတစ်ချို့က ဦးနှောက်ရဲ့သော့ကို ဖျောက်လိုက်ကြတယ်၊
လူတစ်ချို့က မျက်စိ သို့မဟုတ် နားရဲ့သော့ကို ဖျောက်လိုက်ကြတယ်၊
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အ,သွားစေတဲ့
စကားပြောသော့ကို မပျောက်အောင်တော့ လူတွေကသတိထားကြတယ်။
စကားပြောတဲ့သော့ကို ကျွန်တော် တမင်ဖျောက်လိုက်တဲ့နောက်
မြို့ရဲ့ ထောင့်တစ်နေရာမှာ
မနားတမ်းအော်နေတဲ့ ဖားတစ်ကောင် တိုးလာခဲ့တယ်။
-----
ထိုင်ဝမ်စာရေးဆရာ ပန်းချီဆရာ Jummy (幾米) ရဲ့စကားလုံးနဲ့ ပန်းချီဖြစ်ပါတယ်.. မျှဝေပါတယ်။

Royal Rose "စကားပြောတဲ့သော့ကို
ကျွန်တော် တမင်ဖျောက်လိုက်တဲ့နောက် မြို့ရဲ့ ထောင့်တစ်နေရာမှာ
မနားတမ်းအော်နေတဲ့ ဖားတစ်ကောင် တိုးလာခဲ့တယ်" ဆိုတာ ညီမ နားမလည်လို့ပါ
မနိုင်းနိုင်း
Nine Nine Sanay @ နိုင်းနိုင်းစနေ ကိုယ်မပြောဘဲ
ငြိမ်လိုက်တော့ ဟိုဘက်က ပိုယောင်းတက်တာကို ဆိုလိုနိုင်တာဖြစ်သလို...
ကိုယ့်ဘက်ကဆိတ်ဆိတ်နေတော့ ဘေးပတ်ဝန်းကျင်က တခြားလူပြောတဲ့အသံကို
ပိုကြားရတယ်လို့ဆိုလိုတာလည်းဖြစ်နိုင်ပါတယ်။ ကိုယ်ခံစားမိသလိုပေါ့...
တချို့စာတွေရဲ့အဓိပ္ပာယ်က ကိုယ်ဖတ်တယ်.. နားလည်သလိုလိုတော့ရှိတယ်..
ဒါပေမယ့် ထုတ်ပြောပြလို့မတတ်တာမျိုးတွေလည်း ရှိတယ်။
စာရေးသူပေးချင်တဲ့မက်ဆေ့ကို အပြည့်အဝခံစားနားလည်ချင်မှ
နားလည်နိုင်တဲ့အခါလည်း ရှိတယ်။ ဒါပေမယ့် ဖတ်နေချိန်အတွင်း
အဲဒီစာကိုဆက်ဖတ်လိုစိတ်ရှိနေဖို့နဲ့ ဖတ်လို့ကောင်းတယ်လို့ခံစားရရင်
ရပြီလို့တော့ ကျွန်မထင်တယ်။ စာဖတ်နာလာတဲ့အခါ တချို့အဓိပ္ပာယ်ကို
ပြည့်ပြည့်ဝဝမဟုတ်ပေမယ့် ရိပ်ခနဲသိလိုက်တာမျိုး၊ ဖျတ်ခနဲအလင်းရတာမျိုးတွေ
ရှိလာပါလိမ့်မယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။