Confidence ကျနေလား?
ကျွန်တော်တို့တွေဟာ ငယ်ငယ်လေးထဲက confidenceကျဆုံးဖို့အကြော င်းရင်း များစွာရှိခဲ့ပါတယ်။ ဥပမာ ငယ်ငယ်ကသီချင်းမဆိုတတ်ဆိုတတ်နဲ့ဆိုခဲ့တယ်။
အဲဒိအချိန်မှာ မိဘတွေ၊ဆွေမျိုးတွေ၊သူငယ်ချ င်းတွေရဲ့ “မင်းအသံက ဆိုးလိုက်တာကွာ” ဆိုတဲ့နောက်ပြောင်တဲ့စကားလုံးများဟာ ငယ်ငယ်ရွယ်ရွယ်အသဲနုနုပေါ်မှာ tattoo အထိုးခံလိုက်ရပါတယ်။ အကျိုးဆက်အနေနဲ့ နောက်ဘယ်တော့မှာသီချင်းမဆို ချင်တော့ပါဘူး။ သီချင်းဆိုတိုင်းယုံကြည်မှုမရှိသလိုခံစားရပါတယ်။
ဒါဟာ ဥပမာတစ်ခုပဲဖြစ်ပြီးအခြားအရာများစွာရှိပါသေးတယ်။ “မင်းဖြစ်မှာမဟုတ်ပါဘူးကွာ” “မင်းလုပ်နိုင်မှာမဟုတ်ပါဘူးကွာ”
ဆိုတဲ့စကားတွေအောက်မှာ ကျွန်တော်တို့ရဲ့မရှိမဲ့ရှိ မဲ့ ယုံကြည်မှုလေးတွေ ပျောက်ဆုံးခဲ့ရတယ်။
အမေရိကားမှာက ကလေးတွေကိုငယ်ငယ်ကတည်းကကိုယ့်ကိုကို ယုံကြည်မှုရှိအောင်လုပ်ပေးကြ ပါတယ်။ သူတို့သားသမီး ငယ်ငယ်လေးထဲကသီချင်းဆိုတာဝါ သနာပါတယ်ထင်ရင် အသံဘယ်လောက်ဆိုးဆိုး အားပေးတယ်။ ပြီးတော့ သားသမီးတွေရဲ့ရည်မှန်းချက်ြ ဖစ်မြောက်အောင် Vocal trainingတွေပို့ပေးတယ်။
“America’s got talent” ဆိုတဲ့အစီအစဉ်ကိုကြည့်ဖူးကြ ပါသလား? အမေရိကားကကလေးတွေက အသားမဲတာ၊ရုပ်ဆိုးတာ၊ ဒုက္ခိတဖြစ်တာတွေအတွက် confidenceမကျပါဘူး။သူတို့က ယုံကြည်မှုအပြည့်နဲ့သူတို့လု ပ်တတ်တာကို စင်ပေါ်မှာ လုပ်ပြကြပါတယ်။ကတာပဲဖြစ်ဖြစ်၊သီချင်းဆိုတာပဲဖြစ်ဖြစ်၊
တယောတီးတာပဲဖြစ်ဖြစ်၊ ကြိုက်တာတတ်လုပ်လို့ရပါတယ် ။ ကျွန်တော်က မြန်မာနိုင်ငံကမိဘတွေကို အပြစ်တင်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့တွေ confidence နည်းရခြင်းအကြောင်းရင်းကိုေ ပ်ါလွင်အောင် ယှဉ်ပြခြင်းသာဖြစ်ပါတယ်။ အခြေအနေနဲ့အချိန်အခါအရမိဘတွေလည်း မလုပ်ပေးနိုင်ခဲ့တာပါ။ဒီတော့ ကျွန်တော်တို့ရဲ့ကျနေတဲ့co nfidenceကို
ဘယ်လိုပြန်တက်အောင်လုပ်ကြမလဲဆိုတာကိုပဲ စဉ်းစားကြရအောင်။
တကယ်တော့ကျွန်တော်တို့အားလုံးက မွေးရာပါအောင်မြင်နိုင်သူတွေပါ။ ကိုယ့်အရည်အချင်းတွေကိုမသိတာပဲရှိကြပါတယ်။တစ်ချို့ကလည်း ကိုယ့်အရည်အချင်းတွေကို ဘယ်လိုဖော်ထုတ်ရမလဲမသိကြပါဘူး။
-ဆင်းရဲလို့မအောင်မြင်တာလို့ မပြောပါနဲ့။ စာအုပ်တစ်အုပ်ဖတ်ရဖို့ မိုင်ပေါင်းထောင်ချီလမ်းလျှောက်ခဲ့တဲ့လင်ကွန်းကိုအားနာ ပါ။
-ခန္တာကိုယ်အစိတ်အပိုင်းချို့ယွင်းလို့ မအောင်မြင်ဘူးလို့မပြောပါနဲ့။ နားမကြား၊မျက်စိမမြင်ပဲနဲ့ ဘ၀ကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ တဲ့ Helen Keller ကိုအားနာပါ။
Confidence တက်ဖို့ဘာလုပ်မလဲ?
•comfortzoneထဲကထွက်ပါ။comf ortzoneဆိုတာကတော့သက်တောင့် သက်သာရှိတယ်လို့သင်ထင်တဲ့နေ ရာမျိုးပါ။ဥပမာ အရင်ကသင့်ကိုယ်သင်
ယုံကြည်မှုမရှိလို့သူငယ်ချင်းအသစ်တွေနဲ့သိပ်စကားမပြော ဖစ်ဘူးဆိုရင် အခုကစပြီးစမ်းကြည့်ပါ။ သင်သာအပြုံးချိုချိုလေးနဲ့စိတ်ပါလက်ပါ ကြိုးစားမယ်ဆို
သင့်ကိုခင်လာကြမှာပါ။ အရင်ကလူအများရှေ့မှာ စကားထွက်ပြောရတာကြောက်တယ်ဆိုရင် အခုအချိန်ကစပြီး လူအများရှေ့မှာစကားပြောဖို့ အခွင့်အရေးရတိုင်း လက်မလွှတ်ပါနဲ့တော့။ သင်ထင်သလောက်မခက်ခဲဘူးဆိုတာ သင်တွေ့ရှိလာပါလိမ့်မယ်။ သင့်ကိုယ်သင်ယုံကြည်မှုတွေလည်းတိုးပွားလာပါလိမ့်မယ်။
•အဖွဲ့အစည်းနဲ့နေတတ်အောင်ကြိုးစားပါ။လူဆိုတာ အဖွဲ့အစည်းနဲ့နေတတ်တဲ့ အမျိုးပါ။ ဒါကြောင့် တစ်ယောက်ထဲမနေပါနဲ့။ ကြာလာရင် သင့်ကိုသင်
ယုံကြည်မှုတွေ ကျဆင်းပြီး သင်ဟာဒီလောကကြီးမှာဘာမှ အရေးမပါတဲ့သူ တစ်ယောက်လို့်ကိုယ့်ဘာသာကို ထင်လာပါလိမ့်မယ်။ အကျိုးဆက်အနေနဲ့
စိတ်ကျရောဂါအထိပါ ရနိုင်ပါတယ်။ အခုကစပြီး အဖွဲ့အစည်းနဲ့နေတတ်အောင်ကြိုးစားပါ။
•သင်က ဆန့်ကျင်ဘက်လိင်နဲ့စကားပြော ရတာရှက်တတ်တယ်ဆိုရင် သင်စကားပြောနေတဲ့သူကိုလူသား တစ်ယောက်လို့ပဲသဘောထားပါ။
စကားပြောဆက်ဆံမှုဆိုတာနေရာတိုင်းမှာလိုအပ်ပါတယ်။ဒီတော့ ယုံယုံကြည်ကြည်ပြောဆိုဆက်ဆံပါ။ လူတစ်ယောက်နဲ့လူတစ်ယောက်
စကားပြောကြတာအဆန်းကြီးမဟုတ် ပါဘူး။ မရှက်ပါနဲ့။ယဉ်ကျေးဖို့ပဲလိုတာပါ။
• မှောင်နေတဲ့နေရာကိုကြောက်ရင် အဲဒိမှောင်တဲ့နေရာကိုသွားကြ ည့်ပါ။ လုပ်ရမှာကြောက်နေတဲ့အရာတွေကိုမလုပ်သ၍ သင်ဘယ်တော့မှာသင့်ကိုသင်
ယုံကြည်လာမှာမဟုတ်ပါဘူး။ ဆိုရိုးတစ်ခုရှိတယ်။ “အရင်မရဖူးတဲ့ အရာတွေကိုလိုချင်ရင် အရင်ကမလုပ်ဖူးတဲ့အရာတွေကိုလုပ်ရလိမ့်မယ်တဲ့”။
ရိုးရိုးရှင်းရှင်းနဲ့အရမ်းကိုထိရောက်ပါတယ်။ သင်ကအရင်ကမရှိတဲ့ “confidence” ဆိုတဲ့အရာကိုလိုချင်တာလေ။ အရင်အတိုင်းပဲနေနေလို့ကတော့
ဘယ်တော့မှရမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့အရင်ကကြောက်နေ တဲ့အရာတွေကို လုပ်ဖြစ်အောင်လုပ်ပါ။
•မှားတယ်ဆိုတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ လူသားတိုင်းမှားတတ်ကြပါတယ်။
မှားတာကိုသင်ခန်းစာယူတတ် ဖို့ပဲလိုတာပါ။ ဒါကြောင့် သင်မှားတဲ့အခါတိုင်း
ယုံကြည်မှုမကျသင့်ပါဘူး။ ဒီတစ်ခါမှားရင် နောက်တစ်ခါမှန်အောင်လုပ်မယ် ဆိုပြီးကြိုးစားသင့်ပါတယ်။
အောင်မြင်သူတိုင်း ရုပ်ချောချင်မှချောမယ်၊ပိုက်ဆံရှိချင်မှရှိမယ်။ ဒါပေမဲ့ သူတို့မှာ ယုံကြည်မှုအပြည့်ရှိပါတယ်။ အရင်က confidenceမရှိခဲ့ရင်လည်း
အခုကစပြီးconfidenceရှိအောင်ကြိုးစားကြတော့နော်။Confid enceဆိုတာအောင်မြင်မှုရဲ့ပထမ လှေကားထစ်ပါ။
Confidence ရှိပြီး ဘ၀မှာအောင်မြင်ကြပါစေ။
မိုးရှင်း (I.M.T)
ကျွန်တော်တို့တွေဟာ ငယ်ငယ်လေးထဲက confidenceကျဆုံးဖို့အကြော
အဲဒိအချိန်မှာ မိဘတွေ၊ဆွေမျိုးတွေ၊သူငယ်ချ
ဒါဟာ ဥပမာတစ်ခုပဲဖြစ်ပြီးအခြားအရ
ဆိုတဲ့စကားတွေအောက်မှာ ကျွန်တော်တို့ရဲ့မရှိမဲ့ရှိ
အမေရိကားမှာက ကလေးတွေကိုငယ်ငယ်ကတည်းကကိုယ
“America’s got talent” ဆိုတဲ့အစီအစဉ်ကိုကြည့်ဖူးကြ
တယောတီးတာပဲဖြစ်ဖြစ်၊ ကြိုက်တာတတ်လုပ်လို့ရပါတယ်
ဘယ်လိုပြန်တက်အောင်လုပ်ကြမလ
တကယ်တော့ကျွန်တော်တို့အားလံ
-ဆင်းရဲလို့မအောင်မြင်တာလို
-ခန္တာကိုယ်အစိတ်အပိုင်းချိ
Confidence တက်ဖို့ဘာလုပ်မလဲ?
•comfortzoneထဲကထွက်ပါ။comf
ယုံကြည်မှုမရှိလို့သူငယ်ချင
သင့်ကိုခင်လာကြမှာပါ။ အရင်ကလူအများရှေ့မှာ စကားထွက်ပြောရတာကြောက်တယ်ဆိ
•အဖွဲ့အစည်းနဲ့နေတတ်အောင်ကြ
ယုံကြည်မှုတွေ ကျဆင်းပြီး သင်ဟာဒီလောကကြီးမှာဘာမှ အရေးမပါတဲ့သူ တစ်ယောက်လို့်ကိုယ့်ဘာသာကို
စိတ်ကျရောဂါအထိပါ ရနိုင်ပါတယ်။ အခုကစပြီး အဖွဲ့အစည်းနဲ့နေတတ်အောင်ကြိ
•သင်က ဆန့်ကျင်ဘက်လိင်နဲ့စကားပြော
စကားပြောဆက်ဆံမှုဆိုတာနေရာတိ
စကားပြောကြတာအဆန်းကြီးမဟုတ်
• မှောင်နေတဲ့နေရာကိုကြောက်ရင
ယုံကြည်လာမှာမဟုတ်ပါဘူး။ ဆိုရိုးတစ်ခုရှိတယ်။ “အရင်မရဖူးတဲ့ အရာတွေကိုလိုချင်ရင် အရင်ကမလုပ်ဖူးတဲ့အရာတွေကိုလ
ရိုးရိုးရှင်းရှင်းနဲ့အရမ်
ဘယ်တော့မှရမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့အရင်ကကြောက်နေ
•မှားတယ်ဆိုတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။
အောင်မြင်သူတိုင်း ရုပ်ချောချင်မှချောမယ်၊ပိုက
အခုကစပြီးconfidenceရှိအောင
Confidence ရှိပြီး ဘ၀မှာအောင်မြင်ကြပါစေ။
မိုးရှင်း (I.M.T)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။