ဂဏန်းမဆလာဟင်း
===================
===================
ပါဝင်ပစ္စည်းများ
---
ဂဏန်း
ဆီ
ဆား
ဆနွင်း
ငံပြာရည်
ဂျင်း
ကြက်သွန်ဖြူ
ကြက်သွန်နီ
ငရုတ်သီး
မန်ကျည်းသီးမှည့်
မဆလာ
ရှမ်းနံနံ
---
ပြင်ဆင်ပြုလုပ်နည်း
---
ဂဏန်းကို ရေစင်စင်ဆေး ပြီးရင် ခြမ်းပြီး လက်မတွေကို ခပ်ဖွဖွကျည်ပွေ့နဲ့ထုပါ ။ အရသာသွင်းရင် ဝင်အောင်ပါ ။
ပြီးရင် ဆား ၊ ဆနွင်း ၊ ငံပြာရည်နဲ့ အရသာသွင်းပြီး ခဏနှပ်ထားပါ ။ မကျည်းသီးမှည့်ကို ရေနွေးနှင့် စိမ်ထားပါ ။
ဂျင်း ၊ ကြကိသွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးတို့ကို ရောထောင်းပြီး ဆီသတ်ပါ ။
မွှေးလာရင် ဂဏန်းထည့် ကျက်ခါနီးရင် မန်ကျည်းနှစ်ဖျော်ထည့်ပြီး ချခါနီးရင်မဆလာနဲ့ ရှမ်းနံနံအုပ်လိုက်ရင် အရသာရှိလှတဲ့ ဂဏန်းဟင်း ရပါပြီ ။
Credit : Yumi San
============
My Food Myanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။