သမီးလေးထံသို့
================
သမီး….လွတ်လွတ်လပ်လပ် တွေးခေါ်ပါ။
မိန်းမဆိုတာ...မေတ္တာအရရော၊ ငွေရေးကြေးရေးအရပါ
သူတစ်ပါးကို နည်းနည်းပါးပါး အားကိုးလို့ ရရင်ရမယ်။
ဒါပေမဲ့....အကောင်းဆုံးကတော့
ကိုယ့်ကိုယ်ကို အားကိုးခြင်းပါပဲ။
သမီး…စာများများဖတ်ပါ။ များများလေ့လာပါ။
ပန်းအိုးဆိုတာ ကျကွဲလွယ်လွန်းတတ်သလို
လှပခြင်းဆိုတာလည်း ရင့်ရော်လွယ်လွန်းလှပါတယ်။
သမီးရဲ့ ရင်တွင်းအလှ နဲ့ ပင်ကိုယ်အရည်အသွေးများသာ
သမီးကို အမြဲ အဖေါ် ပြုသွားမှာပါ။
သမီး…အထီးကျန်ခြင်းနဲ့ ရင်းနီးကျွမ်းဝင်နေပါစေ။
တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား အဖွဲ့ကျနိုင်ပေမဲ့
မိမိကိုယ်မိမိ မိမိအတွင်းစိတ်နဲ့ အဆင်ပြေအောင် နေထိုင်တတ်ခြင်းသာ
ဘ၀တစ်ခုလုံးအတွက် အားအကိုးရဆုံး ဖြစ်တတ်တယ်။
သမီး..သူများကို သိပ်ပြီးအားကျစရာမလိုပါဘူး ။
ကိုယ့်လျှောက်မဲ့လမ်းကိုသာ အကောင်းဆုံးဖြစ်အောင်လျှော က်ပါ။
လူဆိုတာ ပြောမရဘူး၊
သူများလည်း ကိုယ့်ကို အားကျရင် အားကျနေမှာ။
သမီး..လူဆိုတာ ကိုယ့်စိတ်ကို ကိုယ်နိုင်နင်းရတယ်။
လူဆိုတာ..ကိုယ့်စိတ်ရဲ့ အရှင်သခင် မဖြစ်ခဲ့ဘူးဆိုရင်
ကိုယ့်စိတ်ရဲ့ ကျေးကျွန် ဖြစ်သွားတတ်တယ်။
သမီး..တိုးတက်ချင်တဲ့စိတ်၊ အလုပ်ကို မြတ်နိုးတဲ့စိတ်မွေးရတယ်။
ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ်၊ ကောင်းကွက်ကို ရွေးချယ်ကြည့်တတ်ရမယ်။
အကောင်းမြင်မယ်။ အလုပ်အပေါ် တိကျမယ်။
ကောင်းမွန်ပြီးဆုံးအောင် ကြိုးစားနေမယ်ဆိုရင်
အကျိုးအမြတ်ဆိုတာ ဘေးထွက်ပစ္စည်းပါ။
သမီး..သနားကျင်နာတတ်တဲ့စိတ် ၊
သူများကို ကူညီတတ်တဲ့ စေတနာ၊
နားလည်ခွင့်လွတ်တတ်တဲ့ သဘောထား
ဒါတွေအားလုံးဟာ သမီးကို ပိုမိုလှပသွားစေမှာပါ။
အားကစားတစ်ခု စွဲစွဲမြဲမြဲ လုပ်ပါ။
ပုံမှန်ဆေးစစ်ပါ။ မိန်းခလေးဟာ ရောဂါနည်းနည်း ပိုများတတ်သလိုပဲ။
ကိုယ့်ကျန်းမာရေးကို ကိုယ်တာဝန်ယူရပါမယ်။
ဒါဟာ မိသားစုအပေါ် တာဝန်ယူတာနဲ့ အတူတူပါပဲ။
သမီး…အခြေအနေအရ ဘာကိုပဲစွန့်လွတ်စွန့်လွတ်
အကျင့်စာရိတ္တရယ်၊ အပြုံးရယ်၊ ကိုယ့်ကိုကို ယုံကြည်ချက်ရယ်
မစွန့်လွတ်ရဘူး။
ဒါတွေအားလုံးဟာ၊ သမီးဘ၀လှစေဖို့
ပံပိုးပေးမဲ့ ကိုယ်ရည်ကိုယ်သွေး တွေချည်းပဲ။
__________________________ __________________________
#Ref: : WeChat
#Credit;#Sayar Aung Ko Latt
Copy စာဖတ်ကြရအောင်_ #admin #ဒိုက်ဒိုက်-မြင်းခြံ #ဘဝအတွက်ခွန်အားဖြစ်စေသောစာ တိုလေးများ။
Photo Credit ပေးပါသည်။
—================
သမီး….လွတ်လွတ်လပ်လပ် တွေးခေါ်ပါ။
မိန်းမဆိုတာ...မေတ္တာအရရော၊
သူတစ်ပါးကို နည်းနည်းပါးပါး အားကိုးလို့ ရရင်ရမယ်။
ဒါပေမဲ့....အကောင်းဆုံးကတေ
ကိုယ့်ကိုယ်ကို အားကိုးခြင်းပါပဲ။
သမီး…စာများများဖတ်ပါ။ များများလေ့လာပါ။
ပန်းအိုးဆိုတာ ကျကွဲလွယ်လွန်းတတ်သလို
လှပခြင်းဆိုတာလည်း ရင့်ရော်လွယ်လွန်းလှပါတယ်။
သမီးရဲ့ ရင်တွင်းအလှ နဲ့ ပင်ကိုယ်အရည်အသွေးများသာ
သမီးကို အမြဲ အဖေါ် ပြုသွားမှာပါ။
သမီး…အထီးကျန်ခြင်းနဲ့ ရင်းနီးကျွမ်းဝင်နေပါစေ။
တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား အဖွဲ့ကျနိုင်ပေမဲ့
မိမိကိုယ်မိမိ မိမိအတွင်းစိတ်နဲ့ အဆင်ပြေအောင် နေထိုင်တတ်ခြင်းသာ
ဘ၀တစ်ခုလုံးအတွက် အားအကိုးရဆုံး ဖြစ်တတ်တယ်။
သမီး..သူများကို သိပ်ပြီးအားကျစရာမလိုပါဘူး
ကိုယ့်လျှောက်မဲ့လမ်းကိုသ
လူဆိုတာ ပြောမရဘူး၊
သူများလည်း ကိုယ့်ကို အားကျရင် အားကျနေမှာ။
သမီး..လူဆိုတာ ကိုယ့်စိတ်ကို ကိုယ်နိုင်နင်းရတယ်။
လူဆိုတာ..ကိုယ့်စိတ်ရဲ့ အရှင်သခင် မဖြစ်ခဲ့ဘူးဆိုရင်
ကိုယ့်စိတ်ရဲ့ ကျေးကျွန် ဖြစ်သွားတတ်တယ်။
သမီး..တိုးတက်ချင်တဲ့စိတ်၊
ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ်၊ ကောင်းကွက်ကို ရွေးချယ်ကြည့်တတ်ရမယ်။
အကောင်းမြင်မယ်။ အလုပ်အပေါ် တိကျမယ်။
ကောင်းမွန်ပြီးဆုံးအောင် ကြိုးစားနေမယ်ဆိုရင်
အကျိုးအမြတ်ဆိုတာ ဘေးထွက်ပစ္စည်းပါ။
သမီး..သနားကျင်နာတတ်တဲ့စိတ်
သူများကို ကူညီတတ်တဲ့ စေတနာ၊
နားလည်ခွင့်လွတ်တတ်တဲ့ သဘောထား
ဒါတွေအားလုံးဟာ သမီးကို ပိုမိုလှပသွားစေမှာပါ။
အားကစားတစ်ခု စွဲစွဲမြဲမြဲ လုပ်ပါ။
ပုံမှန်ဆေးစစ်ပါ။ မိန်းခလေးဟာ ရောဂါနည်းနည်း ပိုများတတ်သလိုပဲ။
ကိုယ့်ကျန်းမာရေးကို ကိုယ်တာဝန်ယူရပါမယ်။
ဒါဟာ မိသားစုအပေါ် တာဝန်ယူတာနဲ့ အတူတူပါပဲ။
သမီး…အခြေအနေအရ ဘာကိုပဲစွန့်လွတ်စွန့်လွတ်
အကျင့်စာရိတ္တရယ်၊ အပြုံးရယ်၊ ကိုယ့်ကိုကို ယုံကြည်ချက်ရယ်
မစွန့်လွတ်ရဘူး။
ဒါတွေအားလုံးဟာ၊ သမီးဘ၀လှစေဖို့
ပံပိုးပေးမဲ့ ကိုယ်ရည်ကိုယ်သွေး တွေချည်းပဲ။
__________________________
#Ref: : WeChat
#Credit;#Sayar Aung Ko Latt
Copy စာဖတ်ကြရအောင်_ #admin #ဒိုက်ဒိုက်-မြင်းခြံ #ဘဝအတွက်ခွန်အားဖြစ်စေသောစာ
Photo Credit ပေးပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။