Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 28, 2016

တိတ်တိတ်ပုန်း ဟာသ

 Nine Nine Sanay @ နိုင်းနိုင်းစနေ

တိတ်တိတ်ပုန်း ဟာသ
------------------------
ခေါင်းစဉ်ကြည့်ကတည်းက သိသာပါတယ်။ ဒီပို့စ်ဟာ ရိုင်းရင်လည်းရိုင်းမယ်။ အဓိပ္ပာယ်မဲ့ရင်လည်း မဲ့မယ်။ အဆဲခံထိရင်လည်း ထိမယ်။ ဒါပေမယ့် ပြုံးဖြစ်မယ်လို့ထင်ပါတယ်။ (မပြုံးလည်းရပါတယ်.. အတုတော့မခိုးပါနဲ့ :P )
.
(၁) ကိုယ်ချင်းစာတဲ့ တိတ်တိတ်ပုန်း
.
မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။
.
"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"


.
မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။
.
"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"
.
အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ ဘာလဲလို့မေးတယ်။ မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ "အော်... ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်" လို့ဖြေတယ်။
.
အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။ ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက မီးဖိုထဲထသွားခဲ့တယ်။ မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။ အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး "ရော့... အစာနည်းနည်းစားလိုက်ဦး၊ ငါ့လိုမဖြစ်စေနဲ့... ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"
.
.
(၂) တိုက်ဆိုင်တဲ့ တိတ်တိတ်ပုန်း
.
အိမ်မှာယောက်ျားမရှိတုန်း မိန်းမက တခြားယောက်ျားနဲ့ တိတ်တိတ်ပုန်းနေတယ်။ အဲဒီမှာ ရုတ်တရက် ယောက်ျားကားသံကြားတော့ မိန်းမက "နင့်အဝတ်အစားတွေ မြန်မြန်ယူပြီး ပြတင်းပေါက်ကနေ ပြေးတော့" လို့ ပြောတယ်။
.
"အပြင်မှာမိုးရွာနေတာ ငါဘယ်လိုခုန်ချမလဲ" တိတ်တိတ်ပုန်းယောက်ျားက ပြောတယ်။
.
"ငါ့ယောက်ျားမိရင် ငါတို့နှစ်ယောက်လုံးသေမှာ သွား.. သွား..."
.
မိန်းမက အင်္ကျီတွေအတင်းထိုးထည့်ပေးပြီး ပြေးခိုင်းတယ်။ အဲဒီလူလည်း ပြတင်းပေါက်က ခုန်ချလိုက်တာ မာရသွန်ပြေးနေတဲ့ လူအုပ်ကြားထဲရောက်သွားခဲ့တယ်။
.
မာရသွန်ပြေးနေတဲ့ လူတစ်ယောက်က သူ့ကိုတွေ့တော့ မေးတယ်။
.
"ခင်ဗျား တုံးလုံးပြေးရတာ ဝါသနာပါတာလား"
.
"ဟုတ်ကဲ့ .. ဒါမှ ဆန့်ကျင်ဖက်လေဖိအားတွေ လျော့မှာ"
.
"ပြေးနေတဲ့အချိန် အဝတ်အစားကိုင်ပြီး ပြေးတတ်တာလား"
.
"ဟုတ်ကဲ့... ပန်းဝင်တာနဲ့ ကျွန်တော်ပြန်ဝတ်လိုက်လို့ရပါတယ်"
.
"ခင်ဗျား ခါတိုင်းလည်း ကွန်ဒုံးတပ်ပြီး ပြေးတတ်တာလား"
.
"မဟုတ်ပါဘူး.. မိုးရွာတဲ့အချိန်မှပါ"
.
.
(၃) ပဟေဠိ တိတ်တိတ်ပုန်း
.
ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ ပင်လယ်ထဲသွားပြီး ငါးသွားရှာကြတယ်။ အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် မိန်းမတွေက ဖောက်ပြန်ကြတယ်။ ဖောက်ပြန်ပြီးတိုင်းလည်း ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။ ကြာလာတော့ ဖာသာကမိန်းမတွေကို "နောက်တစ်ခါ လာဝန်ခံကြရင် ခိုးစားတယ်လို့မပြောဘဲ "ချော်လဲတယ်"လို့ ပြောပါ။ ချော်လဲလာတယ်လို့ ပြောရင် ငါသိပြီ" လို့ မှာလိုက်တယ်။
.
နောက်တော့ ဖာသာအသက်ကြီးပြီး နောက်ဖာသာအသစ်တစ်ယောက်ပြောင်းတယ်။ မပြောင်းခင် ရွာသူကြီးကို "ချော်လဲတယ်"ဆိုတဲ့ အဓိပ္ပာယ်ကိုပြောပြပြီး နောက်ဖာသာကိုရှင်းပြဖို့ မှာခဲ့တယ်။ ဖာသာအသစ်ရောက်လာတော့ သူကြီးက အဲဒီစကားရဲ့အဓိပ္ပာယ်ကို ပြောပြဖို့မေ့သွားခဲ့တယ်။
.
ရွာထဲ မိန်းမတွေက အရင်အတိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာအသစ်ဆီသွားပြီး ဝန်ခံကြတယ်။ ချော်လဲတဲ့လူတွေ များနေတာကြောင့် ဖာသာက သူကြီးဆီသွားပြီး မိန်းမတွေ မကြာခဏချော်လဲနေတာကြောင့် ရွာထဲကလမ်းတွေ ပြုပြင်သင့်ကြောင်း ပြောပြတယ်။ ဖာသာစကားကိုကြားတော့ သူကြီးက ထရယ်တယ်။ အားရပါးရ ရယ်နေတဲ့သူကြီးကိုကြည့်ပြီး ဖာသာနားမလည်စွာနဲ့ ထအော်တယ်။
.
"သူကြီး... ခင်ဗျား ဘာရယ်နေတာလဲ။ ဒီတစ်ပတ်အတွင်း ခင်ဗျားမိန်းမ ချော်လဲတာ ၃ ခါရှိပြီဗျ"
.
.
(၄) မတော်တဆ တိတ်တိတ်ပုန်း
.
ငယ်ရွယ်တဲ့ လင်မယားနှစ်ဦးမှာ လှပတဲ့သမီးနှစ်ယောက်ရှိတယ်။ ဒါပေမယ့် ယောက်ျားလေးတစ်ယောက် ထပ်မွေးဖို့ သူတို့မျှော်လင့်ခဲ့ကြတယ်။ စစ်ဆေးမှုတွေပြုလုပ်ပြီး လအနည်းငယ်ကြိုးစားလိုက်တော့ မိန်းမမှာကိုယ်ဝန်ရှိသွားခဲ့တယ်။ (၉)လနေပြီးနောက် မိန်းမက သားယောက်ျားလေးတစ်ဦးမွေးခဲ့တယ်။ ယောက်ျားလုပ်သူက ဝမ်းသာအားရ ကလေးခန်းထဲပြေးဝင်ပြီး အခုမှ အမေ့ဝမ်းကကျွတ်လာတဲ့ သားလေးကိုသွားကြည့်ခဲ့တယ်။ ဒါပေမယ့် အရမ်းရုပ်ဆိုးတဲ့ သားကိုတွေ့တော့ သူလန့်သွားခဲ့တယ်။ ဒါနဲ့မိန်းမဆီသွားပြီး ဒေါသတကြီးနဲ့ "ငါ့နောက်ကွယ်မှာ မင်းခိုးစားခဲ့တာလား" လို့မေးတယ်။ မိန်းမက အချိုသာဆုံးပြုံးပြီး "ဟင့်အင်း... ဒီတစ်ခေါက် မဟုတ်ဘူး" လို့ဖြေလိုက်တယ်။
.
.
(၅) အူတူတူ တိတ်တိတ်ပုန်း
.
ဦးလှအိမ်ပြန်ရောက်တော့ သားက ကြမ်းပြင်ပေါ်ထိုင်ပြီး ငိုနေတယ်။
.
"နင့် အမေရော"
.
"မေမေ အိပ်ခန်းထဲမှာ...."
.
အိပ်ခန်းထဲ ဦးလှပြေးဝင်ကြည့်တော့ ကုတင်ပေါ်မှာ ချွေးတစို့စို့နဲ့ အမောဖောက်နေတဲ့ မိန်းမကိုတွေ့လိုက်တယ်။ ချွေးသုတ်ဖို့ ရေချိုးခန်းထဲ တဘက်ဝင်ယူတော့ ရေချိုးခန်းထဲမှာ တုံးလုံးကြီးရပ်နေတဲ့ ဘေးအိမ်ကဦးမြကို ဦးလှတွေ့လိုက်တယ်။
.
"ခင်ဗျားဗျာ.... ကျုပ်မိန်းမ နှလုံးရောဂါထနေတာကို မပြုစုဘဲ တုံးလုံးကြီးချွတ်ပြီး ကျုပ်သားကို ခြောက်နေရသလားဗျာ"
.
.
(၆) အံဝင်ခွင်ကျ တိတ်တိတ်ပုန်း
.
လူတစ်ယောက်က သူ့သေနတ်ပေါ် မှန်ပြောင်းတစ်လက်တပ်ဖို့ မှန်ပြောင်းရောင်းဆိုင် တစ်ဆိုင်နား ရောက်လာခဲ့တယ်။
.
"ဒီမှန်ပြောင်းက အရမ်းမိုက်တယ်။ ဒီကနေ ဟိုးတောင်ကုန်းပေါ်က အိမ်ကို ခင်ဗျားရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်" ဆိုင်ရှင်က မှန်ပြောင်းတစ်ခု ထုတ်ပြပြီးပြောတယ်။
.
"ဟုတ်လား" မှန်ပြောင်းဝယ်သူက ဆိုင်ရှင်ပြောတဲ့ဘက် မှန်ပြောင်းယူပြီးကြည့်လိုက်တယ်။ ပြီးတော့ ရုတ်တရက် တဟားဟား ထရယ်တယ်။
.
"ခင်ဗျား ဘာရယ်တာလဲ"
.
"အဲဒီအိမ်ရဲ့ အခန်းထဲမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် တုံးလုံးကြီး ကျွန်တော်တွေ့လိုက်တယ်"
.
ဆိုင်ရှင်က မှန်ပြောင်းကို ဆတ်ခနဲ့ဆွဲယူပြီး ကြည့်လိုက်တယ်။ ပြီးတော့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး ဒေါသတကြီးနဲ့ ကျည်ဆံနှစ်တောင့်ယူလိုက်တယ်။
.
"အဲဒါ ကျုပ်အိမ်ဗျ... ကျုပ်မိန်းမရဲ့ခေါင်းနဲ့ ဟိုကောင်ရဲ့မွေးရာပါကို ဒီကျည်နှစ်တောင့်နဲ့ ခင်ဗျားပစ်နိုင်ရင် ဒီမှန်ပြောင်း ခင်ဗျားကို အလကားပေးမယ်ဗျာ"
.
ဝယ်တဲ့သူက မှန်ပြောင်းနဲ့ သေသေချာချာကြည့်ပြီး ပြောလိုက်တယ်။
.
"ခင်ဗျားသိလား.. ဒီကျည် တစ် တောင့် တည်းနဲ့ လုံလောက်တယ်"
.
.
ဒီဟာသကို ၂ဝဝ၉တုန်းက ဘလော့မှာရေးခဲ့တယ်။ တချို့ကဖတ်ပြီး ဒီလိုအိမ်ထောင်မှုဖောက်ပြန်တာဟာ မြန်မာ့အတွေးအခေါ်နဲ့မကိုက်ညီတာမို့ ဟာသအနေနဲ့တောင် ရေးဖို့မသင့်ကြောင်းပြောခဲ့တယ်။ ဒီစာရေးပြီး ၅နှစ်အကြာ အခုချိန်မှာတော့ ဖေ့စဘုတ်ပေါ်မှာ မယားလုပြဿနာ၊ ယောက်ျားလုပြဿနာတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ပို့စ်တွေတော်တော်များများ ကျွန်မတို့ဖတ်ခဲ့ရတယ်။ ဒါဟာ မြန်မာ့အတွေးအခေါ်နဲ့မဆိုင်ဘူး.. လူတစ်ဦးတစ်ယောက်ချင်းရဲ့အတွေးအခေါ်နဲ့ပဲ ဆိုင်တယ်လို့ ထင်မြင်မိပါတယ်။ ကျွန်မကတော့ ရယ်ရရုံသက်သက် ဒီဟာသကို မျှဝေပါတယ်။
.
‪#‎နိုင်းနိုင်းစနေ‬

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။