ညည်းလေး သိစေချင်တဲ့စကားများ..
=================
မိငယ်ရေ..
ကာလသားတိုင်း မြင်ငေးတမ်းတရတဲ့ ညည်းလေးရဲ့ အလှတရားကို လှပမြဲလှပနေအောင် ဘယ်ခေတ်ပေါ် ဓါတုဆေးဝါးတွေကမှ ကြာကြာထိန်းမထားနိုင်ပါဘူး. .
နုငယ်ပျိုမြစ်မှုတွေနဲ့ ညည်းရဲ့မျက်နှာပြင်လေးဟာ တစ်နေ့ကျရင်
အရေပြားအပေါ်လွှာတွေ တွန့်ခေါက်လာမယ်.. လှပထူပြောတဲ့ ဆံနွယ်လေးတွေမှာ
အဖြူရောင်တစ်စွန်းတစ်စ နေရာယူလာလိမ့်မယ်.. ပြုံးလိုက်တိုင်းလှတဲ့
သွားတက်လေးတွေလည်း တစ်ချိန်ကျရင် ရှိနေချင်မှတောင် ရှိနေလိမ့်မယ်..
.
မိငယ်ရေ..
သွယ်လျပြည့်တင်းတဲ့ ညည်းလေးရဲ့ ကောက်ကြောင်းအလှတရားတွေအတွက် အခုအချိန်မှာ ဂုဏ်ယူကောင်းဂုဏ်ယူနေမှာပေါ့နော်.. ကာလသားလူပျိုတွေရဲ့ စကားဝိုင်းတွေထဲမှာလည်း ညည်းလေးရဲ့အလှတရားဟာ ရေပန်းအစားဆုံး ခေါင်းစဉ်တွေထဲက တစ်ခုဖြစ်ကောင်းဖြစ်နေလိမ့် မှာပေါ့..
ဒါပေမယ့် ညည်းရယ်.. တစ်နေ့နေ့ တစ်ချိန်ချိန်ဆိုတဲ့ နေ့ရက်တွေသာ
ရောက်ခဲ့ရင် ညည်းရဲ့ ခန္ဓာကိုယ်အရေပြားအောက်မှာ အဆီခဲလေးတွေ စုဝေးချင်
စုဝေးလာမယ်.. ဒါမှမဟုတ်ရင်လည်း အရေပြားတွေ လျော့ရဲပြီး
တွန့်ကြေအိုမင်းလာလိမ့်မယ်. . ဒါကို ညည်းလေးကို အလှတရားတွေ ပေးသနားခဲ့တဲ့ နတ်ဘုရားတွေလည်း တားဆီးလို့မရပါဘူးကွယ်..
.
မိငယ်ရေ..
တစ်နေ့ကျရင် ညည်းမျက်နှာလေး အိုမင်းလာမယ်။ ညည်းခန္ဓာကိုယ်လေး ပြောင်းလဲလာမယ်။ ညည်းရဲ့ အလှတရားတွေအကုန်လုံး အငွေ့ပျံကုန်မယ်။ ဒါဟာ တည်မြဲနေမယ့် ပြောင်းလဲခြင်းတစ်ခုပါပဲ။ အဲဒီ့နေ့ကျရင် ညည်းအပြုံးလေးအကြောင်း တဖွဖွပြောတတ်တဲ့သူကော ဘာဆက်ပြောဦးမလဲ။ ညည်းကောက်ကြောင်းလေးအကြောင်း ပုံတူဆွဲဦးမယ်ဆိုတဲ့သူကော ဘာတွေရေးဆွဲဦးမလဲ။
.
ညည်းရေ.. ပြောင်းလဲနေတဲ့ အရာတွေထဲမှာမှ ဘယ်တော့မှ မပြောင်းလဲမယ့် အရာတစ်ခုရှိတယ်။ အဲဒါကတော့ မိန်းမကောင်းတစ်ယောက်ဖြစ်ခြ င်းပါပဲ။ ဒီနေ့မှာ မိန်းမကောင်းတစ်ယောက်ဖြစ်နေ တဲ့ ညည်းဟာ တစ်နေ့ကျရင်လည်း မိန်
းမကောင်းတစ်ယောက်အဖြစ်နဲ့ပဲ
ရှိနေမှာပါ။ ညည်းကိုယ်တိုင် တန်ဖိုးထားရမယ့် မိန်းမကောင်းတစ်ယောက်ရဲ့
ခံယူချက်နဲ့စိတ်ဓါတ်ကို ညည်းကိုယ်တိုင်ကလွဲရင် ဘယ်သူကမှ
ရိုက်ချိုးပစ်လို့မရနိုင်ပါ ဘူး။
.
ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်ကို ပတ်ဝန်းကျင်ကလည်း မထီမဲ့မြင်မလုပ်ဘူး ညည်း။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်တဲ့ မိန်းကလေးတစ်ယောက်ကို ပတ်ဝန်းကျင်ကလည်း မရိုင်းပြဘူး ညည်း။ ကိုယ့်ကိုယ်ကို စောင့်ရှောက်နေတဲ့ မိန်းကလေးတစ်ယောက်ကို ပတ်ဝန်းကျင်ကလည်း မစော်ကားဘူး ညည်း။
.
မိငယ်ရေ.. ဒီနေ့မှာ လုပ်ခဲ့တဲ့ ညည်းလေးရဲ့လုပ်ရပ်တွေတိုင်း ဟာ အနာဂတ်မှာဖြစ်လာမယ့် ညည်းရဲ့ဘဝတွေပဲဆိုတာ မမေ့ဖို့ အခေါက်ခေါက်မှာချင်ပါရဲ့။
_____________
ရွှေညာမောင် (Focus Youth)
(Focus Youth E-magazine အား See First လုပ်ထားခြင်းဖြင့် လစဉ်အခမဲ့ ထုတ်ဝေသော Magazine များနှင့်တကွ လူငယ်များနှင့်သက်ဆိုင်သော အောင်မြင်ရေး၊ အလှအပရေး၊ ကျန်းမာရေးနှင့် အခြားဗဟုသုတရဖွယ် Posts များအား မလွတ်တမ်း ဖတ်ရှုနိုင်ပါပြီ။)
မိငယ်ရေ..
ကာလသားတိုင်း မြင်ငေးတမ်းတရတဲ့ ညည်းလေးရဲ့ အလှတရားကို လှပမြဲလှပနေအောင် ဘယ်ခေတ်ပေါ် ဓါတုဆေးဝါးတွေကမှ ကြာကြာထိန်းမထားနိုင်ပါဘူး.
.
မိငယ်ရေ..
သွယ်လျပြည့်တင်းတဲ့ ညည်းလေးရဲ့ ကောက်ကြောင်းအလှတရားတွေအတွက
.
မိငယ်ရေ..
တစ်နေ့ကျရင် ညည်းမျက်နှာလေး အိုမင်းလာမယ်။ ညည်းခန္ဓာကိုယ်လေး ပြောင်းလဲလာမယ်။ ညည်းရဲ့ အလှတရားတွေအကုန်လုံး အငွေ့ပျံကုန်မယ်။ ဒါဟာ တည်မြဲနေမယ့် ပြောင်းလဲခြင်းတစ်ခုပါပဲ။ အဲဒီ့နေ့ကျရင် ညည်းအပြုံးလေးအကြောင်း တဖွဖွပြောတတ်တဲ့သူကော ဘာဆက်ပြောဦးမလဲ။ ညည်းကောက်ကြောင်းလေးအကြောင်
.
ညည်းရေ.. ပြောင်းလဲနေတဲ့ အရာတွေထဲမှာမှ ဘယ်တော့မှ မပြောင်းလဲမယ့် အရာတစ်ခုရှိတယ်။ အဲဒါကတော့ မိန်းမကောင်းတစ်ယောက်ဖြစ်ခြ
းမကောင်းတစ်ယောက်အဖြစ်နဲ့ပဲ
.
ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်ကို ပတ်ဝန်းကျင်ကလည်း မထီမဲ့မြင်မလုပ်ဘူး ညည်း။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်တဲ့ မိန်းကလေးတစ်ယောက်ကို ပတ်ဝန်းကျင်ကလည်း မရိုင်းပြဘူး ညည်း။ ကိုယ့်ကိုယ်ကို စောင့်ရှောက်နေတဲ့ မိန်းကလေးတစ်ယောက်ကို ပတ်ဝန်းကျင်ကလည်း မစော်ကားဘူး ညည်း။
.
မိငယ်ရေ.. ဒီနေ့မှာ လုပ်ခဲ့တဲ့ ညည်းလေးရဲ့လုပ်ရပ်တွေတိုင်း
_____________
ရွှေညာမောင် (Focus Youth)
(Focus Youth E-magazine အား See First လုပ်ထားခြင်းဖြင့် လစဉ်အခမဲ့ ထုတ်ဝေသော Magazine များနှင့်တကွ လူငယ်များနှင့်သက်ဆိုင်သော အောင်မြင်ရေး၊ အလှအပရေး၊ ကျန်းမာရေးနှင့် အခြားဗဟုသုတရဖွယ် Posts များအား မလွတ်တမ်း ဖတ်ရှုနိုင်ပါပြီ။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။