သင့်ကလေးငယ်အား ငွေကြေးကို စနစ်တကျသုံးစွဲတတ်အောင် သင်ကြားနည်းများ
လူတော်တော်များများရဲ့  ငယ်ဘ၀မှာ ပထမဦးဆုံးအကြိမ် ပိုက်ဆံနှင့်ရင်းနှီးမှုဟာ စုဗူးက စခဲ့ကြပါတယ်။ မိဘတွေက စုဗူးဝယ်ပေးပြီး မုန့် ဖိုးရတိုင်း စုဆောင်းတတ်ဖို့ သင်ကြားပေးခဲ့ကြပါတယ်။ အဲ့ဒီအတွက် စုဆောင်းမှု (Saving) အပိုင်းကိုတော့ ရင်းနှီးခဲ့ပေမယ့် ပိုက်ဆံကို ဘယ်လိုသုံးစွဲရမယ်ဆိုတာကို အကျွမ်းမ၀င်ခဲ့ကြပါဘူး။
တကယ်တော့ ကလေးတွေရဲ့ စုဆောင်းမှုနှင့် သုံးစွဲမှု အလေ့အကျင့်ဟာ အသက် ၃ နှစ်အရွယ်မှာပင် စတင်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါ့ထက်အရေးကြီးတာကတော့ ကလေးတွေရဲ့ ပိုက်ဆံသုံးစွဲမှု ဗီဇဟာ အသက် ၇ နှစ်မှာ စတင်အခြေတည်ခဲ့ကြပါတယ်။ အဲ့ဒီအတွက် မိမိရဲ့ ကလေးတွေကို ပိုက်ဆံကို စနစ်တကျသုံးစွဲတတ်ဖို့ အသက် ၇ နှစ်မတိုင်မီမှာပင် သင်ကြားပေးဖို့ လိုအပ်ပါတယ်။
သုတေသနတော်တော်များများရဲ့ တွေ့ ရှိချက်ကတော့ ကလေးတွေရဲ့ ပိုက်ဆံ သုံးစွဲမှု အလေ့အကျင့်ကို မိဘတွေက အများဆုံး လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဒါက ငြင်းစရာမလိုပါဘူး။ ဒါကြောင့်မိဘများအနေနဲ့ ကလေးငယ်များကို ငယ်စဉ်အခါကပင် ငွေကြေးနဲ့ ပက်သက်လို့ စနစ်တကျသုံးစွဲတတ်ရန် သင်ကြားပေးသင့်ပါတယ်။ အောက်မှာလည်း နမူနာအချက်လေးတွေ ရေးထားပါတယ်။
၁။ ငွေကြေးသုံးစွဲမှုတွင် သားသမီးများအတွက်စံပြမော်ဒယ်အနေဖြင့် ပြုမူပြခြင်း
ကလေးငယ်များဟာ သူတို့ ၏ မိဘတွေလုပ်ကိုင်သလို လိုက်ပြီးလုပ်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါဟာ အားလုံးနားလည်ပြီးသားပါ။ ကလေးငယ်များဟာ အရာရာကို စူးစမ်းလေ့လာသင်ယူလွယ်ပြီး တော်တော်များများကို မိဘတွေဆီက လေ့လာသင်ယူခဲ့ကြပါတယ်။ ဒါကြောင့်မို့ လို့ မိဘများအနေနဲ့ ငွေကြေးသုံးစွဲမှုတွေများ ကောင်းမွန်တဲ့ နမူနာတွေလုပ်ပြဖို့ လိုပါတယ်။ ဒါတွေကို နေ့ စဉ်လုပ်ပြရမှာပါ။ ဥပမာလေးတွေပေးရလျှင်တော့ ဈေးဝယ်ထွက်တဲ့အခါမှာ အသုံးစရိတ် (Budget) ကို သတ်မှတ်ပြီး ဈေးဝယ်ခြင်း၊ ဈေးလျှော့ပေးသော ကူပွန်များ၊ discount voucher များသုံးပြပြီး ဈေးသက်သာအောင်ဝယ်ယူပြခြင်း ၊
မော်ဒယ်အသစ်နဲ့ အဟောင်းကြားတွင် စနစ်တကျ ခွဲခြားလေ့လာပြီး ၀ယ်ယူပြခြင်း၊
အစရှိတာတွေကို လုပ်ပြနိုင်ပါတယ်။ တခြား အချက်တွေလည်းရှိဦးမှာပါ။ ဒါတွေက
နမူနာပေးထားတာပါ။
၂။ အနာဂါတ်အတွက် ငွေစုဆောင်းခြင်း
ငွေစုဆောင်းခြင်းဟာ အနာဂါတ်အတွက် ကြီးမားတဲ့ အုတ်မြစ်ချခြင်းဖြစ်သော်လည်း အသစ်အဆန်းမြင်သမျှလိုချင်သော ကလေးတွေအတွက်မူခက်ခဲလှပါတယ် ။ ဒါပေမယ့်လည်းလုပ်လို့ ရတဲ့ နည်းလမ်းလေးတွေရှိပါတယ်။
သင့်ကလေးအတွက်ငွေစုစာအုပ်ပြုလုပ်ပေးပြီး အပတ်စဉ် ငွေစုဆောင်းစေပါ။ လတစ်လပြီးသွားလျှင် bank statement ကိုပြပြီး သူတို့ ဆီမှာ စုဆောင်းငွေဘယ်လောက်ရှိပြီဆိုတာကို
ပြပြီး ငွေထပ်စုဆောင်းစေဖို့ စိတ်အားထက်သန်မှုရှိအောင် ပြုလုပ်ပေးပါ။
ဒီဟာသည် သင့်ကလေး၏ ကောင်းမွန်တဲ့ ငွေကြေးစီမံမှု၏ ပထမခြေလှမ်းပင်ဖြစ်ပါတယ်။
၃။ ဈေးဝယ်ထွက်ရာနှင့် စာရင်းပြုစုရာတွင်သူတို့ ကိုပါဝင်စေပါ။
သင့်ရဲ့ ကလေးငယ်ကို ကောင်းမွန်တဲ့ ငွေကြေးသုံးစွဲမှု အကျင့်ဖြစ်ပေါ်စေရန်အတွက် အပတ်စဉ်အိမ်အတွက်ဈေးဝယ်ထွက်ရာတွင်လိုက်ပါခိုင်းပါ။ ရိုးရိုးလိုက်ပါခိုင်းယုံတင်မကပဲ
သူတို့ ကို ဦးဆောင်စေပါ။ သူတို့ လက်ထဲကို ဈေးဝယ်စာရင်းနဲ့ ပိုက်ဆံကို
အပ်ပြီး ပစ္စည်းများရွေးချယ် ၀ယ်ယူခိုင်းပါစေ။ အတန်ဆုံးဈေးနဲ
့အကောင်းဆုံးပစ္စည်းရွေးချယ် နိုင်အောင်
သင်ကြားပေးပါ။ တစ်ချိန်တည်းမှာပဲ ငွေသုံးစွဲမှု၊ ငွေစုဆောင်းမှု၊ စီမံမှု၊
အစရှိတာတွေကိုလည်း သင်ကြားပေးပါ။ အဓိကအချက်ကတော့
ဘတ်ဂျက်ကိုနိုင်အောင်ကိုင်ဖို့ ကို အကျင့်ဖြစ်အောင် လုပ်ပေးပါ။
၎။ သူတို့ လိုချင်တဲ့ အရာကို ၀ယ်ယူဖို့ စောင့်ဆိုင်းတတ်သော အကျင့်ကို မွေးပေးပါ။
ဒီအချက်ကတော့ ကလေးတွေအတွက်တော်တော်ကိုခက် ခဲပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်ကလေးတွေအတွက် ပိုမိုခက်ခဲပါတယ်။ မိဘတွေအနေနဲ့ သူတို့ တကယ်လိုအပ်တဲ့အရာကိုသာရွေး ချယ် ၀ယ်ယူတတ်ဖို့ ကူညီထိန်းကျောင်းပေးသင့်ပါ တယ်။
ပိုက်ဆံဆိုတာ အပင်ကနေသီးလာတာ မဟုတ်ဘူးဆိုတဲ့ လက်သုံးစကားဟာ မိဘတွေအနေနဲ့ ကလေးတွေကို ဆုံးမပဲ့ပြင်တဲ့ နေရာမှာ အမြဲသုံးသင့်တဲ့ စကားဖြစ်ပါတယ်။ သူတို့ တွေရဲ့ ငယ်စဉ်ဘကကစပြီး လိုချင်တဲ့ အရာကို ချက်ချင်းမ၀ယ်စေပဲ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်တတ်တဲ့ အကျင့်ကို ဖန်တီပေးရပါမယ်။ Super market တစ်ခုသွားတိုင်း ပစ္စည်းတစ်ခု ၀ယ်ရမယ်ဆိုတဲ့ အသိကိုမပေါ်အောင်လည်း သင်ကြားပေးသင့်ပါတယ်။
၅။ တစ်ခါတစ်လေ အမှားပေးလုပ်ပါစေ။
တစ်ခါတစ်ရံမှာ သင့်ကလေးအနေနဲ့ သူ့ ရဲ့ မုန့် ဖိုးတွေကို အရုပ်တွေဝယ်ယူနေခြင်းဖြင့် ကုန်နေစေတယ်ဆိုလည်း ခဏ လွှတ်ထားလိုက်ပါ။ တကယ်တမ်းသူလိုအပ်တာရှိလာတဲ့ အချိန်မှာ ဒီအရုပ်တွေက သူ့ အတွက် အပိုတွေဖြစ်ပြီး အဲ့ဒီအရုပ်တွေအတွက်သုံးခဲ့တဲ့ ပိုက်ဆံတွေကို ပြန်လည်နှမျောစိတ်ဝင်လာတတ်ပါတယ်။ အဲ့ဒါက သူ့ အတွက်၊ သူ့ အနာဂါတ်အတွက်ကောင်းတဲ့ အမှားတစ်ခု၊ သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်။
အထက်မှာရေးခဲ့တဲ့အချက်တွေကေ တာ့ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက ပိုက်ဆံကို စနစ်တကျသုံးတတ်အောင် သင်ကြားပေးသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။
Presented to you by MediExpress.
Like our page for more update.
Source' Mediexpress
လူတော်တော်များများရဲ့  ငယ်ဘ၀မှာ ပထမဦးဆုံးအကြိမ် ပိုက်ဆံနှင့်ရင်းနှီးမှုဟာ စုဗူးက စခဲ့ကြပါတယ်။ မိဘတွေက စုဗူးဝယ်ပေးပြီး မုန့် ဖိုးရတိုင်း စုဆောင်းတတ်ဖို့ သင်ကြားပေးခဲ့ကြပါတယ်။ အဲ့ဒီအတွက် စုဆောင်းမှု (Saving) အပိုင်းကိုတော့ ရင်းနှီးခဲ့ပေမယ့် ပိုက်ဆံကို ဘယ်လိုသုံးစွဲရမယ်ဆိုတာကို အကျွမ်းမ၀င်ခဲ့ကြပါဘူး။
တကယ်တော့ ကလေးတွေရဲ့ စုဆောင်းမှုနှင့် သုံးစွဲမှု အလေ့အကျင့်ဟာ အသက် ၃ နှစ်အရွယ်မှာပင် စတင်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါ့ထက်အရေးကြီးတာကတော့ ကလေးတွေရဲ့ ပိုက်ဆံသုံးစွဲမှု ဗီဇဟာ အသက် ၇ နှစ်မှာ စတင်အခြေတည်ခဲ့ကြပါတယ်။ အဲ့ဒီအတွက် မိမိရဲ့ ကလေးတွေကို ပိုက်ဆံကို စနစ်တကျသုံးစွဲတတ်ဖို့ အသက် ၇ နှစ်မတိုင်မီမှာပင် သင်ကြားပေးဖို့ လိုအပ်ပါတယ်။
သုတေသနတော်တော်များများရဲ့ တွေ့ ရှိချက်ကတော့ ကလေးတွေရဲ့ ပိုက်ဆံ သုံးစွဲမှု အလေ့အကျင့်ကို မိဘတွေက အများဆုံး လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဒါက ငြင်းစရာမလိုပါဘူး။ ဒါကြောင့်မိဘများအနေနဲ့ ကလေးငယ်များကို ငယ်စဉ်အခါကပင် ငွေကြေးနဲ့ ပက်သက်လို့ စနစ်တကျသုံးစွဲတတ်ရန် သင်ကြားပေးသင့်ပါတယ်။ အောက်မှာလည်း နမူနာအချက်လေးတွေ ရေးထားပါတယ်။
၁။ ငွေကြေးသုံးစွဲမှုတွင် သားသမီးများအတွက်စံပြမော်ဒယ
ကလေးငယ်များဟာ သူတို့ ၏ မိဘတွေလုပ်ကိုင်သလို လိုက်ပြီးလုပ်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါဟာ အားလုံးနားလည်ပြီးသားပါ။ ကလေးငယ်များဟာ အရာရာကို စူးစမ်းလေ့လာသင်ယူလွယ်ပြီး တော်တော်များများကို မိဘတွေဆီက လေ့လာသင်ယူခဲ့ကြပါတယ်။ ဒါကြောင့်မို့ လို့ မိဘများအနေနဲ့ ငွေကြေးသုံးစွဲမှုတွေများ ကောင်းမွန်တဲ့ နမူနာတွေလုပ်ပြဖို့ လိုပါတယ်။ ဒါတွေကို နေ့ စဉ်လုပ်ပြရမှာပါ။ ဥပမာလေးတွေပေးရလျှင်တော့ ဈေးဝယ်ထွက်တဲ့အခါမှာ အသုံးစရိတ် (Budget) ကို သတ်မှတ်ပြီး ဈေးဝယ်ခြင်း၊ ဈေးလျှော့ပေးသော ကူပွန်များ၊ discount voucher များသုံးပြပြီး ဈေးသက်သာအောင်ဝယ်ယူပြခြင်း
၂။ အနာဂါတ်အတွက် ငွေစုဆောင်းခြင်း
ငွေစုဆောင်းခြင်းဟာ အနာဂါတ်အတွက် ကြီးမားတဲ့ အုတ်မြစ်ချခြင်းဖြစ်သော်လည
သင့်ကလေးအတွက်ငွေစုစာအုပ်ပြ
၃။ ဈေးဝယ်ထွက်ရာနှင့် စာရင်းပြုစုရာတွင်သူတို့ ကိုပါဝင်စေပါ။
သင့်ရဲ့ ကလေးငယ်ကို ကောင်းမွန်တဲ့ ငွေကြေးသုံးစွဲမှု အကျင့်ဖြစ်ပေါ်စေရန်အတွက် အပတ်စဉ်အိမ်အတွက်ဈေးဝယ်ထွက
၎။ သူတို့ လိုချင်တဲ့ အရာကို ၀ယ်ယူဖို့ စောင့်ဆိုင်းတတ်သော အကျင့်ကို မွေးပေးပါ။
ဒီအချက်ကတော့ ကလေးတွေအတွက်တော်တော်ကိုခက်
ပိုက်ဆံဆိုတာ အပင်ကနေသီးလာတာ မဟုတ်ဘူးဆိုတဲ့ လက်သုံးစကားဟာ မိဘတွေအနေနဲ့ ကလေးတွေကို ဆုံးမပဲ့ပြင်တဲ့ နေရာမှာ အမြဲသုံးသင့်တဲ့ စကားဖြစ်ပါတယ်။ သူတို့ တွေရဲ့ ငယ်စဉ်ဘကကစပြီး လိုချင်တဲ့ အရာကို ချက်ချင်းမ၀ယ်စေပဲ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်တတ်တဲ့ အကျင့်ကို ဖန်တီပေးရပါမယ်။ Super market တစ်ခုသွားတိုင်း ပစ္စည်းတစ်ခု ၀ယ်ရမယ်ဆိုတဲ့ အသိကိုမပေါ်အောင်လည်း သင်ကြားပေးသင့်ပါတယ်။
၅။ တစ်ခါတစ်လေ အမှားပေးလုပ်ပါစေ။
တစ်ခါတစ်ရံမှာ သင့်ကလေးအနေနဲ့ သူ့ ရဲ့ မုန့် ဖိုးတွေကို အရုပ်တွေဝယ်ယူနေခြင်းဖြင့် ကုန်နေစေတယ်ဆိုလည်း ခဏ လွှတ်ထားလိုက်ပါ။ တကယ်တမ်းသူလိုအပ်တာရှိလာတဲ့ အချိန်မှာ ဒီအရုပ်တွေက သူ့ အတွက် အပိုတွေဖြစ်ပြီး အဲ့ဒီအရုပ်တွေအတွက်သုံးခဲ့တ
အထက်မှာရေးခဲ့တဲ့အချက်တွေကေ
Presented to you by MediExpress.
Like our page for more update.
Source' Mediexpress
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။