Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 28, 2016

ကိုယ်ပိုင်လုပ်ငန်းမစတင်ခင် သင့်ကိုယ်သင်မေးရမယ့် မေးခွန်း(9)ချက်

ကိုယ်ပိုင်လုပ်ငန်းမစတင်ခင် သင့်ကိုယ်သင်မေးရမယ့် မေးခွန်း(9)ချက်
-------------------------------------------------------------------------

သင့်ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့အခါ ဘဏ္ဍရေး၊ တရားဥပဒေနဲ့ စီးပွားရေး လုပ်ငန်းပိုင်ဆိုင်ရာ အစရှိတဲ့ မေးခွန်းများစွာ သင်ကိုယ်သင်မေးဖို့ လိုပါတယ်။ “ရင်းနှီးငွေရအောင် ဘယ်လို လုပ်မလဲ၊ ဘယ်သူတွေက ငါရဲ့ ပြိုင်ဘက်တွေလဲ၊ ဈေးကွက်မှာ ကိုယ့်ကုန်စည်နဲ့တူတဲ့ ပစ္စည်းတွေရော ရှိလား စသည်တို့ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလိုမေးခွန်းတွေအပေါ် အဓိကထား ရေးသားတင်ပြမှာမဟုတ်ပါဘူး။ အဲ့အစား မမြင်ရတဲ့ သိမ်မွေ့တဲ့ အရာများကိုသာ အဓိကထား သုံးသပ်သွားပါမယ်။ အောက်ပါ မေးခွန်းကိုးခုဟာ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ သင့်ရဲ့ စွမ်းဆောင်ရည်နှင့် ကိုယ်ရွေးကိုယ်သွေးအပေါ် သင့်ကိုယ်သင် မေးဖို့ လိုအပ်တဲ့ မေးခွန်းများ ဖြစ်ပါတယ်။

၁။ ငါဘယ်လောက် တာဝန်ယူနိုင်သလဲ။

သင်ကိုယ်သင်နှင့် သင်ရဲ့လုပ်ငန်းအပေါ် တာဝန်ယူရယုံတင်မကတော့ပါဘူး သင့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အကျိုးစီးပွားဖက်တွေကို အကုန်လုံးအတွက်ပါ တာဝန်ယူရပါလိမ့်မယ်။ အဲ့ဒီ့အထဲမှာ အလုပ်သမားတွေနဲ့ သူတို့ရဲ့မိသားစုတွေ၊ ရင်းနှီးမြုပ်နှံသူတွေ၊ စီးပွားရေးတွဲဖက်လုပ်ငန်းသူတွေ၊ ဖောက်သည်တွေနဲ့ သင်လုပ်ငန်းလုပ်နေတဲ့ လူမှုပတ်ဝန်းကျင်ပါ ပါရှိပါတယ်။ တဖက်မှာ သင့်ရဲ့ ကိုယ်ပိုင်ကြွယ်ဝမှု၊ နာမည်ကောင်းရမှုတွေအတွက် အလုပ်လုပ်စေပြီး တခြားတဖက်မှာလည်း သင့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လူတွေရဲ့ ဘဝကို မြင့်မားလာအောင် တာဝန်ယူဖို့ပါပဲ။

၂။ ဒီအလုပ်ကိုလုပ်ဖို့ ငါလောက်အထိ စွန့်စားရမလဲ။

စီးပွားရေးလုပ်ငန်းတစ်ခုစတင်တယ်ဆိုတာ စွန်းစားမှုအမြောက်အများရှိပါတယ်။ အဲဒီ့အထဲမှာ အိပ်ချိန်၊ ဝါသနာတွေ၊ လေ့ကျင့်ခန်း၊ ပေါင်းသင်းဆက်ဆံရေးတွေ၊ ခရီးသွားလာလိုမှုတွေနဲ့ သင့်ရဲ့ ကိုယ်ပိုင် လွတ်လပ်မှုတွေပါပါတယ်။ အောင်မြင်ဖို့အတွက် ဘာအရာမဆို စွန့်လွတ်နိုင်ပြီလား။ တန်ဖိုးရှိတဲ့ ရလဒ်ထွက်ပေါ်လာဖို့ ဘယ်အရာမဆို ငါစွန့်လွှတ်နိုင်ပြီလားဆိုတာ ကိုယ့်ကိုကိုယ်မေးပါ။

၃။ ရှုပ်ထွေးမှုဒဏ်ကို ခံနိုင်ရည်ရှိရှိ ငါဖြတ်ကျော်နိုင်မလား။

ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေနဲ့ အဖွဲ့အစည်းဆိုင်ရာ မနိုင်မနင်းဖြစ်မှုတွေကို ကြုံတွေ့ ဖြေရှင်းရတော့မှာပါ။ ဒီလို အခက်အခဲတွေကြားမှာ သင့်ရဲ့ စိတ်ကို ဘယ်လို ဖြေလျော့မလဲဆိုတာ အရမ်းအရေးပါပါတယ်။ ဒီလို ဖိအားများတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်နိုင်အောင် သင့်မှာ သတ္တိခွန်အားတွေ အသေအချာရှိနေရမှာဖြစ်ပါတယ်။ အားကစား၊ တရားထိုင်၊ ယောဂကျင့် စတာတွေထဲက တစ်ခုခုလုပ်ပါ။ အရေးကြီးတာက ဖိအားတွေကို ဘယ်လို့ လျော့ချတွန်းထုတ်ရမလဲဆိုတာ သင်အသေအချာသိဖို့လိုပါတယ်။

၎။ စိတ်ဖိအားတွေအောက်မှာ ငါ ဆုံးဖြတ်ချက်တွေချနိုင်ရဲ့လား။

သင်ကိုယ်ပိုင်လုပ်ငန်းကို စတည်ထောင်လိုက်ချိန်မှာ သင်ဘယ်တော့မှ စိတ်ကူးမထားခဲ့တဲ့ အကြောင်း အရာတွေ ရင်ဆိုင်ဖြေရှင်းရတော့မှာပါ။ သင်ကိစ္စတိုင်းကို ပါဝင်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်နေရမှာပါ။ အရာရာတိုင်းဆိုတာမှာ ဥပဒေကိစ္စကအစ စားရင်းကိုင်၊ ဈေးကွက်ဖော်ဆောင်ရေး၊ အရောင်းမြှင့် တင်ရေး၊ သတင်းနည်းပညာနဲ့ ဒီဇိုင်းကိစ္စတွေ ပါဝင်ပါတယ်။ ဒီကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ သင့်အနေနဲ့ စိတ်အေးအေးနဲ့ ကျိုးကြောင်းဆီလျှော်မှုရှိစွာ မြန်မြန်သွက်သွက် ဆုံးဖြတ်၊ ဆောင်ရွက် ရမှာပါ။ သင့်အနေနဲ့ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချမှတ်နိုင်ဖို့လည်း လိုပါတယ်။

၅။ ငါမှားနေမှန်း သဘောပေါက်တဲ့အခါ သူများတွေဆီက အကြံဉာဏ်ရယူနိုင်ရဲ့လား။

ခေါင်းဆောင်မှုဆိုတာ သင်မှားနေပြီဆိုတာ လက်သင့်ခံပြီး သင့်ရဲ့ အဖွဲ့ဝင်တွေရဲ့ မှန်ကန်တဲ့ အကြံဉာဏ်တွေကို နားထောင်နိုင်တဲ့ စွမ်းရည်ပဲဖြစ်ပါတယ်။ ကိုယ်တိုင် အမှားတွေလုပ်နေတဲ့ သူဋ္ဌေး ကို ဘယ်သူမှ ကြိုက်နှစ်သက်မှာမဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ သင့်အဖွဲ့ဝင်များကို လမ်း ကြောင်းအမှားတစ်ခုဆီ ခေါ်ဆာင်သွားနေရင် လူတွေက သင့်အားထောက်ပြပါလိမ့်မည်။ ထိုအချိန်မှာ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ အဲ့လိုထောက်ပြခြင်းကို လက်ခံပြီး မှန်ကန်တဲ့ လမ်းကြောင်း ပြောင်းဖို့လိုပါတယ်။

၆။ ငါရဲ့ ကိုယ်ပိုင် အားနည်းချက်တွေကဘာလဲ။

ငါဘာလုပ်နေတယ်ဆိုတာ သိနေခြင်းဟာ ခေါင်းဆောင်ကောင်းဖြစ်ဖို့ ကြိုတင်လိုအပ်တဲ့ အရာမဟုတ်သော်လည်း အဲ့လို သိနေသင့်ပါတယ်။ သင်ဘာတွေ တွေးနေ၊ ပြောနေ၊ လုပ်နေတယ် ဆိုတာ သင်သိနေဖို့ လိုပါတယ်။ သင်ကိုယ်သင်သိနေခြင်းကြောင့် သင်ဟာ တခြားလူတွေရဲ့ ခံစားချက်ကို နားလည်လာနိုင်ပြီး သူတို့ကို စိတ်ဓာတ်မြှင့်ပေးကာ ထိထိရောက်ရောက် ဦးဆောင်သွား ရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်ဘယ်နေရာမှာ အားသာဆိုတယ်ဆိုတာကိုသာမက ဘယ်နေရာမှာ အားနည်းသလဲဆိုတာပါ သိနေဖို့လို ပါတယ်။ အဲ့ဒါမှ သင့်ရဲ့ အားနည်းချက်များကို ဖားထေးနိုင်မယ့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းနိုင်မှာဖြစ်ပါ တယ်။

၇။ ပုံစံမတူတဲ့ လူတွေကို ငါ စီမံခန့်ခွဲနိုင်ပါ့မလား။

သင်အနေနဲ့ အဖွဲ့တစ်ခုဖွဲ့ပြီး အလုပ်လုပ်တော့မယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နောက်ခံ အခြေခံမတူတဲ့ လူတွေကို စုစုစည်းစည်းနဲ့ အတူတကွ အလုပ်လုပ်နိုင်ဖို့ တာဝန်ယူရတော့မှာပါ။ အဖွဲ့ဝင်များမှာ မတူညီတဲ့ စရိုက်များ၊ ကိုယ်ရည်ကိုယ်သွေးများ၊ အမြင်မတူညီမှုများရှိပါလိမ့်မည်။ သင့်အနေနဲ့ ထိုသို့ ကွဲပြားခြင်းနားနေခြင်းကို စနစ်တစ်ကျစီမံတတ်ဖို့နဲ့ ဘုံရည်မှန်းချက်ရောက်အောင် ဦးဆောင်သွားနိုင်ဖို့ လိုပါတယ်။

၈။ ငါနဲ့ နီးစပ်တဲ့သူအပါအဝင် တစ်စုံတစ်ယောက်ကို ငါ ထွက်သွားခွင့်ပြုနိုင်ပါ့မလား။

အစအဦးလုပ်တဲ့ လုပ်ငန်းအများစုမှာ သူငယ်ချင်းများပါဝင်တတ်ပါတယ်။ အဲဒီ့သူငယ်ချင်းများ ဟာ အိမ်နီးနားချင်း၊ တက္ကသိုလ်ကျောင်းနေဖက် ဒါမှမဟုတ် ယခင်အလုပ်က လုပ်ဖော်ကိုင်ဖက်များ ဖြစ်နိုင်ပါတယ်။ တစ်ခါတရံမှာ မိတ်ဆွေ အပေါင်းအသင်းများဟာ လုပ်ငန်းနဲ့ ပတ်သက်ပြီး အကြံဉာဏ်ကောင်းများ ရှိတတ်ပါတယ်။ တကယ်လို့ များ တစ်စုံတစ်ယောက်က ကိုယ်ဘယ်လောက် သူတို့ကို စိတ်ဓာတ်တက်ကြွအောင်လုပ်လုပ်၊ ဘယ်လောက်ပဲ မျှတတဲ့ အခွင့်အရေးပဲပေးပေး ကိုယ့်လုပ်ငန်းကို တဖြည်းဖြည်းခြင်း အောက်သို့ ဆွဲချ နေရင်တော့ သူတို့ဟာ အလုပ်က ထွက်ဖို့လို အပ်နေပါပြီ။ ဒါကို အရေးယူဆောင်ရွက်ဖို့ဟာ သင့်ရဲ့ တာဝန်တစ်တစ်ပိုင်းလည်းဖြစ်ပါတယ်။

၉။ ငါ ဘယ်လိုအကြောင်းအရာများကြောင့် ကိုယ်ပိုင်လုပ်ငန်းစတင်ရသလဲ

လူတွေ ကိုယ်ပိုင်လုပ်ငန်းစတင်ချင်ရတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ သင်ဘာကြောင့် သင့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းကို စတင်ချင်ရသလဲဆိုတာ သိအောင်လုပ်ပါ။ ကမ္ဘာကြီးကို ပြောင်းဖို့ဆိုတဲ့ ရည်ရွယ် ချက်ရှိရင်တော့ လက်တွေ့ကျကျ ကြည့်ပါလို့ ပြောပါရစေ။ အပြောင်းအလဲဆိုတာ လွယ်လွယ်ကူကူ မဖြစ်ပါဘူး။ အပြောင်းအလဲဟာ လိုအပ်ရဲ့လား၊ လိုအပ်နေလားဆိုတာ သေချာအောင်လုပ်ပါ။ ကိုယ့် အတွက်ကိုယ်လုပ်တယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ် စိတ်ဓာတ်ခွန်းအား ပေးရပါမယ် ပြီးတော့ စိတ်ဆန္ဒ ပြင်းပြင်းပြပြနဲ့ ဂုဏ်သိက္ခာရှိရှိ အလုပ်လုပ်ချင်တာကြောင့်ဆိုတာကိုလည်း သေချာစေချင်ပါတယ်။

အထက်ပါ မေးခွန်း ကိုးခုကို သင်ကိုယ်သင် မေးပြီးပြီဆိုရင်တော့ အင်အားအပြည့်နဲ့ လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ သင်အနေနဲ့ ပျော်ရာကနေ ဝမ်းနည်းသွားတာ၊ အောင်မြင်တာကနေ ဆုံးရှုံးသွား တာ၊ စိတ်ရှုပ်ထွေးရာကနေ ငြိမ်းချမ်းသွားတာ၊ သံသယာပွားနေရာမှ သေချာရေရာသွားတာနဲ့ ဒေါသ ထွက်နေရာကနေ အေးချမ်းသွားတာတွေ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ကြုံတွေ့ရမှာပါ။ သင့်အနေနဲ့ အထက်ပါ စိတ်လှုပ်ရှားမှု များကို အချိန်တိုင်း တစ်လှည့်စီဖြစ်နေပါလိမ့်မယ်။ သင်ဟာ ဒီ့အတွက် အဆင်သင့်ဖြစ်နေပြီ ဆိုရင်တော့ ကြီးကျယ်အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို စတင်နိုင်တော့ မှာဖြစ်ပါတယ်။

မောင်ဓန

Ref: Entrepreneur Magazine
9 Answers You Need About Yourself Before Starting Your Own Business

Source-စီးပွားရှုင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။