လင်မယားနှစ်ယောက်မှာ ကိုယ့်ဝါသနာ၊ သူ့ဝါသနာဆိုပြီး မတူတဲ့ဝါသနာကိုယ်စီရှိရင်လည်း ကောင်းတယ်။ ဝါသနာမတူပေမယ့် အပေးအယူမျှတယ်ဆိုရင်ကောင်းတယ်။ တသီးတခြားဆိုပေမယ့် အချင်းချင်းဂရုစိုက်အားပေးဖို့လိုတယ်။
.
ဒါပေမယ့် အချိန်တော်တော်များများမှာ ကိုယ့်ဝါသနာ၊ သူ့ဝါသနာနဲ့ ဆော့ကစားရင်း ဝါသနာဖော်တွေရတတ်သွားကြတယ်။ ယခုခေတ်မှာ တန်ဖိုးအပြောင်းအလဲများတယ်။ ချစ်သူကြားဆက်ဆံနေထိုင်မှု၊ အိမ်ထောင်ရေးတည်ရှိမှုပုံစံက မပြတ်ပြောင်းလဲနေတယ်။
တကယ်လို့ လင်မယားနှစ်ယောက်စလုံး ဝါသနာတူဖြစ်နိုင်ရင် အကောင်းဆုံးပါ။
ဒီလိုမှမဟုတ်ရင် ဝါသနာတူအဖော်တွေ သူတို့ရတတ်သွားပါတယ်။ လူ့ဘဝက
ရှည်တယ်လည်းမဟုတ်၊ တိုတယ်လည်းမဟုတ်.. ဆံဖြူသွားကျိုးထိတိုင်ဆိုတာက နေ့နေ့ညညတစ်ရက်ချင်းစီနဲ့ ဖွဲ့စည်းထားတာပဲမဟုတ်လား… နေ့နေ့ညညအတူနေရတဲ့ဝါသနာဆိုတာလေးတောင်မရှိရင် ဘာဆံဖြူသွားကျိုးလို့ဆိုနေဦးမလဲ…
.
လွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းက
အမျိုးသမီးတစ်ယောက်ဆီကနေ ကျွန်မစာတစ်စောင်ရခဲ့တယ်။ သူ့အမျိုးသားက
ပြင်ပလှုပ်ရှားမှုတွေကို ဝါသနာပါတဲ့သူဖြစ်တယ်။ ပြင်ပလှုပ်ရှားမှုတွေကစားရင်း အတူကစားတဲ့မိန်းမတစ်ယောက်နဲ့ ဟိုလိုလိုဒီလိုလိုဖြစ်ခဲ့ကြတယ်။
သူတို့အတူကစားကြတယ်၊ အတူသွားလာကြတယ်။ ဒါကို အမျိုးသမီးကသိတော့
စိတ်တိုဒေါသထွက်တယ်။ ဒါပေမယ့် ဘာသက်သေမှမရှိ၊ ကိုယ်တိုင်မျက်စိနဲ့တပ်အပ်မြင်တာမဟုတ်တော့ သူ့အမျိုးသားကို သူအပြစ်မရှာရဲဘူး။ ကျန်းမာရေးအတွက်နေရောင်ခြည်ရတဲ့
ပြင်ပအားကစားမို့ သူ့ယောက်ျားကို အပြင်မထွက်ဖို့လည်း
သူအတွန့်မတက်ရဲခဲ့ဘူး။ အဲဒီအတွက် သူဘာလုပ်ရမလဲလို့ ကျွန်မကို
စာပို့မေးမြန်းတာဖြစ်တယ်။
.
ဒဏ္ဍာရီသဖွယ်ပြောနေကြတဲ့ တစ်ဦးအပေါ်တစ်ဦး အမှီအခိုကင်းတဲ့အိမ်ထောင်ရေးမျိုးနဲ့ သင်ရှေ့သွားမယ်ဆိုလည်းသွား၊
ဒါမှမဟုတ် သူ့ဟာသူ ပြင်ပလှုပ်ရှားမှုလုပ်သလို သင်လည်းပဲ သင့်စိတ်ဝင်စားမှု၊
ဝါသနာတွေကိုလုပ်နိုင်တယ်။ စာဖတ်တာတို့၊ စန္ဒယားတီးတာတို့.. စသဖြင့်
တစ်ခုခုလုပ်နေလို့ရတယ်၊ ဒါမှမဟုတ် သူနဲ့အတူလိုက်ပြီး
ပြင်ပလှုပ်ရှားမှုတွေလုပ်ပေါ့လို့ သူ့ကိုကျွန်မစာပြန်ဖြစ်တယ်။
ပြင်ပအားကစား၊ ပြင်ပလှုပ်ရှားမှုဆိုတာ သင့်တော်တဲ့ဝါသနာဖြစ်တယ်။
ကျန်းမာရေးအတွက် ကောင်းတယ်။ ဒါကို သူနှစ်သက်ရင် သင်လည်းပဲလိုက်နှစ်သက်နိုင်တယ်။ သူနဲ့အတူလိုက်လုပ်လို့ သူနဲ့သင့်ကြား ဆက်ဆံရေးပိုကောင်းမွန်မယ်လို့ မပြောနိုင်ပေမယ့် အနည်းဆုံးတော့ ကျန်းမာရေးကောင်းစေမှာ အမှန်ပါပဲ။
.
ကျွန်မအကြံပေးသလို သူစမ်းလုပ်ခဲ့ပါတယ်။ သူ့နေ့စဉ်ဘဝက နေရောင်လိုတောက်ပလာခဲ့တယ်။ အိမ်ထဲမှာပဲနေပြီး ယောက်ျားဘာလုပ်နေသလဲ၊ ဘယ်သူနဲ့ရှိနေမလဲဆိုတဲ့ သံသယမျိုးနဲ့ သူ့ကိုယ်သူစိတ်ညစ်မနေစေတော့ဘူး။
ဒီကနေ့မှာ ယောက်ျားနဲ့အတူ သူစက်ဘီးသွားစီးတယ်၊ မနေ့က ယောက်ျားနဲ့အတူ
တောင်တက်တယ်၊ နောက်ရက်တွေမှာ နိုင်ငံအနှံ့ကားစီးပြီး သွားဦးမယ်တဲ့။
.
လူ့ဘဝဒီတစ်သက်မှာ ဆင်းရဲသူမှာလည်း ဆင်းရဲတဲ့ဘဝဖြတ်သန်းမှုပုံစံရှိသလို ချမ်းသာသူမှာလည်း ချမ်းသာတဲ့ဘဝဖြတ်သန်းမှုပုံစံရှိတယ်။ ငွေကြေးချမ်းသာတိုင်း အိမ်ကြီးအိမ်ကောင်းပိုင်ဆိုင်တိုင်း ပျော်ရွှင်ချင်မှပျော်ရွှင်တယ်။ ပရိသတ်သောင်းပေါင်းများစွာရှိသူမှာလည်း အထီးကျန်ဆန်မှုမခံစားရဘူးလို့ မပြောနိုင်ဘူး။ ပျော်ရွှင်ခြင်းဆိုတာ လူတိုင်းအဆင့်အတန်းမခွဲ ပိုင်ဆိုင်နိုင်တဲ့အရာဖြစ်တယ်။
.
အတူဆော့ကစားနိုင်မယ့်သူကို ရှာယူပါ။ အတူဆော့ကစားရင်း နာမည်ကြီးသူတွေလို သင်တို့အောင်မြင်ဖြစ်ထွန်းသွားနိုင်သလို ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝနဲ့ လူမသိသူမသိအဖြစ်လည်း ရှင်သန်နိုင်ပါတယ်။
.
နှစ်ခုစလုံးကောင်းပါတယ်.. နှစ်ခုစလုံး လှပါတယ်…
.
ငါတို့အချင်းချင်း ချစ်ကြတာဟာ
ဆင်းရဲဒုက္ခတွေကို အတူရင်ဆိုင်ကြဖို့၊
တစ်ဦးရဲ့ချွတ်ယွင်းချက်ကို တစ်ဦးကနားလည် ဖာထေးဖို့ပါပဲ…
.
တကယ်လို့ လင်မယားတိုင်း လင်မယားတိုင်းသာ
ပျော်ပျော်ရွှင်ရွှင် အတူဆော့ကစားနိုင်ကြရင်
လူ့အဖွဲ့အစည်းလည်း ပိုသင့်မြတ်ကောင်းမွန်လာနိုင်မှာဖြစ်တယ်။
----
မူရင်းလင့်-- http://jiaren.org/2016/07/21/jiehun-89/
.
မူရင်းရေးသားသူ-- Xiao Li (သတင်းထောက်စာရေးဆရာ)
.
ကြက်စွပ်ပြုတ်မပြုတ်သလို၊ အဆိပ်လည်းမခပ်ပါ၊
အကျိုးအကြောင်းဆီလျှော်တဲ့ သိမ်မွေ့ပြီးအင်အားပါတဲ့စကားလုံးနဲ့ ချစ်တတ်သူများအားလုံးကို နွေးထွေးစေချင်သူ
.
နိုင်းနိုင်းစနေ ဆီလျှော်အောင် ဘာသာပြန်ပါတယ်။
.
ဒါပေမယ့် အချိန်တော်တော်များများမှာ ကိုယ့်ဝါသနာ၊ သူ့ဝါသနာနဲ့ ဆော့ကစားရင်း ဝါသနာဖော်တွေရတတ်သွားကြတယ်။
.
လွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်
.
ဒဏ္ဍာရီသဖွယ်ပြောနေကြတဲ့ တစ်ဦးအပေါ်တစ်ဦး အမှီအခိုကင်းတဲ့အိမ်ထောင်ရေ
.
ကျွန်မအကြံပေးသလို သူစမ်းလုပ်ခဲ့ပါတယ်။ သူ့နေ့စဉ်ဘဝက နေရောင်လိုတောက်ပလာခဲ့တယ်။ အိမ်ထဲမှာပဲနေပြီး ယောက်ျားဘာလုပ်နေသလဲ၊ ဘယ်သူနဲ့ရှိနေမလဲဆိုတဲ့ သံသယမျိုးနဲ့ သူ့ကိုယ်သူစိတ်ညစ်မနေစေတော့
.
လူ့ဘဝဒီတစ်သက်မှာ ဆင်းရဲသူမှာလည်း ဆင်းရဲတဲ့ဘဝဖြတ်သန်းမှုပုံစံ
.
အတူဆော့ကစားနိုင်မယ့်သူကို ရှာယူပါ။ အတူဆော့ကစားရင်း နာမည်ကြီးသူတွေလို သင်တို့အောင်မြင်ဖြစ်ထွန်းသ
.
နှစ်ခုစလုံးကောင်းပါတယ်.. နှစ်ခုစလုံး လှပါတယ်…
.
ငါတို့အချင်းချင်း ချစ်ကြတာဟာ
ဆင်းရဲဒုက္ခတွေကို အတူရင်ဆိုင်ကြဖို့၊
တစ်ဦးရဲ့ချွတ်ယွင်းချက်ကို
.
တကယ်လို့ လင်မယားတိုင်း လင်မယားတိုင်းသာ
ပျော်ပျော်ရွှင်ရွှင် အတူဆော့ကစားနိုင်ကြရင်
လူ့အဖွဲ့အစည်းလည်း ပိုသင့်မြတ်ကောင်းမွန်လာနို
----
မူရင်းလင့်-- http://jiaren.org/2016/07/
.
မူရင်းရေးသားသူ-- Xiao Li (သတင်းထောက်စာရေးဆရာ)
.
ကြက်စွပ်ပြုတ်မပြုတ်သလို၊ အဆိပ်လည်းမခပ်ပါ၊
အကျိုးအကြောင်းဆီလျှော်တဲ့ သိမ်မွေ့ပြီးအင်အားပါတဲ့စကာ
.
နိုင်းနိုင်းစနေ ဆီလျှော်အောင် ဘာသာပြန်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။