လူဖြစ်လာရခြင်းရဲ့ ရည်ရွယ်ချက် (Purpose of Life)။
လူတွေ (အထူးသဖြင့် လူငယ်တွေ)ဟာ လောကမှာ လူဖြစ်လာရခြင်းရဲ့ ရည်ရွယ်ချက်ကို မေ့နေကြတယ်လို့ ထင်ပါတယ်။ သူတို့ အခု ဒါလေး လုပ်လိုက် ခနနေကျရင် နောက်တစ်ခု လုပ်လိုက်နဲ့ စိတ်ကျေနပ်သာယာမှုနောက်ကို လိုက်ရင်း အလုပ်တစ်ခုပြီး တစ်ခု ပြောင်းလုပ်နေကြတယ်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က လစာပိုက်ဆံရဖို့ အလုပ်လုပ်မယ်၊ ရတဲ့လခကို အပျော်အပါးအတွက် သုံးဖြုန်းလိုက်ကြဖို့ပါပဲ။
သူတို့ဟာ အဲဒီလို သာယာမှုနောက်လိုက်နေတာဟာ အကျိုးမရှိဘူးဆိုတာ မသိကြဘူး။
အဲဒီလို အပျော်အပါးလေးနဲ့ နေနေရတဲ့ ဘဝဟာ တာဝန်မရှိဘူး၊ အပူအပင်ကင်းတယ်၊ ပျော်စရာကောင်းတယ်လို့ ထင်စရာပါ။ ဒါပေမဲ့ အသက်အရွယ်လေး ရလာတာနဲ့အမျှ အဓိပ္ပါယ်ရှိတဲ့ လူ့ဘဝကို တောင့်တလာကြတယ်။
အဓိပ္ပါယ်ရှိတဲ့ လူ့ဘဝဆိုတာ ဘာလဲ။ ကောင်းမွန်တဲ့ အလုပ်တွေလုပ်ပြီး နောင်လာနောက်သားတွေအတွက် တန်ဖိုးရှိတဲ့ အမွေအနှစ်တွေ ချန်ထားနိုင်ခဲ့ဖို့ပါ။ အဲဒီလိုလဲ ဖြစ်သင့်ပါတယ်။ ဒါမှ ဘဝရဲ့ နောက်ဆုံးအချိန်ရောက်တဲ့အခါ "အော် ငါ ကြိုးစားခဲ့တယ်။ ငါ လောကကောင်းကျိုးကို ဆောင်ရွက်နိုင်ခဲ့ပြီ။ ငါကျေနပ်တယ်" ဆိုတဲ့ ဝမ်းသာပီတိဖြစ်နေမှာပါ။
တချို့လူတွေကတော့ ဒီလိုပြောတာကို သဘောတူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်ကတော့ ဘဝမှာ ကြိုးပမ်းအားထုတ်ရင်းနဲ့ ကုန်လွန်တာဟာ ပျော်စရာတွေနဲ့ပဲ အချိန်ကုန်ဆုံးသွားရတာထက် ပိုကောင်းတယ်လို့ စွဲမြဲခိုင်မာစွာ ယုံကြည်နေပါတယ်။ အသက်အရွယ်ရပြီး အတွေ့အကြုံရှိသူတိုင်း ကျနော် ပြောတာကို နားလည်သဘောပေါက်ကြမှာပါ။ ဒါပေမဲ့ အတွေ့အကြုံရှိသူတွေတိုင်းက ဒီအချက်ကို လူငယ်တွေကို မပြောပြကြဘူး။ သူတို့က အခုခေတ် လူငယ်တွေကို ပြောပြရင် သူတို့အတွေ့အကြုံတွေကို ခေတ်မမှီတော့ဘူးဆိုပြီး လက်ခံမှာ မဟုတ်လို့တဲ့။ ဒါပေမဲ့ ကျနော်တို့ ရင်ထဲက ခံစားရတဲ့ အမှန်တရားကို ပြောပြရင် သူတို့ လက်ခံကြမှာပါ။
Kazuo Inamori ရေးတဲ့ "A Passion for Success" စာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ပါ။
ဗန်းမော်သိန်းဖေ
၂၁-၀၇-၂၀၁၆
လူတွေ (အထူးသဖြင့် လူငယ်တွေ)ဟာ လောကမှာ လူဖြစ်လာရခြင်းရဲ့ ရည်ရွယ်ချက်ကို မေ့နေကြတယ်လို့ ထင်ပါတယ်။ သူတို့ အခု ဒါလေး လုပ်လိုက် ခနနေကျရင် နောက်တစ်ခု လုပ်လိုက်နဲ့ စိတ်ကျေနပ်သာယာမှုနောက်ကို လိုက်ရင်း အလုပ်တစ်ခုပြီး တစ်ခု ပြောင်းလုပ်နေကြတယ်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က လစာပိုက်ဆံရဖို့ အလုပ်လုပ်မယ်၊ ရတဲ့လခကို အပျော်အပါးအတွက် သုံးဖြုန်းလိုက်ကြဖို့ပါပဲ။
သူတို့ဟာ အဲဒီလို သာယာမှုနောက်လိုက်နေတာဟာ အကျိုးမရှိဘူးဆိုတာ မသိကြဘူး။
အဲဒီလို အပျော်အပါးလေးနဲ့ နေနေရတဲ့ ဘဝဟာ တာဝန်မရှိဘူး၊ အပူအပင်ကင်းတယ်၊ ပျော်စရာကောင်းတယ်လို့ ထင်စရာပါ။ ဒါပေမဲ့ အသက်အရွယ်လေး ရလာတာနဲ့အမျှ အဓိပ္ပါယ်ရှိတဲ့ လူ့ဘဝကို တောင့်တလာကြတယ်။
အဓိပ္ပါယ်ရှိတဲ့ လူ့ဘဝဆိုတာ ဘာလဲ။ ကောင်းမွန်တဲ့ အလုပ်တွေလုပ်ပြီး နောင်လာနောက်သားတွေအတွက် တန်ဖိုးရှိတဲ့ အမွေအနှစ်တွေ ချန်ထားနိုင်ခဲ့ဖို့ပါ။ အဲဒီလိုလဲ ဖြစ်သင့်ပါတယ်။ ဒါမှ ဘဝရဲ့ နောက်ဆုံးအချိန်ရောက်တဲ့အခါ
တချို့လူတွေကတော့ ဒီလိုပြောတာကို သဘောတူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်ကတော့ ဘဝမှာ ကြိုးပမ်းအားထုတ်ရင်းနဲ့ ကုန်လွန်တာဟာ ပျော်စရာတွေနဲ့ပဲ အချိန်ကုန်ဆုံးသွားရတာထက် ပိုကောင်းတယ်လို့ စွဲမြဲခိုင်မာစွာ ယုံကြည်နေပါတယ်။ အသက်အရွယ်ရပြီး အတွေ့အကြုံရှိသူတိုင်း ကျနော် ပြောတာကို နားလည်သဘောပေါက်ကြမှာပါ။ ဒါပေမဲ့ အတွေ့အကြုံရှိသူတွေတိုင်းက ဒီအချက်ကို လူငယ်တွေကို မပြောပြကြဘူး။ သူတို့က အခုခေတ် လူငယ်တွေကို ပြောပြရင် သူတို့အတွေ့အကြုံတွေကို ခေတ်မမှီတော့ဘူးဆိုပြီး လက်ခံမှာ မဟုတ်လို့တဲ့။ ဒါပေမဲ့ ကျနော်တို့ ရင်ထဲက ခံစားရတဲ့ အမှန်တရားကို ပြောပြရင် သူတို့ လက်ခံကြမှာပါ။
Kazuo Inamori ရေးတဲ့ "A Passion for Success" စာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ပါ။
ဗန်းမော်သိန်းဖေ
၂၁-၀၇-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။