Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, July 30, 2016

၁၅၀၀ နှင့် ၅၂၈ အချစ်တို့ရဲ့ တကယ့်အဓိပ္ပါယ်

  ဆရာဦးဇော်ဝေ

၁၅၀၀ နှင့် ၅၂၈ အချစ်တို့ရဲ့ တကယ့်အဓိပ္ပါယ်
+++++++++++++++++++++++++
အချစ်အကြောင်း ပြောကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုး အများစုက “၁၅၀၀ အချစ်” နဲ့ “၅၂၈မေတ္တာ” ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြတယ်။ သမီးရည်းစား အချစ်ကို “၁၅၀၀ အချစ်” ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ပြောပြီး မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ “၅၂၈ မေတ္တာ” ၊ အေးမြ ချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ယူဆ ပြောဆိုလေ့ ရှိပါတယ်။
ဘာလို့ (၁၅၀၀) ရှိနေရတာလဲ၊ (၅၂၈) ဆိုတာကကော ဘာလို့ ဖြစ်လာရတာလဲ . . .။
ပူလောင်တဲ့ အချစ်မို့ ၁၅၀၀ ရှိတာက ထားပါတော့ . . . အေးမြတဲ့မေတ္တာကျမှ ဘာလို့ ၅၂၈ ဆိုပြီး ကိုးလို့ကန့်လန့် လာဖြစ်နေရ တာလဲ ( ၅၀၀ ဆိုပြီး ရှိနေရင် ပိုတောင် အေးမလားလို့လေ၊ နောက် အစွန်းထွက် ဂဏန်းလည်း မရှုပ်ဘူး)။

မထင်မှတ်ဘဲ ၁၅၀၀/၅၂၈ ဆိုတဲ့ ဂဏန်းတွေ ဘာလို့ အဲလို ဖြစ်နေရတာလဲ ဆိုတာကို ဆရာမ “ဂျူး” ရေးတဲ့ “မျှော်လင့်ချက် နှင့် အခြား မျက်နှာဖုံးဆောင်းပါးများ” စာအုပ်လေး ဖတ်လိုက်ရမှ အဖြေထွက် သွားတယ်။ အဲဒီ ၁၅၀၀ နဲ့ ၅၂၈ ဂဏန်းတွေ ဘယ်လို ရလာသလဲ ဆိုရင်တော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် -
၁။ ၁၅၀၀ အချစ် (သမီးရည်းစား အချစ်)
ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ် (၁၀) ပါးကတော့ အောက်ပါအတိုင်း ဖြစ်ပါ တယ် -
၁/ လောဘ ( တပ်မက်ခြင်း)
၂/ ဒေါသ (ကြမ်းတမ်းခြင်း)
၃/ မောဟ (တွေဝေခြင်း)
၎/ မာန (ထောင်လွှားခြင်း)
၅/ ဒိဋ္ဌိ ( မှားသော နှလုံးသွင်းခြင်း၊ အယူရှိခြင်း)
၆/ ဝိစိကိစ္ဆာ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း)
၇/ ထိန (စိတ်၏ မခန့်ခြင်း)
၈/ ဥဒစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း)
၉/ အဟီရိက (ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း)
၁၀/ အနောတ္တပ္ပ (ကာယဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း)
အဲဒီ ကိလေသာ(၁၀)ပါးကို ရုပ် စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက -
- လက္ခဏာရုပ် (၄) ခု
- နိပ္ဖန္နရုပ် (၁၈) ခု
- နာမ် (၅၃) ပါး
ပေါင်းလိုက်ရင် (၇၅) ရပါတယ်။ အဲဒီ ရုပ်စုစုပေါင်း (၇၅)ကို ကိလေသာ(၁၀)ပါး နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တ သဏ္ဍာန်၊ ဗဟိဒ္ဓ သဏ္ဍာန် ရယ်လို့ နှစ်ပါးရှိတဲ့ အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ အတိုကောက်ကတော့ ဒီလိုလေးပါ -
( ကိလေသာ (၁၀) ပါး x ရုပ်စုစုပေါင်း (၇၅) ) x ၂ = ၁၅၀၀ အချစ်
၂။ ၅၂၈ မေတ္တာ (မိဘတို့၏ အချစ်)
မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တစ်ခုပါပဲ။ မေတ္တာပို့ရာမှာ ပုဂ္ဂိုလ် (၁၂) ယောက်ကို ပို့ပါတယ်။
အဲဒါတွေကတော့ -
(၁) သဗ္ဗေသတ္တာ၊ (၂) သဗ္ဗေပါဏာ၊ (၃) သဗ္ဗေဘူတာ၊(၄) သဗ္ဗေပုဂ္ဂလာ၊ (၅) သဗ္ဗေအတ္တဘာဝ ပရိယပ္ပန္န၊ (၆) သဗ္ဗေက္ကိထိယော၊ (၇) သဗ္ဗေပုရိသာ၊ (၈) သဗ္ဗေအရိယာ၊ (၉) သဗ္ဗေအနရိယာ၊ (၁၀) သဗ္ဗေဒေဝါ၊ (၁၁) သဗ္ဗေမနုဿာ၊ (၁၂) သဗ္ဗေဝိနိပါနိကာ တို့ဖြစ်ပါတယ်။
အဲဒီ ပုဂ္ဂိုလ် (၁၂)ပါးကို မေတ္တာ(၄)ပါး ပို့ပါတယ်၊ “အဝေရာဟောန္တု၊ အဗျာဘစ္ဆာဟောန္တု၊ အနီဃာ ဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု၊” တဲ့ . . .၊ ဒီတော့ ( ၁၂ x ၄ = ၄၈ ရပါမယ်)။ ဒါက အရပ်မျက်နှာ အမည်မတပ်ဘဲ (မရည်မှန်းဘဲ) ပို့တဲ့ “အနောဒိတ္တာ” မေတ္တာအပါး လို့ ဆိုပါတော့ ။ အဲဒါကိုမှ ထပ်ပြီး အရပ်မျက်နှာတွေနဲ့ အမည်တပ်ပြီး ထပ်ပို့ပါတယ်၊ အရပ် (၁၀)မျက်နှာ ရှိပါတယ် -
- အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ် (၄) မျက်နှာ။
- အရှေ့တောင်၊ အနောက်မြောက် ဆို့တဲ့ ထောင့် (၄) မျက်နှာ။
- အထက်နဲ့ အောက် (၂) မျက်နှာ ။
အဲဒီ အရပ်မျက်နှာတပ် ရည်မှန်းမှု့(၁၀)ခု နဲ့ စောစောက (၄၈) ကို မြောက်လိုက်တော့ (၄၈၀)
ရပါတယ်၊ အဲဒီ ရလာတဲ့ (၄၈၀)ကိုမှ ပထမဆုံး မရည်မှန်းဘဲ ပို့ထားတဲ့ မေတ္တာအပါး (၄၈)ပါးကို ထပ်ပေါင်းကြည့် လိုက်တော့ (၅၂၈) ရယ်လို့ ဖြစ်လာပါတယ်။ အတိုကောက် ကတော့ ဒီလိုလေးပါ -
ပုဂ္ဂိုလ် (၁၂) ယောက် x မေတ္တာ(၄)ပါး = ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး]
(၄၈ x အရပ် (၁၀) မျက်နှာ ) + ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး] = ၅၂၈ မေတ္တာ
၁၅၀၀ အချစ်နဲ့ ၅၂၈ ကိုတော့ သိပါပြီ၊ ဒါပေမယ့် ဘယ်သူတွေမှာများ (၅၂၈) မေတ္တာကို ထားနိုင်မလဲ မသိ တော့ပါ။ မိဘတွေအနေနဲ့ သားသမီးတွေကို ချစ်တဲ့အချစ်ဟာ (၅၂၈) လို့ မသေချာပါဘူး (မဟုတ်ဖို့ များပါ တယ်)။ ဘာဖြစ်လို့လဲ ဆိုတော့ (၅၂၈) ဟာ အရမ်း မြင့်မြတ်လွန်း နေလို့ပါ၊ ဆရာမ “ဂျူး” ကတော့ (၅၂၈) မေတ္တာရဲ့ သဘာဝကို မြတ်စွာဘုရားက တပည့်သာဝက ရဟန်းတွေ အပေါ်ထားတဲ့ မေတ္တာမှာပဲ တွေ့ရ တယ်လို့ ရေးထားပါတယ်။
Credit: စာရေးဆရာမ ဂျူး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။