Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 28, 2016

ဈေးဝယ်သူဆိုတာ။

ဈေးဝယ်သူဆိုတာ။

မြို့တစ်မြို့ရဲ့ လမ်းတစ်လမ်းမှာ အပ်ချုပ်ဆိုင် ၃ ခု ရှိကြတယ်။ သူတို့ဟာ တစ်ဆိုင်နဲ့ တစ်ဆိုင် အပြိုအဆိုင် ရှိကြတယ်။

တနေ့မှာ ပထမဆုံးအပ်ချုပ်ဆိုင်က သူ့ဆိုင်ရှေ့မျက်နှာစာမှာ ဆိုင်းဘုတ်တစ်ခု တင်လိုက်တယ်။ ဆိုင်းဘုတ်မှာ ရေးထားတာက "ဒီမြို့မှာ အကောင်းဆုံး အပ်ချုပ်ဆိုင်"တဲ့။

ဒုတိယအပ်ချုပ်ဆိုင်က လူက စဉ်းစားတယ်။ သူ့ထက် သာတဲ့ဆိုင်းဘုတ်တစ်ခုနဲ့ ကြော်ငြာမယ်ဆိုပြီး နောက်တနေ့မှာ ပိုပြီးကြီးတဲ့ ဆိုင်းဘုတ်ကြီးတစ်ခုကို တင်လိုက်ပြန်တယ်။ ဆိုင်းဘုတ်မှာ ရေးထားတာက " တနိုင်ငံလုံးမှာ အကောင်းဆုံး အပ်ချုပ်ဆိုင်"တဲ့။

တတိယအပ်ချုပ်ဆိုင်ကလဲ ဆိုင်းဘုတ်တစ်ခု တင်လိုက်တယ်။ သူ့ဆိုင်းဘုတ်ဟာ ပထမလူနဲ့ ဒုတိယလူတို့ရဲ့ ဆိုင်းဘုတ်တွေထက် သေးငယ်ပါတယ်။ သူ့ဆိုင်းဘုတ်တင်ပြီး နောက်တနေ့ကစလို့ သူ့ဆိုင်မှာ အဝတ်ချုပ်ဖို့ လာအပ်သူတွေ အရမ်းများသွားတယ်။ သူ့ဆိုင်းဘုတ်မှာ ဘာရေးထားလို့ လူတွေအများကြီး လာပြီး အားပေးကြတာလဲ။ သူ့ဆိုင်းဘုတ်မှာ ရေးထားတာက "ဒီလမ်းထဲမှာ အကောင်းဆုံးအပ်ချုပ်ဆိုင်"တဲ့။

တနိုင်ငံလုံးမှာ ကျော်ကြားနေတဲ့ ကုမ္ပဏီလား၊ ကမ္ဘာကျော်ကုမ္ပဏီကြီးလားဆိုတာထက် ဝယ်ယူသူတွေ စိတ်ဝင်စားတာက သူတို့ကို အလေးထား ဂရုစိုက်တဲ့ ကုမ္ပဏီပါပဲ။

ပြီးခဲ့တဲ့ တစ်ပါတ်က "eBay နဲ့ Yahoo တရုတ်နိုင်ငံမှာ ကျရှုံးသွားခြင်း"ဆိုတဲ့ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ အခုရေးပြတဲ့ သဘောအတိုင်းပါပဲ။

ကမ္ဘာမှာ အကြီးဆုံး အင်တာနက်လုပ်ငန်းလုပ်နေကြတဲ့ ဒေါ်လာ ဘီလီယံချီ ချမ်းသာတဲ့ အမေရိကန်ကုမ္ပဏီကြီးတွေ eBay နဲ့ Yahoo တို့ဟာ တရုတ်ကုမ္ပဏီအသေးလေး ဂျက်မားရဲ့ အလီဘာဘာကုမ္ပဏီကို မယှဉ်ပြိုင်နိုင်လို့ တရုတ်နိုင်ငံက ထွက်သွားခဲ့ကြရတယ်။

eBay နဲ့ Yahoo ဘာကြောင့် တရုတ်နိုင်ငံမှာ ကျရှုံးသွားရသလဲဆိုတာကို ဂျက်မားက အခုလို ရှင်းပြခဲ့ပါတယ်။

"တရုတ်နိုင်ငံမှာရှိကြတဲ့ eBay နဲ့ Yahoo တို့ဟာ အမေရိကန်နိုင်ငံက သူတို့အထက်အရာရှိကြီးတွေနဲ့ အစုရှယ်ယာဝင်တွေ သဘောကျအောင် အစွမ်းကုန်ကြိုးပမ်းကြတယ်။ ကျနော်တို့ အလီဘာဘာကတော့ ဝယ်ယူသုံးစွဲသူ တရုတ်လူမျိုးတွေ ကျေနပ်သဘောကျအောင် အစွမ်းကုန်ကြိုးစားကြတယ်။ သူတိုက သုံးစွဲသူတွေကို ဂရုမစိုက်ကြဘူး။ ဒီတော့ သုံးစွဲသူတွေကလဲ သူတို့ကို မကျေနပ်ကြလို့ သူတို့ ပစ္စည်းကို မသုံးကြတော့ဘူး။ မဝယ်ကြတော့ဘူး။ ဝယ်သူမရှိတော့ရင် အဲဒီကုမ္ပဏီမှာ ဝင်ငွေ မရှိတော့ဘူး။ ဝင်ငွေ မရှိတဲ့ ကုမ္ပဏီဟာ ဘယ်လောက်ကြာကြာ အရှုံးခံရပ်တည်နေနိုင်ပါ့မလဲ။ ဒီတော့ ကုမ္ပဏီ ပိတ်သိမ်းပြေးရပြီပေါ့"တဲ့။

ဗန်းမော်သိန်းဖေ
၂၅-၀၇-၂၀၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။