Facebook
တွင် နေ့စဉ်တင်လေ့ရှိသော ဓာတ်ပုံအရေအတွက် ၂ ဘီလီယံရှိပြီး
၎င်းဓာတ်ပုံများထဲတွင် သုံးစွဲသူများ၏ မိတ်ဆွေများ၊ ကလေးများနှင့်
မိသားစုဝင်များ၏ ဓာတ်ပုံအနည်းငယ် ပါဝင်လာနိုင်သည်။
Facebook သည် သုံးစွဲသူတစ်ဦးက လူမှုရေးမီဒီယာတွင် အခြားအကြောင်းအရာများနှင့် statuses များကို public ဖြင့် တင်သည့်အခါ သို့မဟုတ် ကလေးငယ်များနှင့် မိသားစုဝင်များ ပါဝင်သည့် ဓာတ်ပုံများမဝေမျှခင်တွင် သတိပေးချက် အလိုအလျောက် ပေးပို့သွားရန် စီစဉ်ထားကြောင်း Evening Standard မှဖော်ပြခဲ့သည်။
Facebook ၏ အင်ဂျင်နီယာဆိုင်ရာ ဒုဥက္ကဋ္ဌဖြစ်သူ ဂျေးလ်ပါရစ်ခ်က ယူကေ ဘလွန်းဘူရီတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်း feature နှင့် ပတ်သက်၍ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
“ပန်းခြံထဲမှာ ကျွန်တော့်ကလေး ကစားနေတဲ့ ဓာတ်ပုံတစ်ပုံကို တင်ပြီး public နဲ့ မတော်တဆ ဝေမျှမိလိုက်တဲ့အခါ စနစ်က သတိပေးသွားမှာပါ” ဂျေးလ်ပါရစ်ခ်က ပြောကြားခဲ့သည်။
အဆိုပါ feature သည် မည်သည့်အချိန်တွင် ထွက်ရှိမည်ကိုမူ မသိရှိရသေးပေ။ ၎င်းသည် Facebook တွင် အပြန်အလှန် မေးခွန်းထုတ်နိုင်သည့် content များ စိစစ်မှု စွမ်းဆောင်ရည် တိုးတက်လာစေရန် algorithms များ သင်ယူစေခြင်းနှင့် ပိုမိုကောင်းမွန်သော AI (artificial intelligence) ပါဝင်သော “10 year arc of innovation” ၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သိရသည်။
Ref: TheNextWeb
http://www.internetjournal.media/news/4770

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။