Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 9, 2013

မြန်မာ အိမ်အကူ အမျိုးသမီးများကို နှိပ်စက်သည့် ထိုင်းမိသားစုဖမ်းဆီးခံရ

 

မြန်မာ အိမ်အကူ အမျိုးသမီးများကို နှိပ်စက်သည့် ထိုင်းမိသားစုဖမ်းဆီးခံရ

မြန်မာ အိမ်အကူများကို နှိပ်စက်သည့်စစ်ဗိုလ် အယောင်ဆောင်အိမ်ရှင်(ခေါင်းတုံးနှင့်လူ)ကို ဖမ်းဆီးလာစဉ် (ဓာတ်ပုံ– ဘစောတင်/ဧရာဝတီ)


မြန်မာ အိမ်အကူ အမျိုးသမီးငယ် ၃ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီးလခမပေးဘဲ ခိုင်းစေသည့် ထိုင်းမိသားစုအားလူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှထိုင်းရဲများက ဧပြီလ၅ ရက်နေ့တွင်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
...
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဘန့်ဘွန်ရပ်၊ ဧကချိုင် လမ်းကြီး၊လမ်းသွယ်၆၉/၂တွင် နေထိုင်သော အသက်၅၀ ခန့်ရှိနိုင်ဒေပါနုနှင့် ၎င်း၏ မိသားစုအားစစ်အရာရှိ အယောင်ဆောင်မှု၊တရားမဝင် လက်နက်ကိုင်ဆောင်မှု၊မုဒိမ်းမှု၊ အဓမ္မအလုပ်ခိုင်းစေမှုစသည့်အမှုများဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း မြန်မာ မိန်းကလေးများ လွတ်မြောက်ရေးအတွက်အကူအညီပေးပြီး စကားပြန်လည်းလုပ်ပေးသူဒေါ်မာလီက ဧရာဝတီသို့ပြောသည်။

“ဒီလူက လမ်းထဲမှာ သူ့ကိုယ်သူ စစ်အရာရှိကြီးဆိုပြီးခပ်တည်တည် နေနေတယ်။ တကယ်တော့သူက ဘာအရာရှိမှ မဟုတ်ဘူးလေ။ ဗိုလ်တုပဲ။ စာရွက်စာတမ်း အတုတွေရယ်၊ တပ်မတော်က အထူးအရာရှိဝတ်စုံနဲ့ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်းခပ်တည်တည်သူ့အိမ်မှာ ထားထားတယ်” ဟု ဒေါ်မာလီကပြောသည်။

၎င်းက ဆက်လက်၍“ဒီလူက ကျမတို့မြန်မာ မိန်းကလေးတွေကိုလုပ်ခမပေးဘဲ အလုပ်ခိုင်းတဲ့ အပြင်မုဒိမ်းလည်းကျင့်တယ်။ မုဒိမ်းကျင့်ရာမှာ ကိုယ်တင်ကျင့်တာမဟုတ်ဘူး။ သူ့သားကိုလည်းကျင့်ခိုင်းတယ်။ ပြီးတော့ သူ့အိမ်မှာ အလုပ်လာတဲ့လာအိုလူမျိုးကို ထပ်ကျင့်ခိုင်းတယ်။ သူ့ဆီက လက်နက်လည်း ဖမ်းမိတယ်။ ကလေးမလေးတွေကို သော့ခတ်ပြီးချည်တဲ့သံကြိုးတွေရော၊ လက်ထိပ်တွေ ဘာတွေရော သူ့အိမ်ထဲမှာ မိတယ်။ ဒီအမှုတွေနဲ့ပတ်သက်သို့ စစ်ဗိုလ်တု နိုင်ဒေပါနုနဲ့ဇနီးရယ်၊သားနဲ့ သမီးရယ်၊ မုဒိန်းကျင့်တဲ့ လာအိုနိုင်ငံသား အလုပ်သမားတယောက် စုစုပေါင်း ၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်”ဟုပြောသည်။

နိုင်ဒေပါနု၏ အိမ်တွင် အလုပ်လုပ်ကြသည့် မြန်မာ အမျိုးသမီးငယ်များမှာ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှ ဖြစ်ကြပြီး တဦးက အသက်၁၈ နှစ်နှင့်ကျန်နှစ်ဦးမှာ အသက်၁၅ နှစ်စီရှိကြကြောင်း၊အလုပ်လုပ်နေကြသည်မှာ ၃လခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

ထို၃ လအတွက်လုပ်ခလစာလည်းမရ၊ ညှဉ်းပန်းနှိပ်စက်မှုလည်းခံနေရသောကြောင့် ဧပြီလ၂ ရက်နေ့ကနိုင်ဒေပါနု၏ အိမ်မှ ထွက်ပြေးကြရာ အသက်၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကိုအိမ်ရှင်ကပြန်ဖမ်းမိသွားပြီး ကျန် နှစ်ယောက်လွတ်မြောက်ခဲ့ကြောင်း ဒေါ်မာလီကပြောသည်။

“ထွက်ပြေးလာတဲ့အထဲကကောင်မလေးက ကျမဆီကို အကြောင်းကြားလာတယ်။ အဒေါ်ရယ်ကျန်ခဲ့တဲ့ကောင်မလေးတော့ သေလားရှင်လားမသိဘူး၊ကယ်ပါဦးဆိုပြီး အကြောင်းကြားလာတယ်။ ဒါကြောင့် ကျမလည်းသတင်းဌာနတွေရယ်နဲ့အခြား အကြောင်းကြားသင့်တဲ့နေရာတွေကို အကြောင်းကြားပြီးအထောက်အထား ခိုင်လုံတာနဲ့ဒီပေါ်ခေါ်မော်(လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှထိုင်းရဲ) အဖွဲ့ရဲ့ အကူအညီနဲ့အခုလိုလိုက်ပါကူညီ ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါ်မာလီကဆိုသည်။

ဧပြီလ၂ ရက်နေ့တွင် အယောင်ဆောင်စစ်ဗိုလ် နိုင်ဒေပါနုက မိန်းကလေးတဦးအားပြန်လည် ဖမ်းဆီး ခေါ်ဆောင်သွားပုံနှင့်ပတ်သက်၍ အဆိုပါလမ်းထဲတွင်နေထိုင်သူ ဒေါ်အေးအေးငယ်ကယခုကဲ့သို့ပြောပြသည်။

“အဲဒီနေ့ကဒီလူဟာ ကလေးမလေးကို လည်ပင်းညှစ်ပြီး ဒရွတ်တိုက်ဆွဲခေါ်လာတာ။ ကလေးရဲ့အဖြစ်ကို မြင်ရတာ သိပ်သနားစရာ ကောင်းတယ်။ ဒီလူကတော်တော် အာဏာရှိတယ်လို့ပြောကြတယ်။ တော်ရုံပုလိပ်ကမဖမ်းနိုင်ဘူးတဲ့။ ဒီလူလုပ်ပုံက တော်တော် လူမဆန်တာပဲ။ ကလေးမလေး တယောက်ကို ကျွဲနွားဆက်ဆံသလ အနိုင်ကျင့်တာကိုမြင်ရတော့မခံနိုင်ဘူး။ စိတ်ထဲမှာ တော်တော်လေးလည်း ခံပြင်းတယ်။ အနားကထိုင်းတွေလည်းတော်တော် ဒေါသထွက်ကြတယ်” ဟု ဒေါ်အေးအေးငယ်က ပြောသည်။

ယင်းစစ်ဗိုလ်အတုသည်ယခင်ကလည်း မြန်မာ အိမ်အကူမိန်းကလေးများအားညှဉ်းပန်း နှိပ်စက်ခဲ့ဖူးကြောင်းအဆိုပါလမ်းထဲရှိ အထည်ချုပ်စက်ရုံမှမြန်မာအလုပ်သမား ကိုမိုးကဆိုသည်။

“အရင်ကလည်းဒီလူဟာ အိမ်မှာ အလုပ်လာလုပ်တဲ့ ကရင်မလေးတွေကိုခုလိုပဲ မတရား ညှဉ်းပန်းတယ်။ မုဒိမ်းကျင့်တယ်။ လစာလည်းမမေးဘူး။ ကလေးမလေးတွေကို သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ဒါကြောင့် သူ့အိမ်က မိန်းကလေးတွေထွက်ပြေးဖို့ ကျနော် ကူညီခိုးထုတ်ပေးဖူးတယ်” ဟုကိုမိုးက ပြောသည်။

ယခုအခါမြန်မာ အလုပ်သများအတွက်ယာယီ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးနေပြီးတရားဝင် အလုပ်လုပ်ခွင့် ရနေပြီဖြစ်သဖြင့် ပွဲစားများနှင့် ဆက်သွယ်ကာ တရားမဝင်အလုပ်လုပ်ခြင်းက ဆင်ခြင်သင့်ကြောင်းထိုင်း-မြန်မာ မဟာမိတ် ဖောင်ဒေးရှင်းမှလက်ထောက်ဒါရိုက်တာ ဦးမြင့်ဝေကဆိုသည်။

“ဒီလိုမျိုးအိမ်ရှင်တယောက်ကအနိုင်ကျင့်ခွင့် ရအောင်အလုပ်သွင်းပေးတဲ့တရားမ၀င် မြန်မာပြည်သားပွဲစားတွေပေါ့ဗျာ။ အလုပ်သွင်းပေးနေကြတဲ့သူတွေပေါ့ဗျာ။ လူလိုလို့အလုပ်သမားရှာခိုင်းတယ်ဆိုရင် အဲဒီလူတွေကဘယ်လိုလူမျိုးတွေလဲဆိုတာကို နောက်ကြောင်းဘာရှိတယ်ဆိုတာကိုလဲ ထည့်စဉ်းစားသင့်တာပေါ့ဗျာ။ အားလုံးက ပတ်စ်ပို့နဲ့ဝါ့ခ်ပါမစ်နဲ့ တရားဝင်ဖြစ်နေတဲ့အခုလို ကာလမှာတောင်မှ ဘာလို့ဒီအဖြစ်မျိုး ကြုံတွေ့နေကြရသလဲဆိုတာကို ထောက်ပြချင်တယ်” ဟု၎င်းက ပြောသည်။

ထိုင်းတွင်ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီးအလုပ်လုပ်နေသူမြန်မာ အလုပ်သမား၁ သန်းခန့် ရှိပြီးတရားမဝင် အလုပ်လုပ်ကိုင်နေသူများမှာ နောက်ထပ် ၁ သန်းခန့်ရှိနိုင်ကြောင်းထိုင်းနှင့် မြန်မာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။