သစ်ပင် သစ်ရွက် လေပြေ
___________________
သစ်ပင်
ကျွန်တော့်ကို သစ်ပင်လို့ခေါ်ကြတဲ့အကြောင်း
ကျောင်းတုန်းက ကျွန်တော် ရည်းစားအများကြီးထားခဲ့ဖူး
ကျွန်တော် သူ့ကို ချစ်တယ်...
တကယ့်ကိုချစ်တယ်...
သူ့ရဲ့ရိုးသားမှုကို ချစ်တယ်..
သူရဲ့ချစ်စရာကောင်းတဲ့ အပြုအမူ၊ သူ့ရဲ့အားနည်းချက်၊ သူရဲ့အားငယ်မှုတွေကို ချစ်တယ်။
ကျွန်တော် အပျော်သဘောနဲ့ သူ့ကိုချစ်တယ်၊ ကျွန်တော့်အတွက် မထူးခြားတဲ့ သူက ကျွန်တော်နဲ့မထိုက်တန်ဘူးလိ
ကျွန်တော် တခြားကောင်မလေးနဲ့ တွဲနေတာကိုကြည့်ပြီး ကျွန်တော်ဘေးမှာ သူငယ်ချင်းလို့ (၃)နှစ်လုံးလုံး သူရှိနေခဲ့တယ်။ (၃)နှစ်လုံး သူခံစားခဲ့ရတယ်။ ခံစားနေတာတွေကို ကျွန်တော်မသိအောင် သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ သူကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ပါးနပ်တဲ့ ဒါရိုက်တာတစ်ယောက်ပဲလေ.. တစ်ခါက ကျွန်တော့်ကောင်မလေးနဲ့ ကျောင်းအဆောင်ဘေးမှာချိန်းေ
ကျွန်တော်လည်း ဘာကြောင့် မျက်လုံးမို့နေတာလည်းဆိုတာက
ကျွန်တော်ရဲ့ နံပတ်(၄)ယောက်မြောက် ကောင်မလေးက သူ့ကို မလိုလားမနှစ်မြို့ခဲ့ဘူး။ တစ်ခါက သူတို့နှစ်ယောက် အကြီးအကျယ် စကားများကြတယ်။ သိမ့်မွေ့တဲ့ သူ့စရိုက်က လူတွေကို ရန်မလုပ်တတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော့်ကောင်မလေးဖက်ကနြေ
ကျွန်တော်(၅)ယောက်မြောက် ကောင်မလေးနဲ့လမ်းခွဲတော့ သူကိုခေါ်ပြီး စိတ်ပြေလက်ပျောက် ထွက်လည်ကြတယ်။
“ငါ နင့်ကို ပြောစရာရှိတယ်”ဆိုတော့.. အတော်ပဲ ငါလည်း နင့်ကို ပြောစရာရှိတယ်လို့ သူမက ဆိုတယ်။
“ငါ သူနဲ့ လမ်းခွဲလိုက်ပြီ”
“ငါ သူ့ကို အဖြေပေးလိုက်ပြီ”
“သူ”ဆိုတာ ဘယ်သူလည်းဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ အဲဒီကောင်လေး သူ့ကို ချစ်ခွင့်ပန်ထားတာ တော်တော်ကြာနေပါပြီ။ သန်မာဖျတ်လတ်ပြီး သွက်လက်သွက်လက် ချစ်စရာ့ကောင်လေးတစ်ယောက်ပါ
ကျွန်တော်ငိုမိတယ်...ချုံးပ
သူချုံးပွဲချငိုတာကို အကြိမ်ပေါင်းမနည်း ကျွန်တော် ကြည့်ခဲ့ဖူးပါတယ်။
စာမေးပွဲတွေပြီးလို့ ကျောင်းပိတ်တော့မယ့်ေ နာက်ဆုံးတစ်ရက်မှာ ကျွန်တော့်ဖုန်းထဲမှာ message တစ်စောင်ရှိနေတာကို သတိထားမိတယ်။ ရက်စွဲကိုကြည့်တော့ လွန်ခဲ့တဲ့(၁ဝ)ရက်က ကျွန်တော်ချုံးပွဲချငိုခဲ့တ
“သစ်ရွက်လေးကြွေတာ လေရဲ့ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့် မပေးလို့လား”
သစ်ရွက်
ကျောင်းတုန်းက သစ်ရွက်လေးတွေ စုဆောင်းတာကို ကျွန်မ၀ါသနာပါခဲ့တယ်။ ဘာလို့လဲဆိုတော့ သစ်ရွက်လေးတွေဟာ နှစ်ရှည်လကြာမှီခိုခဲ့တဲ့ သစ်ပင်ကို ခွဲထွက်ရဲတဲ့ သတ္တိရှိလို့ပဲ။
ကျောင်းတုန်းက ကျွန်မနဲ့ အရမ်းခင်တဲ့ကောင်လေးတစ်ယောက
ကျွန်မသူ့ကို ချစ်တယ်...
သူလည်း ကျွန်မကို ချစ်တယ်ဆိုတာ ကျွန်မသိတယ်...
ဒါပေမဲ့....သူဘာလို့ ကျွန်မကို ဖွင့်မပြောသေးတာလဲ....
နှစ်ယောက်စလုံးချစ်နေလျက်နဲ
သူရည်းစားတစ်ယောက် ပြောင်းတိုင်း ကျွန်မရင်တစ်ခါနာရတယ်...ခံစ
တစ်ခါခါ ကိုယ့်ကိုကိုယ် ပြန်သံသယဖြစ်မိတယ်။ ကျွန်မကပဲ သူ့ကို တစ်ဖက်သတ် ချစ်နေမိတာလား..
ကျွန်မကို မချစ်ဘူးဆိုရင်လည်း ဘာလို့ ကျွန်မအပေါ် သဘောကောင်းနေတာလဲ...
သူသဘောကောင်းတာတွေဟာ ရိုးရိုးသူငယ်ချင်း ထက်တောင်လွန်နေပြီ...
လူတစ်ယောက်ကို ချစ်ရတာ ခံစားရလွန်းပါတယ်...
သူရဲ့အကြိုက်တွေ၊ အကျင့်တွေ ကျွန်မအပေါ်ဆက်ဆံမှုတွေ ကျွန်မ ကောင်းကောင်းနားလည်နိုင်ခဲ့
ဘာပဲဖြစ်ဖြစ်လေ.... သူဖွင့်ပြောလာမဲ့ရက်ကိုမျှေ
ဒီလိုနဲ့စောင့်စားရင်း (၃)နှစ်လုံးလုံး သူ့ဘေးမှာ ကျွန်မရှိနေခဲ့တယ်။ စောင့်မျှော်ရတာဟာ ပင်ပန်းလွန်းပါတယ်။ လက်လွှတ်ချင်ပေမဲ့လည်း ရောက်ရှိလာမဲ့ရက်ကို ကြိုတွေးပြီး ကြည်နူးရင်း ဆက်စောင့်မျှော်နေချင်တယ်။ ဒီလိုပင်ပန်းခြင်း၊ နာကျင်ခြင်း၊ ပျော်ရွှင်ခြင်း၊ တွေဝေခြင်းတွေဟာ (၃)နှစ်လုံးလုံး ကျွန်မနဲ့အတူ ရှိနေခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံးစာမေးပွဲဖြေဖို့ နီးလာတော့ တခြားအခန်းက ကောင်လေးတစ်ယောက် ကျွန်မကို အသဲအသန်ပိုးပန်းတယ်။ စစချင်းမှာ ကျွန်မ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ကောင်လေးဟာ ကျွန်မ နှလုံးသားရဲ့နေရာ တစ်စိတ်တစ်ဒေသကို တဖြေးဖြေး စိုးမိုးလာခဲ့တယ်။
ကောင်လေးဟာ နွေးထွေးတဲ့ လေလိုပါပဲ...
ကျွန်မရဲ့နှလုံးသားသစ်ရွက်က
နောက်တော့ ကျွန်မရဲ့နှလုံးသားတစ်နေရာစ
သစ်ရွက်လေး သစ်ပင်ပေါ်က ကြွေကျသွားခဲ့ပါပြီ။ သစ်ပင်ကတော့ပြုံးနေတယ် နေခဲ့ပါလို့လဲ မတားခဲ့ပါဘူး။
“သစ်ရွက်လေးကြွေတာ လေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့်မပေးလို့လား”
လေပြေ
ကျွန်တော်ချစ်တဲ့ ကောင်မလေးကို ချစ်စနိုးနဲ့ သစ်ရွက်လို့ခေါ်ခဲ့တယ်။ သူမက သူချစ်တဲ့သစ်ပင်တစ်ပင်မှာ ခံစားချက်တွေဖုံးကွယ်ရင်း မှီခိုပြီးနေတယ်။ ကျွန်တော် လေလုပ်ရတော့မယ်။ သစ်ရွက်လေး ပျော်ရွှင်အောင် ကူညီစောင့်ရှောက်ပေးတဲ့ လေလုပ်ရတော့မယ်။ ကျွန်တော် သူ့ကိုစပြီး သတိထားမိတဲ့အချိန်ဟာ ကျွန်တော် ဒီကျောင်းပြောင်းလာပြီး တစ်လအကြာမှာပါ။ သေးငယ်တဲ့ သူရဲ့ကိုယ်လုံးနဲ့ ဘောလုံးကွင်းဘေးမှာ ထိုင်ရင်း မျက်စိတစ်စုံဟာ ဘောလုံးကျင့်နေတဲ့ ကောင်လေးတစ်ယောက်ကို စူးစိုက်ကြည့်နေတတ်တယ်။ သူတစ်ယောက်ထဲပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်
ကောင်လေးက တခြားကောင်မလေးတွေနဲ့ ရယ်မောနေရင် သူ့ရဲ့မျက်လုံးအိမ်မှာ မျက်ရည်စတွေနဲ့... ကောင်လေး သူ့ဖက် လှည့်လာပြီဆိုရင် သူ့ရဲ့မျက်လုံးအိမ်မှာ အပြုံးစတွေနဲ့... သူ အဲဒီကောင်လေးကို အမြဲ စောင့်ကြည့်နေတတ်သလိုပဲ၊ သူ့ကို အမြဲစောင့်ကြည့်ရမယ့် အလုပ်ဟာလည်း ကျွန်တော့်အတွက် အကျင့်တစ်ခုလို ဖြစ်လာခဲ့တယ်။
တစ်နေ့တော့ ထိုင်နေကျနေရာလေးမှာ သူကိုမတွေ့လို့ ကျွန်တော့်စိတ်ထဲမှာ စိုးရိမ်မှုတွေဝင်လာတယ်။ ဘယ်လို စိုးရိမ်မှုမျိုးလည်းဆိုတာ ကျွန်တော် ပြောမပြတတ်ဘူး။ ဘောလုံးကွင်းထဲမှာ သူအမြဲစောင့်ကြည့်နေတဲ့ ကောင်လေးလည်းရှိမနေလို့ ကျွန်တော် စိတ်မချတာနဲ့ သူ့ရဲ့စာသင်ခန်းဖက်ကို ပြေးလာခဲ့မိတယ်။ အထဲကိုကြည့်လိုက်တဲ့အချိန်မ
ကျွန်တော် သူ့ဘေးကို လျှေယက်သွားပြီး ပြုံးပြလိုက်တယ်။ နောက် စာရွက်တစ်ရွက် ကမ်းပေးလိုက်တယ်။ သူက အံ့သြတဲ့ပုံစံနဲ့ ကျွန်တော့်ကို ကြည့်တယ်။ နောက်ပြုံးပြီး စာရွက်ကိုယူလိုက်တယ်။ နောက်တစ်နေ့မှာ စာရွက်ခေါက်လေးကိုကိုင်လို့
“သစ်ရွက်ရဲ့စိတ်က လေးနက်ခိုင်မြဲလွန်းတယ်။ လေတိုက်တိုင်း မပါနိုင်ဘူး”
“သစ်ရွက်ရဲ့စိတ်က လေးနက်ခိုင်မြဲတာ မဟုတ်ဘူး ... သစ်ရွက်က သစ်ပင်ကို မခွဲနိုင်တာပါ”
အဲဒီလို သူနဲ့ စာအပေးအယူလုပ်ပြီး နောက်ပိုင်း သူတဖြည်းဖြည်း ကျွန်တော်ကို စကားပြန်ပြောလာတယ်။ ကျွန်တော်ပေးတဲ့ လက်ဆောင်တွေကို လက်ခံတတ်လာတယ်။ ဖုန်းခေါ်ရင်လည်း ပြန်ပြောတတ်လာတယ်။ ကျွန်တော့်ကို သူမချစ်နိုင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော့်ကို သူချစ်လာနိုင်တဲ့အထိ ကျွန်တော်ဇွဲရှိခဲ့တယ်။
သူနဲ့သိခဲ့တဲ့ (၄)လအတွင်း ကျွန်တော့်ချစ်ကြောင်းတွေ ဖွင့်ပြောခဲ့တာ အကြိမ်ပေါင်း မရေမတွက်နိုင်ခဲ့ဘူး။ ကျွန်တော်ဖွင့်ပြောတိုင်း သူက စကားလှမ်းကြောင်း လွှဲပစ်တတ်တယ်။ ဒါပေမဲ့ ကျွန်တော် လက်မလွှတ်သေးပါဘူး။ ကျွန်တော် သူ့ကို အရမ်းချစ်နေမိပြီလေ.. ချစ်မိရင် ပိုင်ဆိုင်ချင်လာတယ်.. သူ့ရဲ့အချစ်ကို ရအောင်ယူမယ်လို့ ဆုံးဖြတ်ထားလိုက်မိတယ်။ သူ မချစ်မှန်း သိလျှက်နဲ့ သူအဖြေပေးလာမယ့် ရက်ကိုစောင့်ရင်း သူ့ဘေးမှာ ကျွန်တော်အမြဲရှိနေခဲ့တယ်။
“ဘာလုပ်နေတာလဲဟင်...ကျွန်တေ
“ကျွန်မ ခေါင်းညိတ်နေတယ်”
“ဟင်”
ကျွန်တော်နား ကျွန်တော် မယုံကြည်နိုင်လောက်အောင်ပဲ.
ကျွန်တော် ဖုန်းကို ပစ်ချလိုက်တယ်။ အပေါ်အင်္ကျီကိုကောက်စွပ်ပြီး သူ့အိမ်ဖက် ဆိုင်ကယ်အပြင်းမောင်းထွက်ခဲ
“သစ်ရွက်လေးကြွေတာ လေရဲ့ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့်မပေးလို့လား”
မူရင်း-- http://ykuo.ncue.edu.tw/
နိုင်းနိုင်းစနေ (Wednesday, October 10, 2007)
*** ဘာသာပြန်သူတစ်ယောက်ဖြစ်လာတာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။