Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 29, 2013

ကိုယ်နဲ့ ထိုက်တန်တဲ့ နေရာတခုတော့ရှိပါတယ်

 

ကိုယ်နဲ့ ထိုက်တန်တဲ့ နေရာတခုတော့ရှိပါတယ်

တစ်ခါကကောင်လေးတစ်ကောင်ရှိတယ်.။ သူ့မှာ သူ့ကိုယ်သူ ဘာဝါသနာ ပါလဲလို့ မစဉ်းစားမိ ၊ စဉ်းစားဖို့လဲ သူ့မှာ အချိန်မရှိ ၊
ဒီအချိန်မှာ သူ့ပတ်ဝန်းကျင်မှာ လူကြိုက်များ ကျော်ကြားနေတာက ရပ်ဂဘီ
ဘောလုံး အားကစား ။ သူ့သူငယ်ချင်းတွေ တော်တော်များများကလည်း
အောင်မြင်ထင်ရှားနေကြတယ်။ သူကလည်း ကြိုးစားရင် အောင်မြင်နိုင်တယ် ဆိုတဲ့
စကားကို လက်သင့်ခံထားသူ တစ်ယောက် ။ ဒါကြောင့် ရပ်ဂဘီအသင်းထဲ ဝင်ပြီး
သူဝင်ပြီး ကြိုးစားတယ်.။


သူ့ကို လေ့ကျင့်ချိန် တစ်လကျော်တော့ လေ့ကျင့်ရေးဆရာက ခေါ်ပြောတယ်.။

“ ကာနက်ဂျီ .. မင်းနဲ့ ရပ်ဂဘီ အားကစားနဲ့ ဘယ်လိုမှ မသတ်ဆိုင်ဘူး.။ မင်းရဲ့
ခန္ဓာကိုယ် အချိုးအစားကလည်း ရပ်ဂဘီ အားကစားသမား အချိုးအစားမဟုတ်ဘူး.။
ဒါကြောင့် မင်းရဲ့ အချိန်တွေ အင်အားတွေကို အလဟသ ဖြစ်ပြီး ဒီရပ်ဂဘီ
အားကစားမှာ မကုန်ဆုံးစေနဲ့.။ ”


သို့သော် ဒီကောင်လေး အားမလျှော့ခဲ့ပါ.။ သူအစွမ်းကုန်ကြိုးစားတယ်.။ ဒါပေမဲ့ သူ့ခန္ဓာကိုယ် အချိုးအစားကလည်း
တတ်မလာခဲ့။ သူ့ကို အသင်းမှာလည်း တစ်ခါမှ အရွေးမခံခဲ့ရ။ သူလေ့ကျင့်မှု
ကြိုးစားမှုကိုတော့ မလျှော့ခဲ့.။ ဒါပေမဲ့လည်း သူ့ကို သူ့ရဲ့ သင်တန်းဆရာက
နောက်တစ်ကြိမ် ခေါ်ပြောတယ်.။


“ ကာနက်ဂျီ .. မင်းရဲ့ ကြိုးစားအားထုတ်မှု နဲ့ အင်အားတွေ နေရာအသုံးချတာမှားနေပြီ.။ တကယ်ဆို
မင်းနဲ့ ဘယ်နေရာမှာ ထိုက်သင့်သလဲ.။ မင်း ဘယ်လိုနေရာတွေမှာ
အစွမ်းအစပြခဲ့ဖူးလဲ.။ ဒီနေရာမှာ မင်းရဲ့ စွမ်းအင်တွေကို အသုံးချပြီး
မင်းကြိုးစားသင့်တယ်.။ ဒါမှ မင်းဘဝအတွက် ထိုက်တန်တဲ့ နေရာ တစ်နေရာ
ရမှာပေါ.။ အခုတော့ မင်းအင်အားတွေ အလကားပြုန်းတီးနေတယ်.။

ဒါကြောင့် ဒီနေ့ မင်းအိမ်ပြန်ရင် မင်းသေချာ စဉ်းစား ။ နောက်နေ့ မင်း ငါ့ကို ပြန်ပြော..။ ဟုတ်ပြီလား.။ ”

သင်တန်းဆရာ ကိုယ်တိုင်က ဒီလို သူ့ကို သေချာ ခေါ်ပြောတော့ ဒီကောင်လေး
အိမ်ပြန်လာခဲ့တယ်.။ သူအိပ်ယာစောစောဝင်ပြီး သူ ဖြတ်သန်းခဲ့တဲ့ ဘဝကို
ပြန်စဉ်းစားတယ်.။ ငါ့ဘဝမှာ ဘယ်နေရာတွေမှာ ငါ အစွမ်းပြဖူးလဲ.။ ဟုတ်တယ်.သူ
ငယ်ငယ်ကတည်း ဘယ်အားကစားနေရာမှာမှ သူဖြစ်မြောက်ခဲ့တာ မရှိ ။ ဘယ်တော့မှလည်း
အားကစားမှာ သူ မထူးချွန် ၊ ဒီလို သူ့ကိုယ်သူ ပြန်တွေ့တယ်။
ဒါဆို ငါ ဘယ်နေရာမှာ ထူးချွန်လည်း သူပြန်စဉ်းစားတော့
သူက နှုတ်မှုရေးတော့ ကျွမ်းကျင်တယ်.။ ကျောင်းပြိုင်ပွဲတွေမှာ သူ ဆုရဖူးတယ်.။
စကားရည်လုပွဲတွေမှာ သူအစွမ်းပြဖူးတယ်.။ တခြားတခြားသော နှုတ်မှုရေးရာတွေမှာ
သူအောင်မြင်ဖူးတယ်။ ခန္ဓာကိုယ်ရင်းပြီး အင်းအားထုတ်ကြိုးစား
ယှဉ်ပြိုင်မှုတွေမှာ သူ တစ်ခါမှ မအောင်မြင်ခဲ့.။ သူ သိပြီ.။ ကိုယ်ခန္ဓာ
အင်းအားထက် သူက နှုတ်မှု အင်အားသာ အစွမ်းထက်တယ်.။
ဒီလို သူစဉ်းစားမိတော့ နောက်နေ့ သူ ရပ်ဂဘီ
သင်တန်းဆရာနဲ့ တွေ့တော့ သူရဲ့ တွေ့ရှိချက်ကို သင်တန်းဆရာကို ပြောပြတယ်.။
ဒီတော့ သူ့ သင်တန်းဆရာက. . .

“ ဟုတ်ပြီ.. ဒါအမှန်တရားပဲကွ. ။ လူတွေက ပြောတတ်ကြတယ်.။
ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်.။ အားထုတ်သာ ကြိုးစား အောင်မြင်ရမယ် ဒီလို ပြောတတ်ကြတယ်.။
တကယ်တော့ ကြိုးစားတိုင်း ဖြစ်မလာဘူးကွ.။ အရင်ကထက်တော့ တိုးတတ်လာပါတယ်.။
ကိုယ်နဲ့ မအပ်စပ်တဲ့ နေရာမှာ ဆိုရင် တိုးတတ်တာပဲ
ရှိမယ်.ထိပ်တန်းမရောက်နိုင်ဘူး.။ မအောင်မြင်နိုင်ဘူး.။
လူဆိုတာ ကိုယ်နဲ့ သင့်တော် အပ်စပ်တဲ့ နေရာကို ရွေးပြီး အစွမ်းကုန်ကြိုးစားမှ
ထိပ်တန်းမှာ အောင်မြင်နိုင်တယ်.။ အခုဆိုရင်
မင်းကိုမင်း တွေ့နေပြီ.။ မင်းက ဘယ်နေရာမှာ ထူးချွန်လဲ ဆိုတာ
မင်းသိနေပြီလေ.။ ဒီတော့ မင်းမှာ အစွမ်းရှိနေတဲ့ နေရာ ၊ မင်းမှာ
အင်းအားရှိနေတဲ့ နေရာမှာ မင်းအစွမ်းကုန်ကြိုးစားပါ.။
မင်း တစ်နေ့ ထိပ်တန်းရောက်လာပါလိမ့်မယ်။

သင်တန်းဆရာရဲ့ အကြံပေးစကားလည်း ကြားပြီးရော သူ ရပ်ဂဘီ သင်တန်းကနေ
တစ်ခါတည်း နှုတ်ထွက်လာခဲ့တယ်.။ သို့သော် သူ အစွမ်းအစပြဖူးသော နှုတ်မှု ရေးရာ
ကဏ္ဍမှာ ဘယ်လို အောင်မြင်အောင် လုပ်ရမလဲ သူ မသိ.။
သို့သော် ထိုအရာကား ပြဿနာ မရှိပါ.။
တကယ်တမ်းသာ
ကိုယ်ကျွမ်းကျင် ပိုင်နိုင် ။ အစွမ်းအစ ရှိသောနေရာသာ ဖြစ်ပါစေ. ။
ကိုယ့်ဘဝအောင်မြင်ရေးအတွက် အခွင့်အလမ်းကို တစ်နေ့ စွဲကိုင်လာနိုင်မှာ
ဖြစ်တယ်.။
ထိုကောင်လေးလည်း ဒီအတိုင်းပင် ကိုယ့်မှာ အစွမ်းအစ ရှိနေသော စွမ်းအင်
အင်းအားကို နေ့စဉ်တိုးတတ်အောင် ကြိုးစားလေ့ကျင့်ရင်း နှုတ်မှုရေးရာ
သင်တန်းကျောင်းများ ဖွင့်လှစ်ကာ ကမ္ဘာအနှံမှာ ရှိသော လူမျိုးပေါင်းစုံ ၊
အလွှာပေါင်းစုံမှ ၊ အသက်အရွယ်မျိုးစုံ တို၏ ဘဝကို အောင်မြင်အောင်
လေ့ကျင့်ပျိုးထောင် ပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း ဒီကောင်လေးကို နောင်တစ်နေ့မှာ “
လူသန်းပေါင်းများ၏ ဘဝကို ပြောင်းလဲစေခဲ့သူ (သို့) ဒေးလ်ကာနက်ဂျီ ” ဟု၍
ထင်ရှားကျော်ကြားလာခဲ့ပါတယ်.။
ဒေးလ်ကာနက်ဂျီက သူ့သင်တန်းတွေမှာ
အမြဲတမ်းပြောလေ့ရှိတဲ့ သူ့ဘဝအကြောင်း နောက်ခံပုံရိပ်ကလေး ဖြစ်သလို ၊
သူ့ဘဝကို ပြောင်းလဲစေခဲ့တဲ့ အဖြစ်အပျက်လေးလို့ ဆိုတယ်.။

လူဆိုတာ ကိုယ်နဲ့ ပတ်သတ်ထိုက်တန်သော ဘဝတစ်ခု
ရရှိဖို့ ဆိုတာ ကိုယ့်မှာ ရှိနေတဲ့ အစွမ်းအစနဲ့ ပတ်သတ်တဲ့ နေရာမှာ
ရင်းနှီးမြှပ်နှံတတ်ဖို့တော့ လိုတယ်.။ ပြီးတော့ သူက သူ့ရဲ့
ဆောင်ပုဒ်လေးကို ဒီလို ပြောပြတယ်.။



“ ဤကမ္ဘာလောက အတွင်း
မိမိကိုယ်အတွက် ထိုက်တန်သော
နေရာတစ်ခု ရရှိရေးသည်
မိမိကိုယ်ကို လေးစားသော
လူတိုင်း၏ တာဝန်ပင် ဖြစ်လေသည်.။ ”

ဒေးလ်ကာနက်ဂျီ

Reader Digest ထဲကပါ။

ဖတ်မိတာကောင်းလွန်းလို့ သူငယ်ချင်းတို့ အတွက်...ဖတ်ရအောင်တင်ပေးပါတယ်

ခင်မင်လေးစားတတ်သော
http://www.facebook.com/pages/ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနပြုသည်/511509612202059

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။