Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, April 24, 2013

“သမတဦးသိန်းစိန် နိုဘယ်လ်ဆု နဲ့ မထိုက်တန်”

Ko Nyo
“သမတဦးသိန်းစိန် နိုဘယ်လ်ဆု နဲ့ မထိုက်တန်”

အော်စလိုက ဦးသိန်းစိန် နိုဘယ်လ်ဆု မရရေး နဲ့ မြန်မာ့နိုင်ငံရေးအခြေအနေမှန် ဖော်ထုတ်တဲ့ ကင်ပိန်း မေလမှာ အပတ်စဉ် စနေနေ့တိုင်း တေးဂီတ၀ိုင်းနဲ့ လှုပ်ရှားမယ်။

နော်ဝေးနိုင်ငံရောက် အဆိုတော် ကိုမွန်းအောင်နဲ့ နိုင်ငံရေးတက်ကြွသူတွေစုပေါင်းပြီး မေလ တလလုံး အပတ်စဉ်စနေနေ့တိုင်း သမတဦးသိန်းစိန်ကို ဘယ်လ်ဆုမချီးမြှင့်ရေးနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေမှန်များ ရှင်းလင်းဖော်ထုတ်ပွဲ ကင်ပိန်း တခုကို အော်စလိုမြို့ ပါလီမန်ရှေ့ ရင်ပြင်မှာ ကျင်းပကြမှာဖြစ်တယ်။
၁၉၈၈စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းအဆိုတော်ဘ၀ကိုကျောခိုင်းပြီး တောခိုလာခဲ့သူ ကိုမွန်းအောင်က “ ကျနော်တို့ စနေနေ့တိုင်း နေ့လည် ၃နာရီကနေ ညနေရနာရီအထိ မြန်မာ့အရေးထောက်ခံတဲ့ နော်ဝေးမိတ်ဆွေတွေရဲ့ တီးဝိုင်းအဖွဲ့နဲ့အတူ တော်လှန်ရေးသီချင်းတွေ သီဆိုပြီး လှုပ်ရှားကြမှာဖြစ်တယ်၊ မြန်မာသမတဟာ နိုဘယ်ဆုနဲ့ မထိုက်တန်ကြောင်း တိုက်တွန်းရေးထိုးထားတဲ့ နော်ဝေးပြည်သူတွေဆီက လက်မှတ်တွေလည်း စုဆောင်းကောက်ခံပြီး နိုဘယ်ဆုရွေးချယ်ရေးကော်မတီကို လွှဲအပ်သွားမှာဖြစ်တယ်”လို့ပြောတယ်။
လာမဲ့ ၂၀၁၃ ခုနှစ်အတွက် ချီးမြှင့်မဲ့ နိုဘယ်လ်ဆုရှင်စာရင်းလျှာထားခံရသူ(၂၅၉)ဦးထဲ မှာ သမတဦးသိန်းစိန်နာမည်လည်းပါတယ်။ သူ့ကို ၂၀၀၈ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖင်လန်သမတဟောင်း Martti Ahtisaari ကအမည်စာရင်းတင်သွင်းထားတာဖြစ်တယ်။ ဖေဖ၀ါရီလတုံးက မြန်မာသမတရဲ့ ဖင်လန်ခရီးစဉ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရနိုင်တယ်လို့
ဗျာဒိတ်ပေးခဲ့ဖူးတယ်။ ဒါပေမဲ့ နိုင်ငံရေးအကဲခတ် တော်တော်များများက ဦးသိန်းစိန် နိုဘယ်လ်ဆုရနိုင်ကိန်းအင်မတန်နည်းလွန်းတယ်လို့ ပြောကြတယ်။ နာဇီအာဏာရှင် ဟစ်တလာနဲ့ မွေးနေ့ မွေးလ တူတဲ့ ယခင် နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ယူနီဖောင်းချွတ်ပြီး သမတဖြစ်လာပြီးနောက်မှာ ရခိုင်ပြည်နယ်မှာရော၊ မိတ္ထီလာမှာပါ ရက်စက်ကြမ်းကြုတ်ပြီး လူအမြားအပြားသေဆုံးရတဲ့ ဘာသာရေးပဋိပက္ခကြီးတွေဖြစ်ခဲ့တယ်။ ဒီကိစ္စ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေရဲ့ ပြစ်တင်ဝေဖန်ခံရတဲ့ အထိဖြစ် ဂုဏ်သိက္ခာညှိုးနွမ်းခဲ့တယ်။ ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသားဒေသတချို့ရဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဖင့်နှေးလေးကန်နေဆဲဖြစ်တယ်။ လယ်သမားတွေ လယ်မြေအသိမ်းခံရပြီး မြေယာမဲ့ အလုပ်လက်မဲ့တွေဖြစ်ခဲ့တယ်။ တိုင်းပြည်ရဲ့ တဖက်စောင်းနင်းဖြစ်နေတဲ့ စီးပွားရေးနဲ့ ဓနပိုင်ဆိုင်မှုတွေကို မဖြေရှင်းခဲ့သလို ပြည်သူတွေကို အကာအကွယ်ပေးတဲ့ တရားဥပဒေတွေ မစိုးမိုးခဲ့ဖူး။ သမတဟာ သူနဲ့လုပ်ဖော်ကိုင်ဘက် စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ပြည်သူတွေ စားဝတ်နေရေးထက် ဦးစားပေး ကာကွယ်နိုင်ခဲ့သူသာဖြစ်တယ်။ ဒါပေမဲ့ မြန်မာပြည်မှာ စီးပွားရေးရင်းနှီးမြှုပ်နှံလိုပြီး မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကိုအားပေးရင်း ခြေကုန်လက်ပမ်းကျနေတဲ့နိုင်ငံတချို့ကတော့ သမတဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးလိုလားသူဆိုပြီးလက်ခုတ်လက်ဝါးတီးပေးနေပါတယ်။
အော်စလိုလှုပ်ရှားမှုမှာ မျက်မှောက် မြန်မာ့နိုင်ငံရေးအခြေအနေမှန်တွေကို ဖော်ပြထားတဲ့ လက်ကမ်းစာဆောင်တွေလည်းဝေငှမယ်လို့သိရတယ်။ ဒီလှုပ်ရှားမှုမှာ ဘယ်နိုင်ငံရေးအဖွဲ့အစည်း၊ ဘယ်NGO ကျောထောက်နောက်ခံမှ မရှိသလို သမတ ဦးသိန်းစိန်အစိုးရ ရဲ့ ဆောင်ရွက်ချက်တွေကို လိုလိုလားလားဖြစ်စေ၊ အကောင်းမြင် နေကြသူတွေနဲ့ဖြစ်စေ ဘီလူးစည်း လူ့စည်းခွဲထားတယ်လို့လည်း သိရတယ်။
အခုလို သမတ ဦးသိန်းစိန် နိုဘယ်လ်ဆု နဲ့မထိုက်တန်ကြောင်း လိှု့ဆော်မှုကင်ပိန်းကို နိုင်ငံတကာရောက် မျိုးချစ်မြန်မာပြည်သားတွေကလည်း မိမိတို့အစီအစဉ်တွေနဲ့ အွန်လိုင်းတွေကနေ လက်မှတ်ထိုးကင်ပိန်းတွေလုပ်ပြီးတော့လည်း ပူးပေါင်းပါဝင်နိုင်ပါတယ်။ မိမိတို့ကောက်ခံရရှိတဲ့ လက်မှတ်တွေကို အော်စလိုအခြေစိုက် နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီ http://nobelpeaceprize.org/en_GB/nomination_committee/nominations-2013/လိပ်စာနဲ့ပေးပို့နိုင်ပါတယ်။ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီဟာ ဘယ်ဖိအားပေးလှို့ဆော်မှုကိုမှ လက်ခံတတ်တဲ့ အစဉ်အလာမရှိပေမဲ့ အများရဲ့ဆန္ဒသဘောထားတွေကိုတော့ ထည့်သွင်းစဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆု စကာတင်ပထမအဆင့်မှာ အမည်စာရင်းတင်သွင်းခံရသူ (၃၀) ကိုရွေးချယ်မှာဖြစ်တယ်။ ဒုတိယအဆင့်အနေနဲ့ (၁၀) ဦးရွေးချယ်မှာဖြစ်ပြီး တတိယနောက်ဆုံးအဆင့်မှာတော့ လူပုဂိုလ်တယောက်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ လူ ၃ဦးကနေ ၄ဦးအထိပူးတွဲဖြစ်စေ ဆုရသူအဖြစ်ဆုရွေးချယ်ရေးကော်မတီက ကြေငြာမှာဖြစ်တယ်။

ကိုညို(အော်စလို)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။