Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 23, 2013

အမေရိကန်နိုင်ငံကို အလည်အပတ်ရောက်ရှိသော မြန်မာနိုင်ငံဆိုင်ရာ သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် အဖွဲ့အား ခိုင်အောင်ကျော်(နယူးယောက်)မှ ၏ပတ်သတ်ပြီး မေးမြန်းသည့် မေးခွန်းများ နှင့် ပြန်လည်ဖြေကြားခဲ့သော အဖြေများ

 

အမေရိကပြည်ထောင်စု နယူးယောက်မှာ မြန်မာနိုင်ငံအစိုးရ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း-လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဋ္ဌါန ၀န်ကြီးဦးခင်ရီ-မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ဦးကျော်တင့်နဲ့ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ က-၂၂-၄-၂၀၁၃- နေ့ မှာ မြန်မာမိသားစုတွေနဲ့  တွေ့ ဆုံပွဲပြုလုပ်ခဲ့ ပါတယ် ။ အဲဒီတွေ့ ဆုံပွဲမှာ ကျွန်တော်က ခုလို စတင်မိတ်ဆက် စကားပြောခဲ့ ပါတယ် ။


လွန်ခဲ့ တဲ့ အနှစ်-၂၀-လောက်က ကျနော်တို့ ဟာ ဆန္ဒပြခဲ့ သူတွေဖြစ်တယ် ။ အခုလဲ အောက်မှာဆန္ဒပြနေကြတဲ့  သူတွေဟာ ကျနော်တို့  အဖွဲ့ တွေဖြစ်တယ် ။ လွန်ခဲ့ တဲ့  ခေတ်အဆက်ဆက် စစ်အစိုးရလက်ထက်က ကျနော်တို့ ဆန္ဒပြခဲ့ တာတွေဟာ အခုလိုမျက်နာချင်းဆိုင်ပြီး စကားပြောချင်လို့ ဖြစ်တယ် ။

ဒါပေမဲ့  စစ်အစိုးရဟာ ကျနော်တို့ နဲ့  စကားပြောဖို့ ရင်မဆိုင်ခဲ့ ဘူး ။ အခုတော့ မြန်မာအစိုးရက ၀န်ကြီးတွေက နယူးယောက်မြို့ မှာနေတဲ့  မြန်မာတိုင်းရင်းသားလူမျိုးတွေကို တွေ့ ဆုံစကားပြောဖို့ ဖိတ်တဲ့ အတွက် ကျနော်ခုလို လာရောက်စကားပြောတာဖြစ်ပါတယ် ။ ပြောခွင့်ပေးတဲ့ အတွက်လဲ ၀န်ကြီးတွေကို ကျေးဇူးတင်တယ်လို့  ပြောကြားပြီး မေးမြန်းတင်ပြ ခဲ့ ပါတယ် ။ အဲဒါကို လူဝင်မှုကြီးကြပ်ရေးနဲ့  ပြည်သူ့ အင်အားဦးစီးဌာန၀န်ကြီး ဦးခင်ရီနဲ့  ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြန်လည်ဖြေကြားပါတယ် ။ သူတို့ တွေရဲ့  အဖြေက ဒီလိုဖြစ်ပါတယ် ။

ဝန်ကြီးဦးခင်ရီ၏ ဖြေကြားချက်များ
==================
မေး - ၈၂ ခုနှစ် ဥပဒေကို ပြင်ဆင်မည်လားဟု မေးကြားခဲ့ရာ
ဖြေ - လ၀က ၀န်ကြီး ခင်ရီမှ ၈၂-ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေကို တလုံးတပါဒမျှ ပြင်စရာ မလို-

မေး=၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲရန် ရှိ/မရှိ ။
ဖြေ=မရှိပါဘူး -ဒါကအတိုချုပ် ဖြေပါတယ် ။ ဒါကျတော့ တိုလွန်းအားကြီး တယ်ဗျ ၊ ဘာကြောင့်ပြောင်းလဲရန် မရှိဆိုတာကို ရမ်းပြောတာ မဟုတ်ဘူး၊ နည်းနည်းလေးနောက်ကြောင်းကို ပြန်လှန်ရမယ်ဆိုရင် -၈၂-ခုနှစ် ဥပဒေပေါ်ပေါက်လာတဲ့ အကြောင်း အစကအသိပေးရန်ဖြစ်ပါတယ် ။ အဲဒီတော့ ကျနော်တို့ -၁၈၂၄-ခုနှစ် အင်္ဂလိပ်မြန်မာ စစ်ပွဲဖြစ်ပါတယ် ။ ဒီမတိုင်ခင် သမိုင်းကိစ္စ ကျနော်တို့  မြန်မာနိုင်ငံမှာ ဘယ်တရားဝင် နိုင်ငံခြားသား မရှိဘူးဆိုတာ သိရပါတယ် ။

၁၈၂၄-ခုနှစ်မှာ အင်္ဂလိပ် မြန်မာစစ်ပွဲ အထူးသဖြင့် ရခိုင်ဒေသ ကျနော်တို့  ဗြိတိသျှကိုလိုနီလက်အောက် ရောက်ခဲ့ တယ် ။ အဲဒီကနေပြီးတော့ နိုင်ငံခြားသား သူပြောတဲ့  ဘင်္ဂလီတွေအကြောင်း မြန်မာနိုင်ငံမှာ အခြေချခွင့် နေထိုင်ခွင့် စရခဲ့ တယ် ။ ဘယ်လောက်ထိ ရသွားသလဲဆိုတော့ လွပ်လွပ်ရေးရတဲ့  -၁၉၄၈-ခုနှစ်အထိပေါ့၊ နှစ်ပေါင်းတရာကျော်လောက် ကျနော်တို့ နိုင်ငံမှာ အခြေချလို့ ရခဲ့ တယ် ။ အဲဒီတော့ -၁၉၄၈-ခုနှစ် လွပ်လွပ်ရေးရလာတော့ တက်လာတဲ့ အစိုးရက ဒို့ နိုင်ငံထဲမှာတော့ နိုင်ငံခြားသားတွေ များနေပြီဆိုပြီး စနစ်တကျ စာရင်းဖြစ်ဖို့ လိုတယ်ဆိုပြီးတော့ လိုတယ်-ဥပမာတခုပြမယ်ဆိုရင်-၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနဲ့  -၁၉၄၈-ခုနှစ် နိုင်ငံသားဖြစ်ချင်ရင် ရွေးချယ်ပိုင်ခွင့် ရှိလာတယ် ။ လွပ်လွပ်ရေးရပြီးပြီးချင်း နိုင်ငံခြားသားများများ လာလို့  အဲဒီဥပဒေမှာလဲ အားနည်းချက်လေးတွေ ရှိတယ်၊ ဥပမာပြောလို့ ရှိရင် ဗြိတိသျှအင်ပါယာမှာ ဘယ်နေရာဘဲဖြစ်ဖြစ် နေခဲ့ ဖူးတယ်ဆိုရင် -နေခဲ့ ဖူးတဲ့  လူတယောက် အနေနဲ့  မြန်မာနိုင်ငံမှာ ( ၈ ) -နှစ်လောက် နေခဲ့ရင် နိုင်ငံသားအဖြစ် ဖြစ်ခွင့်ရှိတယ်ဆိုပြီး ( Close )-ရှိတယ်ဆိုပြီးတော့ ပါတယ် ။

အဲဒီတော့ အားလုံးသိတဲ့ အတိုင်းဘဲ ဗြိတိသျှအင်ပါယာ ဆိုတော့ နေမ၀င်အင်ပါယာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာဘဲဖြစ်ဖြစ် ဘယ်နေရာမှာဘဲ ကျနော်တို့ နဲ့  သွေးစပ်သည်ဖြစ်စေ မစပ်သည်ဖြစ်စေ ဒါနိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာ ရှိတယ်-ပြောရင်တော့အများကြီးပေါ့- အဲဒီလိုအားနည်းချက်တွေရှိတဲ့ အတွက်ကြောင့် အဲဒီဥပဒေတွေကို ပြန်ပြင်ဖို့ စဉ်းစားကြတယ် ။

ဒါနဲ့ နောက်ဆုံးမှာ -၁၉၆၂-ခုနှစ် တော်လှန်ရေးကောင်စီတက်တယ်၊ ၈၂-ခုနှစ် ဥပဒေပေါ်လာတယ် ၊ ၈၂-ခုနှစ် ဥပဒေရဲ့ အခြေခံကတော့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံသားဖြစ်ဖို့ အတွက် ကမ္ဘာမှာ မြေကိုမူတည်တဲ့  နိုင်ငံရှိတယ်၊ သွေးကိုမူတည်တဲ့  ဥပဒေရှိတယ် ။ ကျနော်တို့ နိုင်ငံမှာတော့ သွေးကိုမူ တည်တယ် ။ ဘယ်နေရာရာမှာဘဲ မွေးမွေး ကိုယ့်နိုင်ငံသား သွေးမစပ်ရင် နိုင်ငံသားဖြစ်ခွင့် မရှိဘူး ။

ကျနော်တို့ နိုင်ငံတင်မဟုတ်ဘူး ။ ကမ္ဘာမှာဒီလို နိုင်ငံတွေအများကြီးရှိတယ် ။ -၈၂-ခုနှစ် ပေါ်လာတော့( National Security နဲ့  National Interest ) အနေနဲ့  ကျနော်တို့ နိုင်ငံရဲ့  တည်နေရာနဲ့ အားလုံးသိတဲ့ အတိုင်းဘဲနော်- အင်အားကြီးနိုင်ငံရဲ့ ကြားထဲမှာရှိတယ်- ကိုယ့်ထက်--၃-ဆလောက်ငယ်ပြီးတော့-၄-ဆလောက် လူဦးရေများတဲ့  နိုင်ငံကြားထဲမှာ ရှိတယ်- အဲဒီတော့ အမျိုးသားအကျိုးစီးပွါးနဲ့  နိုင်ငံတော်လြုံခုံရေးကိစ္စကိုဘဲ ထည့်သွင်းစဉ်းစားရပါတယ်- အဲဒီတော့ -၈၂-ခုနှစ် ဥပဒေဟာ ဒီအချက်တွေကို စဉ်းစားပြီးတော့-၆-နှစ်လောက် အချိန်ယူပြီးတော့ တိုင်း နှင့် ပြည်နယ်အနှံ့ကို ဆင်းပြီးတော့ လူတန်းစားအမျိုးမျိုး တွေ့ ဆုံဆွေးနွေးအကြံယူပြီးမှ ပြုခဲ့ တဲ့ ဥပဒေတရပ်ဖြစ်တယ်လို့  ကျနော်ဆိုလိုတာဖြစ်ပါတယ်- အဲဒီတော့ အင်မတန်ခိုင်ခိုင်ခန့် ခန့်  ရှိပါတယ်- အခုအစိုးရလက်ထက် ရခိုင်ဖက်မှာ မေလမှာတခါပေါ်တယ်- အောက်တိုဘာလမှာ တခါပေါ်တယ်- ဒီလူမျိုးစုနှစ်ခုအကြား ပြသနာပေါ်တဲ့ အခါကျတော့ ဥပဒေနဲ့ ပါတ်သက်လို့  လွှတ်တော်မှာဘဲ လွှတ်တော်အမတ်တဦးက တင်ပြပါတယ်-အဲဒီတော့ ကျနော်တို့  လွှတ်တော်အမတ်-၈-ဦးလောက်ထင်ပါတယ်- ဆွေးနွေးကြတယ်- အပြန်အလှန်ပေါ့- ကျနော်က သက်သေအနေနဲ့  ထိုင်နေရပါတယ်- အဲဒီဥပဒေကို ဖတ်ကြတယ်- အပြန်အလှန်ဆွေးနွေးကြတယ်ပေါ့- နောက်ဆုံးမှာ ဒီဥပဒေသည် ခုနကပြောသလို -၆-နှစ်ခွဲလောက်အချိန်ယူခဲ့ တာရယ် -National Security – National Interest -ကိုလဲ အလေးထားတဲ့  ဥပဒေဖြစ်နေတော့ လက်ရှိအခြေအနေအရ တပုဒ်ချင်း တလုံးချင်းထဲမှာပင် ပြင်ဖို့ မလိုအပ်သေးဘူးဆိုပြီးတော့ လွှတ်တော်မှာရှိတဲ့ ကိုယ်စားလှယ်တွေက ဆုံးဖြတ်တယ်- ပြည်သူ့ အသံ -အဲ- လွှတ်တော်အသံပေါ့- လွှတ်တော်ကိုယ်စားလှယ် ဆိုတာ ပြည်သူကရွေးထားတာဘဲ- ပြည်သူတွေကိုယ်တိုင်က ဒီဥပဒေကို ပြင်ဆင်စရာမလိုလို့  မှတ်ချက်ပြုတဲ့ အတွက်ကြောင့် ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ဒီဥပဒေကို မှတ်တမ်းးတင်ထားခဲ့ ပါတယ်- အဲဒီတော့ ကျနော်ပြောတဲ့  ဥစ္စာကို ပြောင်းလဲရန် မရှိဘူးလို့  ပြောတာ တိုသွားမှာစိုးလို့ - ကျနော်ကပြောင်းလဲရန် မရှိပါဘူး-လောလောဆယ် ဒီဥပဒေကို ပြောင်းလဲရန် မရှိပါဘူး-သိပ်ကိုတိုသွားမှာစိုးလို့ ပါ ။


မေး။နိုင်ငံသားမဟုတ်သူ ခိုးဝင်သူကို ဘယ်လို နယ်နှင်ဒဏ်ပေးမှာလဲ-

ဖြေ။ဟုတ်ကဲ့ ..လ၀က ဥပဒေမှာတော့ နိုင်ငံသားမဟုတ်ဘူးဆိုရင် ခိုးဝင်တာပေါ့ - ဥပဒေကိုချိုးဖေါက်တာပေါ့ -အဲဒီလိုဆိုရင် အရေးယူရမှာပေါ့- ငွေဒဏ်လဲရှိပါတယ် -ထောင်ဒဏ်လဲရှိပါတယ် -၁၃-( က ) ကြီးက ပြည်နှင်ဒဏ် ပေးတာလေးတွေ ရှိပါတယ် -ဒါလဲ လာရင်း သူတို့ တိုင်းပြည်ကို ပြန်ပို့ တဲ့  ဥပဒေရှိပါတယ် ။ အဆင့်ဆင့် ရှိပါတယ် - ဥပဒေ တချို့ အနေနဲ့ - Human Rights-Childs Rights တွေ ရှိပါတယ် ။ -၈၂-ခုနှစ် ဥပဒေအရ နိုင်ငံသားမဖြစ်တဲ့  ( Stateless-နိုင်ငံမဲ့  ) ဖြစ်နေတဲ့  သူတွေအတွက် စဉ်းစားတဲ့ အခါမှာ နိုင်ငံသားမဖြစ်သေးရင် လ၀က-ဥပဒေအရ ရှိပါတယ် ။


မေး=လူမျိုး-၁၃၅-မျိုး ရှိတယ်ဆိုတာ သိပါသလား ။

ဖြေ==၁၃၅-မျိုးရှိပါတယ် ဆိုတာ ကျနော်တော့ သိပါတယ် ။ ကျန်နေတဲ့  လူတွေတော့ မသိဘူး ၊ အထူးသဖြင့် စောစောက ကျနော်ပြောသလို သန်ကောင်စာရင်းကောက်တာ -၇၃-ခုနှစ်စာရင်းမှာ စာရင်းကောက်တယ်- ကောက်ပြီးတဲ့ အခါ နိုင်ငံတော်မှာ လူဦးရေစာရင်းကို တရားဝင်သတင်းစာမှာ ထုတ်ပြန်တယ် - ဂေဇက်မှာ ထုတ်ပြီးတော့ မှတ်တမ်းတင်တယ် -၇၃-ခုနှစ် -၈၃-ခုနှစ် သန်ကောင်စာရင်းမှာ မြန်မာနိုင်ငံရဲ့  လူမျိုးစု -၁၃၅-မျိုးရှိပါတယ်လို့  တရားဝင်ထုတ်ပြန်ထားတဲ့ အလျှောက် အားလုံးသိဖို့ လိုအပ်မယ်လို့  မှတ်ယူပါတယ် ။


မေး=မီဒီယာတွေကို ထိမ်းချုပ်ကန့် သတ်ဖို့  အစီအစဉ် ရှိပါသလား ၊

ဖြေ=ကျနော်တို့  ခေါင်းဆောင်ကြီးပြောသွားသလိုပါဘဲ -ဟုတ်တော့လဲ ဟုတ်တာပါဘဲဗျ - နိုင်ငံတော်သမ္မတကြီး ပြောသလိုပေါ့- ရိုဟင်ဂျာမရှိပါဘူးလို့  ပြောတယ် - ဒါလဲ ကျနော်တို့  အရိုင်းပြောတာ မဟုတ်ဘူး- ခုနက ဗြိတိသျှလက်ထက်မှာရှိတဲ့  လူမျိုး-၁၃၅-မျိုးရှိတဲ့  စာရင်းအရ -၈၃-ခုနှစ် တရားဝင်နိုင်ငံတော် ထုတ်ပြန်တဲ့  စာရင်းအရ ရိုဟင်ဂျာဆိုတာ အဲဒီထဲမှာ လူမျိုးတမျိုးအနေနဲ့  မပါဘူး -မယုံရင်ဖတ်ကြည့်ကြပေါ့- မပါပါဘူး-မပါရင် မပါလို့ ပြောတာ-ပါရင်ပါတယ်လို့  ပြောမှာပေါ့- ကျနော်က မပါလို့  မပါဘူးပြောတာ ဒီလိုဆိုလိုတာပါ- အဲဒီဟာကို မီဒီယာက သုံးတယ်ဆိုတဲ့ အခါကျတော့ မသုံးနဲ့ လို့ ပြောရမယ်ဆိုရင် သုံးနေတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားရတော့မှာပေါ့ -။

ကင်တာနား ကို လက်မခံဖို့  ကိစ္စ။ ကင်တာနားကျတော့ ဒါကတော့ ရေရှည်ရေမြင့် ကြာရှည်ကြာမြင့် စဉ်းစားရမှာတွေ ဆောင်ရွက်ရမဲ့ ဟာတွေ ဖြစ်ပါတယ် - ကျနော်တယောက်ထဲနဲ့  ပြောနေလို့  ကိစ္စ မဖြစ်သေးပါဘူး- ဒီလောက်ဘဲ ပြောပြချင်ပါတယ်

မေး-။။။ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် အပါအ၀င် ကျန်တဲ့  သူတွေကို စစ်ဆေးပြီးပါပြီလား -

ဖြေ။။ကျနော်တို့ ဆီကို တိုင်စာရောက်ပါတယ်- ရောက်တော့ သင်္ကြန်မတိုင်ခင် တစ်လလောက်ကပေါ့- အဲဒါကျနော်တို့ က ကျနော်လ၀က-၀န်ကြီး မဖြစ်ခင်ကတည်းက ဟိုအယင်အစဉ်အဆက်ပေါ့လေ-စစ်ဆေးပြီးတော့ စစ်ဆေးတဲ့  ပုဂိုလ်တွေကလဲ ဘာကိုဘဲ စစ်ဆေးခိုင်းလဲဆိုတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့  ရွေးကောက်ပွဲမှာ အမတ်တယောက်ဖြစ်ဖို့ အတွက် သူ့ ရဲ့  အမေအဖေ ဖိုးဖွါးစသည်ဖြင့် မြန်မာနိုင်ငံမှာ မွေးဖွါးတာ ဟုတ်သလား မဟုတ်သလား ဆိုတာ စစ်ဆေးပြီး ရွေးကောက်ပွဲကော်မရှင်မှာ ပုဒ်မ္မတခု -ဒီအချက်နဲ့  ကိုက်ညီမှု ရှိမရှိ ဆက်လက်စစ်ဆေးတာဖြစ်ပါတယ်- အဲဒီဟာအရ ဒီအချက်နဲ့  ကိုက်ညီသလို တင်ထားတဲ့ သဘောဖြစ်သလို ရှိနေတဲ့ အတွက် ခုတော့ တိုင်ထားတဲ့ အတွက် တိုင်စာကို ပြန်စစ်နေပါတယ် - ခုအချိန်ထိ ပြီးဆုံးခြင်းမရှိသေးပါဘူး-တရားဝင်လွှတ်တော် အမတ်တယောက်ကို ကျနော်တို့  မှန်ခြင်း - မမှန်ခြင်း အလီဘိုင်နဲ့ ပြရမှာဖြစ်ရတဲ့ ကိစ္စတခုဖြစ်တာကြောင့် ကျနော်တို့ ဘက်က ယောင်ဝါးဝါးနဲ့  လုပ်လို့ မရပါဘူး၊ သေသေချာချာ အထောက်အထားနဲ့  စစ်ဆေးလျှက်ရှိပါကြောင်း တင်ပြလိုပါတယ် ။

နောက်ဆက်ပြီး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်တင့်ကို မေးခွန်းမေး တဲ့ အခါ
ခုလိုသူက ဖြေကြားပါတယ် ၊
===============================================
ကျနော်တို့ ကတော့ ဗီဇါထုတ်ပေးတဲ့ အခါမှာ မြန်မာ -Valid-ဖြစ်တဲ့  -Passport-ကိုင်ထားလို့ ရှိရင် ကျနော်တို့ က ပေးလို့ ရပါတယ် - -Unless Power -တွေနော်-Black List-ထဲမှာ မပါဘူးဆိုလို့ ရှိရင် ကျနော်ပေးလို့ ရပါတယ် - နောက်တခုကတော့ အမေရိကန်နိုင်ငံသားများ-Travel Document-ကိုင်ထားတယ်ဆိုရင် ကျနော်ခုနကပြောသလိုပေါ့- အမည်မဲမပါဘူး လူဟူသမျှ ထုတ်ပေးလို့ ရပါတယ် -အမည်မဲစာရင်းပါရင်လဲ လုံးဝပိတ်ထားတာမဟုတ်ပါဘူး- အဲဒီပြည်ထဲရေးဝန်ကြီးဋ္ဌါန တင်ပြပြီး လုပ်တာတွေလဲ ရှိပါတယ် ။


ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ခုလို ကိုရဲမင်းဦး လွှတ်ပေးရေးတောင်းဆိုခြင်းနဲ
အခြားနိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စ ဖြေကြားပါတယ်
=========================================
ကိုရဲမင်းဦးကိစ္စကျတော့ ကျနော်တို့  ပြည်ထောင်စု ရှေ့နေချုပ်များ ဟိုဟာပါ-သက်ဆိုင်ရာတရားစွဲအဖွဲ့ တွေက တရားစွဲတဲ့ အခါမှာ ပြစ်မှုမြောက်တာ မမြောက်တာတွေကို အကြံပေးရတဲ့  ရုံးဖြစ်ပါတယ် ။ ပြည်ထဲရေးနဲ့ မြန်မာနိုင်ငံရဲ တို့ နဲ့  ပါတ်သက်တာတွေ နိုင်ငံရေးအကျဉ်းသားးစီစစ်ရေး ကော်မီတီမှာ ကျနော်လဲပါပါတယ်-ဦးကိုကိုကြီး-ဦးဇါဂနာ NLD ဦးညဏ်ဝင်းတို့ ပါပါတယ်- နိုင်ငံရေးအကျဉ်းသားစီစစ်ရေးကော်မီတီ အစည်းအဝေး အခု-၂-ကြိမ်လုပ်ပြီးပါပြီ- ပထမ -၂-သုတ်လွှတ်ပေးစရာရှိပါတယ်- ပြစ်မှုမမြောက်ရင် တင်ပြရင် လွပ်မြောက်သွားမှာပါ- ဒီလူတွေကို ကျနော်ပြန်တဲ့ အခါ ပြန်ကြည့်ပါ့မယ်- ရခိုင်မှာ ဆန္ဒပြလို့ ရုံးတင်တရားစွဲထားတာတွေကို ပြန်လည် စစ်ဆေးကြည့်ပါ့မယ် -

Source - RSV, ခိုင်အောင်ကျော် ( နယူးယောက် )

(ခိုင်အောင်ကျော် ( နယူးယောက် ) Video1 : http://www.youtube.com/watch?v=Tgem-pP7dyk&feature=share)

(ခိုင်အောင်ကျော် ( နယူးယောက် ) Video2 : http://www.youtube.com/watch?v=H6MaWpjpmJU)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။