Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, April 25, 2013

Samsung Galaxy S4 ဝယ်မယ်ဆိုရင်

 

Samsung Galaxy S4 ဝယ်မယ်ဆိုရင်(customer လမ်းညွှန် Review)

လက်ရှိ ကမ္ဘာ့အကောာင်းဆုံး ဖုန်းများ စာရင်းမှာ ထိပ်တန်း အဖြစ် ပါဝင်နေတဲ့ S4 ဖြစ်ပါတယ်။ နိုင်ငံတကာ Phone Rating မှာလည်း ကြယ်ငါးပွင့်အပြည့် ရတယ် ဆိုတော့ မျက်နှာပန်းအတော်လှနေတဲ့ ဖုန်းလေးပါ။ ဒါဆိုရင် စာဖတ်သူ ဝယ်မှာလား။ Stuff Magazine မှလည်း ကြယ်ငါးပွင့် အဆင့် Rating ပေးထားပါတယ်။


 ကြယ်ငါးပွင့်လုံးပေးရအောင် သူက ဘာတွေထူးခြားသလဲ။ ဟုတ်ကဲ့ တစ်ချက်ချင်း ရှင်းရမယ်ဆိုရင် -----

(ပုံမှာတော့ HTC နဲ့ ယှဉ်ပြထားပါတယ်။ စာမှာတော့ S4 သီးသန့်ပါ)

ဈေးနှုန်း

တိတိကျကျ ဆိုရင် လန်ဒန်မှာ ဗြိတိန်ပေါင် ၅၈၀ ပေါက်ပါတယ်။ ဒေါ်လာနဲ့ ပြန်တွက်တော့ ၈၈၅ ဒေါ်လာ။ အဲဒါ 16GB ပါ။ မြန်မာပြည်မှာဆို ပေါက်ဈေး မြန်မာကျပ် ၈ သိန်းအထက်မှာဆိုတော့ ဒီဈေးနဲ့ ဒီလောက်ရတာ တန်ပါတယ်။ iPhone 5 နဲ့ ဈေးက နင်လားငါလားပါပဲ။ ဈေးကတော့ iPhone 5 နဲ့ တူပါပြီ။ ပစ္စည်းအရည်အသွေး ကျတော့ S4 က ကောင်းရင်တော့ S4 ကိုင်ကြမှာပါပဲ။ 32 GB လည်း ဝယ်ကိုင်နိုင်သူ ရှိလာမှာပါ။

ကင်မရာ

ကင်မရာက 13 MP ရှိပါတယ်။ 13 MP ကို Samsung Galaxy S3 မှာကတည်းက ချပြရင်တော့ လူချီးမွမ်း အတော်လေး များမယ့် ဖုန်းပါ။ ခုက နောက်ဆုံးပေါ် ဖုန်းတိုင်း 13 MP တွေချည်း လုပ်နေပြီး Sony နောက်ထွက်မှာ Ultra Pixel တွေချည်းသုံးမှာ ဖြစ်ပါတယ်။ ကင်မရာ Pixel အပိုင်းမှာကျ Sony, HTC တို့က ဦးဆောင်နေသလို ရှိပါတယ်။ သို့ပေမယ့် Samsung Galaxy S4 ရဲ့  13MP ကလည်း စိတ်ကျေနပ်မှု ရရှိစေမှာပါ။ သူက အခြားသော App ပေါင်းများစွာနဲ့ ကင်မရာကို မြင့်တင်နိုင်သေးတယ်လေ။ Flash Light ပါမယ်။ Autofocus ပါမယ်။ Stay shot ပါမယ်။ ယနေ့ ဒစ်ဂျစ်တယ် ကင်မရာ တစ်လုံးမှာ ပါသမျှ အားလုံးနီးပါး ပါနေတော့ S4 ကို ကင်မရာတစ်လုံး ကိုင်ရသလို ကိုင်ရမှာ ဖြစ်ပါတယ်။ ရှေ့ မှာလည်း Front Facing ကင်မရာ ကောင်းကောင်း တစ်လုံး ပါဝင်နေပါတယ်။

Processor

quad-core Snapdragon chip လို့ ဆိုပါတယ်။ ဖုန်းတွေက ဘာလိုလိုနဲ့ quad core အဆင့်တောင် ရောက်လာပါပြီ။ နောက်ဆုံး ကွန်ပြူတာတွေလို Core i3,i5 တွေအဆင့်ထိတောင် တက်မလား အောက်မေ့ရပါတယ်။ Samsung Galaxy S4 မှာပါတဲ့ Snapdragon က ခပ်မြန်မြန် အလုပ်လုပ်ပေးမှာကို ဘယ်သူမှ သံသယဝင်နိုင်စရာ မရှိပါဘူး။ ယနေ့နောက်ဆုံးပေါ်ဖုန်း အတော်များများလည်း ယင်း Processor ကို အသုံးပြုဖို့ ချိန်နေကြပြီ ဖြစ်ပါတယ်။

OS
Android 4.2.2 ဖြစ်ပါတယ်။ ဒါ့အပြင် Android OS ကို Support လုပ်ပေးမယ့် Touch Wiz လည်းပါမယ်လို့ ဆိုပါတယ်။ စာရေးသူက ကိုယ်တိုင်မသုံးဖူးတော့ Touch Wiz ကောင်းကြောင်း မပြောရဲသေးပါဘူး။ နိုင်ငံတကာမှာတော့ Touch Wiz ပါတာကို Samsung Galaxy S4 ရဲ့  အားသာချက် တစ်ခု ပမာ ပြော ဆို နေကြပါတယ်။ Android 4.2.2 ကိုအခြေခံလို့ အခြားသော UI အသစ်များ တိုးမြင့်ပေးသွားတယ်လို့ ဆိုပါတယ်။

ဖန်သားမျက်နှာပြင်

၅ လက်မ Super AMOLED ကို အသုံးပြုပြီး Full HD မြင်နိုင်မယ့် မျက်နှာပြင်ဖြစ်တယ်လို့ ဆိုပါတယ်။ ယနေ့ ရိုးရိုး AMOLED တောင် တော်တော်ကောင်းနေတာ Super AMOLED ရဲ့  ထူးခြားမှုကို သံသယ ဝင်နေစရာ အကြောင်း မရှိပါဘူး။ မှန်လွယ် လွယ် မကွဲအောင်ကတော့ အသုံးပြုသူက ဂရုစိုက်ပေးရမယ့် အပိုင်း ဖြစ်ပါတယ်။ အရင် S3 တွေလောက်က အကြမ်းခံမှု ကွာလတီနဲ့ သိပ်ကွဲပြားမယ့်ပုံ မပေါ်ပါဘူ။ ရုပ်ထွက် Resolution ကတော့ 1080P ကို ကောင်းကောင်းကြီး အာမခံတဲ့ ဖုန်း ဖြစ်ပါတယ်။

သိမ်းဆည်းသိုလှောင်မှု

16GB/32GB/64GB သုံးမျိုး ထုတ်ပြီး နောက်ထပ် 64GB ထိတောင် ထပ်ထည့်နိုင်တယ်ဆိုတော့ Portable Hard Disk ကြီးလိုပါပဲ။ HD ရုပ်ရှင်တွေကိုမှ စုတတ်၊ဆောင်းတတ်တယ်ဆိုရင်တော့ S4 က အသင့်တော်ဆုံးပါပဲ။ Memory expansion မှာ Samsung က ဒီနေရာမှာ တစ်ဘန်းသာပါတယ်။

အပြင်ပစ္စည်း

နောက်ကျောမှာ Samsung ရဲ့  ရိုးရာမပျက် ပလက်စတစ်ကိုပဲ အသုံးပြုပါတယ်။ Samsung ပစ္စည်းများရဲ့  အားသာချက်လို့ သူတို့ကယုံထားတယ်လေ။ ဘက်ထရီဖြုတ်ဖို့လွယ်မယ်။ SD ကဒ်ဖြုတ်ဖို့လွယ်မယ်။ Sim card ဖြုတ်ဖို့လွယ်မယ် စတဲ့အချက်တွေကို ရရှိစေချင်လို့၊ အပူသက်သာစေချင်လို့ ပလက်စတစ်ကို အသုံးပြုရကြောင်း Samsung ကဆိုပါတယ်။ ဒီတော့ စာရေးသူတို့ User ဘက်ကလည်း ဘာမှ Complaint မတက်ချင်တော့ပါဘူး။

အတွင်းပစ္စည်း

အတွင်းပစ္စည်းကတော့ အထက်က ပြောခဲ့တဲ့ In Built တွေပါပဲ။ ကင်မရာနဲ့ Flash light တို့ ယခင်က ထက် သေးသွားတယ်လို့ ဆိုပါတယ်။ ကောင်းပါတယ်။ ဆောင်းဗောက်နဲ့ အဲ့ဒီနေရာတွေမှာ နည်းနည်း ခုံးပြီးထားတာက Samsung ရဲ့  သဘာဝပါ။ အပူမလွန်ဖို့ပဲ ဆုတောင်းရပါမယ်။ အသုံးပြုသူ Preview ရေးသမား များကတော့ ဒီအချက်ကို ဖယ်ထားတယ်ဆိုတော့ မပူနိုင်ဘူးလို့ပဲ ဆုတောင်းရ ပါမယ်။ Samsung ပစ္စည်းက နည်းနည်းကြာကြာသုံးရင် ကင်မရာ တစ်ဝိုက်က ပစ္စည်းများ ပူလာတတ်တာ သဘာဝပါ။ အခြားသော ဖုန်းများလည်း ဒီလိုပါပဲ။ ဒါကို Samsung က S4 မှာဖြေရှင်းထားလောက်မှာပါ။ Processor အသစ်ကလည်း ဒါကို ဖြစ်မလာစေနိုင်ဘူးလို့ ဆိုကြပါတယ်။

အသုံးပြုရ စိတ်တိုင်းကျမကျ


One Hand Operation အတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ လည်း ကွန်ပလိန့်တက်ကြပါတယ်။ အမှန်တော့ Samsung လို ဗြက်ကျယ်တဲ့ ဖုန်းက လက်တစ်ဖက်နဲ့ အသုံးပြုရတဲ့ အခွင့်အရေးကို S3 စထွက်ကတည်းက စွန့်လွတ်ပြီးသား ဖြစ်ပါတယ်။ Samsung Galaxy Note, Note2, S3,S4 တို့မှာ လက်တစ်ဖက် တည်းနဲ့ message တစ်စောင် စိတ်တိုင်းကျ ရိုက်လို့မရတာကတော့ ကြိမ်းသေပါတယ်။ သို့ပေမယ့် ဘာဖြစ်လဲ။ လက်နှစ်ဖက်နဲ့ ရိုက်လို့ စာတစ်စောင်က ပြီးလို့ အဆင်ပြေနေတာပဲ။ မျက်နှာပြင် ကျယ်တာ လိုချင်မှာတော့ ဒီတစ်ချက်တော့ စတေးရမှာ အမှန်ပါပဲ။ S4 မှာ One Hand Operation အတွက် UI အသစ်ပါတယ်လို့လည်း ကြားတော့ စာရေးသူတို့ စိတ်ချမ်းသာ ရပါတယ်။

အခြား Feature

လူပြောများနေပါတယ်။ Samsung Galaxy S4 က Sensation အရမ်းကောင်းတယ်နဲ့ အမွမ်းတင်နေကြတာ သူ့အဓိက အရင်းအမြစ်က မတို့မထိ မသုံးပြုရ UI များ ထည့်သွင်းပေးခြင်း ဖြစ် ပါတယ်။ မျက်နှာပြင်ထိစရာ မလိုပဲ လက်ကလေး သလပ်လိုက်ရုံနဲ့ စာမျက်နှာလှံသွားတာမျိုး၊ မျက်လုံးက အောက်ဆွဲလိုက်တာနဲ့ စာတွေ အပေါ်တက်သွားတာမျိုး၊ Note 2 ကလို လက်နဲ့မထိပဲ လေ ကနေ ဝေ့ရမ်းရတာမျိုးတို့က အတော်လေး အားရဖို့ကောင်းပါတယ်။ မတို့မထိ Air View, Air Feature တွေအတွက် အကွာအဝေး သက်မှတ်ချက်က 6 cm ဝန်းကျင်လို့ ဆိုပါတယ်။ Eye Tracking ကျတော့ အရင်က Eye Stay တွေလိုပဲ သာမန် ဖုန်းတစ်လုံးနဲ့ လက် အကွာအဝေးက ရပါတယ်။

မြန်မာတို့ မျှော်သော Feature များ

S4 ရဲ့  ကြိုးစားအားထုတ်မှုက အရမ်းကောင်းတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေ မှာ လူတိုင်း ကြိုက်ပါတယ်။ သူက တစ်ကိုယ်ရည် တစ်ကာယ ကျန်းမာရေး၊ နေထိုင်ရေး၊ သွားလာရေးတို့အတွက်ပါ အချိန်နဲ့ တပြေးညီ ကူညီပေး၊ သတင်းအချက်အလက်ပေးနေမယ့် app တွေပါပါတယ်။ ဥပမာ သွေးပေါင်ချိန်ကယ်လိုရီတိုင်း တာသတင်း ပေးတာမျိုး၊ အားကစားအတွက် မှတ်တမ်း တင်ပေးတာ မျိုး၊ လမ်းလျှောက်ခြင်းအတွက် မှတ်တမ်းတင်ပေးတာမျိုး တို့ပါ။ ဒါတွေကျ Samsung ရဲ့  Online Service တရားဝင်ရတဲ့နေရာ၊ အင်တာနက် လိုင်းအတော်ကောင်းတဲ့ နေရာတို့မှာမှ အဆင်ပြေတာ ဖြစ်ပါတယ်။

အနှစ်ချုပ်

ဒီလိုပဲ ပြောနေရင်အချက်က ပြီးတော့မှာ မဟုတ်ပါဘူး။ နောက်ဆုံး တိုက်တွန်းချင်တာကတော့ ဝယ်ပါ။ ဝယ်နိုင်ရင်ဝယ်ပါ။ Samsung Galaxy S3 တုန်းက အလုံးရေ သန်း ၅၀ ကျော်ရောင်းချရမှုအတွက် လက်မထောင်နေတဲ့ Samsung က S4 မှာ ဒီလိုဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ ငွေ ၈ သိန်းကျော်လောက် လက်ထဲမှာ ရှိနေရင် စာဖတ်သူတို့ ရွေးဝယ်စရာက များသွားပါပြီ။ HTC One ဝယ်မလား၊ Sony နောက်ဆုံးပေါ်လား၊ LG လား၊ iPhone 6 ကိုစောင့်မလား။ iPhone 6 ကတော့ S4 ထက်ဈေး ကြီးမှာနော်။ Samsung Galaxy S4 တဲ့ iPhone 6 ရဲ့  ပြင်းထန်တဲ့ တိုက်ပွဲကိုလည်း ကြိုပြီးတော့ မြင်ယောင်ရသေး။ စာဖတ်သူတို့ စိတ်တိုင်းကျရင် Samsung Galaxy S4 ကို ဒီမှာ အမှတ်ပေးသွားနိုင်ပါတယ်။
---
Stuff

Aung Kham (Stuff Myanmar)

Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From >Stuff Myanmar Magazine<<Thank

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။