ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
ငှက်ဖျားရောဂါသည် ကပ်ပါးပိုးဖြစ်သော Plasmodium ကြောင့်ဖြစ်ပါသည်။ ယင်းသည် ခြင်မှတစ်ဆင့် လူသို့ကူးစက်ပါသည်။ အပြင်းဖျားခြင်း၊ ချမ်း၍တုန် သကဲ့သို့ဖြစ်ခြင်း၊တုပ်ကွေးကဲ့သို့သော ရောဂါ လက္ခဏာများပြခြင်း၊ သွေးအားနည်းခြင်းများ စသည့် ရောဂါလက္ခဏာများ ဖြစ်ပါသည်။
ငှက်ဖျားရောဂါပိုးသည် ခြင်မှ ကူးစက် ပါသည်။ ရောဂါပိုးပါဝင်သောခြင် (Anopheles) အကိုက်ခံရခြင်းကြောင့် ကူးစက် ပါသည်။ ခြင်ကိုက်ခံရပြီးသည်နှင့် ကပ်ပါးသားလောင်းလေးများ (Sporozoites) သည်သွေး လမ်းကြောင်းတွင် ၀င်ရောက်သွားပါသည်။ သူတို့သည် လူ့အသည်းကိုရောက်ရှိကြသည်။ ထိုနေရာတွင် ကပ်ပါးများသည် ကြီးထွားပြီး၊ (Merozoites) များအဖြစ် အသွင်ပြောင်းသွားပါသည်။
ယင်းတို့သည် သွေးလမ်းကြောင်းသို့ ပြန်လည် ၀င်ရောက်သွားကြ...ပြီး၊ သွေးထဲရှိသွေးနီဥများကို တိုက်ခိုက်ပါသည်။ ထို့နောက် သွေးနီဥအတွင်းသို့ ၀င်ရောက်ကြပါသည်။ ထိုအချိန်တွင် သွေးနီး ဥများသည် ရောဂါပိုးများ ၀င်ရောက်နေပါပြီ။
သွေးနီဥထဲတွင် အကောင်ရေတိုးပွားကြသည်။

၄၈ -နာရီမှ၇၂- နာရီထိနေပြီးလျှင်၊ သွေးနီဥ နံရံကို ဖောက်ခွဲထွက်ကြပြီး၊ နောက်ထပ် သွေးနီဥများထဲသို့ ထပ်မံဝင်ရောက်ကြသည်။ ထိုသွေးနီဥများအတွင်း တွင်လည်း အကောင်ရေများတိုးပွားကြပြီး၊ သွေးနီဥနံရံကို ခွဲထွက်ခြင်းကြောင့်၊ သွေးနီဥများစွာ ပျက်စီးကြရသည်။
ရောဂါပိုးကူးစက်ခံရပြီး ၁၀- ရက်မှ ၄-ပတ်အတွင်း ရောဂါလက္ခဏာ ပြပါသည်။ အစောဆုံးမှာ ရောဂါပိုးကူးစက်ခံရပြီး ၈- ရက်၊ နောက်အကျဆုံးမှာ တစ်နှစ်ထိကြာ မှ ရောဂါလက္ခဏာ ပြပါသည်။ ရောဂါလက္ခဏာ များသည် ၂- ရက်၊ ၃- ရက်တစ်ကြိမ် ဖြစ်ပါသည်။
ငှက်ဖျားရောဂါလက္ခဏာများ ဖြစ်ရခြင်းမှာ
၁။ သွေးလမ်းကြောင်းထဲသို့ Merozoites များဝင်ရောက်ခြင်း။
၂။ သွေးနီဥများစွာ ပျက်စီးသောကြောင့် သွေးအားနည်းခြင်း။
၃။ သွေးနီဥများ ပေါက်ကွဲသောကြောင့် ဟေမိုဂလိုဗင်ဓာတ်များ သွေးထဲသို့ရောက်သွားခြင်း။
စသည်တို့ကြောင့် ရောဂါလက္ခဏာများ ဖြစ်လာပါသည်။
ငှက်ဖျားသည် ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် ၀မ်းဗိုက်ထဲရှိ သန္ဓေသားထံသို့လည်း ကူးစက်နိုင်ပါသည်။ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် ငှက်ဖျားကူးစက်ခံရပြီး၊ ရောဂါဖြစ်သူလူဦးရေ ခန့်မှန်းခြေ သန်းပေါင်း ၃၀၀ မှ သန်းပေါင်း ၅၀၀ ထိရှိပါသည်။ အပူပိုင်းဒေသများ တွင် ခြင်ပေါသောကြောင့် ပိုမိုဖြစ်လေ့ရှိသည်။
ငှက်ဖျားအမျိုးစား ၄ မျိုးရှိပါသည်။
1. Plasmodium falciparum,
2. Plasmodium vivax,
3. Plasmodium ovale, and
4. Plasmodium malariae တို့ဖြစ်ပါသည်။
မကြာသေးမီက နောက်ထပ် ငှက်ဖျားပိုး အမျိုးစားသစ်တစ်မျိုးကိုတွေ့ရှိ ခဲ့ပြီး၊ ယင်းကို Plasmodium knowlesi ဟုခေါ်ပါသည်။ ယခုအသစ်တွေ့ရသော ငှက်ဖျားပိုးသည် အရှေ့တောင်အာရှတွင် ကူးစက်ပြန့်ပွားနေပါသည်။
Plasmodium falciparum ကူးစက်ခြင်းသည် အလွန်ကြောက်စရာကောင်းပြီး၊ အခန့်မသင့်လျှင် ပထမဆုံးရောဂါလက္ခဏာပြပြီး၊ နာရီပိုင်း အတွင်း သေဆုံးနိုင်ပါသည်။
ရောဂါလက္ခဏာများ
သွေးအားနည်းခြင်း၊ သွေးဝမ်းသွားခြင်း၊ ချမ်းတုန်ခြင်း၊ မေ့မြောခြင်း၊ တက်ခြင်း၊ ပြင်းစွာဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အသည်းရောင်ခြင်း၊ အသားဝါခြင်း၊ ကြွက်သားများနာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ချွေးအလွန်ထွက်ခြင်း စသည်တို့ဖြစ်ပါသည်။
ကုသရာတွင် Chloroquine (ကလိုရိုကွင်း) ကိုအသုံးများပါသည်။ သို့သော် ကလိုရိုကွင်းဆေး မတိုးတော့သော ငှက်ဖျားရောဂါကို Quinidine (quinine) နှင့် အခြားဆေးများတွဲဖက်ကုသလေ့ရှိသည် ။
ဆေးပညာဆိုင်ရာ ပညာပေးခြင်းမဟုတ်ပါ။ ကျနော်သည်ဆေးအသိပညာပေးနိုင်လောက်
အောင်လည်း မစွမ်းပါ။ ဗဟုသုတ မျှဝေခြင်းသာ ဖြစ်ပါသည်။
credit.....နွားကျောင်းသား
minsan
ရောဂါပိုးကူးစက်ခံရပြီး ၁၀- ရက်မှ ၄-ပတ်အတွင်း ရောဂါလက္ခဏာ ပြပါသည်။ အစောဆုံးမှာ ရောဂါပိုးကူးစက်ခံရပြီး ၈- ရက်၊ နောက်အကျဆုံးမှာ တစ်နှစ်ထိကြာ မှ ရောဂါလက္ခဏာ ပြပါသည်။ ရောဂါလက္ခဏာ များသည် ၂- ရက်၊ ၃- ရက်တစ်ကြိမ် ဖြစ်ပါသည်။
ငှက်ဖျားရောဂါလက္ခဏာများ ဖြစ်ရခြင်းမှာ
၁။ သွေးလမ်းကြောင်းထဲသို့ Merozoites များဝင်ရောက်ခြင်း။
၂။ သွေးနီဥများစွာ ပျက်စီးသောကြောင့် သွေးအားနည်းခြင်း။
၃။ သွေးနီဥများ ပေါက်ကွဲသောကြောင့် ဟေမိုဂလိုဗင်ဓာတ်များ သွေးထဲသို့ရောက်သွားခြင်း။
စသည်တို့ကြောင့် ရောဂါလက္ခဏာများ ဖြစ်လာပါသည်။
ငှက်ဖျားသည် ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် ၀မ်းဗိုက်ထဲရှိ သန္ဓေသားထံသို့လည်း ကူးစက်နိုင်ပါသည်။ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် ငှက်ဖျားကူးစက်ခံရပြီး၊ ရောဂါဖြစ်သူလူဦးရေ ခန့်မှန်းခြေ သန်းပေါင်း ၃၀၀ မှ သန်းပေါင်း ၅၀၀ ထိရှိပါသည်။ အပူပိုင်းဒေသများ တွင် ခြင်ပေါသောကြောင့် ပိုမိုဖြစ်လေ့ရှိသည်။
ငှက်ဖျားအမျိုးစား ၄ မျိုးရှိပါသည်။
1. Plasmodium falciparum,
2. Plasmodium vivax,
3. Plasmodium ovale, and
4. Plasmodium malariae တို့ဖြစ်ပါသည်။
မကြာသေးမီက နောက်ထပ် ငှက်ဖျားပိုး အမျိုးစားသစ်တစ်မျိုးကိုတွေ့ရှိ
Plasmodium falciparum ကူးစက်ခြင်းသည် အလွန်ကြောက်စရာကောင်းပြီး၊ အခန့်မသင့်လျှင် ပထမဆုံးရောဂါလက္ခဏာပြပြီး၊ နာရီပိုင်း အတွင်း သေဆုံးနိုင်ပါသည်။
ရောဂါလက္ခဏာများ
သွေးအားနည်းခြင်း၊ သွေးဝမ်းသွားခြင်း၊ ချမ်းတုန်ခြင်း၊ မေ့မြောခြင်း၊ တက်ခြင်း၊ ပြင်းစွာဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အသည်းရောင်ခြင်း၊ အသားဝါခြင်း၊ ကြွက်သားများနာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ချွေးအလွန်ထွက်ခြင်း စသည်တို့ဖြစ်ပါသည်။
ကုသရာတွင် Chloroquine (ကလိုရိုကွင်း) ကိုအသုံးများပါသည်။ သို့သော် ကလိုရိုကွင်းဆေး မတိုးတော့သော ငှက်ဖျားရောဂါကို Quinidine (quinine) နှင့် အခြားဆေးများတွဲဖက်ကုသလေ့ရှိသည်
ဆေးပညာဆိုင်ရာ ပညာပေးခြင်းမဟုတ်ပါ။ ကျနော်သည်ဆေးအသိပညာပေးနိုင်လောက
အောင်လည်း မစွမ်းပါ။ ဗဟုသုတ မျှဝေခြင်းသာ ဖြစ်ပါသည်။
credit.....နွားကျောင်းသား
minsan
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။