Myanmar Consumer Guide
ဒီဇိုင်းအသစ် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူ အောက်တိုဘာ ၈ ရက်နေ့တွင် ထုတ်ဝေမည်
ပုံစံဒီဇိုင်း ပြုပြင်ပြောင်းလဲထားပြီး လုံခြုံရေးစနစ်အား အဆင့်မြှင့်တင်ထားပြီး အတုပြုလုပ်ရန် လွန်စွာခက်ခဲမည့် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအား လာမည့် အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်ထုတ်ဝေ သွားမည်ဟု အမေရိကန် ဗဟိုဘဏ်က ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အတုပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရန် အသစ်ပါဝင်လာမည့် လုံခြုံရေးစနစ်တွင် ငွေစက္ကူအတွင်း ရေစာအဖြစ် ထည့်သွင်းထားမည့် အပြာရော သုံးဖက်မြင် အဝတ်စနှင့် အရောင်ပြောင်းလဲနိုင်သည့် လွတ်လပ်ရေး ခေါင်းလောင်း၏ ပုံတို့ ပါဝင်လာမည်ဟု သိရှိရသည်။
ဤငွေစက္ကူပေါ်တွင် အမေရိကန်နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ Benjamin Franklin ၏ ရုပ်ပုံမှာမူ ဆ...က်လက်ပါရှိမည် ဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ဒီဇိုင်းအသစ် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအား ၂၀၁၀ ခုနှစ် ဧပရယ်လအတွင်းက ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပြီး ၂၀၁၁ ဖေဖော်ဝါရီလတွင် စတင်ဖြန့်ဖြူးရန် ရည်ရွယ်ခဲ့သော်လည်း အသုံးပြုသည့် စက္ကူ၏ အရည်အသွေး မပြည့်မှီခြင်းနှင့် ပုံနှိပ်စက်ဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် ယခုမှသာ ထုတ်ဝေနိုင်ခြင်း ဖြစ်သည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။