ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
ယနေ့ သင် ပျော်ရွှင်ပါသလား။
The Bucket List ဆိုတဲ့ ဇာတ်ကားလေး ကြည့်ဖူးပါသလား။ ဒီဇာတ်လမ်းအကျဉ်း က သူဌေးကြီးတစ်ဦးဟာ ရောဂါရပြီး ဆေးရုံမှာ ကားပြင်ဆရာတစ်ဦးနဲ့ သွားဆုံတယ်။ နှစ်ယောက်စလုံးက ကင်ဆာရောဂါရပြီး လူ့ဘ၀ရဲ့ နောက်ဆုံးချိန်ကို ရောက်နေပြီဖြစ်တယ်။
တစ်နေ့မှာ သူဌေးက ကားပြင်ဆရာ စာထိုင်ရေးနေတာကိုတွေ့လို့ စိတ်ဝင်စားပြီး ဘာတွေရေးနေတာလဲလို့ မေးလိုက်တယ်။ ကားပြင်ဆရာရေးတာက လူ့ဘ၀ရှင်းတမ်း (a bucket list) ကိုရေးနေတာဖြစ်တယ်။ မသေဆုံးခင် လုပ်ချင်၊ ကြည့်ချင်၊ ဖြစ်ချင်တာကို ချရေးခိုင်းတာဖြစ်ပါတယ်။
ကားပြင်ဆရာစကားကို နားထောင်ပြီး သူဌေးလည်း သူ့ဘ၀ရဲ့ရှင်းတမ်းကို ချရေးကြည့်ဖို့ စိတ်ကူးရလိုက်တယ်။ သူတို့ နှစ်ယောက်လုံးပေါင်းပြီး လုပ်ချင်တဲ့အရာ တော်တော်များများ...ကို လုပ်ခဲ့ကြတယ်။ ပြိုင်ကားမောင်း၊ အမဲလိုက်၊ ခရီးသွားစတဲ့ အလုပ်တွေလုပ်ပြီး သူတို့ရဲ့ ပျော်ရွှင်တဲ့ခြေရာတွေကို ထားခဲ့ကြတယ်။

တစ်နေ့မှာ သူတို့ဟာ အီဂျစ်ပိရပစ်ကို ရောက်လာခဲ့ကြတယ်။ အဲဒီမှာ ကားပြင်ဆရာက ရုတ်တရပ် တည်ကြည်လေးနက်သွားပြီး အီဂျစ်မှာရှေးအစဉ်အလာတစ်ခုရှြိေ ကာင်း။ အဲဒီအစဉ်အလာက လူသေပြီးနောက် သေမင်းဂိတ်ဝ ဆီရောက်သွားပြီး မေးခွန်းနှစ်ခု မေးတာကို ခံရကြောင်း၊ ကိုယ်ဖြေတဲ့ အဖြေပေါ်မူတည်ပြီး နတ်ပြည်လား၊ ငရဲပြည်လား ဆိုတာကို အဆုံးအဖြတ်ပေးကြောင်း သူဌေးကိုပြောပြခဲ့တယ်။
ပထမမေးခွန်းက “လူ့ဘ၀နေထိုင်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ သင်ပျော်ရွှင်ခဲ့ပါသလား” ဖြစ်ပါတယ်။
သူဌေးက အမေးကို နားထောင်ပြီး စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ငြိမ်သက်သွားခဲ့တယ်။ သူ့မှာ ကိုယ်ပိုင်လေယာဉ်၊ တိုက်အိမ်ကြီးနဲ့ အစားကောင်းတွေရှိပြီး မရေမတွက်နိုင်အောင် ချမ်းသာကြွယ်ဝခဲ့ပေမယ့် အဲဒီမေးခွန်းကို သူမဖြေနိုင်ခဲ့ဘူး။ သူ တကယ်မပျော်ရွှင်ခဲ့ဘူး။
ကားပြင်ဆရာက ဒုတိယမေးခွန်းကို မေးတယ်။
ုဒုတိယမေးခွန်းက “ လူ့ဘ၀တစ်လျှောက်မှာ တခြားလူကို ကူညီလို့ရခဲ့တဲ့ ပျော်ရွှင်မှုကို သင်ရခဲ့သလား” ဖြစ်တယ်။
ဒီမေးခွန်းမှာတော့ သူဌေးကြီး ပိုငြိမ်သက်သွားခဲ့တယ်။ သူဟာသူဌေးကြီးတစ်ဦးဖြစ်ပြီး လူတွေအပေါ် ကြမ်းတမ်းခက်ထန်ခဲ့တယ်။ ပြီးတော့ သူဟာ အိမ်ထောင်(၄) ကြိမ် ကွာရှင်းခဲ့သူဖြစ်ပြီး တစ်ဦးတည်းရှိတဲ့ သမီးနဲ့လည်း အဆက်အသွယ် မလုပ်ခဲ့ဘူး။ သူ့တစ်သက်မှာ သူတစ်ပါးကို ကူညီလိုက်ရတဲ့ ပျော်ရွှင်မှုမျိုး မရခဲ့ဘူး။
ကျွန်မတို့ အခုခေတ်လူတွေက အလုပ်တွေနဲ့ပင်ပန်းစွာ လှုပ်ရှားနေရတယ်။ အပြိုင်အဆိုင်တွေများတယ်။ အဘက်ဘက်က ဖိစီးမှုတွေများတယ်။
ဒီနေ့ကို ပျော်ရွှင်ခြင်းနဲ့ ပြီးဆုံးချင်သလား။ ဒါမှမဟုတ် မပျော်ရွှင်ခြင်းနဲ့ ပြီးဆုံးချင်သလား။ ကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မူတည်ပါတယ်။
ပျော်ရွှင်နိုင်ကြပါစေ။
credit: Nine Nine Sanay
KZL

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။