အူတက်အောင်ရီရသောဟာသများနဲ့အခြား
ဘွန်းဟောင်း ပြောတဲ့ ၀က် ဇာတ်လမ်း
ရွာသာယာရွာမှ သူကြီးတစ်ယောက် သူ့ရွာသူရွာသားများ၏ စားဝတ်နေရေး အဆင်ပြေမပြေ သိလို၍
တအိမ်တက်ဆင်း ကိုယ်တိုင်လိုက်လံ စစ်ဆေးနေ၏။
သို့နှင့် ဘွန်ဟောင်း ဆိုသူ၏ အိမ်ရှေ့ ၌ သစ်သားခြေထောက်တစ်ချောင်းနှင့် ၀က် တစ်ကောင်

ထော့ကျိုးထော့ကျိုး လျှောက်သွားနေသည်ကိုတွေ့လိုက်ရေ လသည်။
သူကြီးလည်း စိတ်ဝင်စားသွား၏။သို့နှင့် ၀က်ပိုင်ရှင် ဘွန်ဟောင်းအား လှမ်းခေါ်ကာ....
" ဟေ့ကောင်...ဘွန်ဟောင်း.....မင်း ရဲ့ ၀က် ခြေ ထောက်တစ်ချောင်းက ဘယ်လိုလုပ်ပီး သစ်သားခြေထောက်ကြီးဖြစ်နေရတာလဲကွ..."
ဟုမေးလိုက်၏။
ဘွန်ဟောင်း။ ။အော်...ဒီလိုပါ...သူကြီး...။တစ်ညမှာ ကျနော့် အမ် ဓါးပြ အတိုက်ခံရတယ်ဗျ။
ဓါးပြ က ကျနော်တို့ အားလုံးကိုကြိုးတွေနဲ့တုပ်။တစ်အိမ်လုံး မွှေနှောက်ပီး အတွင်းပစ္စည်းတွေ ယူပီးပြန်ထွက်မယ်အလုပ်မှာ...
အဲ...အဲဒီ...၀က်လေ....ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိဖူး။အဲဒီ ဓါးပြတွေ ၀င်တိုက်ခိုက်ပါလေရော ဗျာ။
သူ့ကြောင့် ဓါးပြတွေဘာတစ်ခုမှ မယူနိုင်တော့ပဲ ကိုယ်လွတ်ထွက်ပြေးသွားရတာပေါ့ သူကြီးရဲ့။
သူကြီး။ ။အေး....။အဲဒါ ငါသိပါတယ်။ ငါမသိတာက အဲဒီ ၀က်ရဲ့ သစ်သားခြေထောက်ကိစ္စလေကွာ။
ဘွန်ဟောင်း။ ။ဒီလိုလေသူကြီးရဲ့။ကျနော်တို့ တစ်အိမ်လုံးပွဲသွားကြည့်တဲ့ညက ကျနော့်အိမ်မီးလောင်တယ်မဟုတ်လား ။
အဲဒီတုန်းက ဒီဝက်ပဲ အိမ်နီးချင်း ပတ်ဝန်းကျင်ကို သိအောင်လုပ်ပေးတာလေ။
မီးတွေ ငြိမ်းတော့လည်း သူနည်းသူ့ဟန်နဲ့ အမြန်မီးငြိမ်းအောင် ကူညီခဲ့သေးတယ်ဗျ။
သူကြီးခေါင်းခြောက်လာ၏။ စိတ်မရှည်ဖြစ်လာ၏။
သူကြီး။ ။မဟုတ်သေးဖူးလေ ဘွန်ဟောင်း။ငါပြောတာနားထောင်ပါဦး ။မင်းပြောတာတွေက စိတ်ဝင်စာဖို့တော့ကောင်းပါတယ်။
ဒါပေမဲ့ သစ်သားခြေထောက်ကိစ္စ က တစ်ချက်လေးတောင်မပါသေးဖူး။ငါသိချင်တာနဲ့ မင်းပြောတာ တခြားစီ ဖြစ်နေတယ်လေကွာ။
ဘွန်ဟောင်း။ ။ဟုတ်ကဲ့ပါသူကြီး။ ကျနော်တို့ တအိမ်လုံး ဟိုနားက ရေတွင်းဟောင်းကိုသုံးကြပါတယ်။
အဲ.....တစ်ရက်မှာ တော့ ကျနော့်သမီးလေး အဲဒီ ရေတွင်းဟောင်းထဲ လိမ့်ကျ ပါလေရောဗျာ။
ဒီမှာတင် အဲဒီဝက်က ရေတွင်းထဲ ခုန်ဆင်းပီး ကယ်လိုက်လို့ ကျနော့်သမီးလေးမသေတာဗျ။
နောက်ပိုင်းတော့ အဲဒီရေတွင်းဟောင်းကို ကျနော်တို့မသုံးတော့ဖူး။အခု သူကြီးမြင်သလို ပျဉ်ချပ်တွေနဲ့ပဲ ဖုန်းထားလိုက်တယ်....။
သူကြီး ဒေါသ ထွက်လာ၏။ ပီးနောက် ဒေါသသံဖြင့်အော်ဟစ်ပြောလိုက်တာက ....
သူကြီး။ ။ဟေ့ကောင် ဘွန်ဟောင်း။ မင်းကိုငါမေးနေတာ......ဒီခွေးမသားဝက်ရဲ့ ခြေထောက်တစ်ချောင်းက
ဘာလို့ သစ်သားခြေထောက်ဖြစ်နေတာလဲ မေးနေတာကွ။ငါမေးတာက ဒါပဲ။ ကဲ လိုရင်းပြောစမ်း ဟေ့ကောင်....။
ဘွန်ဟောင်းကတော့ ခပ်အေးအေးပင်။ သူက ပြုံးပီး စကားဆက်လိုက်၏။
ဘွန်ဟောင်း။ ။အော်...သူကြီးရယ်။ ဒီလောက်တော်တဲ့ ၀က်ကို ဘယ်လိုလုပ်ပီး တခါ တည်းနဲ့ ကုန်အောင် စားပစ်ရက်ပါ့မလဲဗျာ။
သူကြီးပဲ စဉ်းစားကြည့်စမ်းပါ။..........တဲ့
တိန်
ရီမောပျော်ရွှင်ပါစေ
ကိုလုံ ( Lon Ely )
သူကြီးလည်း စိတ်ဝင်စားသွား၏။သို့နှင့် ၀က်ပိုင်ရှင် ဘွန်ဟောင်းအား လှမ်းခေါ်ကာ....
" ဟေ့ကောင်...ဘွန်ဟောင်း.....မင်း
ဟုမေးလိုက်၏။
ဘွန်ဟောင်း။ ။အော်...ဒီလိုပါ...သူကြီး...။တစ
ဓါးပြ က ကျနော်တို့ အားလုံးကိုကြိုးတွေနဲ့တုပ်။တစ်အ
အဲ...အဲဒီ...၀က်လေ....ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိဖူး။အဲဒီ ဓါးပြတွေ ၀င်တိုက်ခိုက်ပါလေရော ဗျာ။
သူ့ကြောင့် ဓါးပြတွေဘာတစ်ခုမှ မယူနိုင်တော့ပဲ ကိုယ်လွတ်ထွက်ပြေးသွားရတာပေါ့ သူကြီးရဲ့။
သူကြီး။ ။အေး....။အဲဒါ ငါသိပါတယ်။ ငါမသိတာက အဲဒီ ၀က်ရဲ့ သစ်သားခြေထောက်ကိစ္စလေကွာ။
ဘွန်ဟောင်း။ ။ဒီလိုလေသူကြီးရဲ့။ကျနော်တို့ တစ်အိမ်လုံးပွဲသွားကြည့်တဲ့ညက ကျနော့်အိမ်မီးလောင်တယ်မဟုတ်လား
အဲဒီတုန်းက ဒီဝက်ပဲ အိမ်နီးချင်း ပတ်ဝန်းကျင်ကို သိအောင်လုပ်ပေးတာလေ။
မီးတွေ ငြိမ်းတော့လည်း သူနည်းသူ့ဟန်နဲ့ အမြန်မီးငြိမ်းအောင် ကူညီခဲ့သေးတယ်ဗျ။
သူကြီးခေါင်းခြောက်လာ၏။ စိတ်မရှည်ဖြစ်လာ၏။
သူကြီး။ ။မဟုတ်သေးဖူးလေ ဘွန်ဟောင်း။ငါပြောတာနားထောင်ပါဥ
ဒါပေမဲ့ သစ်သားခြေထောက်ကိစ္စ က တစ်ချက်လေးတောင်မပါသေးဖူး။ငါသိခ
ဘွန်ဟောင်း။ ။ဟုတ်ကဲ့ပါသူကြီး။ ကျနော်တို့ တအိမ်လုံး ဟိုနားက ရေတွင်းဟောင်းကိုသုံးကြပါတယ်။
အဲ.....တစ်ရက်မှာ တော့ ကျနော့်သမီးလေး အဲဒီ ရေတွင်းဟောင်းထဲ လိမ့်ကျ ပါလေရောဗျာ။
ဒီမှာတင် အဲဒီဝက်က ရေတွင်းထဲ ခုန်ဆင်းပီး ကယ်လိုက်လို့ ကျနော့်သမီးလေးမသေတာဗျ။
နောက်ပိုင်းတော့ အဲဒီရေတွင်းဟောင်းကို ကျနော်တို့မသုံးတော့ဖူး။အခု သူကြီးမြင်သလို ပျဉ်ချပ်တွေနဲ့ပဲ ဖုန်းထားလိုက်တယ်....။
သူကြီး ဒေါသ ထွက်လာ၏။ ပီးနောက် ဒေါသသံဖြင့်အော်ဟစ်ပြောလိုက်တာက
သူကြီး။ ။ဟေ့ကောင် ဘွန်ဟောင်း။ မင်းကိုငါမေးနေတာ......ဒီခွေးမသ
ဘာလို့ သစ်သားခြေထောက်ဖြစ်နေတာလဲ မေးနေတာကွ။ငါမေးတာက ဒါပဲ။ ကဲ လိုရင်းပြောစမ်း ဟေ့ကောင်....။
ဘွန်ဟောင်းကတော့ ခပ်အေးအေးပင်။ သူက ပြုံးပီး စကားဆက်လိုက်၏။
ဘွန်ဟောင်း။ ။အော်...သူကြီးရယ်။ ဒီလောက်တော်တဲ့ ၀က်ကို ဘယ်လိုလုပ်ပီး တခါ တည်းနဲ့ ကုန်အောင် စားပစ်ရက်ပါ့မလဲဗျာ။
သူကြီးပဲ စဉ်းစားကြည့်စမ်းပါ။..........တ
တိန်
ရီမောပျော်ရွှင်ပါစေ
ကိုလုံ ( Lon Ely )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။