Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 23, 2013

လောကမှာ မိန်းကလေးတွေ အမှန်တကယ် အလိုချင်ဆုံး အရာ

Myanmar News Update
လောကမှာ မိန်းကလေးတွေ အမှန်တကယ် အလိုချင်ဆုံး အရာ

တစ်ခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တစ်ပါးရှိသတဲ့။ အဲဒီ တိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်အင်အားကြီးမားပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်။ ထိုဘုရင်ကြီးက တိုင်းပြည်ငယ်လေးကို သိမ်းပိုက်ချင်ပေ့မယ့် ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့ အတွေးအခေါ် ကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်တယ်။ အဲဒီအခွင့်အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ။ ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ပြောပါတယ်။ မေးလိုက် တဲ့မေးခွန်းက -လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ တဲ့။ အဲဒီမေးခွန်းကတော့ ဘုရင်လေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုပ်ထွေးစေတော့တာပဲ။ တစ်ချို့ကတော့ မဖြစ်နိုင်တဲ့မေးခွန်းလို့ထင်ကြတယ်။ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရာသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီးတော့ အဖြေရဖို့ ကြိုးစားပါတယ်။ဒါပေ့မယ့် ကျေနပ်ဖွယ်ရာ အဖြေကိုတော့ မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမကြီးတစ်ယောက်သာလျှင် ဒီအဖြေကိုဖြေနိုင်လိမ့်မယ်လို့လျောက်တင်ကြတယ်။ စုန်းမကြီးဟာ အလွန်တန်ဖိုးကြိးတဲ့ အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်။ ဒီလိုနဲ့ အဖြေပေးရမယ့်နောက်ဆုံး ရက်ဟာ တဖြည်းဖြည်းနီးကပ်လာပါတယ်။ စုန်းမကြီးကလည်း သူ့တောင်းဆိုချက်ကိုအရင် လိုက်လျောမှသာ အဖြေပေးနိုင်မယ်လို့ ပြောပါတယ်။စုန်းမကြီးတောင်းဆိုတာက ဘုရင်လေးရဲ့ ယုံကြည်အားအကိုးရဆုံး သူငယ်ချင်းလဲဖြစ်၊ နိုင်ငံရဲ့သူရဲကောင်စစ်သည်တစ်ဦးလဲ ဖြစ်တဲ့ အမတ်ကြီးးကို သူနဲ့ လက်ဆက်ပေးဖို့ပါတဲ့။ ဘုရင်လေးလဲ အရမ်းတုန်လှုပ်ခြောက်ခြားသွားတာပေါ့။ စုန်းမကြီးပုံစံက ခါးကကုန်းကုန်း၊ ကျောကုန်းဘုနဲ့ အမြင်ဆိုးရွားလှတယ်။သွားကလည်း ရှေ့သွားတစ်ချောင်းပဲရှိတယ်။ အနံ့အသက်ကလည်း ဆိုးရွားလှတယ်။ စကားအပြောအဆိုကလည်းကြမ်းတယ်။အဲဒီလို ဆိုးရွားလှတဲ့ စုန်းမကြီးနဲ့ သူသူငယ်ချင်းကို ယူဖို့တိုက်တွန်းရမှာကို သူ့အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေပါတော့တယ်။ ဒါပေမ့ယ် အမတ်ကြီးက တိုင်းပြည်နဲ့လူမျိုးအရေးယှဉ်ရင် ဒီကိစ္စက မပြောပလောက်ကြောင်းပြောခဲ့ပါတယ်။ ဒါကြောင့် စုန်းမကြီးတောင်းဆိုချက်ကိုလက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ မင်္ဂလာပွဲကိုကျင်းပပြီးနောက် စုန်းမကြီးက ဘုရင်လေးကိုအဖြေကိုပြောပြလိုက်ပါတယ်။ အဖြေကတော့ -လောကကြီးမှာ အမျိုးသမီးတိုင်း အမှန်တကယ် အလိုချင်ဆုံးအရာက သူတို့ရဲ့ဘ၀ကိုသူတို့ စိတ်တိုင်းကျ စီမန်ခန့်ခွဲချင်တာပဲ လို့ပြောခဲ့တယ်။ ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိရပြီး စစ်ဘုရင်ကြီးလည်း စစ်မပြုတော့ဘဲ ဘုရင်လေးတို့ တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်။

အမတ်ကြီးနဲ့ စုန်မကြီး မင်္ဂလာပွဲဘယ်လိုဖြစ်သွားတာလဲ
ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်း တစ်ပြိုင်နက်ခံစားနေရပြီပေါ့။ သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ်ချင်း နဲ့ အလွန်မသတီစရာစုန်းမတို့ လက်တွဲရမယ့် ဘ၀အရေးကို စဉ်းစားမိလို့ပေါ့။ အမတ်ကြီးလည်းဆိုးရွားလှ တဲ့ ဘ၀ကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ၀င်ရပြီပေါ့။ ဒါပေ့မယ့်အိပ်ခန်းတွင်းမှာ အလွန်လှပတဲ့ ကောင်မလေးတစ်ယောက် ထိုင်နေတာကိုတွေ့လိုက်ရတော့ အရမ်းအံ့သြသွားတယ်။ ဘယ်လိုတွေဖြစ်ကုန်ပြီလဲလို့မေးခဲ့တယ်။ ကောင်မလေးကပြန်ပြောခဲ့တယ်။ သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ရုပ်နဲ့တွေ့ပေ့မယ့် ကြင်နာစွာဆက်ဆံခဲ့တယ်။ ဒီအတွက်ကြောင့် စိတ်ထားကောင်းတဲ့သင့်ကို အခွင့်အရေးတစ်ခုပေးချင်ပါတယ်။ ဒါကတော့ နေ့ခင်းဘက် မှာ ဒါမှဟုတ် ညဘက် ရှင်ကြိုက်တဲ့အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံတဲ့ပုံစံ နဲ့တွေ့မြင်နိုင်အောင် ဖန်ဆင်းထား မယ်လို့ ပြောလိုက်ပါတယ်။ ဘယ်လောက်များရင်နာစရာကောင်းလိုက်တဲ့မေးခွန်းပါလိမ့်။ အမတ်ကြီးလဲ သေချာစဉ်းစားပြီးတော့ အဖြေပေးရတော့မယ်။ နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေးကို မိတ်ဆွေတွေအလည်မှာ ပြသပြီးတော့ ညအချိန်မှာ စုန်းမကြီးနဲ့ အတူတူအိပ်မလား ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီးတော့ ညပိုင်းမှာ ချောမောလှပတဲ့ကောင်းမလေးနဲ့နေမလား။ အမတ်ကြီးဘာကိုရွေးတယ်ဆိုတာ ဆက်မဖတ်ခင် စာဖတ်သူအနေနဲ့ရောဘာကိုရွေးချယ်လဲ စဉ်းစားကြည့်ပါ။ စဉ်းစားဖြစ်အောင် စဉ်းစားနော် ။
??????????????????????????????????????????????????????????????????????????????????????


အမတ်ကြီးရွေးချယ်လိုက်တာကတော့ မင်းသဘောအတိုင်းပါတဲ့ ဗျာ။ အဲဒီစကားကိုကြားလိုက်တဲ့အခါ ကောင်မလေးက အောက်ပါအတိုင်း ပြောလိုက်ပါတယ်။ အချိန်တိုင်းပဲ လှပတဲ့ ပုစံ နဲ့မြင်တွေ့စေရပါမယ် လို့ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဘ၀ကို သူမစိတ်ကြိုက်စီမံခွင့် ရရှိခဲ့လို့ပါ။ ပုံပြင်လေးရဲ့ဆိုလိုရင်းကတော့ သင့်ရဲ့ကောင်မလေးဟာ သူစိတ်တိုင်းကျ သူဘ၀ကို စီမံခွင့်မရခဲ့ရင်.သင့်အခြေအနေဟာလည်း နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ မလှပနိုင်တော့ဘူးပေါ့။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။