Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 29, 2013

အရေးပေါ်သားဆက်ခြားဆေးအကြောင်း သိကောင်းစရာ

 
Heart Canteen
အရေးပေါ်သားဆက်ခြားဆေးအကြောင်း သိကောင်းစရာ
_________________________________________

ကျွန်တော့်ကို Message ထဲမှာ အမေးများတဲ့ အရေးပေါ် သားဆက်ခြားဆေး ( Emergency Contraceptive Pills) အကြောင်း နည်းနည်းလောက် ပြောပြချင်တယ် ။ အခုခေတ်လူငယ်တော်တော်များများ သိကြတဲ့ ECee 2 တို့ Madonna တို့လို ဆေးတွေပေါ့ဗျာ ။

▶ ဖွဲ့စည်းပုံ
------------

ဆေးကဒ်တစ်ကဒ်မှာ ပုံစံတူအရောင်တူ ဆေးလုံး နှစ်လုံးပါပါတယ် ။ ဆေးလုံးတစ်လုံးစီမှာ Levonorgestrel 0.75mg ပါပါတယ် ( ဒါကလူသုံးအများဆုံးနဲ့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနက တရားဝင်ခွင့်ပြုထားတဲ့ formula ပါ)

▶ အသုံးပြုပုံ
--------------

အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြီးပြီးခြင်း ၇၂နာရီအတွင်းမှာ ဆေးလုံးတစ်လုံးကိုသောက်ပါ ။ ( စောစောသောက်လေလေ ကာကွယ်နိုင်တဲ့ရာခိုင်နှုန်း ပိုများလေလေပါပဲ။ ဥပမာ ပထမ ၂၄နာရီအတွင်းသောက်ရင် ကာကွယ်နိုင်စွမ်း ၉၅% ရှိပေမယ့် ၂၅နာရီကနေ ၄၈နာရီအတွင်းမှာတော့ ၇၅%ခန့်သာ ကာကွယ်ပေးနိုင်တော့မှာဖြစ်ပါတယ်)

ဒုတိယတစ်လုံးကိုတော့ ပထမတစ်လုံးသောက်ပြီးနောက် ၁၂နာရီအကြာမှာ သောက်သုံးရမှာ ဖြစ်ပါတယ် ။

▶ အသုံးပြုရတဲ့ အရေးပေါ် အခြေအနေများ
--------------------------------------------

(၁) အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့အခါ

(၂) လိင်ဆက်ဆံစဉ် ကွန်ဒုံးပေါက်ပြဲခြင်း၊၊ သားဆက်ခြားဆေးသောက်ရန် မေ့လျော့ခြင်း ၊ သားဆက်ခြားဆေး ထိုးရမယ့်ရက် ကျော်သွားခြင်း စတဲ့ ကိုယ်အသုံးပြုနေတဲ့ သားဆက်ခြားနည်းတစ်ခုခု ချို့ယွင်းမှုဖြစ်သွားတဲ့အခါ

(၃) လိင်အကြမ်းဖက်ခံလိုက်ရတဲ့အခါ

▶ သတိထားရမည့်အချက်များ
-------------------------------

(၁) ရာနှုန်းပြည့်အကာအကွယ်မပေးနိုင်တဲ့အတွက် ကိုယ်ဝန်သေချာပေါက်မရနိုင်ဘူးလို့တော့ အာမ မခံနိုင်ပါဘူး။ ဒါပေမယ့် ကွန်ဒုံးလိုအကာအကွယ်ပစ္စည်းမျိုးနဲ့ တွဲသုံးမယ်ဆိုရင်တော့ ပိုပြီးတော့ စိတ်ချရပါတယ် ။

(၂) အိမ်ထောင်သည်များအနေနဲ့ နောက်ဆုံးရာသီစလာတဲ့ရက်က လေးပတ်ထက်ကျော်နေမယ် ဒီကြားထဲမှာလည်း အကာအကွယ်မဲ့ လိင်ဆက်ဆံမိတယ်ဆိုရင် ကိုယ်ဝန်ရှိမရှိစစ်ဆေးပြီးမှ ဆေးသောက်သင့်ပါတယ်။

(၃) ဆေးတစ်လုံးသောက်ပြီးနောက် သုံးနာရီအတွင်း အော့အန်တာဖြစ်ခဲ့မယ်ဆိုရင် နောက်ဆေးတစ်လုံးကို အစကပြန်သောက်ရမှာဖြစ်ပါတယ် ။

(၄) အရေးပေါ်သားဆက်ခြားဆေးကို ရာသီတစ်ခေါက်နဲ့တစ်ခေါက်ကြားမှာ တကြိမ်ပဲအသုံပြုသင့်ပါတယ်။

(၅) ကိုယ်ဝန်မရအောင် တားဆီးနိုင်ပေမယ့် လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါများကိုတော့ အကာအကွယ် မပေးနိုင်ပါဘူး ။

(၆) အရေးပေါ်သားဆက်ခြားဆေးဟာ သားဥကြွေခြင်းကို အနှောင့်အယှက်ပေးတဲ့နည်းနဲ့ ကိုယ်ဝန်မရအောင်တားတဲ့ဆေးသက်သက်ပဲဖြစ်ပါတယ် ။ ကိုယ်ဝန်ဖျက်ချတဲ့ဆေးမဟုတ်ပါဘူး။

▶ ဘေးထွက်ဆိုးကျိုးများ
--------------------------

(၁) အဓိကဘေးထွက်ဆိုးကျိုးကတော့ ပျို့အန်ခြင်း ဖြစ်ပါတယ် ။ အဲ့ဒီအတွက် Domperidone ကဲ့သို့သော အအန်ပျောက်ဆေးများ သောက်နိုင်ပါတယ် ။

(၂) ဆေးသောက်ပြီး နောက်ရာသီလာတဲ့အချိန်ကာလ အပြောင်းအလဲရှိနိုင်ပါတယ် ။ စောချင်စောမယ် နောက်ကျချင်နောက်ကျမယ် ။ စောတဲ့အတွက် ပြဿနာတစ်စုံတစ်ရာမရှိပေမယ့် တစ်ပတ်ထက်ပိုပြီးနောက်ကျခဲ့ရင်တော့ ကိုယ်ဝန်ရှိမရှိ စစ်ဆေးသင့်ပါတယ် ။

(၃) အခြားဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ဗိုက်အောင့်တာ ၊ ရင်သားနာတာ ၊ ပုံမှန်အချိန်အခါမဟုတ်ဘဲ သွေးဆင်းတာ ၊ မူးဝေနှုံးချိတာ ၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ် ။

ဒါပေမယ့် အဲ့ဒီ့ဘေးထွက်ဆိုးကျိုးများဟာ ရက်အနည်းငယ်ပဲ ခံစားရမှာဖြစ်ပြီး အများစုကတော့ ၂၄နာရီအတွင်း သူ့အလိုလိုသက်သာသွားလေ့ရှိပါတယ် ။

▶ အကယ်၍ အကာအကွယ်မဲ့လိင်ဆက်ဆံမိခဲ့တာ ၇၂နာရီထက် ကျော်သွားရင်
-------------------------------------------------------------------------------
ဘယ်လိုလုပ်မလဲ??
-------------------

အဲ့ဒါကို အထက်ကပြောခဲ့တဲ့ အရေးပေါ်သားဆက်ခြားဆေးက အကာအကွယ်မပေးနိုင်ပါဘူး ။ ဒါပေမယ့် တပတ်အတွင်း အရေးပေါ် သားအိမ်တွင်း သားဆက်ခြားကိရိယာ ( emergency intrauterine contraceptive device ) ထည့်သွင်းခြင်းဖြင့် ကိုယ်ဝန်မရအောင် တားဆီးနိုင်ပါတယ် ။

*************************************************************

စာကြွင်း ။ ။ ကျွန်တော်ဒီအကြောင်းရေးတာဟာ ဒီဆေးအကြောင်းသေချာမသိဘဲ အသုံးပြုနေတဲ့သူတွေအတွက် ဒီဆေးအကြောင်းကို ပိုမိုသိစေလိုတဲ့အတွက်ရယ် တခြားမသိတဲ့သူတွေလည်း ဗဟုသုတရစေလိုတဲ့အတွက်ရယ် ဖြစ်ပါတယ်။ ဖတ်မိသူတွေကို အဆိပ်အတောက်ဖြစ်စေလိုတဲ့ စိတ်ဆန္ဒတစိုးတစမှ မပါပါဘူး။

နောက်ပြီး လူငယ်တွေအနေနဲ့ လည်း ဒီဆေးကိုအားကိုးပြီး လက်မထပ်ရသေးခင်မှာ မိမိချစ်သူနဲ့ အတူနေတာမျိုး မလုပ်ကြဖို့ ပြောချင်ပါတယ် ။


~~ ပိုးဟပ်ဖြူ ~~

( Heart Canteen )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။